Stone-aged Husband Raising Journal _ Chapter (6) - Fighting (U+Z)

7.8K 1.4K 19
                                    

(Zawgyi သမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Stone-aged Husband Raising Journal _ Chapter (6)  - Fighting  (U+Z)

ရှုန်းယယ်က သံသယဖြင့် ထိုစကားကိုပြောလိုက်စဉ် သူ့ရှေ့က လူက ရှီလီ ဟုတ်မဟုတ်ကို အနံ့ခံလိုက်သည်။  
ဝက်ဝံညိုအဖြစ် နိုးထခဲ့သူဖြစ်လို့ တိရိစ္ဆာန်ပုံစံ မဟုတ်သည့် အချိန်မှာလည်း ရှုန်းယယ်ရဲ့နှာခေါင်းက အရမ်းကို အနံ့ခံအာရုံစူးရှလှသည်။  
 
ရင်းနှီးနေသော အနံ့ကြောင့် သူ့ရှေ့မှလူဟာ  ရှီလီ စစ်အမှတ်ဖြစ်သည်။ ဒါပေမယ့် သူချစ်သည့် သူ့ကိုချစ်သည့် ရှီလီက သူ့ကို ဒီလို ရွံ့ရှာစက်ဆုပ်စွာ ကြည့်မည်သူ မဟုတ်ပေ။

 
ရှီလီသည် ရှုန်းယယ် ရုတ်တရက်မေးလိုက်သည့် မေးခွန်းကြောင့်  အံ့အားသင့်သွားသည်။
 သူ့ အပြုအမူကြောင့် ရှုန်းယယ်က သူ့ကို သံသယဝင်သွားပြီဆိုတာကို  ရှီလီ သိသွားသည်။ ဒါကြောင့် ခါတိုင်းလို ရိုးသားသည့် မျက်နှာပေးဖြင့် ဖြေလိုက်သည်။


 "ငါတို့ မိတ်ဖက်ပြီးသွားရင် နောင်မှာ မင်းကို အကောင်းဆုံး  အသားတွေပဲ ပေးမယ်လို့ ငါပြောခဲ့တယ်"


ထိုကတိကို ရှီလီကောင်းကောင်း မှတ်မိနေဆဲဖြစ်သည်။  အရင်ဘဝ  သူတို့ နှစ်ယောက်လုံး သားရဲဘုရင်တွေဖြစ်လာတော့  ရှုန်းယယ်က  သူ့ကို ဒီကတိစကားကို ပြန်ပြောခိုင်းခဲ့ဖူးသည်။ ထိုအချိန်တွင် သူက ဒီကတိက အလကားပဲဟု  တွေးနေခဲ့သည်။


သားရဲဘုရင်တွေ ဖြစ်လာပြီး ဒီလောက် ခွန်အားကြီးလာပြီးတော့မှ ဘယ်သူက အသားအတွက် ထည့်ပြောနေဦးမှာလဲ?


သူပေးခဲ့သည့် ကတိကို ပြန်ရေရွတ်လိုက်မိချိန်တွင် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်ကို ရှီလီပြန်သတိရလာသည်။

 သူ ငယ်ငယ်တုန်းကတော့ သူက  ရှုန်းယယ်ကို အရမ်းသဘောကျခဲ့သည်။  ရှုန်းယယ်က သူ့အပေါ် အရမ်းကောင်းကာ အစာရှာတတ်အောင် သင်ပေးရုံသာမက သူ့ကို ချစ်သည့်အတွက် ထိုအချိန်က ရှုန်းယယ်က သူ့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။


ပထမ မျိုးနွယ်စုထဲမှာ နေခဲ့စဉ် သူ့အဖေ သေဆုံးပြီးနောက် သူ့အမေက သိုးလို အားနည်းသော သားရဲဖြစ်ကာ ကိုယ့်ဖာသာ အစာရှာမစားနိုင်သောကြောင့် မျိုးနွယ်စုထဲကနေ မောင်းထုတ်ခံခဲ့ရသည်။

အပြင်မှာ လေလွင့်နေရသည့်အချိန်မှာ သူက အားနည်းသော ခြင်္သေ့ပေါက်လေးအဖြစ် နိုးထလာခဲ့သည်။ သူသာ စောစီးစွာ နိုးထလာရင် သူတို့ကို မျိုးနွယ်စုက မောင်းထုတ်မည် မဟုတ်ပေ။ အခုတော့  ခြင်္သေ့အဖြစ် နိုးထပြီး ဖြစ်သော်လည်း သူ့အသက်က  အရမ်းငယ်လွန်းနေသည်။  အရွယ်မရောက်သေးသည့် ခြင်္သေ့ပေါက်စနလေးတစ်ကောင်  ဖြစ်လို့အမဲလည်း မလိုက်တတ်ခဲ့ပေ။
 
ခြင်္သေ့ပုံစံဖြင့် နိုးထလာခဲ့သော ကလေးတစ်ယောက်က   သူ့တိရိစ္ဆာန်ပုံစံ ဘယ်လောက် အင်အားကြီးပါစေ အသုံး မဝင်ပေ။  နိုးထပြီးနောက် စွမ်းအားလိုအပ်မှုကြောင့် အသားစားဖို့ ပိုလိုလာခဲ့သည်။ ဒါကြောင့် ရှီလီက ဗိုက် အရမ်းဆာလို့ ရှုန်းယယ်ရဲ့  ငါးတွေကို ခိုးစားမိခဲ့ရာ ကနေ ရှုန်းယယ်ရဲ့ ကျေးဇူးကြောင့် ဝက်ဝံကြီး မျိုးနွယ်စုထဲမှာ နေထိုင်နိုင်ခဲ့သည်။

  ဝက်ဝံကြီးမျိုးစု၏ နယ်မြေက   မြစ်တစ်စင်းနားတွင် တည်ရှိပြီး  စားလို့ရသည့် အပင်များပေါများကာ တောင်များဖြင့်  ကာရံထားသောကြောင့်   လုံခြုံမှု ရှိသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာကို ဘုန်းတော်ကြီးက ရွေးပေးထားတာ ဖြစ်သည်။ ဝက်ဝံကြီးမျိုးနွယ်စုမှာ ခိုလှုံခွင့်ရပြီးနောက် ရှီလီတို့ မိသားစုက ညကို စိတ်ဖြောင့်ဖြောင့်အိပ်လာရသလို လေလွင့်သွားလာရင်း သားရဲကြီးတွေ သတ်ဖြတ်ခံ၇မည့် ဘေးက ကင်းသွားခဲ့သည်။ ဒါပေမယ့် သိုးနှစ်ကောင် အဖြစ် နိုးထခဲ့သည့် အမေနှင့် ညီကို ရှာဖွေကျွေးမွေးဖို့ ရှီလီ အမြဲ ပူပန်နေရသည်။  ပုခုံးပေါ်မှာ တာဝန်တွေ ပိနေပြီး
  ရှီလီသည် နေ့စဉ်နေ့တိုင်း အစားတစ်နပ်အတွက်  ပူပန်ကာ အမြဲတမ်း စိတ်မွန်းကြပ်ခဲ့ရသည်။  

အဲ့ဒီအချိန်မှာ ရှုန်းယယ်ကသာ သူ့ကို နှစ်သိမ့်ပေးပြီး စိတ်သက်သာစေခဲ့သည်။ ရှီလီကို ရေအိုင်တွေဆီကို ခေါ်ပြီး ငါးပုစွန်ဖမ်းနည်း သင်ပေးခဲ့သလို စားလို့ရသည့်အပင်နှင့် စားလို့မရသည့်အပင်ကို ခွဲခြားသင်ပြပေးခဲ့သည်။

  ရှီလီ အစာရှာမရသည့်အချိန်များတွင် ရှုန်းယယ်က သူရှာလို့ရသည့်အစားအစာကို ခွဲပေးခဲ့သည်။ ဒါကြောင့်ရှီလီက ရှုန်းယယ်ကို အရမ်းကျေးဇူးတင်ကာ သဘောကျခဲ့သည်။ သူတို့အရွယ်ရောက်လာတော့
  ရှုန်းယယ်က မိတ်ဖက်ပြုဖို့ပြောလာတဲ့အခါ ဘာမှ မစဉ်းစာမနေပဲ  သဘောတူခဲ့တာဖြစ်သည်။
နောက်ပိုင်းမှာ ရှီလီက သားရဲဘုရင်ဖြစ်လာပြီးနောက်ပိုင်း  ဘာမှ မဟုတ်သည့် အစားအစာပေးသည့် ကျေးဇူးလေးဖြင့် သူ့ဘဝဖြင့် ပေးဆပ်ခဲ့တာ အရမ်းကို    ရူးမိုက်သည်ဟု မြင်ခဲ့သည်။ ဒီအတွေးဝင်လာပြီးနောက်ပိုင်း ရှုန်းယယ်ရဲ့ မိတ်ဖက်ဆိုသည့် အချက်က သူ့ကိုရမ်း
 ခါးခါးသီးသီး ခံစားလာ ရစေသည်။ သူငယ်စဉ်က အစာငတ်သေခါနီးတွင် ရှုန်းယယ်ကယ်ပေးလို့သည်ကို လူတိုင်း သိထားကြသည်။ ရှုန်းယယ်သာ မကယ်ခဲ့ရင်
 ရှီလီဆိုတာ  ရှိလာမှာ မဟုတ်ဘူးလို့ လူတိုင်းက မြင်နေကြသည်။  နောက်ဆုံး သူက  အင်အားကြီးသည့် သားရဲဘုရင် ဖြစ်လာနိုင်ခဲ့ခြင်းသည်လည်း ရှုန်းယယ်   ကြောင့်လို့ လူတိုင်းက သတ်မှတ်ခဲ့ကြသည်။


ရှုန်းယယ်သည် ခေါင်းဆောင်ကောင်ပီသကာ သူ့မျိုးနွယ်စုကို အမြဲကူညီပေးလို့ လူတိုင်းက ရှုန်းယယ်ကို သဘောကျခဲ့ကြသည်။ သူ ဘယ်လောက်ကောင်းအောင် လုပ်ပြပါစေ... လူတိုင်းက ရှုန်းယယ်ကိုပဲ မြင်ခဲ့သည်။ ဒီအချက်က ရှုန်းယယ်ရဲ့ သူ့အပေါ်လွှမ်းမိုးမှုကြီးကို ရှီလီ မုန်းတီးလာစေသည်။ အသက်ကြီးလို့ ရှုန်းယယ် သေသွားပြီးနောက်မှ  သူ့ဘဝက လွတ်လပ်သွားသလို ခံစားခဲ့ရသည်။


ရှုန်းယယ်က သူ့ကို  စားစရာ နည်းနည်းလေး  မျှဝေခဲ့ရုံပဲ ဖြစ်သည်။ သူ့လိုပဲ မျိုးနွယ်စုထဲက လူတိုင်းကို  ရှုန်းယယ်  ကူညီပေးနေကျ ဖြစ်သည်။ ဘာမှမဟုတ်သည့် အကြောင်းအရာလေးကြောင့် သူ့ဘဝကို ရှုန်းယယ်နှင့် တသက်လုံး ချည်နှောင်ထားစရာ ဘယ်လိုမှာလဲ။

 
ရှီလီသည် အရင်ဘဝကလို ရှုန်းယယ်ရဲ့ အရိပ်အောက်မှာ တစ်သက်လုံး မ နေချင်တော့ပေ။ သူ ပြန်လည်မွေးဖွားခွင့် ရလာပြီးဆိုတော့ သူ့ဘဝကို သူ့စိတ်ကြိုက် နေချင်လာ မိသည်။
 
ရှီလီ့ထံမှ ပြောခဲ့ဖူးသည့် ကတိစကားကို ပြန်ရွတ်ပြ သံကိုကြားတော့   ရှုန်းယယ်  ကျေနပ်သွားသည်။


သူ ဘယ်အချိန်လောက်ကတည်းက ရှီလီကို ကြိုက်ခဲ့မှန်း ပင် မသိပေ။ ရွယ်တူကောင်လေးတွေက ဟူယွဲ့၊ ရှုန်းပိုင် ဒါမှမဟုတ် သူ့ညီမဝမ်းကွဲ လန်ယင် အကြောင်း ပြောပြီး ရင်ခုန်နေချိန်မှာ သူက ရှီလီရဲ့ အကြောင်းသာ စဉ်းစားနေ ခဲ့သည်။ မျိုးနွယ်စုထဲမှ မိန်းမတွေက ခွန်အားကြီးတဲ့ ယောကျာ်း၊ ရုပ်ချောတဲ့  ယောက်ျားမျိုးကိုသာ သဘောကျကြသည်။ အတူနေဖို့ မိန်းမရှာမရသည့် ယောက်ျားလေးတချို့တော့ ယောက်ျားလေးအချင်းချင်း နှီးနှောလိုက်သည်တော့ ရှိသည်။ ယောကျာ်လေးချင်း အတူနေလို့ရသည်ကို သိပေမယ့် နောင်မှာ သူလည်း ဒီလိုဖြစ်လာလိမ့်မည်ဟု  အသက် 15 နှစ်အရွယ်အထိ ရှုန်းယယ် ထင်မထားမိပေ။

 
တကယ်တော့ နောက်ပေါက် လူငယ်မျိုးဆက်ထဲမှာ သူက အရမ်းသန်မာလို့ သူနှင့် အတူအိပ်ချင်သည့် မိန်းကလေးတွေ အတော်များများရှိပါသည်။ ငယ်စဉ်ကတော့ သူ မိန်းမတစ်ယောက်နှင့် မိတ်ဖက်ပြုပြီး သားသမီးမွေးကာ ထိုကလေးတွေကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးချင် ခဲ့သည်။ ဒါပေမယ့် သူ လူပျိုဖော်ဝင်လာတော့ မိန်းကလေးတွေကို ရင်မခုန်တော့ပေ။ ထိုအစား ယောကျာ်းလေးတွေကို ပိုစိတ်ဝင်စားပြီး ရှီလီကို သဘောကျသည်ကို သူ သေချာသိခဲ့သည်။

ရှီလီကလည်း သူနှင့် ငယ်စဉ်ကတည်းက မခွဲအတူ ရှိနေပြီး သူ့ကို သဘောကျသည်ဆိုတော့ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ  ရှီလီနဲ့ အတူ တစ်သက်လုံး နေသွားချင်ကြောင့် ဖွင့်ပြောခဲ့သည်။ ရှီလီကတည်း မငြင်းပဲ ချက်ချင်း သဘောတူခဲ့လို့ မီးတောက်ပန်းပွင့်ချိန်မှာ မိတ်ဖက်ပြုပေးဖို့ အဘဘုန်းတော်ကြီးကို သူ လျှောက်ထားကာ ဆောင်းခိုခဲ့ကြသည်။

နွေဦးပေါက်ချိန် ဆောင်းခိုရာမှ ထွက်လာပြီး ခုရက်ပိုင်းမှာ
  ရှီလီရဲ့ အပြုအမူတွေက ထူးဆန်းလာခဲ့သည်။ ရှီလီရဲ့မိခင်နှင့် ညီလေးက သူ့မကောင်းကြောင်းကို အရမ်းပြောလို့ ခုလို ဖြစ်နေသလားလို့ ရှုန်းယယ်တွေးနေ မိသည်။

 
"ရှီလီ ...မင်း...တစ်ခုခု  ဖြစ်ထားလို့လား"

ရှုန်းယယ်က စိတ်ပူစွာဖြင့် မေးလိုက်ပေမယ့် ရှီလီက    ခေါင်းခါလိုက်သည်။

 "ဘာမှ မဖြစ်ဘူး"


" ဒီမှာ မင်းအတွက် ငါရလာတဲ့ အသားတစ်ဝက်ထားခဲ့မယ်။   မင်း ပိုကောင်းကောင်း စားပြီး အားမွေးထားလိုက်ဦး။ နောက် လဝက်လောက်ဆိုရင် ငါတို့ မိတ်ဖက်တဲ့ပွဲ အခမ်းအနား ရောက်တော့မယ်လေကွာ "

မိတ်ဖက်ပွဲ အကြောင်း ပြောတော့မှ ရှုန်းယယ်က ပိုစိတ်လှုပ်ရှားလာမိသည်။ မိတ်ဖက်ပွဲတွင် သူတို့နှစ်ယောက်လုံးက ဝက်ဝံညိုပုံနှင့် ခြင်္သေပုံဖြင့် ဆင်နွဲကြမည်ဖြစ်သည်။
 

အဲ့ဒီအချိန်မှာ သူ့ဝက်ဝံအမွေးတွေ ပိုလှပြီး အရောင်စိုပြေ နေဖို့ သူ အသားများများစားထားရမည်။  ရှီလီလည်း  သူ့ ခြင်္သေ့လည်ဆံမွေးတွေကို  အရမ်းဂရုစိုက်တတ်တာမို့ မိတ်ဖက်ပွဲနေ့မှာ အရမ်းလှနေမှာ သေချာသည်။  


ရှုန်းယယ်ပြောလိုက်တဲ့ စကားကို ကြားတော့မှ လာမည့်ရက်ပိုင်းမှာ သူတို့ မိတ်ဖက်ပွဲလုပ်တော့မည်ကို သတိရလာသည်။ ဒီ ပွဲကို လုပ်လို့မဖြစ်ပေ။ ဒါကြောင့် ရှီလီက လွှတ်ခနဲပြောလိုက်သည်။

"ငါတို့ အသက်ငယ်သေးတယ်။ မိတ်ဖက်ကြဖို့ကို အလျင်မလိုရင် ကောင်းမယ်ထင်တယ် "

ရှီလီ၏ စကားကြောင့် ရှုန်းယယ်က ငြိမ်ကျသွားပြီး ရင်ခွင်တစ်ခုလုံး ပူလောင်လာခဲ့သည်။

"မင်း ဘာကို ဆိုလိုချင်တာလဲ... "


 အရင်ဘဝက ရှီလီက ရှုန်းယယ်ကို ကြောက်ခဲ့ပေမယ့် ပြန်လည်မွေးဖွားလာသည့် ရှီလီက လူပျိုပေါက်လေး ရှုန်းယယ်ကို လုံးဝမကြောက်ပေ။ သူက သေချာအောင် ထပ်ပြောလိုက်သည်။

"ရှုန်းယယ်.... မင်း ငါနဲ့ တစ်သက်လုံး အတူနေချင်တာ  တကယ် သေချာပြီလား? ငါတို့ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်သွားကြဦးမယ်...တကယ်လို့....မင်း..  .."


"ငါ မင်းနဲ့ အတူနေသွားချင်တာ သေချာတယ်"

ရှုန်းယယ်က ရှီလီရဲ့ စကားမဆုံးခင် အမြန် ဖြတ်ပြောလိုက်သည်။   ဒီမနက် မိုးရေထဲမှာ သူ အမဲလိုက်ခဲ့စဉ်က ချမ်းအေးခြင်းကို မခံစားခဲ့ရပေမယ့် အခု သူ့တကိုယ်လုံး အေးစက်လာသလို ရှုန်းယယ် ခံစားလိုက် ရသည်။ ရှီလီရဲ့ စကားတွေက သူ့ကို ပိုချမ်းအေး လာစေသည်။

 
"  ငါကတော့... မင်းနဲ့ တသက်လုံး အတူတူနေချင် သလားဆိုတာ မသေချာတော့ဘူး ရှုန်းယယ်၊ ငါ ပြန်စဉ်းစားကြည့်လိုက်တော့ ငါ့ မျိုးဆက် ကလေးလေးတွေ လိုချင်လာမိတယ်....  "

ရှီလီက ပြတ်သားစွာ ပြောလိုက်သည်။  ဒီနှစ်ရက်အတွင်း  ရှီလီ ဘာကြောင့် ထူးဆန်းနေသည်ကို အခု ရှုန်းယယ် သဘောပေါက်သွားလေပြီ။ ရှီလီက သူနှင့် မိတ်ဖက်ပြုမည်ဟု ဆုံးဖြတ်ခဲ့သည့်အပေါ်ကို နောင်တရနေခြင်းဖြစ်သည်။
 
ရှုန်းယယ်ဘက်က မိတ်ဖက်ဖို့ သူ့ကို တောင်းဆိုခဲ့ပေမယ့် ရှီလီကလည်း လိုလိုလားလား လက်ခံခဲ့တာပဲ မဟုတ်လား။ မိတ်ဖက်ပွဲလုပ်ဖို့ ရက်ပိုင်းပဲ လိုတော့မှ ရှီလီက သူ့စကားကို ပယ်ဖျက်ချင်နေပြီ။ ပြီးတော့ သူတို့ မိတ်ဖက်ပွဲလုပ်တော့မည်ကို မျိုးနွယ်စု တစ်ခုလုံး သိပြီးနေတာတောင် သူက ဘယ်လို စိတ်မျိုးနဲ့ ခုလို ပြောရက်တာလဲ။


ရှုန်းယယ်က အေးစက်စက်  မျက်နှာထားနှင့် ရှီလီကို မေးလိုက်သည်။

 " မင်း ပေးထားတဲ့ ကတိကို ဖျက်ပြီး ငါနဲ့ မိတ်ဖက် မဖြစ်ချင်တော့ဘူးပေါ့ ဟုတ်လား"


ရှီလီက ရှုန်းယယ် သဘောပေါက်သွားလို့ စိတ်သက်သာရာရစွာဖြင့်  ခေါင်းညိတ်လိုက်စဉ် သွေးတွေပေနေသည့် ဒိုင်နိုဆော အသားတုံးကြီးက သူ့မျက်နှာတည့်တည့်ကို လွှင့်ပျံလာခဲ့သည်။


ရှုန်းယယ်သည် စိတ်မထိန်းနိုင်တော့ပဲ သူ့လက်ထဲမှာ  ကိုင်ထားသော အသားတုံးကြိးနဲ့ ရှီလီ့ဆီအားကုန် ပေါက်လိုက်ပြီး  ရှီလီဆီကို တခါတည်း ခုန်အုပ်ကာ မျက်နှာကိုချည်း လက်သီးစာကျွေးလိုက်သည်။
 
ရှီလီသည် မျက်နှာကို အထိုးမခံရအောင် ရှောင်နေရင်း ဒေါသထွက်ကာ ခြင်္သေ့အဖြစ် ပြောင်းကာ ဟိန်းဟောက်လိုက်သည်။ ရှုန်းယယ်လည်း ချက်ချင်း  ဝက်ဝံပုံစံပြောင်းကာ တိုက်ခိုက်တော့သည်။


မျိုးနွယ်စုထဲက လူတွေက  ရှီလီနှင့် ရှုန်းယယ်တို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အတူတူလောက်ပဲလို့ ထင်ကြသည်။   
ရှုန်းယယ်၏ ဝက်ဝံပုံစံက  ရှီလီ့ရဲ့ ခြင်္သေ့ပုံစံထက် နှစ်ဆပိုလေးပြီး ခွန်အားပိုကြီးပေမယ့် ပေါ့ပါးမှုမှာ ရှီလီက သာသည်။ ရှုန်းယယ်ရဲ့ဝက်ဝံလက်သည်းတွေက   10 စင်တီမီတာလောက်ရှည်ပေမယ့် လက်သည်းကို ပြန်မသိမ်းနိုင်သလို  ရှီလီ့လက်သည်းတွေလို မထက်ပေ။ ဒါကြောင့် သူတို့ အတူအမဲလိုက်ချိန်မှာ ရှုန်းယယ်က ပိုသာတယ်လို့မရှိခဲ့ပေ။

အခုတော့ သူတို့နှစ်ယောက်က    ဂူပေါက်ဝမှ လမ်းကျဉ်း လေးမှာ လုံးထွေးနေကြသည်။  သားရဲဘုရင် ဖြစ်လာပြီးနောက်ပိုင်း  ရှီလီသည်   သူ့ ရဲ့စိတ်စွမ်းအားနဲ့ အနားက ဒိုင်နိုဆောများ၊နှင့် အခြား သားရဲလူသားများကို အလွယ်တကူ ချေမှုန်းသတ်ဖြတ်ခဲ့ပြီး ဘယ်တော့မှ လက်တွေ့ ခွန်အားသုံး တိုက်ခိုက်သည်ကို မလေ့ကျင့်တော့ပေ။

သူကိုယ်တိုင် အမဲထွက်မလိုက်ခဲ့တာလည်း ဆယ်နှစ်ကျော် မကတော့ပေ။ ရှုန်းယယ်ကတော့ ဒီအသက်အရွယ်အထိ  နေ့စဉ်အမဲလိုက်သလို သူ့ဝက်ဝံကိုယ်နှင့် အလေးချိန်၊ ခွန်အားကို ကျင့်သားရစေရန် အမြဲ တိုက်ခိုက်တာကို လေ့ကျင့်ခဲ့သည်။ သူ့ကိုယ်တိုင် တိုက်ခိုက်ရေးနည်းစနစ် ကိုတောင် ဖန်တီးထားသေးသည်။

 
ဆောင်းခိုကာ ဘာမှ မစားပဲ အိပ်စက်ခဲ့သည့်    ဝက်ဝံညိုကြီးက အတော်လေးကို ပိန်ကျသွားခဲ့ပေမယ့် ခြင်္သေ့ကို သူ့ကိုယ်အောက်တွင် အလွယ်တကူ ဖိ ထားနိုင်သေးသည်။ ဝက်ဝံလက်သည်းများကြောင့်   ခြင်္သေ့၏ ပခုံးနှင့်အ နောက်ဘက်တင်ပါးများတွင် သွေးစို့သည့် ကုတ်ခြစ် ဒဏ်ရာများ ရကုန်သည်။ ခြင်္သေ့ကြီး၏ အမွှေးတိုတွေလည်း လက်သည်းချက်ကြောင့်  ကျွတ်ထွက်ကုန်သည်။ ခြင်္သေ့ကြီးက ခေါင်းလှည့်ပြီး ဝက်ဝံကို ပြန်ကိုက်ဖို့ ကြိုးစားပေမယ့် ဝက်ဝံလက်ဝါးကြိးက သူ့ခေါင်းကို  ရိုက်ပစ်တာကိုပဲ ခံလိုက်ရသည်။


ခြင်္သေ့က အသည်းအသန် ရုန်းကန်ပေမယ့် ဝက်ဝံညိုကြီး ဖိထားကာ ရိုက်နှက်သည့် ဒဏ်က မလွတ်မြောက်နိုင်ပဲ နာကျင်စွာဖြင့်  ညည်းညူသံပဲ ထွက်နိုင်တော့သည်။


ရှုန်းယယ်သည် ရှီလီ့ကို ဒေါသဖြင့် နည်းနည်းထပ်ရိုက်ပြီးနောက်  လွှတ်ပေးလိုက်သည်။
ရှီလီက  တကယ်တမ်း ခုလောက် အားမနည်းဘူးဆိုတာ သူ ကောင်းကောင်း သိသည်။ ရှီလီက သူ့အမှားကိုသိလို့ အပြစ်ရှိ သလို ခံစားနေရပြီး သူ့ကို ပြန်မလုပ်တာဖြစ်နိုင် သည်။

 
ရှုန်းယယ်က မတ်တပ်ရပ်ကာ  သူ့ကို  အရှက်ခွဲလိုက်သည့် မြေကြီးပေါ်လဲနေသည့် ရှီလီကို တစ်ချက်ဆောင့်ကန်လိုက်ပြီး လူအသွင်ပြောင်းကာ ခါးဝတ်ကို ကောက်ကာ ပတ်လိုက်သည်။ ပြီးတော့ သူ အမဲလိုက်လို့ရလာသည့် ဒိုင်နိုဆော အသားတုံးအကြီးကြီးကို   ကောက်ပြီး လှည့်ထွက်သွားတော့သည်။

သူတို့နှစ်ယောက် ဂူပေါက်ဝမှာ ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေတဲ့အတွက် မျိုးနွယ်စုဝင်အတော်များများက စပ်စပ်စုစု သူတို့ဘက်ကို ဝေခွဲမရဟန်ဖြင့်  လှမ်းမျှော်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 
ဒီလူတွေရဲ့ အကြည့်ကြောင့် ရှုန်းယယ်က ပို အရှက်ရလာမိပြီး  မြန်မြန်ထွက်သွားတော့သည်။
ဒါပေမယ့် ရှုန်းယယ်ရိုက်သမျှ ၊ကုတ်သမျှကို ခံလိုက်ရပြီး မြေကြီးပေါ် လဲနေသည့် ရှီလီက ပိုလို့ အရှက်ကွဲနေရသည်။
ရှုန်းယယ်၏ တိုက်ခိုက်မှုတွေကို တချက်လေးတောင် ပြန်မခုခံနိုင်လောက်ဘူးလို့ သူ ထင်ကို မထားမိပေ။

 
မဟုတ်ဘူး....  သူ မခုခံနိုင်လိုက်တာထက် ရန်သူကို အထင်သေးလိုက်မိလို့ အငိုက်မိသွားတာဖြစ်တယ်။
 

ဒါ့အပြင် သူက ရှုန်းယယ်ကို အရိုင်းဆန်ဆန် တိုက်ခိုက်တာကို မလုပ်နိုင်ခဲ့တာ ဖြစ်သည်။ သူ ကျင့်ကြံအားထုတ်ပြီး သားရဲဘုရင်ဘဝကို ရောက်လာချိန်မှာ လက်သည်း၊ပါးစပ်ကိုသုံးစရာမလိုပဲ စိတ်စွမ်းအားနဲ့ပဲ ရန်သူကို ချေမွပစ်ခဲ့တာ အကျင့်ပါနေသည်။ ဒါကြောင့် လက်ရုန်းရည်ခြင်း ယှဉ်ချတော့ ရှုန်းယယ်ကို သူ ရှုံးသွားတာ ဖြစ်သည်။

နောင်မှာ ကျင့်ကြံဆင့်မြင့်လို့ သူ ခွန်အားကြီးလာရင် ရှုန်းယယ်က သူ့ကို အလဲထိုးဖို့ဆိုတာ အိပ်မက်ပင် မက်နိုင်တော့မည် မဟုတ်ပေ။

ရှီလီက ဘာမှ မဖြစ်သလို သိက္ခာရှိရှိ ဂူထဲကို ရင်ကော့ပြီး  ပြန်ဝင်သွားချင်ပေမယ့် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေက နာလွန်းလို့ သူ့သူရဲကောင်းပုံစံကို ဖျက်စီးလို့နေသည်။  နောက်ဆုံးမှာ ကျွတ်ကျခဲ့တဲ့ ခါးဝတ်ကိုတောင် မကောက်နိုင်ပဲ ရှီလီက ဒဏ်ရာဗလာပွဖြင့် သူ့ဂူထဲကို ထော့နဲ့ထော့နဲ့ဖြင့် ဝင်သွားခဲ့သည်။

ယန်ဆုက ဘယ်ချောင်ကနေ ထွက်လာမှန်းမသိပဲ ရှီလီကျွတ်ကျကျန်ရစ်ခဲ့သည့် ခါးဝတ်ကို လာကောက်ပြီး ဂူထဲကို လှည့်အဝင် သူတို့ဂူဘေးက ဂူပေါက်ဝမှာ ကျိုးကျီက တံခါးကို မှီပြီး သူ့အကိုနှင့် ရှုန်းယယ်တို့ တိုက်ခိုက်သွားသည့် နေရာကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

ယန်ဆုက အရှက်ကွဲတာရော၊ ကြောက်တာနှင့်ပေါင်းကာ ဒေါသများ ပေါက်ကွဲသွားတော့သည်။ သူ့ အနားမှ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး  ကျိုးကျီကိုေ ပေါက်လိုက်သည်။ သိုးကလေးအဖြစ်နိုးထလာသည့် ယန်ဆုက  မျိုးနွယ်စုထဲမှာ ဘယ်သူ့ကိုမှ  ရန်မစရဲပေမယ့် တုံးတုံးအအနှင့် မိဘမရှိသည့် မနိုးပဲ သာမန်လူဖြစ်နေသည့် ကျိုးကျီကိုတော့ သူ မကြောက်ပဲ အနိုင်ကျင့်ရဲသည်။
ကျိုးကျီသည် ခန္ဓာကိုယ်ကို ဘေးအနည်းငယ်စောင်းကာ ကျောက်တုံးကို ရှောင်လိုက်ပြီး ဂူတံခါးကို အသာဆွဲပတ်လိုက်သည်။

  ယန်ဆုက ကြောင်အအဖြင့်  အပြင်ဘက်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။
ယန်ဆုသည် ကျိုးကျီရဲ့ ဂူတံခါးကို တံတွေးနှင့် လှမ်းထွေးကာ ချိုင့်ဝှမ်းထဲ ပြေးဆင်းသွားခဲ့စဉ် ဘယ်က ရောက်လာမှန်းမသိသည့်   သစ်မြစ်တစ်ခုကို တိုက်မိကာ အောက်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတော့သည်။


ဂူအထဲမှာတော့  ကျိုးကျီက ထိုရာသီမှာ ဘယ်နေရာမှ ရှာ မရသည့် အရည်ရွှမ်းကာ မှည့်နေသည့် သစ်သီးတစ်လုံးကို  ထုတ်ယူကာ အားပါးတရ ကိုက်စားနေသည်။
________________________________

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now