Chapter (43-1)_သားရဲဘုရင် ရှန်းထျန်း ဒေါသူပုန်ထခြင်း

7.2K 1.4K 7
                                    

Chapter (43-1)_သားရဲဘုရင် ရှန်းထျန်း ဒေါသူပုန်ထခြင်း



လအနည်းငယ်ခွဲခွာပြီးနောက် ရေကန်နားက နတ်ဘုရားသစ်သီး တည်ရှိရာ နေရာက အများကြီးပြောင်းလဲသွားခဲ့လေပြီ။ မဖြစ်နိုင်ဘူး။ သူ ထွက်သွားခဲ့တာ  တစ်လကျော်တည်းသာ ရှိသေးသည်။ ရှန်းထျန်းသည် ခြေရာလက်ရာပျက်ကာ ပြောင်းလဲနေသည့် ရေကန်ကို ကြည့်ကာ  ရူးသွပ်လုနီးပါးဖြစ်သွားသည်။



 သူက သားရဲနတ်ဘုရား ပူဇော်ပွဲကို သွားကျင်းပပြီး ပြန်လာရုံသာရှိသေးသည်။ ဘယ်သူက ဒီကိုလာပြီး သူ့ရဲ့ သားရဲနတ်ဘုရား အသီးကိုခိုးသွားတာလဲ။



 သားရဲနတ်ဘုရားအသီးဆိုတာ ယေဘုယျခေါ်သည့် အမည်သာဖြစ်သည်။ ဒီလောကမှာ သေချာ မစိုက်ပျိုးပဲပေါက်ရောက်နေသည့် အသီးများစွာ ရှိသည့်အနက် စွမ်းအားတိုးစေနိုင်သည့် အသီးကို သားရဲနတ်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေက သားရဲနတ်ဘုရား ကောင်းချီးပေးသည့် အသီးဟု ခေါ်တွင်ခဲ့ကြသည်။ ဒီလိုအသီးက သားရဲနတ်ဘုရားဆီက လက်ဆောင်ဖြစ်သည်ဟု လူအများက ယူဆကြသည်။



 ဒါကို အစက ရှန်းထျန်းလည်း မယုံကြည်ခဲ့ပေ။ ဒါကို သားရဲနတ်ဘုရားကျောင်းထဲက လူလိမ်တစ်စုက သားရဲနတ်ဘုရား အမည်ကို အသုံးချကာ လူတွေကို လိမ်လည်လှည့်ဖျားကာ ပြောခဲ့သည်ဟု သူက ထင်ခဲ့သည်။



 ဘုန်းတော်ကြီးတွေက သာမန်ပြည်သူတွေထက် ဗဟုသုတပိုများတယ်ဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး သူတို့ အာဏာနဲ့အကျိုးအမြတ်အတွက် သူတို့ အချင်းချင်း တိုက်ခိုက်နေတာနဲ့ပဲ အချိန်တွေကိုကုန်ဆုံးစေခဲ့သည်။ သူ့လို သားရဲနတ်ဘုရားက သားရဲနတ်ဘုရားကျောင်းတော်၏ အစီအမံများကို မယုံကြည်ပေ။ ဒီလောကမှာ စွမ်းအားသာလျှင် အရေးကြီးသော အရာဖြစ်သည်။
 


သို့သော်လည်းသာမန်သားရဲများသည် သားရဲနတ်ဘုရားကို ယုံကြည်သည်၊ သားရဲနတ်ဘုရား၏ ဘုရားကျောင်းတော်က ကိုင်တွယ်ရန်လွယ်ကူသော အရာ မဟုတ်သောကြောင့် နှစ်ဖက်စလုံးက အချင်းချင်း တိုက်ခိုက်တာကို ရပ်စဲခဲ့ကြသည်။



သားရဲနတ်ဘုရား၏ကျောင်းတော်က သားရဲဘုရင်များအား အကျိုးကျေးဇူး မျိုးစုံပေးလိမ့်မည်၊ သားရဲဘုရင်များသည် သားရဲနတ်ဘုရား၏ကျောင်းတော်က အကူညီလိုအပ်သည့်အခါတိုင်း ကာကွယ်ပေးလိမ့်မည်။



ရှန်းထျန်းသည် သာရဲနတ်ဘုရား ရဲ့တည်ရှိမှုကို မယုံခဲ့ပေမဲ့ သူက မျိုးနွယ်စုကြီးတစ်ခုကနေ မွေးဖွားလာခဲ့တာ ဖြစ်သည်။ ဒါကြောင့် ယ်။ ငယ်စဉ်ကတည်းက သားရဲနတ်ဘုရားအသီးဆိုတာ တကယ် စွမ်းအားတိုးစေနိုင်သည့် အသီးဖြစ်တယ်ဆိုတာ သူသိခဲ့ပြီး အဲ့ဒီအသီးတွေက ဘယ်လောက် အံ့သြဖွယ်ကောင်းကြောင်းကိုလည်း သူ သိသည်။



သူက သူ၏ခန္ဓာကိုယ်ထဲရှိ အမြူတေက ကွဲကြေတော့မည်ကို ခံစားမိကာ တကယ်ပျက်စီးနေသည်ကို အတည်ပြုနိုင်ခဲ့သည်။  သို့သော်သူသည် ဒီနေရာတွင် ပေါက်ရောက် ကြီးထွားလာသော မြင့်မြတ်သော သားရဲနတ်ဘုရားအသီးကို ရှာဖွေတွေ့ရှိခဲ့ပြီး သူက အပင်၏ဘေးတွင်နေ့တိုင်းနေပြီးနောက် သူ၏ကျန်းမာရေးသည် တဖြည်းဖြည်းတိုးတက်လာခဲ့သည်။  



ဝမ်းနည်းစရာတစ်ခုတည်းသောအရာကတော့ သားရဲနတ်ဘုရားအသီးက ရင့်မှည့်ဖို့ အရမ်းနှေးကွေးသည့် အချက်ဖြစ်သည်။
 


သူ ရှာဖွေတွေ့ရှိခဲ့သော သားရဲနတ်ဘုရား အသီးအမျိုးအစားကို သားရဲနတ်ဘုရားကျောင်းထဲက မှတ်တမ်းများထဲတွင် မှတ်တမ်းတင်ထားသည်ကို ဖတ်ခဲ့ဖူးသည်။  ထိုအသီး ရင့်မှည့်လာဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မည်။  ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက စောင့်ဆိုင်းခြင်း ဖြစ်သည်။
 


သူက သားရဲနတ်ဘုရားအသီးကို စားနိုင်ခဲ့မည်ဆိုရင် သူ၏ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်လာပြီး ကိုယ်ထဲက အမြူတေက ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု သူ ခံစားခဲ့ရသည်။



ယခုတော့ သားရဲနတ်ဘုရား အသီးက တကယ်ကြီးကို ပျောက်ကွယ်သွားလေပြီ။  ရှန်းထျန်းက သူ နေရာမှား သွားခဲ့သလားလို့ သံသယ ၀ င်မိသည်။



သူရောက်နေတဲ့ ဒီနေရာက တောနက်ကြီးထဲဖြစ်ကာ ဒီနေရာ၌ သားရဲများ အလွန်နည်းပါးပြီး အင်အားကြီးသားရဲများက  ပိုပြီး သည် ပို၍ ရှားပါးသည်။ ထို့ပြင် ဒီသားရဲနတ်ဘုရားအသီးကို ကင်းခြေများအုပ်စုတစ်စုက ဝိုင်းရံကာကွယ်ထားသည်။ ဘယ်သူက ဒီကိုရောက်လာပြီး သားရဲနတ်ဘုရားအသီးကို အတိအကျ သိကာ ရယူနိုင်ခဲ့တာလဲ။



မဟုတ်သေးဘး။ သားရဲနတ်ဘုရား အသီးကို သေချာ ယူသွားတာ မဟုတ်ဘူး။ ဒီသစ်သီးက မရင့်မှည့်ခင် ခူးဆွတ်လျှင်  ချက်ချင်း ညှိုးနွမ်းပြီ အလဟသဖြစ်လိမ့်မည်။ အဲ့ဒီလူက သားရဲနတ်ဘုရားအသီးကို ခူးလိုက်မယ်ဆိုလည်း သူ့ရဲ့ကြိုးစားမှုက   အားလုံး အချည်းနှီးသာဖြစ်ကြောင်း သူတို့ တွေ့ရလိမ့်မည်။



ထို့ကြောင့်တစ်စုံတစ် ဦးက သားရဲနတ်ဘုရားအသီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအသီးကို ဖယ်ရှားပစ်ချင်ခဲ့သည်၊ သို့သော်ထူးဆန်းသော အခြေအနေများကြောင့် အသီးကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်နိုင်သည်။  



ရှန်းထျန်းက ကောင်းကင်သို့ မော့ကာ အသံကုန် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအင်များသည်ထိန်းချုပ်ခြင်းမရှိ စီးဆင်းသွားပြီး သူ့ပတ် ၀ န်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ခဏအကြာတွင်မြေကြီးသည် တုန်လှုပ်သွားပြီး ဧရာမသစ်ပင်များကျိုးပဲ့ပြိုလဲသွားသည်။



ကမ္ဘာပျက်ကပ်ခေတ်ကို ကြုံပြီးနောက် ကျိုးကျီသည် သဘာဝပတ်ဝန်းကျင်ကို များစွာ အလေးထားခဲ့သည်။ သူက သူ့ပတ်ဝန်းကျင်ကို ရုတ်တရက်ကြီး ဖျက်ဆီးချင်စိတ်လုံးဝမရှိခဲ့ပါဘူး၊ ဒါကြောင့် သူ့အပင်ကြီးတွေကို နင်းမိတဲ့အခါ သူ့အပင်စွမ်းအားဖြင့် ထိုနေရာတွင် အပင်များစွာပေါက်အောင် လုပ်ပေးခဲ့ပြီး ပြန်လည်တည်ဆောက်ပေးခဲ့သည်။


  ဒါပေမယ့် အခုတော့ အဲဒါက ရှန်းထျန်း ၏ဒေါသကြောင့် ထိုနေရာက လုံးဝဝပျက်စီးသွားခဲ့သည်။ ဒါတင်မက ပတ်ဝန်းကျင်က သစ်ပင်ကြီးတွေပါ ပျက်စီးခဲ့တယ်။



မာလု ဒါဇင်ပေါင်းများစွာတို့က သစ်ပင်များအောက်ရှိ ရွှံ့ထဲ၌ပုန်းအောင်းကာ ထွက်ပြေးကြသော်လည်း ရှန်းထျန်းက မာလုတွေကို လိုက်လံဖမ်းဆီးပြီး မာလုတွေအားလုံးက သူ့အစွမ်းအောက်မှာ ရိုက်နှက်ခံလိုက်ရသည်။
 


"အသုံးမကျတဲ့အရာတွေ!" ရှန်းထျန်းက အံကြိတ်လိုက်သည်။



သူက သားရဲနတ်ဘုရား အသီးကို ပထမဆုံးရှာဖွေတွေ့ရှိသောအခါ ဒီကင်းခြေများ (မာလု)တွေက အနားမှာ ရှိနေခဲ့သည်။ သူတို့က အပင်ဆီက စွမ်းအင်ကိုသာ ယူကြပေမယ့် အသီးကို မထိခိုက်စေပေ။  ဆန့်ကျင်ဘက်အားဖြင့် သူတို့က သားရဲနတ်ဘုရားအသီးကို ကာကွယ်ပေးနိုင်လို့ သူက တစ်ခါတည်း မရှင်းပစ်ခဲ့တာ ဖြစ်သည်။
 


နောင်မှာ ထိုအသီးရင့်မှည့်လာလို့ စားပြီးသည့်အချိန် သူ၏ခွန်အားအစွမ်းဖြင့် မာလုတွေကို သတ်ဖို့ဆိုတာ တစ်ချက် အော်လိုက်ရုံပဲ လိုအပ်သည်။ သူတို့ကို ကြောက်ရွံ့စရာ ဘာမျှမရှိသောကြောင့် သူက မာလုတွေ ရှိတာကို ဂရုမစိုက်ခဲ့တာ ဖြစ်သည်။ တဖက်ကလည်း သူ မရှိခိုက် ထိုအသီးကို စောင့်ရှောက်စေဖို့ ထားရစ်ခဲ့တာဖြစ်သည်။



 ယေဘုယျအားဖြင့်ပြောရလျှင် သားရဲဘုရင်တစ်ယောက်၏အဆင့် မဟုတ်ရင် မာလုအုပ်စုကြီးစောင့်နေသည့် ထိုအသီးကို ယူဖို့ လွယ်မည် မဟုတ်ပေ။ သို့သော်လည်း နောက်ဆုံး၌ တရားခံမပေါ်ပဲ သားရဲနတ်ဘုရား အသီး ပျောက်ကွယ်သွားပြီ။
တခြား သားရဲဘုရင်တွေထဲကတစ်ယောက်က ဒီကိုရောက်လာတာ ဖြစ်နိုင်မလား။ ဒါပေမယ့် သူ ဒီသတင်းကို မကြားဖူးဘူး...



ဒါမှမဟုတ် မာလုတွေက သားရဲနတ်ဘုရားအသီးကို ကောင်းစွာ ဂရုမစိုက်မိပဲ အသီးကို မတော်တဆ ဖျက်စီးလိုက်မိတာလား။


 ရှန်းထျန်းက တွေးလေ ဒေါသက မိုးထိအောင် ကြီးလာလေဖြစ်ကာ ရင်ထဲက ဒေါသစိတ်က အဆုံးမသတ်နိုင်အောင်ဖြစ်နေသည်။ နေ့တဝက်ကြာမှ ဒေါသက နည်းနည်းလျော့သွားပေမယ့် လူဖြစ်စေ၊ သားကောင်ဖြစ်စေ၊ သူ့ရဲ့ သားရဲနတ်ဘုရားအသီးကို ပျက်စီးစေသောသူဖြစ်ရင် အပိုင်းပိုင်းဖြတ်ကာ သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။


  ရှန်းထျန်းသည် ရေကန်စပ်နားမှာ ဒေါသူပုန်ထနေစဉ် မာလုအပါအဝင် အခြားသားကောင်များက တောထဲက ထွက်ပြေးကုန်ကြသည်။ မာလုတွေက ထိုအသီးပင်နားမှာ အနီးကပ်နေခဲ့သလို စွမ်းအင်များစွာ ပိုစုပ်ယူနိုင်သည့်အပြင် အခြားသားကောင်များထက် ပိုဉာဏ်ကောင်းသဖြင့် ပြေးတာပိုမြန်သည်။ ရှန်းထျန်းက အလွန်အန္တရာယ်များကြောင်း သူတို့ သိသည်။


***********-***************




















Chapter (43-1)_သားရဲဘုရင္ ရွန္းထ်န္း ေဒါသူပုန္ထျခင္း



လအနည္းငယ္ခြဲခြာၿပီးေနာက္ ေရကန္နားက နတ္ဘုရားသစ္သီး တည္ရွိရာ ေနရာက အမ်ားႀကီးေျပာင္းလဲသြားခဲ့ေလျပီ။ မျဖစ္နုိင္ဘူး။ သူ ထြက္သြားခဲ့တာ  တစ္လေက်ာ္တည္းသာ ရွိေသးသည္။ ရွန္းထ်န္းသည္ ေျခရာလက္ရာပ်က္ကာ ေျပာင္းလဲေနသည့္ ေရကန္ကို ႀကည့္ကာ  ႐ူးသြပ္လုနီးပါးျဖစ္သြားသည္။



 သူက သားရဲနတ္ဘုရား ပူေဇာ္ပြဲကို သြားက်င္းပျပီး ျပန္လာရံုသာရွိေသးသည္။ ဘယ္သူက ဒီကိုလာၿပီး သူ႔ရဲ႕ သားရဲနတ္ဘုရား အသီးကိုခိုးသြားတာလဲ။



 သားရဲနတ္ဘုရားအသီးဆုိတာ ေယဘုယ်ေခၚသည့္ အမည္သာျဖစ္သည္။ ဒီေလာကမွာ ေသခ်ာ မစိုက္ပ်ိဳးပဲေပါက္ေရာက္ေနသည့္ အသီးမ်ားစြာ ရွိသည့္အနက္ စြမ္းအားတုိးေစနုိင္သည့္ အသီးကို သားရဲနတ္ဘုရားေက်ာင္းက ဘုန္းေတာ္ႀကီးေတြက သားရဲနတ္ဘုရား ေကာင္းခ်ီးေပးသည့္ အသီးဟု ေခၚတြင္ခဲ့ႀကသည္။ ဒီလိုအသီးက သားရဲနတ္ဘုရားဆီက လက္ေဆာင္ျဖစ္သည္ဟု လူအမ်ားက ယူဆႀကသည္။



 ဒါကို အစက ရွန္းထ်န္းလည္း မယံုႀကည္ခဲ့ေပ။ ဒါကို သားရဲနတ္ဘုရားေက်ာင္းထဲက လူလိမ္တစ္စုက သားရဲနတ္ဘုရား အမည္ကို အသံုးခ်ကာ လူေတြကို လိမ္လည္လွည့္ဖ်ားကာ ေျပာခဲ့သည္ဟု သူက ထင္ခဲ့သည္။



 ဘုန္းေတာ္ႀကီးေတြက သာမန္ျပည္သူေတြထက္ ဗဟုသုတပိုမ်ားတယ္ဆိုတဲ့ အခ်က္ကို အခြင့္ေကာင္းယူၿပီး သူတို႕ အာဏာနဲ႔အက်ိဳးအျမတ္အတြက္ သူတို႔ အခ်င္းခ်င္း တိုက္ခိုက္ေနတာနဲ႔ပဲ အခ်ိန္ေတြကိုကုန္ဆုံးေစခဲ့သည္။ သူ႕လို သားရဲနတ္ဘုရားက သားရဲနတ္ဘုရားေက်ာင္းေတာ္၏ အစီအမံမ်ားကို မယံုႀကည္ေပ။ ဒီေလာကမွာ စြမ္းအားသာလွ်င္ အေရးႀကီးေသာ အရာျဖစ္သည္။
 


သို႔ေသာ္လည္းသာမန္သားရဲမ်ားသည္ သားရဲနတ္ဘုရားကို ယုံၾကည္သည္၊ သားရဲနတ္ဘုရား၏ ဘုရားေက်ာင္းေတာ္က ကိုင္တြယ္ရန္လြယ္ကူေသာ အရာ မဟုတ္ေသာေၾကာင့္ ႏွစ္ဖက္စလုံးက အခ်င္းခ်င္း တိုက္ခိုက္တာကို ရပ္စဲခဲ့ႀကသည္။



သားရဲနတ္ဘုရား၏ေက်ာင္းေတာ္က သားရဲဘုရင္မ်ားအား အက်ိဳးေက်းဇူး မ်ိဳးစုံေပးလိမ့္မည္၊ သားရဲဘုရင္မ်ားသည္ သားရဲနတ္ဘုရား၏ေက်ာင္းေတာ္က အကူညီလိုအပ္သည့္အခါတိုင္း ကာကြယ္ေပးလိမ့္မည္။



ရွန္းထ်န္းသည္ သာရဲနတ္ဘုရား ရဲ႕တည္ရွိမႈကို မယုံခဲ့ေပမဲ့ သူက မ်ိဳးႏြယ္စုႀကီးတစ္ခုကေန ေမြးဖြားလာခဲ့တာ ျဖစ္သည္။ ဒါေႀကာင့္ ယ္။ ငယ္စဥ္ကတည္းက သားရဲနတ္ဘုရားအသီးဆိုတာ တကယ္ စြမ္းအားတိုးေစနုိင္သည့္ အသီးျဖစ္တယ္ဆုိတာ သူသိခဲ့ၿပီး အဲ့ဒီအသီးေတြက ဘယ္ေလာက္ အံ့ၾသဖြယ္ေကာင္းေၾကာင္းကိုလည္း သူ သိသည္။



သူက သူ၏ခႏၶာကိုယ္ထဲရွိ အျမဴေတက ကြဲေႀကေတာ့မည္ကို ခံစားမိကာ တကယ္ပ်က္စီးေနသည္ကို အတည္ျပဳနုိင္ခဲ့သည္။  သို႔ေသာ္သူသည္ ဒီေနရာတြင္ ေပါက္ေရာက္ ႀကီးထြားလာေသာ ျမင့္ျမတ္ေသာ သားရဲနတ္ဘုရားအသီးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး သူက အပင္၏ေဘးတြင္ေန႔တိုင္းေနၿပီးေနာက္ သူ၏က်န္းမာေရးသည္ တျဖည္းျဖည္းတိုးတက္လာခဲ့သည္။  



ဝမ္းနည္းစရာတစ္ခုတည္းေသာအရာကေတာ့ သားရဲနတ္ဘုရားအသီးက ရင့္မွည့္ဖို႕ အရမ္းေနွးေကြးသည့္ အခ်က္ျဖစ္သည္။
 


သူ ရွာေဖြေတြ႕ရွိခဲ့ေသာ သားရဲနတ္ဘုရား အသီးအမ်ိဳးအစားကို သားရဲနတ္ဘုရားေက်ာင္းထဲက မွတ္တမ္းမ်ားထဲတြင္ မွတ္တမ္းတင္ထားသည္ကို ဖတ္ခဲ့ဖူးသည္။  ထိုအသီး ရင့္မွည့္လာဖုိ႕ နွစ္ေပါင္းမ်ားစြာ ႀကာလိမ့္မည္။  ဒါေၾကာင့္ သူလုပ္ႏိုင္တဲ့ တစ္ခုတည္းေသာအရာက ေစာင့္ဆိုင္းျခင္း ျဖစ္သည္။
 


သူက သားရဲနတ္ဘုရားအသီးကို စားနုိင္ခဲ့မည္ဆုိရင္ သူ၏ခႏၶာကိုယ္က ပိုမိုႀကံ႕ခုိင္လာျပီး ကိုယ္ထဲက အျမဴေတက ျပန္လည္ေကာင္းမြန္လာလိမ့္မည္ဟု သူ ခံစားခဲ့ရသည္။



ယခုေတာ့ သားရဲနတ္ဘုရား အသီးက တကယ္ႀကီးကို ေပ်ာက္ကြယ္သြားေလၿပီ။  ရွန္းထ်န္းက သူ ေနရာမွား သြားခဲ့သလားလို႕ သံသယ ၀ င္မိသည္။



သူေရာက္ေနတဲ့ ဒီေနရာက ေတာနက္ႀကီးထဲျဖစ္ကာ ဒီေနရာ၌ သားရဲမ်ား အလြန္နည္းပါးၿပီး အင္အားႀကီးသားရဲမ်ားက  ပိုျပီး သည္ ပို၍ ရွားပါးသည္။ ထို႔ျပင္ ဒီသားရဲနတ္ဘုရားအသီးကို ကင္းေျခမ်ားအုပ္စုတစ္စုက ဝိုင္းရံကာကြယ္ထားသည္။ ဘယ္သူက ဒီကိုေရာက္လာၿပီး သားရဲနတ္ဘုရားအသီးကို အတိအက် သိကာ ရယူႏိုင္ခဲ့တာလဲ။



မဟုတ္ေသးဘး။ သားရဲနတ္ဘုရား အသီးကို ေသခ်ာ ယူသြားတာ မဟုတ္ဘူး။ ဒီသစ္သီးက မရင့္မွည့္ခင္ ခူးဆြတ္လွ်င္  ခ်က္ခ်င္း ညႇိဳးႏြမ္းၿပီ အလဟသျဖစ္လိမ့္မည္။ အဲ့ဒီလူက သားရဲနတ္ဘုရားအသီးကို ခူးလိုက္မယ္ဆုိလည္း သူ႕ရဲ႕ႀကိဳးစားမႈက   အားလုံး အခ်ည္းႏွီးသာျဖစ္ေၾကာင္း သူတို႔ ေတြ႕ရလိမ့္မည္။



ထို႔ေၾကာင့္တစ္စုံတစ္ ဦးက သားရဲနတ္ဘုရားအသီးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ထိုအသီးကို ဖယ္ရွားပစ္ခ်င္ခဲ့သည္၊ သို႔ေသာ္ထူးဆန္းေသာ အေျခအေနမ်ားေၾကာင့္ အသီးကို ဖ်က္ဆီးပစ္ခဲ့တာ ျဖစ္နုိင္သည္။  



ရွန္းထ်န္းက ေကာင္းကင္သို႔ ေမာ့ကာ အသံကုန္ ေအာ္ဟစ္လိုက္သည္။ သူ႔ခႏၶာကိုယ္မွ စြမ္းအင္မ်ားသည္ထိန္းခ်ဳပ္ျခင္းမရွိ စီးဆင္းသြားၿပီး သူ႔ပတ္ ၀ န္းက်င္ရွိ အရာအားလုံးကို ဖ်က္ဆီးပစ္လိုက္သည္။ ခဏအၾကာတြင္ေျမႀကီးသည္ တုန္လႈပ္သြားၿပီး ဧရာမသစ္ပင္မ်ားက်ိဳးပဲ့ၿပိဳလဲသြားသည္။



ကမာၻပ်က္ကပ္ေခတ္ကို ႀကဳံၿပီးေနာက္ က်ိဳးက်ီသည္ သဘာဝပတ္ဝန္းက်င္ကို မ်ားစြာ အေလးထားခဲ့သည္။ သူက သူ႔ပတ္ဝန္းက်င္ကို ႐ုတ္တရက္ႀကီး ဖ်က္ဆီးခ်င္စိတ္လုံးဝမရွိခဲ့ပါဘူး၊ ဒါေၾကာင့္ သူ႔အပင္ႀကီးေတြကို နင္းမိတဲ့အခါ သူ႔အပင္စြမ္းအားျဖင့္ ထုိေနရာတြင္ အပင္မ်ားစြာေပါက္ေအာင္ လုပ္ေပးခဲ့ျပီး ျပန္လည္တည္ေဆာက္ေပးခဲ့သည္။


  ဒါေပမယ့္ အခုေတာ့ အဲဒါက ရွန္းထ်န္း ၏ေဒါသေၾကာင့္ ထိုေနရာက လံုးဝဝပ်က္စီးသြားခဲ့သည္။ ဒါတင္မက ပတ္ဝန္းက်င္က သစ္ပင္ႀကီးေတြပါ ပ်က္စီးခဲ့တယ္။



မာလု ဒါဇင္ေပါင္းမ်ားစြာတို႔က သစ္ပင္မ်ားေအာက္ရွိ ႐ႊံ႕ထဲ၌ပုန္းေအာင္းကာ ထြက္ေျပးၾကေသာ္လည္း ရွန္းထ်န္းက မာလုေတြကို လိုက္လံဖမ္းဆီးၿပီး မာလုေတြအားလံုးက သူ႕အစြမ္းေအာက္မွာ ရိုက္နွက္ခံလိုက္ရသည္။
 


"အသုံးမက်တဲ့အရာေတြ!" ရွန္းထ်န္းက အံႀကိတ္လိုက္သည္။



သူက သားရဲနတ္ဘုရား အသီးကို ပထမဆုံးရွာေဖြေတြ႕ရွိေသာအခါ ဒီကင္းေျခမ်ား (မာလု)ေတြက အနားမွာ ရွိေနခဲ့သည္။ သူတို႕က အပင္ဆီက စြမ္းအင္ကိုသာ ယူႀကေပမယ့္ အသီးကို မထိခိုက္ေစေပ။  ဆန႔္က်င္ဘက္အားျဖင့္ သူတို႔က သားရဲနတ္ဘုရားအသီးကို ကာကြယ္ေပးနုိင္လို႕ သူက တစ္ခါတည္း မရွင္းပစ္ခဲ့တာ ျဖစ္သည္။
 


ေနာင္မွာ ထိုအသီးရင့္မွည့္လာလို႕ စားျပီးသည့္အခ်ိ္န္ သူ၏ခြန္အားအစြမ္းျဖင့္ မာလုေတြကို သတ္ဖို႕ဆုိတာ တစ္ခ်က္ ေအာ္လိုက္ရံုပဲ လိုအပ္သည္။ သူတို႕ကို ေၾကာက္႐ြံ႕စရာ ဘာမွ်မရွိေသာေၾကာင့္ သူက မာလုေတြ ရွိတာကို ဂရုမစိုက္ခဲ့တာ ျဖစ္သည္။ တဖက္ကလည္း သူ မရွိခိုက္ ထိုအသီးကို ေစာင့္ေရွာက္ေစဖုိ႕ ထားရစ္ခဲ့တာျဖစ္သည္။



 ေယဘုယ်အားျဖင့္ေျပာရလွ်င္ သားရဲဘုရင္တစ္ေယာက္၏အဆင့္ မဟုတ္ရင္ မာလုအုပ္စုႀကီးေစာင့္ေနသည့္ ထုိအသီးကို ယူဖုိ႕ လြယ္မည္ မဟုတ္ေပ။ သို႔ေသာ္လည္း ေနာက္ဆုံး၌ တရားခံမေပၚပဲ သားရဲနတ္ဘုရား အသီး ေပ်ာက္ကြယ္သြားျပီ။
တျခား သားရဲဘုရင္ေတြထဲကတစ္ေယာက္က ဒီကိုေရာက္လာတာ ျဖစ္ႏိုင္မလား။ ဒါေပမယ့္ သူ ဒီသတင္းကို မၾကားဖူးဘူး...



ဒါမွမဟုတ္ မာလုေတြက သားရဲနတ္ဘုရားအသီးကို ေကာင္းစြာ ဂ႐ုမစိုက္မိပဲ အသီးကို မေတာ္တဆ ဖ်က္စီးလိုက္မိတာလား။


 ရွန္းထ်န္းက ေတြးေလ ေဒါသက မိုးထိေအာင္ ႀကီးလာေလျဖစ္ကာ ရင္ထဲက ေဒါသစိတ္က အဆံုးမသတ္နုိင္ေအာင္ျဖစ္ေနသည္။ ေန႕တဝက္ႀကာမွ ေဒါသက နည္းနည္းေလ်ာ့သြားေပမယ့္ လူျဖစ္ေစ၊ သားေကာင္ျဖစ္ေစ၊ သူ႕ရဲ႕ သားရဲနတ္ဘုရားအသီးကို ပ်က္စီးေစေသာသူျဖစ္ရင္ အပိုင္းပိုင္းျဖတ္ကာ သတ္ပစ္မည္ဟု ဆံုးျဖတ္ထားသည္။


  ရွန္းထ်န္းသည္ ေရကန္စပ္နားမွာ ေဒါသူပုန္ထေနစဥ္ မာလုအပါအဝင္ အျခားသားေကာင္မ်ားက ေတာထဲက ထြက္ေျပးကုန္ႀကသည္။ မာလုေတြက ထိုအသီးပင္နားမွာ အနီးကပ္ေနခဲ့သလို စြမ္းအင္မ်ားစြာ ပိုစုပ္ယူနုိင္သည့္အျပင္ အျခားသားေကာင္မ်ားထက္ ပိုဥာဏ္ေကာင္းသျဖင့္ ေျပးတာပိုျမန္သည္။ ရွန္းထ်န္းက အလြန္အႏၲရာယ္မ်ားေၾကာင္း သူတို႔ သိသည္။


***********-***************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now