(U/Z) Chapter (34)_ Coma - သတိလစ်မေ့မျောခြင်း

8.2K 1.6K 53
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)


(Happy Birthday My lovely Reader)


Chapter (34)_  Coma - သတိလစ်မေ့မျောခြင်း



ရှီလီသည် သူကြားသည့်အရာကို မယုံနိုင်အောင် ဖြစ်သွားမိသည်။

 ရှုန်းယယ်နဲ့ကျိုးကျီက အတူတူနေလိုက်ကြပြီလား။ ဒါကြောင့် ကျိုးကျီက ခုလို ဖြစ်သွားတာတဲ့လား။

 
    ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

    သို့သော် သူသည် ယမန်နေ့ညက ရှုန်းယယ်၏ မမျှော်လင့်ထားသော ကျိုးကျီအပေါ် အလေးထားသည့် အချစ်နှင့် ယနေ့နံနက် ရှုန်းယယ် နှင့် ကျိုးကျီတို့အကြား နွေးထွေးလှသည့် အပြန်အလှန်ဆက်ဆံရေးကို သူ ပြန်စဉ်းစားခဲ့သည်။ ဤအရာက  အမှန်ဖြစ်နိုင်သည်ကို သူ သိသွားခဲ့သည်။


ရှုန်းယယ်က သူ မဟုတ်တဲ့  ကတခြားသူတွေနဲ့ တကယ်ကို အတူနေခဲ့လိုက်တယ်ပေါ့.....

ရှီလီ၏ရင်ဘတ်ထဲမှာ လေးလံကာ ဆို့နင့်လာပြီး မထွေးနိုင် မအန်နိုင်သလို ခံစားလိုက်ရသည်။

 အရင်ဘဝတွင် သူနှင့်ရှုန်းယယ်က သားရဲနတ်ဘုရားပူဇော်ပွဲနေ့တွင် မိတ်ဖက်ပြုကာ တစ်ဂူတည်း အတူတူနေခဲ့ပေမယ့်   သူတို့နှစ် ဦး စလုံးသည်အမျိုးသားများနှင့်အမျိုးသားများကြား ဘယ်လို ဆက်ဆံရမည်ကို မသိခဲ့လို့ အတော်ကြာအထိ ဘာမှ မဖြစ်ခဲ့ကြပေ။

 ရှုန်းယယ်က စုပေါင်းဂူမှာ နေခဲ့လို့ ယောကျာ်း၊ မိန်းမကြားဆက်ဆံရေးကို ဗဟုသုတရှိပေမယ့် ယောကျာ်း ယောကျာ်းခြင်းကြားက ဆက်ဆံရေးက ရှားပါးလှသည်။

   
    စုပေါင်းဂူအတွင်းမှ အချို့သော လူတွေက အမဲသား အပိုင်းအစလေးများအတွက်  တစ်စုံတစ်ယောက်နှင့် အိပ်ချင်နေသရွေ့ ထိုယောက်ျားများသည် လိင်တူကိုရှာမည် မဟုတ်ပေ၊ ရံဖန်ရံခါ တစ်ယောက်ကိုတစ်ယောက် လက်ကိုသုံးပြီး ကူညီပေးကြမျိုးပဲ ရှိကြလိမ့်မည်၊  


    ထိုအချိန်တွင် သူတို့သည်တစ်လကျော် စင်စင်ကြယ်ကြယ် နေလာခဲ့ပြီးနောက်ပိုင်းတွင် အမျိုးသားများနှင့်အမျိုးသားများ ကြားတွင် ဘယ်လို နေထိုင်ရသည်ကို သိပြီးနောက် ဒီအရာကြောင့် ကြီးမားသောရန်ပွဲပင် ဖြစ်ခဲ့ကြသေးသည်။

    သူတို့အတူရှိနေချိန်တိုင်း သူတို့ငြင်းခုံကြရသည်။  

    နောက်ပိုင်းတွင် ရှုန်းဟော်ဦးဆောင်သည့် အမဲလိုက်အဖွဲ့  ည်အလွန်အစွမ်းထက်သော အသားစားဒိုင်နိုဆောတစ်ကောင်နှင့်တွေ့ဆုံခဲ့သည်။ အမဲလိုက်အဖွဲ့တွင် လူများစွာသေဆုံးခဲ့သည်။ ရှုန်းယယ် ပြန်လာတဲ့အခါ ရှုန်းယယ်က ရုတ်တရက် သူနှင့်ရန် မဖြစ်တော့ပေ။ အဲ့ဒီနောက်ပိုင်း သူတို့နှစ်ယောက်ကြားတွင်  လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိလာခဲ့ကြသည်။

    ထို့အတွက်ကြောင့် ရှုန်းယယ်နှင့် ကျိုးကျီတို့ အတူတကွနေထိုင်ခဲ့သော်လည်း သူက သိပ် စိတ်မပူခဲ့ပေ။ ရှုန်းယယ်က ဘာမှနားမလည်ဘဲ ကျိုးကျီက တုံးအတဲ့ကောင်လေးဖြစ် တာကြောင့် လိင်ဆက်ဆံတာကို သူတို့ နားလည်နိုင်မည် မဟုတ်ပေ။

 
    ယခုတော့.......

    ရှီလီ၏မျက်လုံးများသည် မှုန်မှိုင်းနေပြီး သူပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။

ရှုန်းယယ်သည် အခြားသူများနှင့် အမှန်တကယ် အတူနေခဲ့လေပြီ...

 
    ရက်အနည်းငယ်လောက် ပင်ပင်ပန်းပန်း လုပ်ပေးလိုက်ရုံနဲ့ ရှုန်းယယ်ရဲ့ အချစ်တွေက တခြားလူဆီကို ပြောင်းသွားတယ်တဲ့လား။

 
    ရှီလီသည် ရှုန်းယယ်ကို ရှာရန်စိတ်ဆန္ဒရှိသော်လည်း ယခုအချိန်တွင် သူ၏ခြေထောက်၌ နောက်ထပ် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။

    နောက်ထပ်အင်းဆက်တစ်ကောင်က သူ့ကိုကိုက်လိုက်တာပဲ...
 

    ဒီပိုးကောင်က တစ်စုံတစ်ယောက်ကိုကိုက်တဲ့အခါ အရမ်းနာကျင်ပေမယ့် ဒါက သူ့နှလုံးသားထဲက နာကျင်မှုထက် အများကြီးပိုသက်သာသည်ဟု ရှီလီ ခံစားလိုက်ရသည်။

    သူက ရှုန်းယယ် ကိုတကယ်ဂရုစိုက်တယ်။ ဒါပေမယ့် ရှုန်းယယ်က သူ့ခံစားချက်တွေကို သစ္စာဖောက်ခဲ့တယ်။  

    ရှီလီသည် စဉ်းစားနေရင်း ရှုန်းယယ်သည် ဘုန်းတော်ကြီး၏ဂူထဲမှ ထွက်ပြေးသွားသည် ကိုမြင်လိုက်ရ သည်။

ရှုန်းယယ် သည် ကျိုးကျီကို ကျောပိုးကာ အပြေးပြန်လာပြီး အဘဘုန်းတော်ကြီးကို ကြည့်ပေးဖို့ တောင်းဆိုခဲ့သည်။

 
 ဒါပေမယ့်ဘုန်းကြီးက ဘာရောဂါကိုမှ ရှာမတွေ့ခဲ့ဘူး။

     သူက ကျိုးကျီကို အချိန်ကြာမြင့်စွာ ဂရုတစိုက် စစ်ဆေးကြည့်ပြီး ကျိုးကျီ ဘာဖြစ်သွားမှန်း မသိသေးပေ။ သူက ကျိုးကျီ ကိုမေးချင်ပေမယ့် ကျိုးကျီက သတိပြန်မရလာသေးပေ။



  ကျိုးကျီ၏အသက်ရှုနှုန်းက ပိုပျော့လာပြီး ဘုန်းတော်ကြီးလည်း ဘာလုပ်ရမှန်း မသိဖြစ်လာသည်။


 ကျိုးကျီ၏မျက်လုံးများက တင်းတင်းမှိတ်နေပြီး နာကျင်မှုကို ခံစားနေရသည်ကို မြင်တော့ ရှုန်းယယ်က ပူလောင်ပြီးသေလုမြောပါး ဖြစ်လာခဲ့သည်။  

" အာရုံကြောကိုငြိမ်သက်စေတဲ့ ဆေးဖက်ဝင်အပင်တွေကို ကြိတ်တိုက်လိုက်ပါ... "

ဘုန်းတော်ကြီးတွေက ထိုဆေးပင်မျိုးကို သိပ်မသုံးဖူးပေ။ မကြာခင်က ရှုန်းချီ သုံးခဲ့သည့် စိတ်ဖြေပင်ကိုပဲ ညွှန်းလိုက်ရသည်။

 ကျိုးကျီလည်း ထိုဆေးပင်ကို စားစေပြီး သူ့ကို အိပ်ခိုင်းလိုက်ရင် ပြန်ကောင်းလာနိုင်လောက်သည်ဟု တွေးလိုက်သည်။

    "ကောင်းပါပြီ! အခြား သစ်မြစ် သစ်ဥတွေ လိုသေးလား"

ရှုန်းယယ် က ချက်ချင်းဆိုသလို  မေးခဲ့သည်။

    "ငါ့ဆီမှာ ဆေးပင်တွေက နည်းနေပြီ။ မလောက်တော့မှာစိုးတယ်။ မင်းနည်းနည်းလောက် ထပ်ခူးလာခဲ့လိုက်။ ဘယ်မှာ ရှိတတ်တယ်ဆိုတာ မင်းသိတယ် မဟုတ်လား   "

ဘုန်းကြီးကပြောလိုက်တယ်။

    ဤအပင်ကိုရှာဖွေတွေ့ရှိပြီးနောက် ုဘုန်းတော်ကြီးက  အချို့ကိုချက်ချင်း ခူးခဲ့ပေမယ့်  သားရဲနတ်ဘုရား ်ပူဇော်ပွဲကြောင့် အလုပ်များနေပြီး ထိုဆေးပင်ကို ထပ်ခူးချိန် ရလိုက်ပေ။

 
   ရှုန်းယယ်သည် ထိုအပင် ဘယ်မှာလဲ ဆိုတာကို သိသည်။  

"ကျွန်တော် ချက်ချင်း သွားခူးလာခဲ့မယ် "

ရှုန်းယယ်က ပြောပြီး ချက်ချင်းပြေးထွက်လာခဲ့တယ်။
စကားသံက ကျန်ခဲ့ပေမယ့် ရှုန်းယယ်က အဝေးကို ရောက်သွားလေပြီ။
 

    ရှီလီသည် ဘုန်းတော်ကြီး ဂူထဲက ပြေးထွက်လာသည့် ရှုန်းယယ် နောက်ကို ပြေးလိုက်ချင်ပေမယ့် ရှုန်းယယ်က အရမ်းမြန်မြန်ပေးသွားလို့ သူ ကျန်ရစ်ခဲ့သည်။ မနေ့ညက အမြင့်က ကျခဲ့သည့် ဒဏ်ကြောင့် သူက
   မှီအောင် ပြေးမလိုက်နိုင်ပေ။ ပြီးတော့ ဒီနေ့လည်း သူက အင်းဆက်ပေါင်းစုံကိုက်တာ ခံခဲ့ရလို့ ခြေထောက်နာနေခဲ့သည်။

      ရှီလီသည် အံကြိတ်လိုက်ပြီး ရှုန်းယယ်ကို လိုက်လံရှာဖွေရန် ခြင်္သေ့ပုံစံပြောင်းကာ လိုက်ခဲ့သည်။ ခြင်္သေ့ပုံစံက အရမ်းမြန်လို့ မကြာခင် တောထဲမှာ ဆေးပင်ခူးနေသည့် ရှုန်းယယ်ကို တွေ့လိုက်ရသည်။

 
အရင်ဘဝက ရှုန်းယယ်က ဘုန်းတော်ကြီးဆီမှာ  ပညာအတော်များများကို သင်ခဲ့ပြီးနောက် သိပ်မကြာခင်မှာ  သူတို့၏မျိုးနွယ်စု ကပ်ဘေးနှင့်ကြုံခဲ့ရပြီး လူဦးရေ သုံးပုံနှစ်ပုံသည် အခြားမျိုးနွယ်စုများ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ ဘုန်းတော်ကြီးတွေက အသက်ချမ်းသာရသော်လည်း ရှုန်းယယ်က ုဘုန်းတော်ကြီး တာဝန်ကို ယူခဲ့သည်။

     ဒါပေမယ့် သူက ဒီလို ဆေးပင်တွေကို စားရတာကို  မကြိုက်ဘူး၊ ဒါကြောင့် သူက ဆေးပင်တွေကို နားမလည်ခဲ့ဘူး။ အခုတော့ သူ့ကိုကြည့်ရတာ ဆေးပင်တွေကို နားလည်သိကျွမ်းနေသလိုပါလား။

 
    "မင်း ကျိုးကျီအတွက် ဆေးပင်တွေ ခူးပေးနေတာလား   "

 ရှီလီကမေးလိုက်သည်။ ဒီဆေးပင်တွေက ရောဂါကိုပျောက်ကင်းစေသောဆေးပင်ဖြစ်နိုင်မလား။

ရှုန်းယယ်၏ခန္ဓာကိုယ်ကို တိတ်ဆိတ်စွာ အနံ့ခံနေစဉ် ထိုထဲမှာ သွေးနံ့နှင့် ကျိုးကျီရဲ့အနံ့တို့ ရောက်နေသည်ကို ရှီလီ အနံ့ရလိုက်သည်။

ရှုန်းယယ်က တကယ်ကြီး ကျိုးကျီနှင့် အတူနေရင်း ကျိုးကျီကို နာကျင်စေခဲ့ ပုံရသည်။

ရှုန်းယယ် သည် ရှီလီက ဘာတွေတွေးနေသည်ကို မသိဘဲ သူ့ကို ဂရုစိုက်ရန်ပျင်းရိနေသည်။

  ထို့ကြောင့်သူက" ဟုတ်တယ်" ဟုသာပြောခဲ့သည်။

    "ကျိုးကျီက မင်းအတွက် အရမ်းကောင်းလား။ "

ရှီလီက သိချင်တာကို မေးလိုက်သည်။

    "မင်းထက် ပိုကောင်းတာသေချာတယ်။ "

ရှုန်းယယ်က အခု အဲဒါကိုမပြောချင်ဘူး။

    ခဏအကြာတွင် သူသည် ဆေးပင်များစွာကို ခူးပြီးနောက် ရှီလီကို လှည့်မကြည့်ပဲ ပြန်ပြေးလာခဲ့သည်။

 
    ရှီလီသည်လည်း ရှုန်းယယ် ဒီလိုလုပ်နေသည်ကို မြင်တော့   သူ့နှလုံးသားထဲရှိ မနာလို သဝန်တိုသည့် မီးတောက်ကို မထိန်းနိုင်တော့ချေ။ သူက သူ့ဘေးနားက သစ်ပင်တစ်ပင်ကို ထိုးချပစ်လိုက် သည်။

    သူ၏လက်သီးကိုက ကွဲသွားပြီး သွေးများစီးကျလာပြီး သူ၏အရိုးများကျိုးလုနီးပါး ဖြစ်၍ အလွန်နာကျင်သော်လည်း သူ ဘာမှ မခံစားခဲ့ရပေ။

    နာကျင်ပြီးနောက် ရှီလီ၏စိတ်တွေ ငြိမ်သက်သွားသည်။ သူကနှာခေါင်းရှုံ့လိုက်ပြီး ရှုန်းယယ် ထွက်ခွာသွားတဲ့လမ်းကြောင်းကို ကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေက ပိုအေးလာပြီး ပိုခက်ထန်လာခဲ့သည်။

 
    အရင်တုန်းက သူက ရှုန်းယယ် အကြောင်း တွေးပြီး ရှုန်းယယ်ကို လုံးဝ  လက်မလွှတ်နိုင်ခဲ့ဘူး။ သူက မနက်ဖြန်မှာ မိတ်ဖက်ပွဲလုပ်ဖို့ကို အရင်ဖျက်ခဲ့တယ်ဆိုပေမယ့် အခု ရှုန်းယယ်က ကျိုးကျီနှင့် မနက်ဖြန်မှာ မိတ်ဖက်ပွဲကို လုပ်တော့မည်။

 အစကတော့ သူက ရှုန်းယယ် တို့ရဲ့ မိတ်ဖက်ပွဲကို ရအောင်ဖျက်ဖို့ စဉ်းစားခဲ့သည်။ ဒါဆိုရင် ရှုန်းယယ်နဲ့ကျိုးကျီတို့ မိတ်ဖက် လုပ်နိုင်တော့မည် မဟုတ်ပေ။ အခုကြည့်ရတာ သူ ဖျက်ဖို့ပင် မလိုတော့ဘူးထင်တယ်။

သူက ဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ.. ရှုန်းယယ်က တကယ်ပဲ ကျိုးနဲ့ အတူနေပြီးသွားပြီ။ ရှုန်းယယ်ကို သူ ပြန်မရနိုင်လောက်တော့ဘူး။



    အစက သူသာ သားရဲဘုရင်ဖြစ်လာရင် ရှုန်းယယ်က သူ့ဆီ ပြန်လာမယ်လို့ ထင်ခဲ့သည်။

 သူပြန်လည်မွေးဖွားလာပြီးနောက် သူ့မူလရည်မှန်းချက်ဖြစ်သည့် အသန်မာဆုံးဆိုတာကို မေ့လိုက်ပြီး ကလေးယူဖို့ ဘာညာစဉ်းစားခဲ့တာ ရှုန်းယယ်ကို ဖြတ်ခဲ့မိသည်။

အခုတော့   သူ့ရဲ့ပန်းတိုင်ကပိုသန်မာလာရမယ်၊ ပိုအားကောင်းလာရမယ်။ သူသည် အင်အားအကြီးဆုံးသားရဲဖြစ်လာပြီး လူတိုင်းက သူ့ကို ချစ်ခင်လာလိမ့်မည်။  

    ထိုအချိန်တွင် ရှုန်းယယ် နှင့်မျိုးနွယ်စုမှ လူများ အားလုံး သူတို့လုပ်ရပ်အတွက် နောင်တရစေရမည်။

    ဖြစ်နိုင်ရင်  သူတို့အားလုံးကို သက်မရှင်စေချင်တော့ပေ။သူ့ကို အထင်သေးတဲ့လူအားလုံးကို သတ်ပစ်ရမည်။

 
    ရှီလီသည် ထိုသို့တွေးလိုက်သောအခါ သူသည် ခွန်အားပြည့်ဝသွားပြီး အခြားလူတွေနှင့် ကွဲပြားခြားနားသွားသည်ဟု ခံစားလိုက်ရသည်။

    ရလဒ်အနေနှင့် သူသည်မတ်တပ်ရပ်နေခဲမ့ိပြီး ပိုးကောင်ပေါင်းများစွာသည် သူ့ဆီကိုအပြေးအလွှား  လာပြီး ပါးစပ်ကိုဖွင့်ကာ ကိုက်ခဲတာကို ခံလိုက်ရသည်။
 

    "သေစမ်း...!"

ရှီလီသည်နာကျင်မှုကြောင့် ခုန်လိုက်ပြီး အနီးအနားရှိ မြစ်ဆီသို့ ဦးတည်ကာ အလျင်အမြန်ပြေးသွား ခဲ့သည်။

    သူရေချိုးဖို့ လိုအပ်နေတယ် !

    ရှီလီက သူနဲ့ ကျိုးကျီကြားမှာ တစ်ခုခုရှိနေတယ်လို့ ရှီလီက ဘာကြောင့် တွေးတယ်ဆိုတာ ရှုန်းယယ် နားမလည်တော့ပေ။ ရှီလီက သူနှင့် မိတ်ဖက်ပြီးအ တူနေသွားဖို့ကို ဖျက်ဆီးလိုက်ပြီးမှ အခု ဘယ်လိုဖြစ်ပြီး အတင်း ပြန်ဆက်ချင်နေတာလဲ။

 
    ယခုအချိန်တွင်သူ့နှလုံးသားတွင် ကျိုးကျီ တစ်ယောက်သာရှိနေပြီး ကျိုးကျီတစ်ယောက်ကိုပဲ ရှုန်းယယ်က သတိရနေသည်။

 
    သူသည် ဘုန်းတော်ကြီး၏ဂူသို့ အမြန်ပြန်ပြေး လာပြီး  ခူးထားသော ဆေးပင်များကို ကျိုးကျီ၏ပါးစပ်ထဲသို ချက်ချင်းထည့်လိုက်ပေမယ့် ကျိုးကျီက ဝါးမစားနိုင်သည်ကို သတိရလိုက်သည်။ ဓါးဖြင့် နူတ်နုတ်စင်းတာက ကြာနေဦးမည်။ ဒါကြောင့် ရှုန်းယယ်က ဆေးပင်တွေကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်ပြီး ကျိုးကျီ၏ ပါးစပ်ထဲသို့ အသာလေး ခွံ့ ကျွေးလိုက်သည်။

    သူ စကားမပြောနိုင်သေးပေမဲ့ ကျိုးကျီက သတိရနေသေးသည်။ မမျှော်လင့်ပဲ သူတို့ ပထမ အနမ်းက ခုလိုပုံစံမျိုးဖြစ်သွားခဲ့တာလား။

ကျိုးကျီ - " ....... "  

    ကောင်းပြီ၊ သူက ရှုန်းယယ်အတွက် ဆေးပင်တွေ အများကြီးပေးခဲ့ပြီး အခု ရှုန်းယယ်က  သူ့ကိုထပ်ကျွေး ပြန်တယ်။ ဒါက လက်စားချေတာ လား။  

    "ငါတို့ လုပ်စရာရှိသေးတယ် ... "

ရှုန်းယယ်ရဲ့အသံကအနည်းငယ် တုန်နေတယ်။ သူက မငိုနိုင်ဘူးလို့ အမြဲထင်ခဲ့ပေမယ့် ဒီတခါတော့ သူ့မျက်လုံးတွေ နည်းနည်းစပ်လာတယ်။

    "သားရဲဘုရား ကောင်းချီးပေးပါစေ၊ သူ့ကို ဘာမှ လုပ်ပေး စရာမလိုတော့ဘူး"

ဘုန်းတော်ကြီးက  ပြောနေသော်လည်း ကျိုးကျီကိုကြည့်သောအခါ သူ့မျက်လုံးများထဲမှာ စိုးရိမ်စိတ်များပြည့်နေသည်။

    ကျိုးကျီက မတော်တဆ   အရေးပေါ်အခြေအနေကြုံ နေရပုံရတယ် ... မျိုးနွယ်စုထဲမှာ ဒီလိုကြုံခဲ့ရသည့် သူတို့အားလုံး နောက်ဆုံးမှာ သေသွားကြတယ်။

    ဒါပေမယ့် ကျိုးကျီက  အသက်ရှင်နေသေးသည်။

ဘုန်းတော်ကြီးက စိုးရိမ်စွာဖြင့် သားရဲနတ်ဘုရားထံ ဆက်လက်ဆုတောင်းနေသည်။

 
    သူ့မှာ ကိုယ်ပိုင်ကလေးမရှိခဲ့ပေမယ့် ရှုန်းယယ်ကို  ကလေးဘဝကနေ ကြီးပြင်းလာသည်အထိ သူ မြင်ခဲ့ရသည်။ ရှုန်းယယ်က စိတ်ထား အရမ်းကောင်းပြီး သူ့ကို လေးစားတယ်။ သူသည် ရှုန်းယယ်ကို သူ့ကလေးတစ်ယောက်လိုပဲ မြင်ခဲ့သည်။  မကြာသေးမီက ရှုန်းယယ်ကို ရှီလီက စွန့်ပစ်ခဲ့ပြီး ကျိုးကျီကို သူ ကြိုက်ခဲ့သည်။

    ရှုန်းယယ်က တကယ်ကံမကောင်းဘူး! အခု သူ ထပ်ချစ်တဲ့ ကောင်လေးက သေတော့မယ်...


ဘုန်းတော်ကြီးက သက်ပြင်း ချ၍ပြောလိုက်သည်။

" မင်းတို့ တစ်ယောက်ကိုတစ်ယောက်ချစ်တယ်၊ သားရဲနတ်ဘုရားက မင်းကိုကောင်းချီးပေး ပါလိမ့်မယ်...မင်း သူ့ကိုကောင်းကောင်းဂရုစိုက်ဖို့ လိုဏ်ဂူထဲကိုပြန် ခေါ်သွားလိုက်၊ မင်း သူ့ကို ပျားရည်တိုက်လို့ရတယ်  "

    သူသည် ကျိုးကျီဖြစ်နေသည့် ရောဂါကို မသိပေ။ ဒါကြောင့် ကျိုးကျီကို ပြုစုပေးရန် ဘာမှ မတတ်နိုင်ပေ။ ရှုန်းယယ် ဖာသာပဲ ပြုစုပေးပါစေတော့...

 
    "ကောင်းပါပြီ...အဘ ဘုန်းတော်ကြီး"

ရှုန်းယယ်က သက်ပြင်းချပြီး ကျိုးကျီကို ပွေ့ကာ သူ့ဂူသို့ပြန်လာခဲ့သည်။

ကျိုးကျီရဲ့ အိပ်ယာ၏အိပ်ရာသည် အလွန်သန့်ရှင်းသော်လည်း  သူ၏ခန္ဓာကိုယ်သည် သွေးတွေပေပြီး ညစ်ပတ်နေသည်။

 ရှုန်းယယ်သည် ကျိုးကျီကို အိပ်ယာထက်တွင် အသာတင်ကာ ညင်သာစွာပြောလိုက်သည်။

 "ကျိုးကျီ...မင်း နိုးထနေမှ ဖြစ်မယ်နော်  ... "  

   ရှုန်းယယ် သည် မကြာခင် ကျိုးကျီနှင့် လက်ထပ်တော့မည်။ အရင်က သူ မသိခဲ့ပေမယ့် အခု ကျိုးကျီနဲ့ပတ်သတ်ပြီး သူ့ခံစားချက်အမှန်ကို ရှုန်းယယ်မြင်လာခဲ့သည်။

 ငါကြောက်နေမိတတယ်၊ ငါ့နှလုံးသားက အထိုးခံလိုက်ရသလို နာကျင်နေတယ်။

ကျိုးကျီသာ မတော်တဆ သေသွားခဲ့ရင် နောင်မှာ သူအတွက် တခုခု ယူလာပေးပြီး အစား အတူတူ စားပေးမယ့်လူ မရှိနိုင်တော့ဘူး။

 
 ဘာတွေဖြစ်မယ်ဆိုတာ  အမှန်အတိုင်း မပြောနိုင်ပေမယ့် သူ ဘာလုပ်နိုင်တယ်ဆိုတာ ရှုန်းယယ်လည်း မသိတော့ဘူး ... သူက ပျားရည်ကို ရေနဲ့ရေပြီး ကျိုးကျီကို ကျွေးချင်ပေမယ့် ကျိုးကျီရဲ့ ပါးစပ်ထောင့်ကနေ အကုန်ပြန်စီးထွက်လာခဲ့သည်။

 
ရှုန်းယယ်သည် ခွက်ကို မော့သောက်ကာ ပါးစပ်ထဲ ငုံလိုက်ပြီး ကျိုးကျီရဲ့ ပါးစပ်ထဲကို ခွံကျွေးလိုက်သည်။

 
    ကျိုးကျီ: ကောင်းပြီ၊ အ ခုပထမဆုံးအနမ်း ပျောက်သွားရုံတင် မဟုတ်ဘူး။  ဒုတိယအနမ်းနဲ့ တတိယအနမ်းလည်း မရှိတော့ဘူး။

ကျိုးကျီသည် ယခုအချိန်တွင် ရှုန်းယယ် အလွန်ဝမ်းနည်းပြီး စိုးရိမ်ရမည်ကို  သိသည်။ သူက ရှုန်းယယ်ကို သူ့ရဲ့ပျားရည်ကို ပါးစပ်နဲ့ နည်းနည်းကျွေးတဲ့အခါ ခွန်အားနည်းနည်း ပို့ပေးချင်ခဲ့တယ်။ ရှုန်းယယ် ကို ပျော်ရွှင်စေဖို့ "လိမ်လည်စကား" နည်းနည်းပြောလိုက်ချင်ပေမယ့် သူ့ကိုယ်ထဲက  စွမ်းအင်တွေက အရမ်းရှုပ်ထွေးနေတယ်။ ဒါကြောင့် သူ နည်းနည်းလေးမှတောင် စကားပြောမရ၊ လှုပ်မရဖြစ်နေသည်။

 
    ဖြစ်နိုင်ချေပိုကြီးတာက သူက ရှုန်းယယ်ရဲ့ ပါးစပ်ထဲကို ရုတ်တရက်သွေးတွေ အန်ထုတ်မိလိုက်တာပဲဖြစ်သည်။

 

ကျိုးကျီက ထိုအကြောင်းကိုမတွေးဝံ့ဘဲ ထိုအသီးမှရရှိသော စွမ်းအင်ကိုစုပ်ယူရန် သူ၏ခန္ဓာကိုယ်ရှိ အမြူတေကို သုံးရန်ကြိုးစားသည်။

    ဤစွမ်းအင်များသည် အမြူတေက  အလွယ်တကူ စုပ်ယူနိုင်သော်လည်း စွမ်းအင်ပမာဏက အလွန်များသဖြင့် သူ၏အမြူတေက အလျင်မှီအောင် မစုပ်ယူနိုင်ဖြစ်နေသည်။ ထိုစွမ်းအားကို အကုန်မစုပ်ယူနိုင်ရင် စွမ်းအားလွန်ကဲပြီး သူ့ကိုယ်က ပေါက်ကွဲသွားနိုင်မလား။


    သူ ပထမဆုံးရောက်လာစဉ်က သူ့အမြူတောက အရောင်မရှိပေမယ့် နှစ်လလောက် စွမ်းအားစုပ်ယူခဲ့လို့ အခုခါ  အဝါရောင်ဖျော့ဖျော့ အဖြစ်ပြောင်းလဲလာလေပြီ။

 အခု အသီးဆီက  စွမ်းအင်များစွာကို အမြူတေက စုပ်ယူသည်။ သူ၏ အမြူတေက ချက်ချင်းပင် လိမ္မော်ရောင်ပြောင်းသွားသည်။

    အမြူတေ၏အရောင်သည် အရောင်ပိုရင့်လာ သည်နှင့်အမျှ စွမ်းအင်စုပ်ယူမှုနှုန်း ပိုမြန်လာ သော်လည်း သူက အကုန် မစုပ်ယူနိုင်သေးပေ။

    သူ့စိတ်စွမ်းအားကြောင့်မဟုတ်ရင် သူက ဒီအသီးစွမ်းအင် ကြောင့်ပေါက်ကွဲပြီး တစ်စစီ ဖြစ်သွားနိုင်တယ်။

    မင်းဘာမှ မပြောရင် ရှုန်းယယ်က ပိုကြောက်နေမှာသေချာတယ်။

    ကျိုးကျီသည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်များကို ဆက်လက်တိုက်ခိုက်နေသည်။   အဲ့လိုလုပ်တာက အလွန်နာကျင်ရသည်။ သူသည်တစ်ခါတစ်ရံ ဤစွမ်းအင်ကို လျစ်လျူရှုလိုပြီး လွတ်ပစ်လိုက်ချင်သည်။

    သူ၏နောက်ဆုံးဘဝ၌ သူသည် မိမိကိုယ်ကို အနိုင်ယူပြီး အရာအားလုံးကို သတ်ဖြတ်ချင်သည့် စိတ်ကို  ၀ င်ရောက် ခွင့်ပြုခဲ့သည်။

    ဒါပေမယ့် အခု သူရောက်နေသည့် ကမ္ဘာကြီးက အရမ်းလှတယ်၊ သူ မသေချင်သေးဘူး။     ဒီထက်ပိုတာက ဒီလောကကြီးမှာ ဝက်ဝံလေး ရှုန်းယယ် လည်းရှိနေတယ်။   သူက ရှုန်းယယ် ကို လက်ထပ်တော့မယ်၊ ဒီအချိန်မှာ ငါ ဘယ်လိုစွန့်လွှတ်နိုင်မလဲ။

    ဒီအကြောင်းကိုတွေးနေရင်း ရှုန်းယယ်က သူက မသေသင့်ဘဲနိုးနေပေးပါဟု ပြောခဲ့သည်ကို ကျိုးကျီ ကြားလိုက်ရသည်။

    သူ မသေရဘူး! သူ သေလျှင် သူ၏ဂူထဲ၌ သူ၏ ဝက်ဝံလေးကို လက်ထပ်မည့် အခြားသူများလည်း ရောက်လာနိုင်သည်။  

    ဒါက ဘယ်လိုလုပ် သူ့အတွက် အဆင်ပြေနိုင်မလဲ  !!

 ကျိုးကျီသည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်များကို ထုတ်ရန်ကြိုးစားနေသော်လည်း ရှုန်းယယ်က အရမ်း စိုးရိမ်နေသည်။

    ဒီမနက် သူ အများကြီးမစားခဲ့ရဘူး။ နောက်ပိုင်း သူ ဘာမှမစားတော့ဘူး။ သူ အရမ်း ဗိုက်ဆာနေပေမယ့် သူ မစားနိုင်ခဲ့ဘူး။

    သူ၏ခန္ဓာကိုယ်၌ သွေး များစွာ အန်ထွက်လာစေ ခဲ့သည်။ သူ့ကိုယ်က သွေးတွေနဲ့ စေးကပ် နေသော်လည်း ဂရုမစိုက်နိုင်ခဲ့ပေ။

   ရှုန်းယယ်သည် ကျိုးကျီဘေးမှာ တောက်လျောက်ဖက်ထားပြီး ကျိုးကျီကို စောင့်ရှောက်ပေးဖို့ သားရဲနတ်ဘုရားကို ဆုတောင်းနေခဲ့သည်။

 ကျိုးကျီ - သူက  ရုတ်တရက် သားရဲနတ်ဘုရား အဖြစ်ကို ရောက်သွားသလိုပဲ..

 
ကျိုးကျီ၏ခန္ဓာကိုယ်ထဲရှိကြည်လင်သော အမြူတေက ဘယ်အချိန်ကတည်းက အနီရောင်ပြောင်းသွားသလဲ မသိတော့ပေ။

ထိုအမြူတေက နီရဲနေပြီးအ ရမ်းလှကာ စွမ်းအားစုပ်ယူမှုလည်း ပိုမြန်လာသည်။ ကျိုးကျီက ပိုနေလို့ ကောင်းလာပြီးသူက ပိုပို သန်မာလာတယ်ဆိုတာ သတိထားမိလာသည်။

 
    သူသည် အပင်စွမ်းရည်  (သို့) စိတ်စွမ်းအားလည်း တဟုန်ထိုးတိုးလာခဲ့သည်။ အခုတော့  သူ့စိတ်ဝိညာဉ်က ဘယ်လောက်ထိ အစွမ်းထက်နေလဲ မသိနိုင်တော့ဘူး။ သူက သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကိုနှိမ်နင်းဖို့သူ့စွမ်းအင်ကို သုံးနေတယ်။

    အပင်က ရတဲ့စွမ်းအင်သည်အလွန်များပြားလွန်းလို့ သူ့  အဝါရောင်ဖျော့ဖျော့အမြူတေက ှအနီရောင်သို့ပြောင်းသွားပေမယ့် သားရဲနတ်ဘုရားသစ်သီးရဲ့စွမ်းအင် ဆယ်ပုံတစ်ပုံသာ စုပ်ယူလိုက်နိုင်သည်။

    ဒါက သူ့ကို သတ်ဖို့ လုပ်ထားတယ်ဆိုတာ ရှင်းနေတာပဲ!

    ကျိုးကျီ အလွန်စိတ်ဓာတ်ကျသွားပြီး ရှုန်းယယ် ဆီက သူကြားခဲ့သောစကားက

"မိုးလင်းခါနီးနေပြီ၊ မင်း မနိုးလာရင် ငါတို့ မတ်ဖက်ပွဲအခမ်းအနားကို ကျင်းပနိုင်မှာ မဟုတ်ဘူး။ ... "

   ကျိုးကျီက တကယ်တမ်းတော့ မိတ်ဖက် အခမ်း အနားတစ်ခု ကျင်းပရတာကို စိတ်မ ၀ င် စားပေမဲ့ ရှုန်းယယ် ဘယ်လောက်မျှော်လင့်တယ်ဆိုတာ သူ သိသည်။

    သူ ဘာမှန်းမသိသော အသီးကိုစားမိခဲ့သောကြောင့် သူ၏မင်္ဂလာပွဲကို လွဲချော်စေမယ်တဲ့လား။

    ဒါက နှမျောစရာ ကောင်းလွန်းတယ်!

 ကျိုးကျီ၏ခန္ဓာကိုယ်သည် အနည်းငယ် ပိုကောင်းလာသည်။ သူသည် သူ၏စိတ်စွမ်းအား အကုန်ကို သုံး၍ သူ၏ခန္ဓာကိုယ်၌ ပြင်းထန်သော စွမ်းအင်များကိုနှိမ်နင်းလိုက်သည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ရှုန်းယယ် ကိုကြည့်လိုက်တယ်။

 "အရမ်းနောက်ကျနေပြီ။ မင်း အခု နိုးမလာရင် ငါတို့ မိတ်ဖက်ပွဲကို လုပ်ဖို့ မမှီတော့ဘူးနော်"

    ယနေ့ညနေ ရှုန်းယယ် သည် ကျိုးကျီနှင့် အတူရှိနေလေလေ  ကျိုးကျီ သူ့ကို ခွဲသွားမည်ကို သူ ပိုစိတ်ပူလေဖြစ်သည်။

ကျိုးကျီရဲ့ အခြေနေ အရမ်းဆိုးပြီး ဘယ်တော့မှ ပြန်မနိုးလာမည်ကို ကြောက်နေမိသည်။

     အဆုံးမှာတော့ သူက မိတ်ဖက်အခမ်းအနားတစ်ခု မလိုချင်တော့ဘူး၊ ကျိုးကျီကိုပဲ နိုးလာစေချင်တယ်။

    ထို့နောက် အရုဏ်တက်လာခဲ့သည်။

    သူက ကျိုးကျီကို သူ မနိုးလျှင် သူသည် မိတ်ဖက်အခမ်းအနားကျင်းပဖို့ အချိန်မရှိတော့ဘူးလို့ ပြောခဲ့သည်၊ ဒီနောက်မှာ ကျိုးကျီ တကယ်နိုးလာတာလား....

 ရှုန်းယယ်က အံ့အားသင့်သွားခဲ့သည်။

 "မင်း နိုးလာပြီလား၊ မင်း အဆင်ပြေရဲ့လား"

    "ငါ နိုးလာပြီ၊ ဖြည်းဖြည်းလုပ်..  မင်း ရေသွားချိုးဖို့လိုနေပြီ ... သွားတော့ "

ကျိုးကျီက ရှုန်းယယ်ကို တိတ်တဆိတ်ကြည့်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။

    မနေ့ညက ရှုန်းယယ်က  သူနှင့်အတူ တညလုံး နေပေးခဲ့တာက သူ့ရင်ကို တကယ်ထိသွားစေသည်။ ဒါပေမယ့် ရှုန်းယယ်၏ အနံ့က အရမ်းနံနေတာကို သူ စိတ်တိုင်းမကျပေ။

 ကျိုးကျီ မျက်လုံးမှိတ်ကာ ပြန်အိပ်ပျော်သွားပေမယ့် သူ နောက်ထပ် တခါ ပြန်နိုးလာမယ်ဆိုတာ သူ့ဖာသာ သိသည်။

 ရှုန်းယယ်က ကျိုးကျီ၏ စကားတွေကြောင့် တော်တော်စိတ်သက်သာရာရသွားပြီး ငုံ့ကြည့်လိုက်တော့ သူ တကယ်ညစ်ပတ်နေတာကို တွေ့ လိုက်ရတယ်။

 ကျိုးကျီ နိုးလာရင်တောင် သူက ဒီလိုပုံစံနဲ့ မိတ်ဖက်အခမ်းအနားကို သွားလို့မရပေ။

 
    သူ ရေချိုးဖို့လိုသည်။

  ရှုန်းယယ်က ချက်ချင်း ဂူ ပြင်ကို ပြေးထွက်လာသည်။ အပြင်မှာ နေရောင်ပင် မပေါ်သေးပေမယ့် ဘုန်းတော်ကြီး နိုးနေပြီးသူ့ဂူအပြင်ကို ထွက်လာနေပြီ။

ရှုန်းယယ်ကိုမြင်သောအခါ သူက ချက်ချင်းပင်  မေးလိုက်သည်။

"ရှုန်းယယ်...ကျိုးကျီ ဘယ်လိုနေသေးလဲ။ "

ရှုန်းယယ် ရုတ်တရက် ပြေးထွက်ရာမှ ရ ပ်လာပြီး ကျိုး မသေသေးဘူး ဟု တွေးလိုက်သည်။
 
    "အဘဘုန်းတော်ကြီး ..ကျိုးကျီ နိုးလာပါပြီ။ ကျွန်တော် ရေသွားချိုးမလို့ ခွင့်ပြုပါဦး  "

ရှုန်းယယ်က နောက်ပြန်မလှည့်ဘဲ စတင်ပြေးထွက်သွားခဲ့တော့ သည်။

သတိရလာခဲ့တာလား။? ကျိုးကျီ တကယ်နိုးလာပြီလား။ သူ မနေ့ကသေလုနီးပါး ဖြစ်နေခဲ့တယ်၊ အခု သူနိုးလာပြီ။

    ဘုန်းတော်ကြီး သူ၏ဂူသို့ပြန်သွားပြီး ရှုန်းယယ် နူတ်ခဲ့သည့် ဆေးပင်ကို သေချာကြည့်လိုက်သည်။
 
ဒါက တကယ် သားရဲနတ်ဘုရား အပင်များလား.....      အကျိုးသက်ရောက်မှုလည်း အရမ်းကောင်းလှတယ် !!

🌰🌰🌰🌰🌰🌰🌰🌰











Chapter (34)_  Coma - သတိလစ္ေမ့ေမ်ာျခင္း



ရွီလီသည္ သူၾကားသည့္အရာကို မယုံႏိုင္ေအာင္ ျဖစ္သြားမိသည္။

 ရႈန္းယယ္နဲ႔က်ိဳးက်ီက အတူတူေနလိုက္ၾကၿပီလား။ ဒါေၾကာင့္ က်ိဳးက်ီက ခုလို ျဖစ္သြားတာတဲ့လား။

 
    ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ။

    သို႔ေသာ္ သူသည္ ယမန္ေန႔ညက ရႈန္းယယ္၏ မေမွ်ာ္လင့္ထားေသာ က်ိဳးက်ီအေပၚ အေလးထားသည့္ အခ်စ္ႏွင့္ ယေန႔နံနက္ ရႈန္းယယ္ ႏွင့္ က်ိဳးက်ီတို႔အၾကား ေႏြးေထြးလွသည့္ အျပန္အလွန္ဆက္ဆံေရးကို သူ ျပန္စဥ္းစားခဲ့သည္။ ဤအရာက  အမွန္ျဖစ္ႏိုင္သည္ကို သူ သိသြားခဲ့သည္။


ရႈန္းယယ္က သူ မဟုတ္တဲ့  ကတျခားသူေတြနဲ႔ တကယ္ကို အတူေနခဲ့လိုက္တယ္ေပါ့.....

ရွီလီ၏ရင္ဘတ္ထဲမွာ ေလးလံကာ ဆို႔နင့္လာၿပီး မေထြးႏိုင္ မအန္ႏိုင္သလို ခံစားလိုက္ရသည္။

 အရင္ဘဝတြင္ သူႏွင့္ရႈန္းယယ္က သားရဲနတ္ဘုရားပူေဇာ္ပြဲေန႔တြင္ မိတ္ဖက္ျပဳကာ တစ္ဂူတည္း အတူတူေနခဲ့ေပမယ့္   သူတို႔ႏွစ္ ဦး စလုံးသည္အမ်ိဳးသားမ်ားႏွင့္အမ်ိဳးသားမ်ားၾကား ဘယ္လို ဆက္ဆံရမည္ကို မသိခဲ့လို႔ အေတာ္ၾကာအထိ ဘာမွ မျဖစ္ခဲ့ၾကေပ။

 ရႈန္းယယ္က စုေပါင္းဂူမွာ ေနခဲ့လို႔ ေယာက်ာ္း၊ မိန္းမၾကားဆက္ဆံေရးကို ဗဟုသုတရွိေပမယ့္ ေယာက်ာ္း ေယာက်ာ္းျခင္းၾကားက ဆက္ဆံေရးက ရွားပါးလွသည္။

   
    စုေပါင္းဂူအတြင္းမွ အခ်ိဳ႕ေသာ လူေတြက အမဲသား အပိုင္းအစေလးမ်ားအတြက္  တစ္စုံတစ္ေယာက္ႏွင့္ အိပ္ခ်င္ေနသေ႐ြ႕ ထိုေယာက္်ားမ်ားသည္ လိင္တူကိုရွာမည္ မဟုတ္ေပ၊ ရံဖန္ရံခါ တစ္ေယာက္ကိုတစ္ေယာက္ လက္ကိုသုံးၿပီး ကူညီေပးၾကမ်ိဳးပဲ ရွိၾကလိမ့္မည္၊  


    ထိုအခ်ိန္တြင္ သူတို႔သည္တစ္လေက်ာ္ စင္စင္ၾကယ္ၾကယ္ ေနလာခဲ့ၿပီးေနာက္ပိုင္းတြင္ အမ်ိဳးသားမ်ားႏွင့္အမ်ိဳးသားမ်ား ၾကားတြင္ ဘယ္လို ေနထိုင္ရသည္ကို သိၿပီးေနာက္ ဒီအရာေၾကာင့္ ႀကီးမားေသာရန္ပြဲပင္ ျဖစ္ခဲ့ၾကေသးသည္။

    သူတို႔အတူရွိေနခ်ိန္တိုင္း သူတို႔ျငင္းခုံၾကရသည္။  

    ေနာက္ပိုင္းတြင္ ရႈန္းေဟာ္ဦးေဆာင္သည့္ အမဲလိုက္အဖြဲ႕  ည္အလြန္အစြမ္းထက္ေသာ အသားစားဒိုင္ႏိုေဆာတစ္ေကာင္ႏွင့္ေတြ႕ဆုံခဲ့သည္။ အမဲလိုက္အဖြဲ႕တြင္ လူမ်ားစြာေသဆုံးခဲ့သည္။ ရႈန္းယယ္ ျပန္လာတဲ့အခါ ရႈန္းယယ္က ႐ုတ္တရက္ သူႏွင့္ရန္ မျဖစ္ေတာ့ေပ။ အဲ့ဒီေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ၾကားတြင္  လိင္ပိုင္းဆိုင္ရာ ဆက္ဆံေရး ရွိလာခဲ့ၾကသည္။

    ထို႔အတြက္ေၾကာင့္ ရႈန္းယယ္ႏွင့္ က်ိဳးက်ီတို႔ အတူတကြေနထိုင္ခဲ့ေသာ္လည္း သူက သိပ္ စိတ္မပူခဲ့ေပ။ ရႈန္းယယ္က ဘာမွနားမလည္ဘဲ က်ိဳးက်ီက တုံးအတဲ့ေကာင္ေလးျဖစ္ တာေၾကာင့္ လိင္ဆက္ဆံတာကို သူတို႔ နားလည္ႏိုင္မည္ မဟုတ္ေပ။

 
    ယခုေတာ့.......

    ရွီလီ၏မ်က္လုံးမ်ားသည္ မႈန္မႈိင္းေနၿပီး သူေပါက္ကြဲေတာ့မည္ဟု ခံစားလိုက္ရသည္။

ရႈန္းယယ္သည္ အျခားသူမ်ားႏွင့္ အမွန္တကယ္ အတူေနခဲ့ေလၿပီ...

 
    ရက္အနည္းငယ္ေလာက္ ပင္ပင္ပန္းပန္း လုပ္ေပးလိုက္႐ုံနဲ႔ ရႈန္းယယ္ရဲ႕ အခ်စ္ေတြက တျခားလူဆီကို ေျပာင္းသြားတယ္တဲ့လား။

 
    ရွီလီသည္ ရႈန္းယယ္ကို ရွာရန္စိတ္ဆႏၵရွိေသာ္လည္း ယခုအခ်ိန္တြင္ သူ၏ေျခေထာက္၌ ေနာက္ထပ္ နာက်င္မႈ တစ္ခုကို ခံစားလိုက္ရသည္။

    ေနာက္ထပ္အင္းဆက္တစ္ေကာင္က သူ႔ကိုကိုက္လိုက္တာပဲ...
 

    ဒီပိုးေကာင္က တစ္စုံတစ္ေယာက္ကိုကိုက္တဲ့အခါ အရမ္းနာက်င္ေပမယ့္ ဒါက သူ႔ႏွလုံးသားထဲက နာက်င္မႈထက္ အမ်ားႀကီးပိုသက္သာသည္ဟု ရွီလီ ခံစားလိုက္ရသည္။

    သူက ရႈန္းယယ္ ကိုတကယ္ဂ႐ုစိုက္တယ္။ ဒါေပမယ့္ ရႈန္းယယ္က သူ႔ခံစားခ်က္ေတြကို သစၥာေဖာက္ခဲ့တယ္။  

    ရွီလီသည္ စဥ္းစားေနရင္း ရႈန္းယယ္သည္ ဘုန္းေတာ္ႀကီး၏ဂူထဲမွ ထြက္ေျပးသြားသည္ ကိုျမင္လိုက္ရ သည္။

ရႈန္းယယ္ သည္ က်ိဳးက်ီကို ေက်ာပိုးကာ အေျပးျပန္လာၿပီး အဘဘုန္းေတာ္ႀကီးကို ၾကည့္ေပးဖို႔ ေတာင္းဆိုခဲ့သည္။

 
 ဒါေပမယ့္ဘုန္းႀကီးက ဘာေရာဂါကိုမွ ရွာမေတြ႕ခဲ့ဘူး။

     သူက က်ိဳးက်ီကို အခ်ိန္ၾကာျမင့္စြာ ဂ႐ုတစိုက္ စစ္ေဆးၾကည့္ၿပီး က်ိဳးက်ီ ဘာျဖစ္သြားမွန္း မသိေသးေပ။ သူက က်ိဳးက်ီ ကိုေမးခ်င္ေပမယ့္ က်ိဳးက်ီက သတိျပန္မရလာေသးေပ။



  က်ိဳးက်ီ၏အသက္ရႈႏႈန္းက ပိုေပ်ာ့လာၿပီး ဘုန္းေတာ္ႀကီးလည္း ဘာလုပ္ရမွန္း မသိျဖစ္လာသည္။


 က်ိဳးက်ီ၏မ်က္လုံးမ်ားက တင္းတင္းမွိတ္ေနၿပီး နာက်င္မႈကို ခံစားေနရသည္ကို ျမင္ေတာ့ ရႈန္းယယ္က ပူေလာင္ၿပီးေသလုေျမာပါး ျဖစ္လာခဲ့သည္။  

" အာ႐ုံေၾကာကိုၿငိမ္သက္ေစတဲ့ ေဆးဖက္ဝင္အပင္ေတြကို ႀကိတ္တိုက္လိုက္ပါ... "

ဘုန္းေတာ္ႀကီးေတြက ထိုေဆးပင္မ်ိဳးကို သိပ္မသုံးဖူးေပ။ မၾကာခင္က ရႈန္းခ်ီ သုံးခဲ့သည့္ စိတ္ေျဖပင္ကိုပဲ ၫႊန္းလိုက္ရသည္။

 က်ိဳးက်ီလည္း ထိုေဆးပင္ကို စားေစၿပီး သူ႔ကို အိပ္ခိုင္းလိုက္ရင္ ျပန္ေကာင္းလာႏိုင္ေလာက္သည္ဟု ေတြးလိုက္သည္။

    "ေကာင္းပါၿပီ! အျခား သစ္ျမစ္ သစ္ဥေတြ လိုေသးလား"

ရႈန္းယယ္ က ခ်က္ခ်င္းဆိုသလို  ေမးခဲ့သည္။

    "ငါ့ဆီမွာ ေဆးပင္ေတြက နည္းေနၿပီ။ မေလာက္ေတာ့မွာစိုးတယ္။ မင္းနည္းနည္းေလာက္ ထပ္ခူးလာခဲ့လိုက္။ ဘယ္မွာ ရွိတတ္တယ္ဆိုတာ မင္းသိတယ္ မဟုတ္လား   "

ဘုန္းႀကီးကေျပာလိုက္တယ္။

    ဤအပင္ကိုရွာေဖြေတြ႕ရွိၿပီးေနာက္ ုဘုန္းေတာ္ႀကီးက  အခ်ိဳ႕ကိုခ်က္ခ်င္း ခူးခဲ့ေပမယ့္  သားရဲနတ္ဘုရား ္ပူေဇာ္ပြဲေၾကာင့္ အလုပ္မ်ားေနၿပီး ထိုေဆးပင္ကို ထပ္ခူးခ်ိန္ ရလိုက္ေပ။

 
   ရႈန္းယယ္သည္ ထိုအပင္ ဘယ္မွာလဲ ဆိုတာကို သိသည္။  

"ကြၽန္ေတာ္ ခ်က္ခ်င္း သြားခူးလာခဲ့မယ္ "

ရႈန္းယယ္က ေျပာၿပီး ခ်က္ခ်င္းေျပးထြက္လာခဲ့တယ္။
စကားသံက က်န္ခဲ့ေပမယ့္ ရႈန္းယယ္က အေဝးကို ေရာက္သြားေလၿပီ။
 

    ရွီလီသည္ ဘုန္းေတာ္ႀကီး ဂူထဲက ေျပးထြက္လာသည့္ ရႈန္းယယ္ ေနာက္ကို ေျပးလိုက္ခ်င္ေပမယ့္ ရႈန္းယယ္က အရမ္းျမန္ျမန္ေပးသြားလို႔ သူ က်န္ရစ္ခဲ့သည္။ မေန႔ညက အျမင့္က က်ခဲ့သည့္ ဒဏ္ေၾကာင့္ သူက
   မွီေအာင္ ေျပးမလိုက္ႏိုင္ေပ။ ၿပီးေတာ့ ဒီေန႔လည္း သူက အင္းဆက္ေပါင္းစုံကိုက္တာ ခံခဲ့ရလို႔ ေျခေထာက္နာေနခဲ့သည္။

      ရွီလီသည္ အံႀကိတ္လိုက္ၿပီး ရႈန္းယယ္ကို လိုက္လံရွာေဖြရန္ ျခေသၤ့ပုံစံေျပာင္းကာ လိုက္ခဲ့သည္။ ျခေသၤ့ပုံစံက အရမ္းျမန္လို႔ မၾကာခင္ ေတာထဲမွာ ေဆးပင္ခူးေနသည့္ ရႈန္းယယ္ကို ေတြ႕လိုက္ရသည္။

 
အရင္ဘဝက ရႈန္းယယ္က ဘုန္းေတာ္ႀကီးဆီမွာ  ပညာအေတာ္မ်ားမ်ားကို သင္ခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာ  သူတို႔၏မ်ိဳးႏြယ္စု ကပ္ေဘးႏွင့္ႀကဳံခဲ့ရၿပီး လူဦးေရ သုံးပုံႏွစ္ပုံသည္ အျခားမ်ိဳးႏြယ္စုမ်ား၏သတ္ျဖတ္ျခင္းကိုခံခဲ့ရသည္။ ဘုန္းေတာ္ႀကီးေတြက အသက္ခ်မ္းသာရေသာ္လည္း ရႈန္းယယ္က ုဘုန္းေတာ္ႀကီး တာဝန္ကို ယူခဲ့သည္။

     ဒါေပမယ့္ သူက ဒီလို ေဆးပင္ေတြကို စားရတာကို  မႀကိဳက္ဘူး၊ ဒါေၾကာင့္ သူက ေဆးပင္ေတြကို နားမလည္ခဲ့ဘူး။ အခုေတာ့ သူ႔ကိုၾကည့္ရတာ ေဆးပင္ေတြကို နားလည္သိကြၽမ္းေနသလိုပါလား။

 
    "မင္း က်ိဳးက်ီအတြက္ ေဆးပင္ေတြ ခူးေပးေနတာလား   "

 ရွီလီကေမးလိုက္သည္။ ဒီေဆးပင္ေတြက ေရာဂါကိုေပ်ာက္ကင္းေစေသာေဆးပင္ျဖစ္ႏိုင္မလား။

ရႈန္းယယ္၏ခႏၶာကိုယ္ကို တိတ္ဆိတ္စြာ အနံ႔ခံေနစဥ္ ထိုထဲမွာ ေသြးနံ႔ႏွင့္ က်ိဳးက်ီရဲ႕အနံ႔တို႔ ေရာက္ေနသည္ကို ရွီလီ အနံ႔ရလိုက္သည္။

ရႈန္းယယ္က တကယ္ႀကီး က်ိဳးက်ီႏွင့္ အတူေနရင္း က်ိဳးက်ီကို နာက်င္ေစခဲ့ ပုံရသည္။

ရႈန္းယယ္ သည္ ရွီလီက ဘာေတြေတြးေနသည္ကို မသိဘဲ သူ႔ကို ဂ႐ုစိုက္ရန္ပ်င္းရိေနသည္။

  ထို႔ေၾကာင့္သူက" ဟုတ္တယ္" ဟုသာေျပာခဲ့သည္။

    "က်ိဳးက်ီက မင္းအတြက္ အရမ္းေကာင္းလား။ "

ရွီလီက သိခ်င္တာကို ေမးလိုက္သည္။

    "မင္းထက္ ပိုေကာင္းတာေသခ်ာတယ္။ "

ရႈန္းယယ္က အခု အဲဒါကိုမေျပာခ်င္ဘူး။

    ခဏအၾကာတြင္ သူသည္ ေဆးပင္မ်ားစြာကို ခူးၿပီးေနာက္ ရွီလီကို လွည့္မၾကည့္ပဲ ျပန္ေျပးလာခဲ့သည္။

 
    ရွီလီသည္လည္း ရႈန္းယယ္ ဒီလိုလုပ္ေနသည္ကို ျမင္ေတာ့   သူ႔ႏွလုံးသားထဲရွိ မနာလို သဝန္တိုသည့္ မီးေတာက္ကို မထိန္းႏိုင္ေတာ့ေခ်။ သူက သူ႔ေဘးနားက သစ္ပင္တစ္ပင္ကို ထိုးခ်ပစ္လိုက္ သည္။

    သူ၏လက္သီးကိုက ကြဲသြားၿပီး ေသြးမ်ားစီးက်လာၿပီး သူ၏အ႐ိုးမ်ားက်ိဳးလုနီးပါး ျဖစ္၍ အလြန္နာက်င္ေသာ္လည္း သူ ဘာမွ မခံစားခဲ့ရေပ။

    နာက်င္ၿပီးေနာက္ ရွီလီ၏စိတ္ေတြ ၿငိမ္သက္သြားသည္။ သူကႏွာေခါင္းရႈံ႕လိုက္ၿပီး ရႈန္းယယ္ ထြက္ခြာသြားတဲ့လမ္းေၾကာင္းကို ၾကည့္လိုက္တယ္၊ သူ႔မ်က္လုံးေတြက ပိုေအးလာၿပီး ပိုခက္ထန္လာခဲ့သည္။

 
    အရင္တုန္းက သူက ရႈန္းယယ္ အေၾကာင္း ေတြးၿပီး ရႈန္းယယ္ကို လုံးဝ  လက္မလႊတ္ႏိုင္ခဲ့ဘူး။ သူက မနက္ျဖန္မွာ မိတ္ဖက္ပြဲလုပ္ဖို႔ကို အရင္ဖ်က္ခဲ့တယ္ဆိုေပမယ့္ အခု ရႈန္းယယ္က က်ိဳးက်ီႏွင့္ မနက္ျဖန္မွာ မိတ္ဖက္ပြဲကို လုပ္ေတာ့မည္။

 အစကေတာ့ သူက ရႈန္းယယ္ တို႔ရဲ႕ မိတ္ဖက္ပြဲကို ရေအာင္ဖ်က္ဖို႔ စဥ္းစားခဲ့သည္။ ဒါဆိုရင္ ရႈန္းယယ္နဲ႔က်ိဳးက်ီတို႔ မိတ္ဖက္ လုပ္ႏိုင္ေတာ့မည္ မဟုတ္ေပ။ အခုၾကည့္ရတာ သူ ဖ်က္ဖို႔ပင္ မလိုေတာ့ဘူးထင္တယ္။

သူက ဖ်က္သည္ျဖစ္ေစ၊ မဖ်က္သည္ျဖစ္ေစ.. ရႈန္းယယ္က တကယ္ပဲ က်ိဳးနဲ႔ အတူေနၿပီးသြားၿပီ။ ရႈန္းယယ္ကို သူ ျပန္မရႏိုင္ေလာက္ေတာ့ဘူး။



    အစက သူသာ သားရဲဘုရင္ျဖစ္လာရင္ ရႈန္းယယ္က သူ႔ဆီ ျပန္လာမယ္လို႔ ထင္ခဲ့သည္။

 သူျပန္လည္ေမြးဖြားလာၿပီးေနာက္ သူ႔မူလရည္မွန္းခ်က္ျဖစ္သည့္ အသန္မာဆုံးဆိုတာကို ေမ့လိုက္ၿပီး ကေလးယူဖို႔ ဘာညာစဥ္းစားခဲ့တာ ရႈန္းယယ္ကို ျဖတ္ခဲ့မိသည္။

အခုေတာ့   သူ႔ရဲ႕ပန္းတိုင္ကပိုသန္မာလာရမယ္၊ ပိုအားေကာင္းလာရမယ္။ သူသည္ အင္အားအႀကီးဆုံးသားရဲျဖစ္လာၿပီး လူတိုင္းက သူ႔ကို ခ်စ္ခင္လာလိမ့္မည္။  

    ထိုအခ်ိန္တြင္ ရႈန္းယယ္ ႏွင့္မ်ိဳးႏြယ္စုမွ လူမ်ား အားလုံး သူတို႔လုပ္ရပ္အတြက္ ေနာင္တရေစရမည္။

    ျဖစ္ႏိုင္ရင္  သူတို႔အားလုံးကို သက္မရွင္ေစခ်င္ေတာ့ေပ။သူ႔ကို အထင္ေသးတဲ့လူအားလုံးကို သတ္ပစ္ရမည္။

 
    ရွီလီသည္ ထိုသို႔ေတြးလိုက္ေသာအခါ သူသည္ ခြန္အားျပည့္ဝသြားၿပီး အျခားလူေတြႏွင့္ ကြဲျပားျခားနားသြားသည္ဟု ခံစားလိုက္ရသည္။

    ရလဒ္အေနႏွင့္ သူသည္မတ္တပ္ရပ္ေနခဲမ့ိၿပီး ပိုးေကာင္ေပါင္းမ်ားစြာသည္ သူ႔ဆီကိုအေျပးအလႊား  လာၿပီး ပါးစပ္ကိုဖြင့္ကာ ကိုက္ခဲတာကို ခံလိုက္ရသည္။
 

    "ေသစမ္း...!"

ရွီလီသည္နာက်င္မႈေၾကာင့္ ခုန္လိုက္ၿပီး အနီးအနားရွိ ျမစ္ဆီသို႔ ဦးတည္ကာ အလ်င္အျမန္ေျပးသြား ခဲ့သည္။

    သူေရခ်ိဳးဖို႔ လိုအပ္ေနတယ္ !

    ရွီလီက သူနဲ႔ က်ိဳးက်ီၾကားမွာ တစ္ခုခုရွိေနတယ္လို႔ ရွီလီက ဘာေၾကာင့္ ေတြးတယ္ဆိုတာ ရႈန္းယယ္ နားမလည္ေတာ့ေပ။ ရွီလီက သူႏွင့္ မိတ္ဖက္ၿပီးအ တူေနသြားဖို႔ကို ဖ်က္ဆီးလိုက္ၿပီးမွ အခု ဘယ္လိုျဖစ္ၿပီး အတင္း ျပန္ဆက္ခ်င္ေနတာလဲ။

 
    ယခုအခ်ိန္တြင္သူ႔ႏွလုံးသားတြင္ က်ိဳးက်ီ တစ္ေယာက္သာရွိေနၿပီး က်ိဳးက်ီတစ္ေယာက္ကိုပဲ ရႈန္းယယ္က သတိရေနသည္။

 
    သူသည္ ဘုန္းေတာ္ႀကီး၏ဂူသို႔ အျမန္ျပန္ေျပး လာၿပီး  ခူးထားေသာ ေဆးပင္မ်ားကို က်ိဳးက်ီ၏ပါးစပ္ထဲသို ခ်က္ခ်င္းထည့္လိုက္ေပမယ့္ က်ိဳးက်ီက ဝါးမစားႏိုင္သည္ကို သတိရလိုက္သည္။ ဓါးျဖင့္ ႏူတ္ႏုတ္စင္းတာက ၾကာေနဦးမည္။ ဒါေၾကာင့္ ရႈန္းယယ္က ေဆးပင္ေတြကို ပါးစပ္ထဲထည့္ကာ ဝါးလိုက္ၿပီး က်ိဳးက်ီ၏ ပါးစပ္ထဲသို႔ အသာေလး ခြံ႕ ေကြၽးလိုက္သည္။

    သူ စကားမေျပာႏိုင္ေသးေပမဲ့ က်ိဳးက်ီက သတိရေနေသးသည္။ မေမွ်ာ္လင့္ပဲ သူတို႔ ပထမ အနမ္းက ခုလိုပုံစံမ်ိဳးျဖစ္သြားခဲ့တာလား။

က်ိဳးက်ီ - " ....... "  

    ေကာင္းၿပီ၊ သူက ရႈန္းယယ္အတြက္ ေဆးပင္ေတြ အမ်ားႀကီးေပးခဲ့ၿပီး အခု ရႈန္းယယ္က  သူ႔ကိုထပ္ေကြၽး ျပန္တယ္။ ဒါက လက္စားေခ်တာ လား။  

    "ငါတို႔ လုပ္စရာရွိေသးတယ္ ... "

ရႈန္းယယ္ရဲ႕အသံကအနည္းငယ္ တုန္ေနတယ္။ သူက မငိုႏိုင္ဘူးလို႔ အၿမဲထင္ခဲ့ေပမယ့္ ဒီတခါေတာ့ သူ႔မ်က္လုံးေတြ နည္းနည္းစပ္လာတယ္။

    "သားရဲဘုရား ေကာင္းခ်ီးေပးပါေစ၊ သူ႔ကို ဘာမွ လုပ္ေပး စရာမလိုေတာ့ဘူး"

ဘုန္းေတာ္ႀကီးက  ေျပာေနေသာ္လည္း က်ိဳးက်ီကိုၾကည့္ေသာအခါ သူ႔မ်က္လုံးမ်ားထဲမွာ စိုးရိမ္စိတ္မ်ားျပည့္ေနသည္။

    က်ိဳးက်ီက မေတာ္တဆ   အေရးေပၚအေျခအေနႀကဳံ ေနရပုံရတယ္ ... မ်ိဳးႏြယ္စုထဲမွာ ဒီလိုႀကဳံခဲ့ရသည့္ သူတို႔အားလုံး ေနာက္ဆုံးမွာ ေသသြားၾကတယ္။

    ဒါေပမယ့္ က်ိဳးက်ီက  အသက္ရွင္ေနေသးသည္။

ဘုန္းေတာ္ႀကီးက စိုးရိမ္စြာျဖင့္ သားရဲနတ္ဘုရားထံ ဆက္လက္ဆုေတာင္းေနသည္။

 
    သူ႔မွာ ကိုယ္ပိုင္ကေလးမရွိခဲ့ေပမယ့္ ရႈန္းယယ္ကို  ကေလးဘဝကေန ႀကီးျပင္းလာသည္အထိ သူ ျမင္ခဲ့ရသည္။ ရႈန္းယယ္က စိတ္ထား အရမ္းေကာင္းၿပီး သူ႔ကို ေလးစားတယ္။ သူသည္ ရႈန္းယယ္ကို သူ႔ကေလးတစ္ေယာက္လိုပဲ ျမင္ခဲ့သည္။  မၾကာေသးမီက ရႈန္းယယ္ကို ရွီလီက စြန႔္ပစ္ခဲ့ၿပီး က်ိဳးက်ီကို သူ ႀကိဳက္ခဲ့သည္။

    ရႈန္းယယ္က တကယ္ကံမေကာင္းဘူး! အခု သူ ထပ္ခ်စ္တဲ့ ေကာင္ေလးက ေသေတာ့မယ္...


ဘုန္းေတာ္ႀကီးက သက္ျပင္း ခ်၍ေျပာလိုက္သည္။

" မင္းတို႔ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္တယ္၊ သားရဲနတ္ဘုရားက မင္းကိုေကာင္းခ်ီးေပး ပါလိမ့္မယ္...မင္း သူ႔ကိုေကာင္းေကာင္းဂ႐ုစိုက္ဖို႔ လိုဏ္ဂူထဲကိုျပန္ ေခၚသြားလိုက္၊ မင္း သူ႔ကို ပ်ားရည္တိုက္လို႔ရတယ္  "

    သူသည္ က်ိဳးက်ီျဖစ္ေနသည့္ ေရာဂါကို မသိေပ။ ဒါေၾကာင့္ က်ိဳးက်ီကို ျပဳစုေပးရန္ ဘာမွ မတတ္ႏိုင္ေပ။ ရႈန္းယယ္ ဖာသာပဲ ျပဳစုေပးပါေစေတာ့...

 
    "ေကာင္းပါၿပီ...အဘ ဘုန္းေတာ္ႀကီး"

ရႈန္းယယ္က သက္ျပင္းခ်ၿပီး က်ိဳးက်ီကို ေပြ႕ကာ သူ႔ဂူသို႔ျပန္လာခဲ့သည္။

က်ိဳးက်ီရဲ႕ အိပ္ယာ၏အိပ္ရာသည္ အလြန္သန႔္ရွင္းေသာ္လည္း  သူ၏ခႏၶာကိုယ္သည္ ေသြးေတြေပၿပီး ညစ္ပတ္ေနသည္။

 ရႈန္းယယ္သည္ က်ိဳးက်ီကို အိပ္ယာထက္တြင္ အသာတင္ကာ ညင္သာစြာေျပာလိုက္သည္။

 "က်ိဳးက်ီ...မင္း ႏိုးထေနမွ ျဖစ္မယ္ေနာ္  ... "  

   ရႈန္းယယ္ သည္ မၾကာခင္ က်ိဳးက်ီႏွင့္ လက္ထပ္ေတာ့မည္။ အရင္က သူ မသိခဲ့ေပမယ့္ အခု က်ိဳးက်ီနဲ႔ပတ္သတ္ၿပီး သူ႔ခံစားခ်က္အမွန္ကို ရႈန္းယယ္ျမင္လာခဲ့သည္။

 ငါေၾကာက္ေနမိတတယ္၊ ငါ့ႏွလုံးသားက အထိုးခံလိုက္ရသလို နာက်င္ေနတယ္။

က်ိဳးက်ီသာ မေတာ္တဆ ေသသြားခဲ့ရင္ ေနာင္မွာ သူအတြက္ တခုခု ယူလာေပးၿပီး အစား အတူတူ စားေပးမယ့္လူ မရွိႏိုင္ေတာ့ဘူး။

 
 ဘာေတြျဖစ္မယ္ဆိုတာ  အမွန္အတိုင္း မေျပာႏိုင္ေပမယ့္ သူ ဘာလုပ္ႏိုင္တယ္ဆိုတာ ရႈန္းယယ္လည္း မသိေတာ့ဘူး ... သူက ပ်ားရည္ကို ေရနဲ႔ေရၿပီး က်ိဳးက်ီကို ေကြၽးခ်င္ေပမယ့္ က်ိဳးက်ီရဲ႕ ပါးစပ္ေထာင့္ကေန အကုန္ျပန္စီးထြက္လာခဲ့သည္။

 
ရႈန္းယယ္သည္ ခြက္ကို ေမာ့ေသာက္ကာ ပါးစပ္ထဲ ငုံလိုက္ၿပီး က်ိဳးက်ီရဲ႕ ပါးစပ္ထဲကို ခြံေကြၽးလိုက္သည္။

 
    က်ိဳးက်ီ: ေကာင္းၿပီ၊ အ ခုပထမဆုံးအနမ္း ေပ်ာက္သြား႐ုံတင္ မဟုတ္ဘူး။  ဒုတိယအနမ္းနဲ႔ တတိယအနမ္းလည္း မရွိေတာ့ဘူး။

က်ိဳးက်ီသည္ ယခုအခ်ိန္တြင္ ရႈန္းယယ္ အလြန္ဝမ္းနည္းၿပီး စိုးရိမ္ရမည္ကို  သိသည္။ သူက ရႈန္းယယ္ကို သူ႔ရဲ႕ပ်ားရည္ကို ပါးစပ္နဲ႔ နည္းနည္းေကြၽးတဲ့အခါ ခြန္အားနည္းနည္း ပို႔ေပးခ်င္ခဲ့တယ္။ ရႈန္းယယ္ ကို ေပ်ာ္႐ႊင္ေစဖို႔ "လိမ္လည္စကား" နည္းနည္းေျပာလိုက္ခ်င္ေပမယ့္ သူ႔ကိုယ္ထဲက  စြမ္းအင္ေတြက အရမ္းရႈပ္ေထြးေနတယ္။ ဒါေၾကာင့္ သူ နည္းနည္းေလးမွေတာင္ စကားေျပာမရ၊ လႈပ္မရျဖစ္ေနသည္။

 
    ျဖစ္ႏိုင္ေခ်ပိုႀကီးတာက သူက ရႈန္းယယ္ရဲ႕ ပါးစပ္ထဲကို ႐ုတ္တရက္ေသြးေတြ အန္ထုတ္မိလိုက္တာပဲျဖစ္သည္။

 

က်ိဳးက်ီက ထိုအေၾကာင္းကိုမေတြးဝံ့ဘဲ ထိုအသီးမွရရွိေသာ စြမ္းအင္ကိုစုပ္ယူရန္ သူ၏ခႏၶာကိုယ္ရွိ အျမဴေတကို သုံးရန္ႀကိဳးစားသည္။

    ဤစြမ္းအင္မ်ားသည္ အျမဴေတက  အလြယ္တကူ စုပ္ယူႏိုင္ေသာ္လည္း စြမ္းအင္ပမာဏက အလြန္မ်ားသျဖင့္ သူ၏အျမဴေတက အလ်င္မွီေအာင္ မစုပ္ယူႏိုင္ျဖစ္ေနသည္။ ထိုစြမ္းအားကို အကုန္မစုပ္ယူႏိုင္ရင္ စြမ္းအားလြန္ကဲၿပီး သူ႔ကိုယ္က ေပါက္ကြဲသြားႏိုင္မလား။


    သူ ပထမဆုံးေရာက္လာစဥ္က သူ႔အျမဴေတာက အေရာင္မရွိေပမယ့္ ႏွစ္လေလာက္ စြမ္းအားစုပ္ယူခဲ့လို႔ အခုခါ  အဝါေရာင္ေဖ်ာ့ေဖ်ာ့ အျဖစ္ေျပာင္းလဲလာေလၿပီ။

 အခု အသီးဆီက  စြမ္းအင္မ်ားစြာကို အျမဴေတက စုပ္ယူသည္။ သူ၏ အျမဴေတက ခ်က္ခ်င္းပင္ လိေမၼာ္ေရာင္ေျပာင္းသြားသည္။

    အျမဴေတ၏အေရာင္သည္ အေရာင္ပိုရင့္လာ သည္ႏွင့္အမွ် စြမ္းအင္စုပ္ယူမႈႏႈန္း ပိုျမန္လာ ေသာ္လည္း သူက အကုန္ မစုပ္ယူႏိုင္ေသးေပ။

    သူ႔စိတ္စြမ္းအားေၾကာင့္မဟုတ္ရင္ သူက ဒီအသီးစြမ္းအင္ ေၾကာင့္ေပါက္ကြဲၿပီး တစ္စစီ ျဖစ္သြားႏိုင္တယ္။

    မင္းဘာမွ မေျပာရင္ ရႈန္းယယ္က ပိုေၾကာက္ေနမွာေသခ်ာတယ္။

    က်ိဳးက်ီသည္ သူ၏ခႏၶာကိုယ္ရွိ စြမ္းအင္မ်ားကို ဆက္လက္တိုက္ခိုက္ေနသည္။   အဲ့လိုလုပ္တာက အလြန္နာက်င္ရသည္။ သူသည္တစ္ခါတစ္ရံ ဤစြမ္းအင္ကို လ်စ္လ်ဴရႈလိုၿပီး လြတ္ပစ္လိုက္ခ်င္သည္။

    သူ၏ေနာက္ဆုံးဘဝ၌ သူသည္ မိမိကိုယ္ကို အႏိုင္ယူၿပီး အရာအားလုံးကို သတ္ျဖတ္ခ်င္သည့္ စိတ္ကို  ၀ င္ေရာက္ ခြင့္ျပဳခဲ့သည္။

    ဒါေပမယ့္ အခု သူေရာက္ေနသည့္ ကမာၻႀကီးက အရမ္းလွတယ္၊ သူ မေသခ်င္ေသးဘူး။     ဒီထက္ပိုတာက ဒီေလာကႀကီးမွာ ဝက္ဝံေလး ရႈန္းယယ္ လည္းရွိေနတယ္။   သူက ရႈန္းယယ္ ကို လက္ထပ္ေတာ့မယ္၊ ဒီအခ်ိန္မွာ ငါ ဘယ္လိုစြန႔္လႊတ္ႏိုင္မလဲ။

    ဒီအေၾကာင္းကိုေတြးေနရင္း ရႈန္းယယ္က သူက မေသသင့္ဘဲႏိုးေနေပးပါဟု ေျပာခဲ့သည္ကို က်ိဳးက်ီ ၾကားလိုက္ရသည္။

    သူ မေသရဘူး! သူ ေသလွ်င္ သူ၏ဂူထဲ၌ သူ၏ ဝက္ဝံေလးကို လက္ထပ္မည့္ အျခားသူမ်ားလည္း ေရာက္လာႏိုင္သည္။  

    ဒါက ဘယ္လိုလုပ္ သူ႔အတြက္ အဆင္ေျပႏိုင္မလဲ  !!

 က်ိဳးက်ီသည္ သူ၏ခႏၶာကိုယ္ရွိ စြမ္းအင္မ်ားကို ထုတ္ရန္ႀကိဳးစားေနေသာ္လည္း ရႈန္းယယ္က အရမ္း စိုးရိမ္ေနသည္။

    ဒီမနက္ သူ အမ်ားႀကီးမစားခဲ့ရဘူး။ ေနာက္ပိုင္း သူ ဘာမွမစားေတာ့ဘူး။ သူ အရမ္း ဗိုက္ဆာေနေပမယ့္ သူ မစားႏိုင္ခဲ့ဘူး။

    သူ၏ခႏၶာကိုယ္၌ ေသြး မ်ားစြာ အန္ထြက္လာေစ ခဲ့သည္။ သူ႔ကိုယ္က ေသြးေတြနဲ႔ ေစးကပ္ ေနေသာ္လည္း ဂ႐ုမစိုက္ႏိုင္ခဲ့ေပ။

   ရႈန္းယယ္သည္ က်ိဳးက်ီေဘးမွာ ေတာက္ေလ်ာက္ဖက္ထားၿပီး က်ိဳးက်ီကို ေစာင့္ေရွာက္ေပးဖို႔ သားရဲနတ္ဘုရားကို ဆုေတာင္းေနခဲ့သည္။

 က်ိဳးက်ီ - သူက  ႐ုတ္တရက္ သားရဲနတ္ဘုရား အျဖစ္ကို ေရာက္သြားသလိုပဲ..

 
က်ိဳးက်ီ၏ခႏၶာကိုယ္ထဲရွိၾကည္လင္ေသာ အျမဴေတက ဘယ္အခ်ိန္ကတည္းက အနီေရာင္ေျပာင္းသြားသလဲ မသိေတာ့ေပ။

ထိုအျမဴေတက နီရဲေနၿပီးအ ရမ္းလွကာ စြမ္းအားစုပ္ယူမႈလည္း ပိုျမန္လာသည္။ က်ိဳးက်ီက ပိုေနလို႔ ေကာင္းလာၿပီးသူက ပိုပို သန္မာလာတယ္ဆိုတာ သတိထားမိလာသည္။

 
    သူသည္ အပင္စြမ္းရည္  (သို႔) စိတ္စြမ္းအားလည္း တဟုန္ထိုးတိုးလာခဲ့သည္။ အခုေတာ့  သူ႔စိတ္ဝိညာဥ္က ဘယ္ေလာက္ထိ အစြမ္းထက္ေနလဲ မသိႏိုင္ေတာ့ဘူး။ သူက သူ႔ခႏၶာကိုယ္ထဲက စြမ္းအင္ေတြကိုႏွိမ္နင္းဖို႔သူ႔စြမ္းအင္ကို သုံးေနတယ္။

    အပင္က ရတဲ့စြမ္းအင္သည္အလြန္မ်ားျပားလြန္းလို႔ သူ႔  အဝါေရာင္ေဖ်ာ့ေဖ်ာ့အျမဴေတက ွအနီေရာင္သို႔ေျပာင္းသြားေပမယ့္ သားရဲနတ္ဘုရားသစ္သီးရဲ႕စြမ္းအင္ ဆယ္ပုံတစ္ပုံသာ စုပ္ယူလိုက္ႏိုင္သည္။

    ဒါက သူ႔ကို သတ္ဖို႔ လုပ္ထားတယ္ဆိုတာ ရွင္းေနတာပဲ!

    က်ိဳးက်ီ အလြန္စိတ္ဓာတ္က်သြားၿပီး ရႈန္းယယ္ ဆီက သူၾကားခဲ့ေသာစကားက

"မိုးလင္းခါနီးေနၿပီ၊ မင္း မႏိုးလာရင္ ငါတို႔ မတ္ဖက္ပြဲအခမ္းအနားကို က်င္းပႏိုင္မွာ မဟုတ္ဘူး။ ... "

   က်ိဳးက်ီက တကယ္တမ္းေတာ့ မိတ္ဖက္ အခမ္း အနားတစ္ခု က်င္းပရတာကို စိတ္မ ၀ င္ စားေပမဲ့ ရႈန္းယယ္ ဘယ္ေလာက္ေမွ်ာ္လင့္တယ္ဆိုတာ သူ သိသည္။

    သူ ဘာမွန္းမသိေသာ အသီးကိုစားမိခဲ့ေသာေၾကာင့္ သူ၏မဂၤလာပြဲကို လြဲေခ်ာ္ေစမယ္တဲ့လား။

    ဒါက ႏွေမ်ာစရာ ေကာင္းလြန္းတယ္!

 က်ိဳးက်ီ၏ခႏၶာကိုယ္သည္ အနည္းငယ္ ပိုေကာင္းလာသည္။ သူသည္ သူ၏စိတ္စြမ္းအား အကုန္ကို သုံး၍ သူ၏ခႏၶာကိုယ္၌ ျပင္းထန္ေသာ စြမ္းအင္မ်ားကိုႏွိမ္နင္းလိုက္သည္။ သူက မ်က္လုံးဖြင့္လိုက္ၿပီး ရႈန္းယယ္ ကိုၾကည့္လိုက္တယ္။

 "အရမ္းေနာက္က်ေနၿပီ။ မင္း အခု ႏိုးမလာရင္ ငါတို႔ မိတ္ဖက္ပြဲကို လုပ္ဖို႔ မမွီေတာ့ဘူးေနာ္"

    ယေန႔ညေန ရႈန္းယယ္ သည္ က်ိဳးက်ီႏွင့္ အတူရွိေနေလေလ  က်ိဳးက်ီ သူ႔ကို ခြဲသြားမည္ကို သူ ပိုစိတ္ပူေလျဖစ္သည္။

က်ိဳးက်ီရဲ႕ အေျခေန အရမ္းဆိုးၿပီး ဘယ္ေတာ့မွ ျပန္မႏိုးလာမည္ကို ေၾကာက္ေနမိသည္။

     အဆုံးမွာေတာ့ သူက မိတ္ဖက္အခမ္းအနားတစ္ခု မလိုခ်င္ေတာ့ဘူး၊ က်ိဳးက်ီကိုပဲ ႏိုးလာေစခ်င္တယ္။

    ထို႔ေနာက္ အ႐ုဏ္တက္လာခဲ့သည္။

    သူက က်ိဳးက်ီကို သူ မႏိုးလွ်င္ သူသည္ မိတ္ဖက္အခမ္းအနားက်င္းပဖို႔ အခ်ိန္မရွိေတာ့ဘူးလို႔ ေျပာခဲ့သည္၊ ဒီေနာက္မွာ က်ိဳးက်ီ တကယ္ႏိုးလာတာလား....

 ရႈန္းယယ္က အံ့အားသင့္သြားခဲ့သည္။

 "မင္း ႏိုးလာၿပီလား၊ မင္း အဆင္ေျပရဲ႕လား"

    "ငါ ႏိုးလာၿပီ၊ ျဖည္းျဖည္းလုပ္..  မင္း ေရသြားခ်ိဳးဖို႔လိုေနၿပီ ... သြားေတာ့ "

က်ိဳးက်ီက ရႈန္းယယ္ကို တိတ္တဆိတ္ၾကည့္လိုက္ၿပီး မ်က္လုံးကိုမွိတ္လိုက္သည္။

    မေန႔ညက ရႈန္းယယ္က  သူႏွင့္အတူ တညလုံး ေနေပးခဲ့တာက သူ႔ရင္ကို တကယ္ထိသြားေစသည္။ ဒါေပမယ့္ ရႈန္းယယ္၏ အနံ႔က အရမ္းနံေနတာကို သူ စိတ္တိုင္းမက်ေပ။

 က်ိဳးက်ီ မ်က္လုံးမွိတ္ကာ ျပန္အိပ္ေပ်ာ္သြားေပမယ့္ သူ ေနာက္ထပ္ တခါ ျပန္ႏိုးလာမယ္ဆိုတာ သူ႔ဖာသာ သိသည္။

 ရႈန္းယယ္က က်ိဳးက်ီ၏ စကားေတြေၾကာင့္ ေတာ္ေတာ္စိတ္သက္သာရာရသြားၿပီး ငုံ႔ၾကည့္လိုက္ေတာ့ သူ တကယ္ညစ္ပတ္ေနတာကို ေတြ႕ လိုက္ရတယ္။

 က်ိဳးက်ီ ႏိုးလာရင္ေတာင္ သူက ဒီလိုပုံစံနဲ႔ မိတ္ဖက္အခမ္းအနားကို သြားလို႔မရေပ။

 
    သူ ေရခ်ိဳးဖို႔လိုသည္။

  ရႈန္းယယ္က ခ်က္ခ်င္း ဂူ ျပင္ကို ေျပးထြက္လာသည္။ အျပင္မွာ ေနေရာင္ပင္ မေပၚေသးေပမယ့္ ဘုန္းေတာ္ႀကီး ႏိုးေနၿပီးသူ႔ဂူအျပင္ကို ထြက္လာေနၿပီ။

ရႈန္းယယ္ကိုျမင္ေသာအခါ သူက ခ်က္ခ်င္းပင္  ေမးလိုက္သည္။

"ရႈန္းယယ္...က်ိဳးက်ီ ဘယ္လိုေနေသးလဲ။ "

ရႈန္းယယ္ ႐ုတ္တရက္ ေျပးထြက္ရာမွ ရ ပ္လာၿပီး က်ိဳး မေသေသးဘူး ဟု ေတြးလိုက္သည္။
 
    "အဘဘုန္းေတာ္ႀကီး ..က်ိဳးက်ီ ႏိုးလာပါၿပီ။ ကြၽန္ေတာ္ ေရသြားခ်ိဳးမလို႔ ခြင့္ျပဳပါဦး  "

ရႈန္းယယ္က ေနာက္ျပန္မလွည့္ဘဲ စတင္ေျပးထြက္သြားခဲ့ေတာ့ သည္။

သတိရလာခဲ့တာလား။? က်ိဳးက်ီ တကယ္ႏိုးလာၿပီလား။ သူ မေန႔ကေသလုနီးပါး ျဖစ္ေနခဲ့တယ္၊ အခု သူႏိုးလာၿပီ။

    ဘုန္းေတာ္ႀကီး သူ၏ဂူသို႔ျပန္သြားၿပီး ရႈန္းယယ္ ႏူတ္ခဲ့သည့္ ေဆးပင္ကို ေသခ်ာၾကည့္လိုက္သည္။
 
ဒါက တကယ္ သားရဲနတ္ဘုရား အပင္မ်ားလား.....      အက်ိဳးသက္ေရာက္မႈလည္း အရမ္းေကာင္းလွတယ္ !!

🌰🌰🌰🌰🌰🌰🌰🌰
















ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now