Chapter (89) - အိမ်ပြောင်းခြင်း

6.5K 1K 10
                                    

Chapter (89) - အိမ်ပြောင်းခြင်း



ဒီနေ့တော့ သူတို့ အမဲလိုက်စရာ မလိုတော့တဲ့အတွက် ရှုန်းယယ် နဲ့ ကျိုးကျီ တို့ရဲ့ အိမ်သစ်နားက ရေကန်ငယ်လေးကို မနက်အစောကြီးကတည်းက တူးဖို့ လူအချို့ကို ခေါ်လာတယ်။ ဒီလို ရေကန်တူးတာကို အရင်က သူ ကြုံဖူးသည်။ ဒါပေမယ့် အခုတစ်ခါ တစ်ကြိမ်တွင် ရေကန်တူးတာက အရင်တခါနဲ့ယှဉ်ရင် ပိုခက်ခဲတယ်။

ကျိုးကျီ လိုချင်တဲ့ကန်က မကြီးပေမယ့် သူတို့တူးတဲ့ကန်က အရမ်းသေးနေရင် အတွင်းကရေတွေက ရေငြိမ်အဖြစ်ပြောင်းသွားလိမ့်မယ်... ကျိုးကျီ က ဒီရေကန် ကို အနီးနားမှာရှိတဲ့ စမ်းချောင်းနဲ့ ချိတ်ဆက်ပြီး ရေကို အမြဲ သန့်ရှင်း လတ်ဆတ် နေစေချင်တယ်။ ထိုကဲ့သို့ပင် ရှုန်းယယ် သည် ရေချိုးပြီး သားကောင်များကို အိမ်တံခါးနားတွင် ဆေးပေးနိုင်ရုံသာမက ရေက အနံ့ဆိုးထွက်မည်ကို စိုးရိမ် စရာမလိုဘဲ ရေကန်ထဲသို့ အိမ်မှ ထွက်လာသည့် ရေဆိုးရေညစ်တွေကိုပင် သွန်ချနိုင်သည်။

ထိုရှေးဦးကျောက်ခေတ်တွင် အိမ်တွင်း မိလ္လာများသည် အခြေခံအားဖြင့် ဟင်းသီးဟင်းရွက်၊ ဆန်စသည်ဖြင့် ဆေးကြောသည့် ရေဆိုးများသာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေရုံသာမက ရေကန်ထဲသို့ ပြန်ထည့် သည့်အခါ ငါးမွေးမြူရာတွင်လည်း အသုံးဝင်သည်။

ဒါက ရေရှည်အတွက် ကြီးမားသောအလုပ်ကြီးတစ်ခုဖြစ်သော်လည်း ကံကောင်း ထောက်မစွာပင် ယခုအခါ ဝက်ဝံကြီးမျိုးနွယ်စုတွင် လူများစွာ ရှိနေပြီဖြစ်သည်။ ကျူးကျန်း နှင့် အခြားသူများ ပေါင်းလိုက်သဖြင့် အမဲလိုက်ထွက်သည့်အခါ လူများများစားစား မလိုအပ်တော့ပေ။

ဝက်ဝံကြီး မျိုးနွယ် ကို ယခုမှရောက်လာသော ကျွန်တစ်ဝက်သည် ယခု ကျိုးကျီ ၏ နေရာအသစ်တွင် နေ့တိုင်း အလုပ်လုပ်နေကြသည်။

ရှုန်းယယ် က ထိုကျွန်များကို အလုပ်တာဝန်များခွဲဝေပေးသည်။

"မင်းက ဒီမှာ တူးထားတဲ့ ရွှံ့နွံတွေကို စုဖို့ သူတို့ရဲ့အလုပ်တွေကို ညွှန်ကြားရမယ့် သူပဲ"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now