Chapter (137 ) _ သားပျောက်ရှာသည့် ကြံ့သားရဲဘုရင်

4.7K 913 12
                                    

Chapter (137 ) _ သားပျောက်ရှာသည့် ကြံ့သားရဲဘုရင်

တစ်စုံတစ်ယောက်က သူ့ကိုရှာနေတာကြားတော့ ကြံ့သားရဲဘုရင်က ပြောလိုက်သည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"

ကြံ့သားရဲဘုရင်၏ အသံထွက်လာသည်နှင့် တပြိုင်နက် ခရီးကြမ်းလာလာနေသော လူငယ်တစ်ဦး အထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ကြံ့ သားရဲဘုရင် က ဒီလူကို သူ့အနွယ်ထဲက တစ်ယောက်ဆိုတာ သိလို့မေးလိုက်သည်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ"

ဒီလူက သူ့မျက်နှာကို သုတ်ပြီး အားတင်းကာပြောလိုက်သည်။

"သခင်လေး ရှီအန်းပျောက်သွားလို့ပါ "

"မင်း ဘာပြောလိုက်တာလဲ?"

ကြံ့သားရဲဘုရင်ကြီး မတ်တပ်ထရပ်ပြီး သူ့ရှေ့က စားပွဲကို တိုက်မှောက်လုနီးပါးဖြစ်သွား သည်။

ကြံ့ သားရဲဘုရင် တွင် ကလေး ၃ ယောက်ရှိပြီး နှစ်ဦးမှာ သေဆုံးလာခဲ့ပြီး အငယ်ဆုံး ကလေးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ဒီကလေး၏အမည်မှာ ရှီအန်း ဖြစ်ပြီး သူ၏အမည်ပြောင်မှာ ပေါင်ပေ့ ဖြစ်သည်။ ကြံ့ သားရဲဘုရင် က ဒီကလေးကို ရတနာတစ်ခုအနေနဲ့ တကယ်ပဲ ဆက်ဆံခဲ့လို့ ကြံ့ကြီး မျိုးနွယ်စုရှိ လူတိုင်းသည် ဒီကလေးအပေါ် သားရဲဘုရင်ကြီးရဲ့ တန်ဖိုးထားမှုကို သိခဲ့သည်။

သားရဲနတ်ဘုရား ပူဇော်ပွဲတွင်ပါဝင်ရန် ခရီးရှည်ကြီးလာရမည့်အပြင် ရှီအန်းရဲ့ အခြေနေက လူများစွာနှင့် ထိတွေ့ရန် မသင့်တောိလို့သာ ကြံ့ သားရဲဘုရင် က သူ့သားကို သားရဲနတ်ဘုရားပူဇော်ပွဲကို ခေါ်မလာခဲ့တာဖြစ်သည်။

ကြံ့သားရဲဘုရင်က သူ့သားကို သားရဲနတ်ဘုရား ပူဇော်ကို ခေါ်မလာပေမယ့် သူ့သား ကောင်းကောင်းနေနိုင်ဖို့သေချာစီစဉ်ထားခဲ့သည်။ ဒါပေမယ့် ကြံ့သားရဲဘုရင် မျိုးနွယ်မှ ထွက်ခွာပြီး မကြာမီ ရှီအန်းက ပျောက်ကွယ်သွားခဲ့သည်။

အစပိုင်းမှာတော့ ကြံ့ကြီးမျိုးနွယ်စုက လူတွေက သူ့ကို တိတ်တဆိတ် လိုက်ရှာ ချင်ခဲ့ပေမယ့် ရက်အနည်းငယ်ကြာအောင် ရှာတာတောင်မှ ရှာမတွေ့ခဲ့ခဲ့လို့ မျိုးနွယ်စုအကြီးအကဲက ဘာမျှမတတ်နိုင်တော့တဲ့အဆုံး လူငယ်လေး ပျောက်သွားတဲ့ သတင်းကို သားရဲနတ်ဘုရား ကျောင်းတော် သို့လာကာ ကြံ့သားရဲဘုရင်ထံ အကြောင်းကြားရန် စီစဉ်ခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now