Chapter (54-1)_ ရှုန်းယယ်ကို စွမ်းအင်လှည့်ပတ်နည်း သင်ပေးခြင်း

7.1K 1.2K 7
                                    

Chapter (54-1)_ ရှုန်းယယ်ကို စွမ်းအင်လှည့်ပတ်နည်း သင်ပေးခြင်း



ရှုန်းယယ်က သူ့ကို တစ်စုံတစ်ဦးက ကောက်မလိုက်တဲ့အချိန်မှာ သူက ထိုလူကို သံသယဝင်လာမိသည်။ သူ့ရဲ့ ဝက်ဝံညို သားရဲ ပုံသဏ္ဍာန်က အရမ်းလေးတယ်၊ တစ်ယောက်ယောက်က သူ့ကို လွယ်လွယ်ကူကူ ကောက်မယူနိုင်ပါ့မလား။

ဒါပေမယ့် သူ့ဘေးနားမှာ ရှိလူကို ကြည့်မိချိန်မှာ သူ့ရဲ့ငြင်းဆန် ခုခံမှုအားလုံး ပျောက်သွားခဲ့သည်။

မာလုက သူ့ကို သတ်တော့မယ့်အချိန်မှာ အဲ့ဒီ ဧရာမ ဆင်ကြီးပုံစံနဲ့ သားရဲလူသားက ရုတ်တရက် ပေါ်လာပြီး မာလုတွေနဲ့ဝေးရာကို သူ့ကို ကောက်မ ပစ်ထုတ်လိုက်ပြီး ထိုမာလုတွေကို သတ်ပစ်လိုက်သည်။ ပြီးတော့ အဲ့လူက တောင်ပေါ်သို့ပြေးတက်သွားကာ သစ်ပင်တစ်ပင်ပြီးတစ်ပင် အမြစ်က ကောက်နူတ်ကာ လွင့်ပစ်ရင်း မရေမတွက်နိုင်သော ဒိုင်နိုဆောများကိုသတ်ပစ်သည် ။

ဒီလောက်ခွန်အားကြီးတဲ့ လူအပေါ် သူ၏ ခုခံမှုမှာ ဘာမှ မထူးဘူးလို့ ယူဆလို့ သူက ထိုလူ ကောက်မချိန်မှာ ဘာမှမဆန့်ကျင်ခဲ့တာ ဖြစ်သည်။ သူက ခုလို တွေးတောနေပေမယ့် သူ့လည်ချောင်းထဲကနေ အသံမထွက်နိုင် ဖြစ်နေမိသည်။

ရှုန်းယယ် သည်တဖက်လူ သူ့ကို ချီမလာတဲ့အချိန် တဖက်လူရဲ့ပုခုံးပေါ်မှာ သက်တောင်သက်သာ အနေထားကို ပြုပြင်ကာ လိုက်လာခဲ့သည်။ သူ့လို ပေါင် ချိန် တစ်တန်နီးပါး လေးတဲ့ ဝက်ဝံကိုယ်ကြီးကို အသာလေး မလာနိုင်တဲ့ ဒီလူက အရမ်းခွန်အားကြီးတယ်။ ဒီလူရဲ့ စုစည်းထားတဲ့ ဆံပင်ရှည်ရှည်တွေ ကြည့်ရင်း ဒီလူရဲ့မျက်နှာပုံစံ က ဘယ်လိုပုံစံများဖြစ်နေမလဲ လို့ ရှုန်းယယ် က စိတ်ထဲကနေ တိတ်တဆိတ် တွေးနေမိသည်။

ရှုန်းယယ် က ဒါကိုတွေးနေတဲ့အချိန် သူက ကြိုးချည်ခံထားရပြီး မျိုးနွယ်စု နေထိုင်သည့် တောင်ချိုင့်ဝှမ်းထဲက ထွက်လာတာကို တွေ့လိုက် ရတယ်။

မျိုးနွယ်စုရှိ လူများက သူ အဖမ်းခံရသည်ကို လုံးဝမတွေ့ခဲ့ကြပေ။ ဒီလူက တကယ်ကို သန်မာလွန်းတယ်။ ရှီလီကို ဖမ်းသွားသည့်လူလည်း သန်မာလွန်းသည်။ ဒီလူက ဘယ်သူများလဲ ရှုန်းယယ် မသိတော့ပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now