Chapter ( 120 ) _ ပင်လယ်စာစုံ စားပွဲကြီး

5.9K 982 20
                                    

Chapter ( 120 ) _ ပင်လယ်စာစုံ စားပွဲကြီး


လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ဒီဒေသရှိ ငါးများနှင့် ပုစွန်များအားလုံးကို ကြောက်လန့်စေခဲ့သော်လည်း တိုက်ပွဲပြီးဆုံးပြီးနောက် ပင်လယ်အတွင်းရှိ ငါးများနှင့် အခြားသော ရေနေသတ္တဝါများ ပြန်လည်ရှင်သန်လာခဲ့သည်။ ထို့အတွက်ကြောင့် ပင်လယ်မျိုးနွယ်စု မှလူများသည် ငါးများကိုဖမ်းကာ ပြန်သယ်လာရန် အချိန်အကြာကြီးမပေးလိုက်ရပေ။ သူတို့သည် ငါးအားလုံးကို ဟိုင်ဖုန်း ၏ရှေ့တွင် ကြီးမားသော အပုံကြီးတစ်ခု ပုံထားခဲ့သည်။ ထိုအပုံထဲတွင် ပင်လယ်စာ အမျိုးပေါင်း များစွာ ပါဝင်နေခဲ့သည်။

"မင်း.လိုချင်တဲ့ငါးက ဒီမှာ" ဟိုင်ဖုန်း က ကျိုးကျီ ကိုကြည့်လိုက်တယ်။

"ဘာလို့ ငါးပဲရှိရတာလဲ" ကျိုးကျီ က မေးသည်။ ဟိုင်ဖုန်း ၏အမူအရာက သူ နားမလည်ကြောင်း ပြသနေသည်။

ကျိုးကျီ - "ပုဇွန်လို တခြားစားစရာတွေ လိုချင်တယ်"

ပင်လယ်ထဲမှာ စားလို့ရတဲ့ အရာတွေ အများကြီးရှိပေမယ့် ငါးကတော့ အရသာ အကောင်းဆုံးပါပဲ။ အခွံပါတဲ့ ပုစွန်တွေက ငါးတွေလို ဘယ်လိုအရသာရှိနိုင်မလဲ။ ကျိုးကျီ သည် ထိုအရာများကို ယူပေးရန် တောင်းဆိုခြင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်နေကြောင်း ဟိုင်ဖုန်း ခံစားခဲ့ရသည်။

ဒါပေမယ့် သူ ဘာမှ ပြန်လုပ်လို့မရဘူး...သူသည် ပင်လယ်လူမျိုးစု မှလူများကို အခြားအရာအချို့ကို ဖမ်းဖို့ ထပ်ပြီး အမိန့ပေးခဲ့သည်။

ပင်လယ်မျိုးနွယ်စု မှလူများသည် ဟိုင်ဖုန်း ကဲ့သို့ပင် မကျေမနပ်ဖြစ်ခဲ့ကြသော်လည်း သူတို့၏ တန်ခိုးကြီးသောပင်လယ်နတ်ဘုရား ပင် ဒီလူကို တွန်းလှန်ဝံ့ခြင်းမရှိခဲ့လို့ သူတို့လည်း နူတ်ဆိတ်က အမိန့်တိုင်း ထပ်ဖမ်းပေးလိုက်သည်။ ဒီလူအတွက် အရသာမရှိတဲ့အရာတချို့ကိုပါ ဖမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ကျိုးကျီ သည် ပင်လယ်လူမျိုးစု မှလူများ မည်သို့တွေးနေသည်ကို မသိပေ။ တစ်ချိန်တည်းမှာပင် အစုလိုက်အပြုံလိုက် ငါးအချို့သည် ပင်လယ်နက်ပိုင်းဘက်ကို ထွက်ခွာသွားကာ သေဆုံးသွားသော်လည်း အချို့မှာ အသက်ရှင်လျက် ရှိနေသေးသည်။ ကျိုးကျီ သည် ရှုန်းယယ်ကို တစ်ချက်ကြည့်လိုက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora