Chapter (31 ) - ကင်းခြေများအုပ်ကြီး စောင့်နေသည့် သဘာဝ ရတနာ

9.1K 1.6K 73
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ။ )

Chapter (31 ) - ကင်းခြေများအုပ်ကြီး စောင့်နေသည့် သဘာဝ ရတနာ

ရှီလီက တကယ့်ကို ပိုးဆိုးပက်စက် သတိလက်လွှတ် အပေါ်မှ ပြုတ်ကျသွားခဲ့သည်။
ရှုန်းယယ်က သူ့ကို ရက်စက်စွာတွန်းချလိုက်မည်ဟု မထင်ထားရုံသာမက ရှုန်းယယ်၏ အင်အားက သူ့ကို လုံးလုံးပြုတ်ကျသွားစေအောင် တချက်တည်းနှင့် တွန်းထုတ်နိုင်မည်ဟု ရှီလီ လုံးဝမထင်ခဲမ့ိပေ။

 ရှီလီက ရှုန်းယယ်ဂူ၏အောက်ဘက် ငါးမီတာလောက်ရှိ လူသွားလမ်းလေးဆီသို့ ကျသွားခဲ့သည်။   ရှီလီက ခြင်္သေ့ပုံစံပြောင်းမထားသည့်အပြင် သတိပေးခြင်းမရှိ ရုတ်တရက်တွန်းချတာ ခံလိုက်ရသဖြင့် အောက်ကို ခွေးကျကျကာ အတော့်ကို နာနာကျင်ကျင်ခံစားလိုက်ရသည်။ သူက ချောင်းဆိုးလိုက်မိပြီး သံနံ့စူးစူးပါသည့် သွေးအရသာကို အာခံတွင်းထဲ ဆန်တက်လာသည်ကို ခံစားလိုက်ရသည်။ နာကျင်မှုက ဖုံးလွှမ်းပြီး ပြုတ်ကျသွားသည့်အတိုင်း ရှီလီက လုံးဝမလှုပ်နိုင်သည့်အပြင် နှလုံးသားထဲတွင် အမုန်းတရားက အတော်ကို ခါးသီးစွာ ထွက်ပေါ်လာမိသည်။
 
 သူက ရှုန်းယယ်ကို  လမ်းခွဲခဲ့မိသည်ကို တကယ် နောင်တရမိသောကြောင့် သူ့စိတ်နှင့်သူ အရင်လာရှာတာဖြစ်သည့်အပြင်    ကျိုးကျီနှင့် မိတ်ဖက်ပွဲ မလုပ်ရန်   တားချင်သောကြောင့် ညသန်းခေါင်ယံ လူတိုင်း အိပ်ပျော်နေမည့်အချိန်တွင် တိတ်တခိုး လာခဲ့ခြင်းဖြစ်သည်။
ရှုန်းယယ်က သူ့ကို ငယ်စဉ်ကတည်းက တောက်လျှောက်ချစ်ခဲ့သည်မဟုတ်လား။ အခု သူက ထားရစ်ခဲ့ပေမယ့် သူပြန်အလာကို စောင့်နေမယ့်အစား အခြားလူတစ်ယောက်နှင့် မိတ်ဖက်လိုက်မည်ဆိုသည့်အချက်ကို ရှီလီက   ဘယ်လိုမှ နားလည်ပေးလို့မရပေ။

ရှုန်းယယ်၏ ကိုယ်ပေါ်တွင် ကျိုးကျီ၏ အနံ့ မရှိသေးလို့ သူတို့နှစ်ယောက် ဘာမှ လွန်လွန်ကျူးကျူးမဖြစ်သေးဘူးဆိုတာ သေချာသည်။ ဒါပေမယ့် တချိန်မှာ သူတို့ လွန်ကျူးသွားပြီးရင် သူ ဖျက်လည်း ရမည် မဟုတ်တော့ပေ။ ရှုန်းယယ်က အရမ်းကို ရိုးဖြောင့်ကာ တစ်ယောက်ဆိုတစ်ယောက်တည်း ချစ်တတ်သူုဖြစ်လို့ ကျိုးကျီနှင့် လွန်ကျူးသွားပြီးရင် ရှုန်းယယ်က ကျိုးကျီဆီကနေ ဘယ်တော့မှ ထွက်လာမည် မဟုတ်တော့ပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now