Chapter ( 119 ) _ ဝက်ဝံလေး အစားခံရပြီ....

7.6K 1.1K 124
                                    

Chapter ( 119 ) _ ဝက်ဝံလေး အစားခံရပြီ....


  ရှုန်းယယ်က သူ့ရဲ့ ခွန်အားကို မေးမယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ ရှုန်းယယ်က ဒီအကြောင်းကို မေးခဲ့တယ်။   အရင်ကဆိုရင်ော့ သူက ရှုန်းယယ်ကို လိမ်ညာပြီး လက်တွဲဖော်ဖြစ်ပြီးနောက် တစ်သက်လုံး မခွဲခွာနိုင်ဘူးလို့ ပြောနိုင်ပေမယ့် အခုတော့...

"ဘာလို့ ဒီလိုမေးဖို့ တွေးမိတာလဲ" ကျိုးကျီ က မေးလိုက်သည်။

"တဖက်လပ် ဝံပုလွေ က သားရဲလူသားကုန်းမြေမှာ လက်တွဲဖော်ဖြစ်သွားတဲ့လူတွေက ခွဲခွာသွားနိုင်တယ်လို့ ပြောခဲ့တယ်။သူမ ပြောတာ အမှန်လား"

ကျိုးကျီက ဒီစကားကို ကြားတော့ ပထမဆုံးတွေးမိတာက ရှုန်းယယ်က သူနဲ့လမ်းခွဲချင်လို့မေးတယ်လို့ ထင်ခဲ့သော်လည်း ဒါက မဖြစ်နိုင်ဘူးဆိုတာ သိလိုက်သည်။    ရှုန်းယယ်က သူ့ကို အရမ်းချစ်သည် မဟုတ်လား!  

ထို့အပြင် ရှုန်းယယ်သည် ခေါင်းမော့ပြီး ရင်ဘတ်ထဲမှာ စူးအောင့်နာကျင်နေသည့် အမူယာဖြင့် သူ့ အဖြေကို စိတ်လှုပ်ရှားကာ စိတ်မသက်မသာဖြင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ကျိုးကျီ က ရှုန်းယယ်ကို ပွေ့ဖက်လိုက်ပြီး အနမ်းမပေးခင် ဝက်ဝံလေးရဲ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးကာ အမှန်တိုင်းပြောလိုက်သည်။
  "သူမ ပြောတာ အမှန်ပဲ"

သူပြောတာကို ကြားလိုက်သည်နှင့် ကျိုးကျီ သည် သူဖက်ထားတဲ့ ရှုန်းယယ်၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် ရှုန်းယယ်တစ်ယောက် သူ အရမ်းကြောက်ရသည့် အခြေအနေတွင် ရှိနေသည်။တဖက်လပ် ဝံပုလွေ ၏စကားတွေက ယုံချင်စရာဖြစ်ပေမယ့် ဒါက မှားယွင်းနေတယ်လို့ မျှော်လင့်ထားမိပြီး ဒါက တကယ်မဖြစ်ပါစေနဲ့လို့ တိတ်တိတ်လေး ဆုတောင်းနေမိသည်။
 
ကျိုးကျီက  သားရဲဘုရား၏တမန်တော် ဖြစ်သည်။ ဒီကိစ္စကို သူ သိနေတာကြာလောက်ပြီ။ ဒါကြောင့် လက်တွဲဖော်အဖြစ် လက်ခံစဉ်က ကျိုးကျီက  သူနဲ့ တစ်သက်လုံး အတူနေဖို့ မစဉ်းစားခဲ့ဖူးဘူးလား။ အရင်တုန်းကဆိုရင်တော့ ရှုန်းယယ်က ဒီကိစ္စကို စိတ်ပူမှာ မဟုတ်ဘူး။ သူက မျိုးနွယ်စုတွင် အင်အားအကောင်းဆုံးလူဖြစ်ပြီး ကျိုးကျီ သည် သားရဲနတ်ဘုရား၏တမန်တော်ဖြစ်ခဲ့ပေမယ့် သူတို့က လိုက်ဖက်ညီသည်ဟု ယူဆခဲ့သည်။ ဒါပေမယ့် အခုတော့...

"ဒါပေမယ့် ငါ မင်းနဲ့ မခွဲပါဘူး" ကျိုးကျီ က ရှုန်းယယ်ရဲ့ အမူယာ ပြိုကျလာသည်ကို မြင်တော့ ခပ်မြန်မြန် ဆက်ပြောလိုက်သည်။  

ရှုန်းယယ်သည် လောလောဆယ်အခြေနေက မသေမချာနဲ့ ကျိုးကျီကို အချိန်မရွေးဆုံးရှုံး ရနိုင်သည့် ဆိုသည့် ခံစားချက်ဖြစ်နေပေမယ့် မဝံ့မရဲနဲ့ မေးလိုက်သည်။
   "တကယ်လား?"

"တကယ်ပြောတာပါ။ ရှုန်းယယ်.... ငါ မင်းကို အရမ်းကြိုက်တယ်"
ကျိုးကျီ က သူ့ကို ထပ်နမ်းလိုက်ပြီး အခိုင်အမာပြောလိုက်သည်။
အရင်က ရှုန်းယယ်ရဲ့နှလုံးသားထဲမှာ မသေချာမှုတွေနှင့် ရှုပ်ထွေးမှုတွေရှိခဲ့ဖူးပေမယ့် အခု ကျိုးကျီ က ဒီစကားကိုပြောလိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို ရှုန်းယယ်ရဲ့ စိတ်တွေ အခြေနေ ပြန်ကောင်းလာခဲ့တယ်။ ရှုန်းယယ်က ကျိုးကျီကို စိုက်ကြည့်ကာ မေးလိုက်သည်။
 "မင်း... သားရဲနတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုနိုင်မလား"  

ကျိုးကျီ : "......" သားရဲနတ် ဘုရားဆိုတာ တကယ်မှ မရှိပဲ...
သို့သော်လည်း ဒီအချိန်တွင် သားရဲနတ်ဘုရားမရှိဘူးလို့ ရှုန်းယယ်ကိုပြောခဲ့ရင် သူက သေချာပေါက် ပြိုလဲသွားလိမ့်မယ်ဆိုတာ သိနေလို့  ကျိုးကျီ မရှင်းပြတော့ပေ။ သူ့ဘက်မှ ရှုန်းယယ်ရဲ့အမေးကို ချက်ချင်း မဖြေပဲ အနည်းငယ် တုံ့ဆိုင်းသွားတဲ့အတွက်  ရှုန်းယယ် က အရမ်းကို ဝမ်းနည်းသွားခဲ့သည်။

ဝက်ဝံလေး ဝမ်းနည်းနေသည်ကို မြင်တော့ ကျိုးကျီက ချက်ချင်းပြောခဲ့သည်။
 "သားရဲနတ်ဘုရားကို တိုင်တည်ပြီး ငါ ကျိန်ပြောရဲပါတယ်။ ငါ မင်းနဲ့ ဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူး "

 ဒီစကားကို ကြားလိုက်ရတော့ ရှုန်းယယ်က စိတ်သက်သာရာ ရသွားခဲ့တယ်။ အရင်က သူ ခံစားခဲ့တာတွေက အရေးမပါတော့ဘူး။  

ကျိုးကျီ က သူ့ကို အရမ်းကာကွယ်ပေးခဲ့တယ်။ သူသည် အရမ်း အစွမ်းထက်လှပေမယ့် တစ်သက်လုံး သူနှင့်အတူရှိနေဖို့  ဆန္ဒရှိနေသည်။ ကျိုးကျီ က သူ့ကို အရမ်းချစ်တယ်လို့ ဆိုလိုတာဖြစ်လို့ ရှုန်းယယ် စိတ်မပူတော့ပေ။ ဒါပေမယ့် အရင်တုန်းနဲ့ မတူတော့ပေ။   မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တဲ့အခါ အရာအားလုံးဟာ လုံးဝကို ကွဲပြားသွားသလို ခံစားရတယ်။

ရှုန်းယယ်က ကျိုးကျီ ကို ပြန်ပွေ့ဖက်နမ်းလိုက်ပြီး တောက်ပစွာ ငေးစိုက်ကြည့်ကာ မေးလိုက်သည်။
 "ဒါဆို မင်းက ဘာလို့ ငါနဲ့ ချစ်တင်းမနှောတာလဲ"  

ကျိုးကျီ : "......"

သူအရင်က ဟိုင်ဖုန်း ကို တိုက်ခဲ့တဲ့ တိုက်ပွဲက ကျိုးကျီ အတွက် သေခြင်းရှင်ခြင်း မျဉ်းပေါ် ရောက်ခဲ့ပြီး သူက သေဘေးကလွတ်ခဲ့တယ်။ သူက  အသက်ရှင်လျက် ရှုန်းယယ်ကို ပြန်တွေ့နိုင်လို့ အရမ်းပျော်နေပြီ။ သူက အရာအများကြီးကို တွေးခဲ့ပြီ အခု ရှုန်းယယ်သည် သူ့ကို သွေးဆောင်ရန် ကြိုးစားနေသည်...

ကျိုးကျီ က သူက အသဝေါ ကုန်ခမ်းတဲ့ သူတော်စင်တစ်ယောက်ဖြစ်ရမယ်လို့ ခံစားခဲ့ရတယ်။  မဟုတ်ဘူး၊ သူက ထိန်းထားရင် နောက်ပိုင်း လိုချင်တပ်မက်စိတ်တွေ လွတ်ထွက်သွားရင် သားရဲထက် ပိုဆိုးလိမ့်မယ်။

"အစတုန်းကတော့ မင်းက ရှီလီအကြောင်းကို ပြန်တွေးမိပြီး သူ့ဆီ ပြန်သွားချင်မှာ... ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို လိုချင်နေမှာကို ငါ ကြောက်နေခဲ့လို့ပဲ။ ဒါ့အပြင် ငါက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ မလုပ်ရသေးလို့ မင်းနဲ့ မချစ်ခဲ့တာပါ"
ကျိုးကျီက ခွေးပေါက်လေးလို ကြည့်နေတဲ့ သူ့ဝက်ဝံညိုလေးကို ရှင်းပြလိုက်သည်။

"ငါ သူ့အကြောင်း ဘယ်လိုလုပ် တွေးနေဦးမှာလဲ။ နောက်ပြီး ဘယ်လိုမျိုး ပြင်ဆင်မှုတွေ လုပ်ထားလို့လဲ။"
 ရှုန်းယယ်က မေးလိုက်ပြီးနောက် သူ စကားဆက်မပြောနိုင်တော့သည်ကို တွေ့လိုက်ရ သည်။ ကျိုးကျီ သည် သူ့ပါးစပ်ကို ပိတ်ဆို့ရန် အနမ်းကို အသုံးပြုခဲ့သည်။  မကြာခင်မှာပဲ ကျိုးကျီ ရဲ့ ကြိုတင်ပြင်ဆင်ထားတယ် ဆိုတဲ့ အဓိပ္ပါယ်ကို  သူ လက်တွေ့ သိလိုက်ရတယ်။

ကျိုးကျီက သူ့ကို တွန်းလှဲလိုက်ပြီး အပေါ်က ဖိထားလိုက်တယ်။ သူ့ကိုနမ်းရှိုက်ရင်း ရှုန်းယယ် လုံးဝ မသိတဲ့ ချစ်ခြင်းနယ်ပယ်ထဲကို ခေါ်ဆောင်သွားခဲ့သည်။ လက်တွေ့သိလိုက်ချိန်မှာ အမျိုးသားနှစ်ယောက် ကိုယ်လက်နှီးနှောတယ်ဆိုတာ သူထင်သလို လက်နဲ့သုံးပြီး အပြန်လှန် ဖြေလျော့တာထက် အများကြီးပိုတယ်ဆိုတာပဲ...

ဒါ့အပြင် အင်အားကြီးလှလို့ အကြမ်းတမ်းခံနိုင်ပါတယ်လို့ ကိုယ့်ဖာသာ ထင်ထားပေမယ့် တကယ့် လက်တွေ့ ချစ်တင်းနှောခြင်းက ရှုန်းယယ်ကို မခံနိုင်အောင် ခံစားလိုက်ရ စေသည်။

တကယ်ကို နာကျင်တယ်။ အဲ့ဒါက အရမ်း အရမ်းကို နာတယ်! ချစ်တင်းနှောတာက သာယာမှုခံစားရတယ်ဆိုတာ ဘယ်မှာလဲ... သူ သိတာက အောက်ပိုင်းက မခံမရပ်နိုင်အောင် နာကျင်နေတာပဲ။

သူက ချောမောလွန်းတဲ့ ကျိုးကျီရဲ့ အောက်မှ ဖိထားခံလိုက်ရပြီး သူ့ရဲ့ ပထမဆုံးကို ပေးလိုက်ရတယ်။ ကျိုးကျီက သူ့ထဲကို ဝင်ရောက်လိုက်ချိန်မှာ သူက အသက်ရှု အောင့်သွား ပြီး ဖြူယော်သွားခဲ့တယ်။ နာကျင်မှုနဲ့အတူ သွေးနံ့ကို ရလိုက်တယ်။

ချစ်တင်းနှောခြင်းကနေ သူ သွေးထွက်သွားခဲ့ပြီလား.... နောက်ပိုင်း ကျိုးကျီက လှုပ်ရှားလိုက်ချိန်မှာ ရှုန်းယယ်က ဘာကိုမှ ဆက်မစဉ်းစားနိုင်တော့ပေ။ ကြီးမားပြီး မာကြောပူနွေးတဲ့အရာကြီးက သူ့ကိုယ်ထဲကို တိုးဝင်ပြီး အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

ဒါဟာ သူတို့နှစ်ယောက်အတွက် ပထမဆုံး အကြိမ် ချစ်တင်းနှောတာ ဖြစ်လို့ သူတို့က အလွန်ကျွမ်းကျင်မှုမရှိသောကြောင့် ကြေကွဲစရာ အဖြစ်ကို ရောက်လု နီးပါးပဲ... တကယ်လို့ ကျိုးကျီက သွေးထွက်သည့်ဒဏ်ရာများကို ကုသရန် သူ၏စွမ်းအင်ကို အသုံးမပြုနိုင်ဘူးဆိုရင် ရှုန်းယယ်တစ်ယောက် အောက်ပိုင်းကွဲ ထွက်သွားလို့ သွေးများ အဆက်မပြတ်ထွက်နေလိမ့်မည်။  

 ရှုန်းယယ်က သူ့ အခြေအနေမကောင်းပဲ  ချစ်တင်းနှောနေသည့် တစ်ချိန်လုံး အနည်းငယ် အဆင်မပြေဖြစ်နေသည်ဟု ခံစားလိုက်မိသည်။

"အရမ်းနာသွားလား"
 ကျိုးကျီ က စိတ်မကောင်းစွာဖြင့် ဝက်ဝံလေးကို နမ်းပြီးကြင်နာစွာ မေးလိုက်သည်။ ချောဆီ သို့မဟုတ် နာကျင်မှုကို လျော့စေသည့် ဆေးတစ်ခုခုကို  ကြိုတင် မပြင်ဆင်ထား မိလို့ ရှုန်းယယ်အတွက် ကျိုးကျီ အတော်လေး  စိတ်မကောင်း ဖြစ်မိသည်။

"အဆင်ပြေပါတယ်။"
ရှုန်းယယ်က ပြန်ဖြေလိုက်တယ်။ ကျိုးကျီ  စဝင်လာသည့် အစပိုင်းမှာ အနည်းငယ် နာကျင်ခဲ့ရပေမယ့် သူ သည်းခံနိုင်တဲ့ အတိုင်းတာထဲမှာ ပါပါတယ်။ ချစ်တင်းနှောနေရင်း နောက်ပိုင်းမှာ သဘောကျပြီး စူးစမ်းချင်စိတ်တွေတောင် ပေါ်လာခဲ့ပြီး ကျိုးကျီကို ပြောလိုက်သညင်။
"တကယ်တော့ ငါက နာကျင်မှာကို မကြောက်ပါဘူး။ နောင်မှာ ငါတို့ ဒါကို  မကြာခဏလုပ်လို့ ရတယ် မလား"

ရှုန်းယယ်က တကယ်ကို စိတ်အားထက်သန်နေသည်ကိုတွေကတော့ ကျိုးကျီက သူ့ကို ချစ်ခင်စွာ နမ်းလိုက်သည်။ ဒီလိုမျိုး စိတ်အားထက်သန်စွာ ဖြင့် သူ့ကို လက်ခံသည်ကို ကျိုးကျီ တကယ်ကြိုက်တယ်။  

သူ့အနေနဲ့ အစက ဒီနေရာမှာ ရှုန်းယယ်နဲ့ လက်နဲ့ဖြေလျှော့တာလောက်ပဲ လုပ်ပြီး ကိုယ်လက်နှီးနှောမှုမလုပ်ပဲ တစ်သက်လုံး သန့်သန့်ရှင်းရှင်းနေသွားဖို့   စီစဉ်ထားပေမယ့် နောက်ဆုံးမှာတော့  သူက ရှုန်းယယ်နဲ့ အိပ်စက်မိခဲ့ပြီ။  ကျိုးကျီ က တစ်ချို့အရာတွေကို ချက်ချင်းပြောဖို့ မလိုဘူးလို့ ခံစားမိသွားပြီး ရှုန်းယယ်ကို ပြောလိုက်သည်။

 "ရှုန်းယယ်.... အခု ငါက သားရဲဘုရင်ထက်တောင် ပိုပြီး သန်မာလာပြီ"  

ရှုန်းယယ်-  "ဟုတ်တယ်၊ မင်း အဲဒီပင်လယ်နတ်ဘုရားကိုတောင် အနိုင်ယူခဲ့တယ်!"

ကျိုးကျီ က ပေါ့ပေါ့ပါးပါး ရယ်မောရင်း အဖြစ်မှန်ကို စတင်ပြောပြခဲ့သည်။
"ငါက ပင်လယ်နတ်ဘုရားကို အနိုင်ယူဖို့ လုံလောက်တဲ့ ခွန်အားကို ပေးခဲ့တာ သားရဲနတ်ဘုရား မဟုတ်ဘူး။ တကယ်တော့ ငါက အရမ်းသန်မာနေလို့ပဲ"

ရှုန်းယယ်သည် ဒီအချက်အလက်ကို နားထောင်ပြီး ကောင်းကောင်းနားမလည် လိုက်ပေ။  

ကျိုးကျီ က ဝက်ဝံလေးကို အဖြစ်မှန်ကို ဆက်ပြောလိုက်တယ်။
 "ဒါပေမယ့် ငါ တခြားသူတွေကို သတ်ဖို့ မကြိုးစားနိုင်ဘူး။ မဟုတ်ရင် ငါ ရူးသွားနိုင်တယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းကိုတောင် ငါ မှတ်မိမှာ မဟုတ်ဘူး။ အဲဒါကြောင့်  ငါ အရင်က ဘယ်တုန်းကမှ ငါ့ခွန်အားကို မပြခဲ့သလို တခြားသူတွေကိုလည်း လုံးဝမပြောခဲ့ဖူးဘူး။"

"စိတ်မပူပါနဲ့။ နောင်အနာဂတ်မှာ မင်းကို ငါ ကောင်းကောင်းကာကွယ်ပြီး မင်းကို အခြားလူကို တိုက်ခိုက်ဖို့ အားထုတ်တာကို မလုပ်စေရဘူး။ "
ရှုန်းယယ်က ချက်ချင်းပြောလိုက်သည်။ သားရဲနတ်ဘုရား၏တမန်က စိတ်ထားနူးညံ့ ကြင်နာသည့်အတွက် ဘယ်သက်ရှိကိုမှ သူက မထိခိုက်စေချင်လောက်ဘူး။ မဟုတ်ဘူးဆိုရင်  ကျိုးကျီ က အရင်က ဘာလို့ အခြား သားကောင်တွေကို မတိုက်ခိုက်ပဲ နေမလဲ။

ရှုန်းယယ်သည် ကျိုးကျီက အားစိုက်မိရင် ကျိုးကျီက ရူးသွပ်သွားပြီး စိတ်လွတ်သွား နို်င်သည်ကို သိလိုက်ရသည့် အတွက် အနည်းငယ် စိတ်ဆင်းရဲသွားသည် ။ သူက အရမ်း အစွမ်းထက်ပေမယ့် ခွန်အားကို  လုံးဝအသုံးမချနိုင်ခဲ့ပေ...  

ကျိုးကျီ : "......"
ရှုန်းယယ်က ဘာလို့ သူ့ကို ဒီလောက် ဝမ်းနည်းကြေကွဲနေသည့် အကြည့်နဲ့ ကြည့်နေတာလဲ။ ရှုန်းယယ်က သူ့ကို ဆက်ကြိုက်နေပြီး သူ့အပေါ် ကတိတည်နေသရွေ့ ကျန်တာကို မေ့ထားလိုက်လို့ရပါတယ်...

ထိုသို့တွေးနေစဉ် ကျိုးကျီ က ရှုန်းယယ်ပြောတာကိုကြားလိုက်ရသည်။
"ကျိုးကျီ ပြန်ကြရအောင်... ငါ မင်းကိုပြန်သယ်သွားပေးရမလား။ မင်း အစောပိုင်းက ပင်လယ်နတ်ဘုရားနဲ့ တိုက်ခဲ့ရလို့  တော်တော်ပင်ပန်းနေလောက်ပြီ"
ကျိုးကျီ ဟာ ပင်လယ်နတ်ဘုရားနဲ့ တိုက်ခဲ့လို့ ဒဏ်ရာတွေရပြီး 'သူနဲ့ ကြိုးကြိုးစားစား အကြာကြီး ချစ်တင်းနှောခဲ့သေးတယ်'။ ကျိုးကျီက သေချာပေါက် ပင်ပန်းနေရောပေါ့...
 
ကျိုးကျီ က အမူယာတစ်စက်လေးမှ မပြောင်းပဲ  ရှုန်းယယ်ကို ပွေ့ချီလိုက်ပြီး သူတို့ စခန်းချတဲ့နေရာကို ပြန်လာခဲ့တယ်။ သူ ဘာမှမလုပ်ထားလို့ လုံးဝမပင်ပန်းပါဘူး!

ကျိုးကျီ က ရှုန်းယယ်ကို စခန်းနားရောက်တဲ့အထိ ထမ်းလာပြီး စခန်းနားရောက်တော့ ချပေးလိုက်ကာ ပြောခဲ့သည်။

 "သွားရအောင်"
သူသည်အပြန်ခရီးတွင် ရှုန်းယယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသပေးပြီးပြီ၊ ရှုန်းယယ်အခုနေကောင်းလောက်ပြီ။

"အမ်း..."
 စခန်းထဲသို့ အမြန်ပြန် ဝင်လာကြရင်း ရှုန်းယယ်၏မျက်နှာသည် အနည်းငယ်နီမြန်း သွားသည်။

စခန်းထဲရောက်တာနဲ့ ရှုန်းချီက အလိုက်ကမ်းဆိုးမသိ မေးခဲ့သေးသည်။
 "ရှုန်းယယ် မင်း ရေချိုးဖို့ သွားတာ... တော်တော်ကြာတယ်။ မင်း ဘာလို့ အခုမှ လာတာလဲ?"  

ရှုန်းယယ်သည် ရှုန်းချီရဲ့ မေးခွန်းကြောင့် ရုတ်တရက် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး သူ့တကိုယ်လုံးက  ကျိုးကျိ၏ ရနံ့များ ဖုံးလွှမ်းနေသည်ကို သတိထားလိုက်မိသည်။
 
 ဒါပေမယ့် ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက သူတို့ နှစ်ယောက်ရဲ့  ရနံ့တွေ ရောထွေးနေတာကို ကျင့်သားရနေလို့ ထူးခြားနေတာကို  ဘယ်သူမှ သတိမထားမိကြပါဘူး။ ရှုန်းချီက သာမန်လောက်မေးပြီး ဆက်ပြောလိုက်သည်။
"ရှုန်းယယ်.... စားစရာ ပြင်ထားတယ်!"

"အိုး..ကောင်းပြီ"
ရှုန်းယယ်က ပြန်ဖြေလိုက်တယ်။ နောက်ဆုံးတွင် သူ့မျက်နှာပေါ်ရှိရှက်သွေးတို့ဖြင့် နီနေတာက  ပျောက်ကွယ်သွားသည်။

သူနဲ့ ကျိုးကျီ တို့ဟာ မိတ်ဖက်ထားတဲ စုံတွဲတွေဖြစ်လို့ ဒီလိုချစ်တင်းနှောတာက ပုံမှန်ပဲ။ ရှုန်းယယ်ဟာ မကြာခင်မှာ လှုပ်ရှားနေတဲ့ စိတ်တွေ ငြိမ်သက်သွား ပြီး အနာဂတ်မှာ ဒီထက်ပိုပြီး ချစ်တင်းနှောတာကို မကြာခဏ လုပ်နိုင်တယ်လို့ ခံစားခဲ့မိတယ်။  

ဒါပေါ့....ချစ်တင်းနှောကို အခုယာယီစခန်းမှာ လုပ်တာက ကောင်းတဲ့အကြံတော့ မဟုတ်သေးဘူး။ သူက အခြားသူများတွေက သူတို့ ချစ်တင်းနှောနေတာကို အနံ့ရတာ၊ အသံကြားတာကို မနှစ်သက်လို့ သူနဲ့ ကျိုးကျီ ချစ်တင်းနှောချင်ရင် အခြားနေရာကို သွားလို့ရသေးသည်။
 
ရှုန်းယယ်သည် ဒီအရာများကို တွေးနေစဉ်တွင်၊ နောက်ဆုံးတွင် လုံလောက်အောင် စားသောက်ခဲ့ ပြီးပေမယ့် ဟိုင်ဖုန်းက သူ့ဘဝလေးက အရမ်း သနားစရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သူက အရိုက်ခံလိုက်ရပေမယ့် သူ့ကို ရိုက်ခဲ့တဲ့သူက သူ့  သူ့အိမ်ထောင်  ဖက်နဲ့ အိပ်သွားခဲ့တာ။ ပင်လယ်နတ်ဘုရားအဖြစ် သူက အသက်ရှင်နေတာ နှစ်အတော်ကြာပေမယ့် သူ့မှာ အိမ်ထောင်ဖက် မရှိခဲ့ဘူး! သူ က ဒါကိုတွေးမိပြီး အရမ်းစိတ်မကောင်းဖြစ်ရတယ်။
ကျိုးကျီ က ဖြည်းညှင်းစွာ ပြန်လာသည်ကို ဟိုင်ဖုန်း က ကြည့်နေသည် ။ ဒါက ဆိုးလွန်းတယ်၊ ကျိုးကျီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကမ်းခြေကလူတွေ ငါ့စားဖို့ ပင်လယ်စာ လာပို့ခိုင်းလိုက်ဦး"  

ဒိုင်နိုဆောအသားက ဘာကောင်းလို့လဲ။ ပင်လယ်စာတွေက ပိုအရသာရှိတယ်။ ကျိုးကျီ က ပြည်ကြီးငါးကင်၊ ပုဇွန်၊ ကဏန်းနဲ့ တခြားငါးမျိုးစုံကိုသာ စားရရင် တကယ့်ကို အရသာရှိလိမ့်မယ်လို့ ခံစားမိပါတယ်။ နောင်အနာဂတ်မှာ သူက ပျော်ပျော်ရွှင်ရွှင်နဲ့   လတ်ဆတ်သော ကမာကောင်များကို စားနိုင်သည်...
 အဟမ်း..အဟမ်း.. ကမာတွေက ယောကျာ်းခွန်အားကို တိုးပွားစေနိုင်တယ်လေ။ သူ့ရဲ့ ဝက်ဝံလေးနဲ့ သူ မကြာမကြာ ချစ်တင်းနှောကြမှာဆိုတော့... သူ အားဖြည့်ထားဖို့ လိုတယ်...
 
 ဟိုင် ဖုန်း: "......"

ဟိုင်ဖုန်း က ကျိုးကျီရဲ့ အမိန့်အတိုင်း ကမ်းခြေကလူတွေကို ငါးသွားဖမ်းခိုင်းလိုက်တယ်။ ထို့နောက်တွင်၊ ပင်လယ်မျိုးနွယ်စု မှလူများ အားလုံးသည် ဆူဖြိုးသော နေရေ တိရစ္ဆာန်များ အဖြစ်ပြောင်းလဲ လိုက်ကြပြီး ပင်လယ်ပြင်သို့ ထွက်သွားကြသည်ကို ဝက်ဝံကြီးမျိုးနွယ်စုမှ လူများက စောင့်ကြည့်ခဲ့ကြသည်။ သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲ ဟိုင်ဖန် က တကယ်ကို သြဇာကြီးတာပဲ။

သူ့နောက်ထပ်စားဖို့ လူတွေကို ခိုင်းပြီးတဲ့အခါ ကျိုးကျီ က ဟိုင်ဖုန်း ကို တစ်ဖန်ပြန်ကြည့်ပြီး ပြောလိုက်သည်။
"မနက်ဖြန် တစ်ခုခုကို ယူဖို့ မင်းနဲ့လိုက်ခဲ့မယ်"

ဟိုင်ဖုန်း သည် ခဏမျှ အေးခဲသွားပြီးနောက် ကျိုးကျီ သည် သားရဲနတ်ဘုရားအသီးကို ယူချင်တယ်ဆိုတာ သဘောပေါက်သွားသည်။ သူ အချိန်အတော်ကြာ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ သားရဲနတ်ဘုရားသစ်သီးလေးက သူများ လက်ထဲကို   ရောက်ရှိတော့မည်...။

သူ တကယ်နောင်တရသွားမိတယ်။ အတိတ်ကိုသာ ပြန်သွားနိုင်မယ်ဆိုရင် သူက    ဘာလို့ ဒီလူတွေကို တိုက်ခိုက်ဖို့ မိုက်မိုက်မဲမဲ လုပ်ခဲ့ဦးမှာလဲ။
 

***-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now