Chapter (83) - ဝက်ဝံကြီးမျိုးနွယ်စုအတွက် လုပ်သားအင်အား ထပ်ရလာခြင်း

5.5K 1K 9
                                    



Chapter (83) - ဝက်ဝံကြီးမျိုးနွယ်စုအတွက် လုပ်သားအင်အား ထပ်ရလာခြင်း
 


ကျားကြီးမျိုးနွယ် ၏ ကျွန်များက ဝက်ဝံကြီး မျိုးနွယ် ရဲ့ ပိုင်နက်ထဲကိုရောက်သည့်အခါ သူ့လူတွေကို အမဲလိုက်ဖို့ ခေါ်ဆောင်သွားတဲ့ ရှုန်းယယ်  က သူတို့ကို သတိထားမိခဲ့သည်။ ရှုန်းယယ်  သည် ထိုကဲ့သို့သော လူအုပ်ကြီးကို ရုတ်တရက်တွေ့လိုက်သောအခါတွင်တော့ အနည်းငယ် စိတ်ရှုပ်သွားမိသည်--

ဒီလူအားလုံး ဘယ်က လာကြတာလဲ။  သူတို့ ဘာလုပ်ချင်တာလဲ။

လူစိမ်းတွေကို နည်းနည်းသတိထားသင့်ပေမယ့် ဒီလူတွေက အရမ်းသနားစရာကောင်းလှသည်။ သူတို့အားလုံး တကိုယ်လုံးတွင် သစ်ကိုင်း ခြစ်ခံရပြီး  ဒဏ်ရာရကာ ထိုဒဏ်တွေကြောင့် ပိန်ပါးနေကြသည်—ဒါတင်မကသေးဘဲ၊ ထိုလူအများစု၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားရန် သင့်လျော်သော တိရစ္ဆာန်အရေခွံများပင် မရှိကြပေ။

ဒီလိုလူအုပ်စုနဲ့ ကြုံလာရတဲ့အခါ သတိထားဖို့ တိုက်တွန်းစရာပင် မလိုတော့ပေ။ ဒါကြောင့်  ဘုန်းကြီးဆီအကြောင်းကြားဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်ရတော့သည်။

ထိုကျေးကျွန်များသည် ကျားကြီးမျိုးနွယ်  တွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရရုံသာမက ပုန်ကန်ဖို့အတွက်  အရိပ်အမြွက်ကိုပင် ပြသခွင့်မရရှိခဲ့ပေ။ အခု ရှုန်းယယ်  က တို့ကိုမေးတော့ သူတို့ဇာတ်လမ်းကို ချက်ချင်းပြန်ပြောပြကာ  ရှုန်းယယ်  ရှေ့မှာ ဒူးထောက်ပြီး သနားစဖွယ်တောင်းပန်ကြသည်။

"သခင်၊ ငါတို့ကို မသတ်ပါနဲ့..."  

ရှုန်းယယ်  - "...." ငါ မင်းတို့ကို ဘာလို့သတ်ရမှာလဲ?

"ငါ့ နောက်က မျိုးနွယ်စုကို လိုက်ခဲ့ကြ"
ရှုန်းယယ်  နောက်ဆုံးတွင် ပြောလိုက်ရတော့သည်။ ဒီလူတွေကို  ဘာလုပ်ရမယ်ဆိုတာ သူ မသိဘူး၊ ဒါကြောင့် သူတို့ကို မျိုးနွယ်ဆီ ပြန်ခေါ်သွားတာပဲ တတ်နိုင်တော့မယ်။


ဝက်ဝံကြီး မျိုးနွယ်စုသည် လူအနည်းငယ်သာရှိသည်ကို ချင်းစန်းမျိုးနွယ်က လူတွေကသိသော်လည်း ထိုမျှလောက်များလွန်းနေမည်ကို  သေချာမသိခဲ့ကြပေ။ ရှုန်းယယ်  က သူတို့ကို ဝက်ဝံကြီးမျိုးနွယ်ဆီ ပြန်ခေါ်လာဖို့ ဆန္ဒရှိနေတာကို ကြားတော့ ဒီလူတွေအားလုံးက ကျေးဇူးတင်စွာ ဝိုင်းပြောလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် သခင်၊ ကျေးဇူးတင်ပါတယ်!"
 

ဒီလူက သူတို့ကို သူ့ရဲ့အမျိုးနွာ်ဆီ ပြန်ခေါ်လာဖို့ ဆန္ဒရှိတယ်ဆိုကတည်းက သူတို့ကိုသတ်ဖို့ မရည်ရွယ်ဘူးလို့ ဆိုလိုတာလား။ ဒါမှမဟုတ် သူတို့ကို သတ်ဖို့ ကြံစည်ရင်တောင်မှ သူတို့အားလုံးကို သတ်ဖို့ မစီစဉ်ထားဘူး မဟုတ်လား။

အဲဒါကောင်းတယ်!

ဒီလူတွေရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တောက်လောင်လာပြီး "ငါတို့... ငါတို့ အသက်ရှင်နေနိုင်လောက်တယ် မဟုတ်လား" လို့ တစ်ယောက်ကိုတစ်ယောက် တိုးတိုးပြောလာကြသည်။


"သူတို့က ငါတို့ကို စားစရာတွေ ကျွေးမှာလား။"  

"သူတို့က ငါတို့ကို အသားမပေးရင်တောင် အသီးအရွက်တွေ ပေးနိုင်လောက်ပါရဲ့"

......

သူတို့မှာ ကျားကြီးမျိုးနွယ်ထဲမှာ စားစရာအသား မရှိသလို အသီးအရွက်မျိုးစုံကိုသာ စားရပေမယ့် နေရတာ မကောင်းလှပေ။  ကျားကြီးမျိုးနွယ်က လူတွေကလည်း သူတို့ကို ကြိမ်းမောင်းပြီး ကျားကြီးမျိုးနွယ်ဝင်တချို့က သူတို့ကို အပျော်သဘော နှိပ်စက်ကြသေးသည်။

အခု သူတို့ ကို ဝက်ဝံကြီးမျိုးနွယ်စုက အသားပါဝင်သည့် အစားစာကို ကျွေးဖို့ မမျှော်လင့်ရဲကြပေမယ့် အနည်းဆုံးတော့  သူတို့သည် တစ်ခုခုကို ကျွေးချင်သည်၊ ဘာပဲဖြစ်ဖြစ် တခုခု ကျွေးချင်ကြပြီး အရိုက်မခံရလောက်ပေ။  

ကျွန်အဖွဲ့ထဲကလူအများစုက ဒီလိုခံစားရပေမယ့် ဟုတ်ရှိ ရဲ့အမျိုးသမီးက ဟုတ်ရှိ ရဲ့လက်ကို အသာ ဆွဲပြီး သားလေးအကြောင်းကို မေးလိုက်သည်။

"ဟုတ်ရှိ...ကျွန်မတို့သားလေးအကြောင်း သူ့ကိုမေးကြည့်ပါလား... ကျွန်မတို့ကလေး နေကောင်းရဲ့လား"
 

ဟုတ်ရှိက သူ့မိန်းမကို ပြန်ပြောလိုက်သည်။
 "ရှောင်ဟုတ်လေးက အဆင်ပြေမှာပါ။ နောက်မှ ငါ မေးလိုက်ပါ့မယ်။ ငါတို့ မျိုးနွယ်စု နေရာကိုရောက်ရင် ငါတို့ကလေးကို တွေ့ရမှာပဲလေ။ စိတ်မလှုပ်ရှားပါနဲ့  "

ဟုတ်ရှိ ရဲ့ အမျိုးသမီးက ခေါင်းငြိမ့်လိုက်သည်။ သူတို့က ဝက်ဝံကြီးမျိုးနွယ်က အမဲလိုက်အဖွဲ့တွေနဲ့ အရင်တွေ့ကြသည်။ သူတို့ ဆက်လာစဉ် ကျူးကျန်းတို့ကို တွေ့လိုက်ရသည်။ ကျူးကျန်းတို့က အရပ်မြင့်မားက ကိုယ်ထည်သန်မာလွန်းသဖြင့် ဟုတ်ရှိ ရဲ့မိန်းမက အရိုက်ခံရမည်ကို ကြောက်ပြီး တခွန်းမှ မမေးရဲတော့ပေ။


ဒီလူတွေဟာ လမ်းလျှောက်ရင်းနဲ့ ခြေလှမ်းတွေ မညီမညာဖြစ်သွားကြသည်။ ထိုစဉ် တစ်စုံတစ်ယောက် မြေပြင်ပေါ်သို့ လဲကျလာသောအခါ   လမ်းမလျှောက်နိုင်တော့ပေ။ ဒီလူရဲ့ခံနိုင်ရည်က နောက်ဆုံးထိကိုရောက်နေပြီ။ သူတို့အားလုံးက ရက်ပေါင်းများစွာ ငတ်တလှည့် ပြတ်တလှည့်နဲ့ ခရီးဆက်လာရပြီး နောက်ဆုံး လမ်းတလျှောက်မှာ  တစ်ယောက်ယောက်က အမြဲလိုလို ပြိုကျခဲ့သည်။


အတူတူ လမ်းလျှောက်နေကြတဲ့ ကျွန်တွေ အားလုံးက ထိုလူ လဲကျနေတာကို သတိပြုမိပေမယ့် ဘယ်သူမှ သူ့ကို စောင့်ရှောက်ဖို့ မသွားရဲကြဘူး။ အများစုဟာ ဒီခရီးမှာ လဲကျသွားပါက ပြန် မနိုးထနိုင်ဘဲ ပြိုလဲသွားခဲ့ကြသလို အသားစားဒိုင်နိုဆောလေးတွေက   လဲကျသေဆုံးသွားသူတွေရဲ့  ကျန်ရစ်ခဲ့တဲ့ အလောင်းတွေကို စားဖို့အခွင့်အရေးကို စောင့်မျှော်ကာ သူတို့နောက်မှ တကောက်ကောက် လိုက်လာခဲ့ကြသည်။ ကျွန်ုအုပ်စု အားလုံးက  သေခြင်းတရားကို ကျင့်သားရနေပြီဖြစ်ပြီး စိုးရိမ်မနေတော့ပေ။ လဲကျသွားသူက သူတို့ မဟုတ်ဖို့ကိုသာ ဂရုစိုက်နေကြရသည်။ လဲကျသွားသူက သူတို့ ဆွေမျိုးတွေတောင် ဖြစ်ရင်တောင် ဒီအတိုင်းကြည့်ကာ ခရီးဆက်ခဲ့ရသည်။

တစ်ဖက်တွင် ရှုန်းယယ်က ဒီမြင်ကွင်းကြောင့်  အံ့သြသွားသည်။ ထိုလူလဲကျသွားနေသည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လဲကျနေသူက တကိုယ်လုံး အပူရှိန်တက်ကာ ဖျားနေပြီး  ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ သူတကယ် မကြည့်ရက်နိုင်တော့လို့ အဲဒီလူကို လှမ်းထူလိုက်သည်။


"သခင်..." ဒီမြင်ကွင်းကို မြင်သူအချို့က ထိတ်လန့်သွားပြီး ဆက်ပြောကြသည်။
"သခင်၊ ဒီလူက အဖျားကြီးပြီး သေတော့မှာပဲ..."

ဒီလို အဖျားရှိတဲ့လူတွေက တခြားသူတွေကို ကူးစက်နိုင်တာမို့ ကျားကြီးမျိုးနွယ်က သူတို့ကို သတ်ပစ်ပြီး အလောင်းကို စွန့်ပစ်လိုက်လေ့ရှိသည်။  အခု ဒီဖျားနာတဲ့လူက သူ့ရဲ့ရောဂါကို ဝက်ဝံကြီးမျိုးနွယ်က လူတွေကို လက်ဆင့်ကမ်း ပေးခဲ့မယ်ဆိုရင် အသက်ရှင်နေတဲ့  သူတို့ကို ဝက်ဝံကြီးတွေက မောင်းထုတ်လေမလားလို့ စိုးရိမ်နေကြသည်။

"ကောင်းပြီ၊ ငါတို့ သူ့ကို ပြန်ခေါ်သွားပြီး ကုသပေးဖို့ပဲ လိုတာပါ" ရှုန်းယယ်  က ပြောလိုက်သည်။  

ဒီကျေးကျွန်တွေက လူသတ်တာတောင် မျက်တောင်တချက်မခတ်တဲ့ ကျားကြီးမျိုးနွယ်  ရဲ့ သဘောထားကို တွေ့ခဲ့ဖူးလို့   ယခုတော့ ရှုန်းယယ်  ၏စကားကိုကြားလိုက်သောအခါ သူတို့ရဲ့စိတ်ထဲ အရမ်းကို ထိမိသွားပြီး မျက်လုံးထဲတွင် မျက်ရည်များပြည့်လာကာ ဆို့နင့်စွာ ပြောလိုက်ကြသည်။

 "သခင်၊ သခင်၊ မင်းက တကယ်တော်တဲ့လူပဲ!"

ဒီလူတွေက သူတို့ အသက်ရှင်ဖို့ အခွင့်လမ်း  ပိုများလာတယ်လို့ ခံစားလိုက်ရတယ်။ အဲဒါကောင်းတယ်!

သူတို့သည် လုံးလုံး ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ယခုအခါ အနာဂတ်အသက်ရှင်နိုင်ဖို့ အတွက် မျှော်လင့်ချက်များ ပြည့်နေပေပြီ။ သူတို့သည် အင်အားအချို့ကိုပင် ပြန်လည်ရရှိကြပြီး သူတို့၏လမ်းလျှောက်နှုန်းလည်း တိုးလာသည်။

ထိုအချိန်တွင်၊ ရှုန်းယယ်  သည် ဘုန်းတော်ကြီးကို ရှာဖွေရန် စေလွှတ်လိုက်သောလူ ပြန်ရောက်နေပြီဖြစ်သည်။  

"ရှုန်းယယ် ၊ ဘုန်းတော်ကြီးက မင်းကို ငါတို့မြေအိုးလုပ်တဲ့နေရာကို လူတွေကို ခေါ်ခိုင်းလာစေချင်တယ်!"

"ကောင်းပြီ။" ရှုန်းယယ်  က ခေါင်းညိတ်ပြပြီး လူတွေကို လိုက်ပို့တယ်။

မြေအိုးလုပ်တဲ့နေရာ..... မြေအိုးဆိုတာ ဘာလဲ။
ထိုကျွန်အုပ်စုများသည် ပဟေဌိဖြစ်နေကြသော်လည်း မည်သူမျှ မေးခွန်း မမေးရဲဘဲ တိတ်တဆိတ်သာ နောက်မှ  လိုက်သွားကြသည်။

သူတို့သည် နောက်ဆုံးတွင် မြေအိုးမီးဖုတ်သည့် နေရာသို့ မရောက်မီ သုံးနာရီကြာ လမ်းလျှောက်ခဲ့ကြသည်။  အဝေးကပင် လူတိုင်းဟာ   သင်းရနံ့တွေကို ရနိုင်ကြကာ မျက်လုံးပြူးသွားကြသည်။

အဲ့ဒါက အသားပြုတ်နံ့လား??

ဝက်ဝံကြီး  မျိုးနွယ်စုက လူတွေဟာ နေ့ခင်းကြောင်တောင်မှာ မြေကြီးဥနဲ့ အသားကို ပြုတ်စားနေသလား။ ဒါ နည်းနည်း ဇိမ်ခံလွန်းတယ် မဟုတ်လား? သူတို့ မျိုးနွယ်စုတွေက တနေ့မှာ ညနေ တစ်နပ်ပဲ စားတယ်။

ကျွန်အုပ်စုမှ လူများသည် ဝက်ဝံကြီးမျိုးနွယ်မှ လူများကို အလွန်ပင် မနာလိုဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုရနံ့သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် သူ့တို့ နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။ထို ချက်ပြုတ်ထားသည့် ဟင်းတွေကို သူတို့ မစားရင်တောင်မှ  အနံ့ရှုရတာ တကယ်ကို ကောင်းလှသည်။

ဒီရနံ့လေးက အနံ့ဘယ်လောက်ကောင်းလဲ ဆိုတော့ အသစ်ရောက်လာတဲ့ သူတွေကို အရမ်းစိတ်လှုပ်ရှားစေပေမယ့် ရှုန်းယယ်  အတွက်ကတော့ မကြာသေးခင်ကမှ ဒီလိုဟင်းတွေကို အများကြီးစားပြီးကတည်းက ဒီရနံ့က သာမန်ရနံ့တစ်ခုလို ဖြစ်နေပါပြီ။ ရနံ့ကို သူ လုံးဝသတိမထားမိတော့ပေ။

တကျူး မျိုးနွယ် မှလူများသည် ထိုကဲ့သို့သောသေးငယ်သောအရာကြောင့် ရင်တွေ တအားခုန်နေမည် မဟုတ်ပေ။ အသားနှင့်ပြုတ်ထားသောမြေဥများသည် တကျူး မျိုးနွယ် တွင်မကြာခဏ စားလေ့ရှိသော အခြေခံအစားအစာ တစ်မျိုးဖြစ်သည်။  

အခြေအနေကိုမြင်တော့ ဒီကျေးကျွန်တွေဟာ အလွန်အံ့အားသင့်သွားကြတယ်-- ဝက်ဝံကြီး မျိုးနွယ် ကလူတွေက အဲဒီအနံ့ကို လုံးဝသတိမထားမိကြဘူး။ ဒီလိုအရာတွေကို မကြာခဏစားနေကြလို့ ဖြစ်နိုင်မလား။

ဟုတ်ရှိ လည်း အံ့သြသွားသည် ။ ဆားရောင်းဝယ်ရေးလုပ်ဖို့ ချင်းစန်းမျိုးနွယ် ကိုရောက်တဲ့အခါ ဝက်ဝံကြီး မျိုးနွယ် က လူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။ ထိုအချိန်က သူတို့၏အခြေအနေများကို သူ လေ့လာခဲ့သလောက်ဆိုရင် ဝက်ဝံကြီး မျိုးနွယ် တွင် ဘုန်းကြီးတစ်ပါးရှိသော်လည်း၊ သူတို့၏ဘဝများသည် ချင်းစန်း မျိုးနွယ်ထက် များစွာသာလွန်ခြင်းမရှိခဲ့ပေ... ထိုကဲ့သို့ အသားပြုတ် နံ့ကို ရပေမယ့် အခုတော့ သူတို့က  တုံ့ပြန်မှုတစ်စုံတစ်ရာမပြခဲ့ပေ။ ဒီမွှေးရနံ့က သူတို့အတွက် အထူးဆန်း မဟုတ်တော့လို့လား။
 

သူတို့အားလုံးသည် သစ်ပင်အချို့ကိုဖြတ်၍ ခုတ်လှဲခံရသော မြေကွကလပ် တစ်ခုသို့ ရောက်သောအခါ အလွန်သိချင်စိတ်နေခဲ့သည်။ ထိုနေရာသည် အလွန်ကျယ်ဝန်းကာ  အလယ်တွင် ကြီးမားသော မီးကြီးတစ်ခု တူးထားကာ ထိုနေရာဘေးတွင် မီးပုံငယ်အချို့ရှိသည်။ အိုးငယ်များကို မီးပုံငယ်များပေါ်တွင် ချထားခဲ့ပြီး ထိုအိုးတွေထဲမှာ မြေဥများနှင့် အသားများ ပွက်ပွက်ဆူလာအောင် တည်ထားကြသည်။    သူတို့မျက်လုံးတွေက ဦးခေါင်းခွံထဲက ထွက်ကျမတတ် မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ကြသည်။
 

ထိုအချိန်တွင် မြေပြင်ပေါ်တွင် ဝတ်စုံဖားဖားကြီး ဝတ်ထားသော ဆံပင်ဖြူဖြူ နှင့် လူအိုကြီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ ဒီလူရဲ့ ဝတ်စုံက ကျားကြီးမျိုးနွယ်  မျိုးနွယ်စုရဲ့ အကြီးအကဲဝတ်ထားတဲ့ ဝတ်စုံနဲ့ အတူတူပါပဲ။

သို့သော်လည်း သူသည် ကျားကြီးမျိုးနွယ်  ၏ မျိုးနွယ်စုအကြီးအကဲနှင့် လုံးဝကွဲပြားပုံရသည်။ ကျားကြီးမျိုးနွယ်  ရဲ့ အကြီးအကဲက အရမ်းကြောက်ဖို့ကောင်းပုံရတယ် ဒါပေမယ့် ဒီလူက မတူဘူး။ သူ့မျက်နှာတွင် ဖော်ရွေသော အပြုံးတစ်ခု ရှိပြီး ကြင်နာဖော်ရွေသောပုံရိပ်ထင်ဟပ်နေကာ သူ့ဘေးကို လူတွေ အလွယ်တကူ ချဉ်းကပ်နိုင်သည်ဟု မသိစိတ်မှ ခံစားရစေသည်။  

မဟုတ်ဘူး၊ ရင်းနှီးမှု သက်သက်မဟုတ်ဘူး... သူ့နဖူးအလယ်မှာ ဆွဲထားတဲ့ စက်ဝိုင်းတစ်ခုက သူ့ကို အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါ်စေပြီး လူတွေကို ကိုးကွယ်ယုံကြည်တဲ့ ခံစားကို ရစေတယ်။

ဒီလူက ဘုန်းကြီးပဲ။
အရင်ကတော့ ကျူးကျန်း က သူ့အဝတ်အစားတွေကို ကျိုးကျီ နဲ့ ငရုတ်သီးဖြင့် လဲချင်ပေမယ့် ကျိုးကျီ က ငြင်းခဲ့ပါတယ်။ သို့သော် နောက်ပိုင်းတွင် ကျူးကျန်း သည် ဘုန်းတော်ကြီး ထံသို့သွားကာ ပြောတော့ ဘုန်းတော်ကြီးက သဘောတူခဲ့သည်။

ဘုန်းတော်ကြီးက ဝက်ဝံကြီး မျိုးနွယ်စုက စိုက်ထားတဲ့ ငရုတ်သီးတွေ ရင့်မှည့်လာတဲ့အခါ ငရုပ်သီး တစ်တောင်းပေးမယ်ဆိုတဲ့ ကတိနဲ့ ကျူးကျန်းရဲ့အဝတ်အစားတွေကို ကြိုပြီးယူထားလိုက်တယ်။  

ကျူးကျန်း ၏အဝတ်အစားသည် ကြည့်ကောင်းလှပြီး အထူးသဖြင့် ဘုန်းကြီးတစ်ဦးရဲ့ ဝိသေသလက္ခဏာနှင့် ကိုက်ညီတယ်လို့  ဘုန်းတော်ကြီးက ခံစားခဲ့ရသည်။ တစ်ခုတည်းသောအားနည်းချက်မှာ ကျူးကျန်းက အရမ်းကို ထွားကျိုင်းလွန်းတာပဲဖြစ်သည်။ ဘုန်းတော်ကြီးက အသက်ကြီးက ပိန်လှီသေးကျုံ့လာပြီဖြစ်လို့ ကျူးကျန်းနဲ့ယှဉ်ရင် ခေါင်း နှစ်လုံးစာ ပုသွားခဲ့သည်။
 

ထို့ကြောင့် ကျူးကျန်းကိုယ်ပေါ်မှာ အနည်းငယ်ကျပ်သောအဝတ်အစားများသည် ဘုန်းတော်ကြီးကိုယ်ပေါ်တွင် အလွန်ချောင်ကျပြီး ရှည်ကာ ခြေရင်းမှာ ပုံကျနေသည်။  ဒါပေမယ့် ဘုန်းကြီးသည် သူ၏အဝတ်အစားအသစ်ကို အလွန်ကျေနပ်ခဲ့ပြီး မျိုးနွယ်စုအတွင်း အရေးကြီးသည့် ကိစ္စများကြုံတိုင်း ထိုအဝတ်အစားကို ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။

"မင်းတို့ လာပြီလား...အရင်စားစရာရှိတာ စားလိုက်ဦး"
ဘုန်းကြီးက ညွှန်ကြားလိုက်တယ်။ ထို့နောက် တစ်စုံတစ်ဦးအား သစ်သားပန်းကန်များ ထုတ်ပေးကာ ထိုလူများကို စားစရာအချို့ကျွေးရန် စီစဉ်ခဲ့သည်။  ပြုတ်ထားသော အသားနှင့် မြေဥကို လူတစ်ဦးစီကို တစ်ပန်းကန်ဆီ ပေးလိုက်သည်။
 
မြေဥများကို နူးသည်အထိ အသားတုံးသေးသေးတွေနဲ့ ရောကာ ပြုတ်ထားခဲ့သည်။   တကယ်တော့ ရေအများကြီး ထည့်ထားလို့  ဒီစွပ်ပြုတ်ပန်းကန်လုံးထဲမှာ အသားလုံးဝ မပါဝင်သလောက်ရှိနေသည်။ ဒါတောင် ဒီလူတွေ ဝမ်းသာလွန်းလို့ မူးလဲမတတ် ဖြစ်ကုန်ကြသည်။

 ဒီမြေဥနဲ့ အသားပြုတ်စွပ်ပြုတ်က သူတို့အတွက် ပေးတယ်ဆိုတာ တကယ်ပဲလား။

ဒါတွေက သူတို့စားရန် အမှန်ပင် သီးသန့်ပြုတ်ထားတာ ဖြစ်သည်။

ဘုန်းတော်ကြီးက အားလုံးကို တိုက်တွန်းလိုက်သည်။

 "မြန်မြန်စား။ စားပြီးမှ အားလုံး ခွန်အားတွေ ပြန်ရလာမှာပါ။"

ခွန်အားရှိမှာ သူတို့ လိုအပ်သည့် အလုပ်အားလုံးကို ကူညီနိုင်မည်ဖြစ်သည်။  

ဒီနေ့ စွပ်ပြုတ်မှာ ထည့်ထားတဲ့ မြေဥနဲ့ အသားပမာဏက မများပါဘူး။ ပိန်လွန်းပေမယ့် တစ်ဖက်မှာလည်း ဒီလူ အုပ်စုအတွက် ကောင်းပါတယ်--- သူတို့ရဲ့ လက်ရှိ အခြေအနေက အလွန်အကျွံစားဖို့ ဒါမှမဟုတ် အသားများများ ပါတဲ့ဟင်းတွေကို ကျွေးဖို့  မသင့်တော်ဘူး။ ရက်အတော်ကြာ ငတ်ပြတ်လာပြီး အများကြီးကျွေးလိုက်ရင်  ဝမ်းပျက်ဝမ်းလျှောဝေဒနာကို ခံစားရနိုင်သည်။
 

ထိုကျေးကျွန်များ၏ ခန္ဓာကိုယ်များသည် အလွန်အားနည်းနေပြီး ယခု သူတို့ကို စောင့်ဆိုင်းနေသည့်နေရာ...   ပူနွေးစေသည့် မီးဖိုများစွာရှိသည်။ အဲဒါက သူတို့အားလုံးကို အရမ်းသက်တောင့်သက်သာဖြစ်စေတယ်။

ဒါတင်မကဘူး၊ သူတို့စားဖို့ ကြက်ဥပြုတ်နဲ့ အသားစွပ်ပြုတ်လည်း ရှိတယ်။

စွပ်ပြုတ်ကို ပထမဆုံးရရှိသူသည် ပါးစပ်ကိုဖွင့်ကာ အပူဒဏ်ကို လုံးဝ မကြောက်ဘဲ သန့်ရှင်းစွာ ချက်ပြုတ်ထားသော အရာအားလုံးကို တစ်ချက်တည်း စုပ်သောက် ပစ်လိုက်သည်။ ပြီးသွားတဲ့အခါ နောက်လူကို ကျွေးဖို့ ပန်းကန်ကို လက်ဆင့်ကမ်း  ပြန်ပေးလိုက်သည်။   

အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြပေမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ ဟုတ်ရှိ ရဲ့အမျိုးသမီးပါပဲ။ ဒီနေရာကို ရောက်ပြီးတဲ့ နောက်မှာတော့ သူမဟာ သူ့ကလေးကို လှည့်ပတ်ကြည့်ရှုရင်း မသိစိတ်က ရှာနေရာကနေ သူမသားကို တကယ်တွေ့ခဲ့တယ်!

သူမသည် ဟုတ်ရှိ၏ လက်ကိုဆုပ်ကိုင်ထားပြီး ပြလိုက်သည်။

 "ဟုတ်ရှိ..... ကြည့်။ ငါတို့ကလေးလေး!"

နှစ်ယောက်စလုံးက ကလေးကိုမြင်ပြီး တစ်ချိန်တည်းမှာပဲ ကလေးလည်း မိဘတွေကို မြင်လိုက်သည်။  လီမာလေးသည် ရွှံ့များဖုံးနေသော လက်များဖြင့် သူတို့ဆီသို့ ပြေးလာခဲ့သည်။

ဟုတ်ရှိ သည် သူ့ကလေး အမှန်တကယ် မသေသေးဟု မမျှော်လင့်ခဲ့မိပေ။ သူသည် ဝက်ဝံကြီးမျိုးနွယ်အပေါ် ချက်ခြင်းပင် မယုံနိုင်လောက်အောင် ကျေးဇူးတင်ခဲ့ပြီး သူ့မျက်လုံးများ နီရဲလာကာ မျက်ရည်များ မထိန်းနိုင်တော့ပေ။ ထို့နောက် သူက သားဖြစ်သူ၏ ခေါင်းကို ပုတ်ကာ တုန်ယင်စွာ ပြောလိုက်သည်။

 "ငတုံးလေး၊ မင်းက ဘာလို့ ရွှံ့နဲ့ ကစားနေတာလဲ။"  

မူလက ရွှံ့စေးတွေ ပေနေသည့် ကလေးက သူ့ကို ပွေ့ဖက်ပြီး သူ့ကိုယ်ကလည်း ချက်ချင်း ရွှံ့နဲ့ ပေလူးကုန်သည်။
 

***-****

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora