Stone-age Husband Raising Journal - Chapter (16 ) - ခန့်မှန်းခြင်း

8.5K 1.5K 34
                                    

Chapter (16 ) - ခန့်မှန်းခြင်း


ရှုန်းယယ်တို့ သုံးယောက် ဌက်ကုလားအုတ်ကို မိပြီးနောက်  အန္တာရယ်များသည့် ထိုပတ်ဝန်းကျင်တွင်  ကြာကြာ မနေရဲတော့ပေ။ ရှုန်းယယ်သည် သူ့ဒဏ်ရာကို ရွှံ့ဖြင့် ပိတ်ကာ ငှက်ကုလားအုတ်၏သွေးထွက်သည့် နေရာကို  ရွှံ့သုတ်ပြီး သွေးနံ့မထွက်နိုင်အောင် လုပ်ကာ ဝက်ဝံညိုပုံစံဖြင့် ကြီးမားလှသည့် ဌက်ကုလားအုတ်ကို ကျောပေါ်ထမ်းကာ သူတို့နေထိုင်ရာ နယ်ပယ်ဘက်ကို ခြေကုန်သုတ်ပြန်လာကြသည်။

 
"ဒီနေရာဆိုရင် လုံခြုံပြီ။ ငါတို့မြစ်ဘေးမှာ ကိုယ်လက်ဆေးပြီး မပြန်ခင် ငှက်ကုလားအုတ်ကို   ဝေစုခွဲရအောင်"

ဟူယွဲ့က အကြံပြုခဲ့သဖြင့် ရှုန်းယယ်က  ခေါင်းညိတ်လိုက်သည်။ ငှက်ကုလားအုတ်ကြီးလုံးကို ဆက်ထမ်းပြေးဖို့ သူ  အခက်တွေ့နေသည်။
  မြစ်ကမ်းဘေးသို့ ရောက်သော် သူတို့ရလာသည့် ဌက်ကုလားအုတ်ကို ဝေစုခွဲကြသည်။  
အရေခွံနှင့် ငှက်မွှေးများကို အသိုက်လုပ်ချင်သော   ဟူယွဲ့ကို ပေးလိုက်ပြီး  ရှုန်းယယ်က ကြီးမားသော ငှက်ခြေထောက်အပါအဝင် အသား၏ ဆယ်ပုံလေးပုံယူကာ ဟူယွဲ့နှင့် ရှုန်းပိုင်တို့က 10 ပုံ 3 ပုံ  စီယူလိုက်ကြသည်။


ရှုန်းယယ်က ဒီငှက်ကုလားအုတ်ကြီးကို  ဖမ်းတဲ့နေရာမှာ အားအများဆုံးဖြစ်တဲ့အပြင် တလမ်းလုံး သူပဲ ထမ်းလာခဲ့ရလို့  အတွင်းကလီစာများပါ ရရှိခဲ့သည်။
ဝေစုခွဲပြီးသွားတော့  ရှုန်းယယ်သည် ငှက်ခြေထောက်ကြီးကို သယ်ကာ ချိုင့်ဝှမ်းဆီ ပြန်လာခဲ့သည်။


ငှက်ဆင်၏ အတွင်းကလီစာများအပြင် ဝေစုအဖြစ်   အသားချည်း 100 ကီလိုခန့် ရခဲ့လို့ ရက် 20 လောက်    အေးအေးဆေးဆေး  စားလို့ရနေပြီ၊ ဒါပေမယ့်
 သူ့ လက်ထဲမှာ ဆားမလုံလောက်ပေ။ ထိုအသားများကို ကြာရှည်ခံအောင် အခြောက်ခံဖို့ မလွယ်လောက်ဘူး။ ပြီးတော့ ဆားအသင်းကလည်း ဘယ်အချိန်မှ ပြန်ရောက်မယ်မှန်း မသိရသေးပေ။


သုံးဦးသားကား ချိုင့်ဝှမ်းထဲ ဝင်လိုက်တာနဲ့   မျိုးနွယ်စုဝင်တွေအားလုံးရဲ့ အာရုံကို ဆွဲယူလိုက်သလို ဖြစ်ပြီး အားလုံးက သူတို့ကို အားကျလေးစားမှုနဲ့ကြည့် နေကြသည်။

 
"ရှုန်းယယ်က အရမ်းတော်တာပဲ။ နောက်ထပ် သားကောင် ရလာပြန်ပြီ"

"အသားတွေ အနည်းဘူး"

"ခုတလော ရှုန်းယယ်က ဟူယွဲ့နဲ့ပဲ အမဲလိုက်ဖြစ်နေ တယ်။ ကြည့်ရတာ... ရှီလီနဲ့  တကယ် ပြတ်သွားပြီ ထင်တယ် "

"ရှီလီက အခုရက်ပိုင်း စုပေါင်းအမဲလိုက်ပွဲမှာ ဘာမှ မလုပ်ဘူးကွ။  ကြည့်ရတာ သူက သူများတွေ ပြောသလောက် ခွန်အားမကြီးဘူးထင်ပါတယ်ကွာ..."

"ရှီလီက ငါတို့သိတာတွေထက် ပိုများတယ်။ ဒါ့အပြင် သူက   ငါတို့ကို အများကြီးသင်ပေးသေးတယ်"  

"ပြောပဲပြောပြီး အလုပ် မလုပ်တော့ ဘာလုပ်ရမှာလဲကွာ  "
"ရှီလီ့ကို  ဝေဖန်ရအောင် မင်းက သူ့လောက်တောင် အသုံးကျလို့လား  "


ရှုန်းယယ်က ရက်ဆက် အမဲကောင်ရလာပြီး စုပေါင်းအမဲလိုက်ပွဲမှာ အစွမ်းပြနိုင်သလောက် ရှီလီက
 အခုရက်ပိုင်း အမဲလိုက်ရာတွင်  အားထုတ်မှု မရှိလို့ မျိုးနွယ်စုဝင်များကြားတွင် ဝေဖန် အပြစ်တင်သံများ ထွက်လာသည်။

 
အချို့ကတော့ ရှီလီ သူတို့ကို သင်ကြားပေးခဲ့ဖူးသည့် အတွက် အခုထိ ရှီလီကို ခွန်အားကြီးသူ အဖြစ် သတ်မှတ်ထားကြသည်။

ပြောဆိုကြရင်း မျိုးနွယ်စု လူငယ်တွေရဲ့ အားကျ မနာလိုမှုက နောက်ဆုံး ကျိုးကျီဆီ ဦးတည်သွားခဲ့သည်။

 "ကျိုးကျီက ရှုန်းယယ်နဲ့ အတူတူနေရတော့ အတော်ကံကောင်းတာပဲ။ သူက နေ့တိုင်း အသားမစားရရင်တောင်မှ  အရိုးတော့ စားလို့ရမှာပဲ  "

  ပြန်ရောက်ရောက်ချင်း ထိုသူတွေ ပြောသည့် စကားကို ကျိုးကျီ  ကြားသွားခဲ့ပြီး ရှုန်းယယ်နှင့် အတူနေခွင့်ရသည့်အတွက် ကံကောင်းတယ်ဆိုတာ သူ့ဖာသာ သဘောတူမိသည်။  ရှုန်းယယ်က ပေါင်းသင်းရလွယ်ကူပြီး သဘောကောင်းသည့် သူဖြစ်သည်။ အခုလည်း ရှုန်းယယ် အမဲရလာလို့ ဆူညံနေကြတာ ဖြစ်မလား။

 
ကျိုးကျီသည် ကျောပေါ်၌ သစ်ကိုင်းအချို့ သယ်ကာ လက်ထဲတွင် အသီးအရွက်များကိုင်လျက် ရှုန်းယယ်၏ ဂူဆီသို့ ပေါ့ပါးစွာ တက်လာခဲ့သည်။


"ပြန်လာပြီလား။ မင်း ဘယ်သွားနေတာလဲ"

 ရှုန်းယယ်သည် ဆီးကြိုနူတ်ဆက်ရင်း ကျိုးကျီလက်ထဲမှ ပစ္စည်းများကို ကူညီကာ ဆွဲယူပေးလိုက်သည်။

 "ဒီနားက စားပင်အချို့ သွားခူးနေတာ"

ကျိုးကျီက ဂူထဲဝင်ကာ ပြန်ဖြေရင်း မြင်လိုက်ရသည့် ကြီးမားသည့်   ကြက်ခြေထောက်ကြီး ကြောင့် လန့်သွားခဲ့သည်။  ကမ္ဘာပျက်ကပ်အတွင်းမှ ဗီဇပြောင်း ကြက်တွေတောင် ဒီလောက်မကြီးပေ။

 ပြီးတော့ ဒီခြေထောက်ကြီးကိုကြည့်ရတာ  စားလို့ကောင်းမယ့်ပုံပေါ်တယ်။


"အဲ့ဒါ ဘာကြီးလဲ"

ကျိုးကျီက သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါမိလာတဲ့ ငှက်ကုလားအုတ်လေ...မင်း စားကြည့်ချင်လား။ ဒီငှက်သားက ဒိုင်နိုဆော အသားထက် ပိုအရသာ ရှိတယ်"

ရှုန်းယယ်က ပြောလိုက်သည်။
 ရှုန်းယယ်၏စကားကြောင့် ကျိုးကျီ  အံ့အားသင့်သွားသည်။

 "ကျေးဇူးပဲ"

 ကျေးဇူးတင်စကားပြောပြီးနောက် ကျိုးကျီသည်  ရှုန်းယယ်၏ ဝမ်းဗိုက်မှ ဒဏ်ရာကိုတွေ့တော့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
 
 "မင်းဗိုက်မှာ ဒဏ်ရာ ရလာတာလား"


"ဘာမှ မဖြစ်ဘူး။ ဒဏ်ရာအသေးလေးပါ"

 
ငှက်ကုလားအုတ်၏ထက်ရှသော လက်သည်း များကြောင့်  ရှုန်းယယ်၏ ဝက်ဝံညိုပုံစံနှင့် ရှိစဉ်  ဒဏ်ရာအရမ်းမနက်ပေ။ ဒါပေမယ့် လက်ရှိ လူသားပုံစံကြောင့် သူ့ဝမ်းဗိုက်တွင် ဒဏ်ရာက ရှည်လျားပြီး နည်းနည်းနက်တဲ့ ကုတ်ရာတစ်ခုနဲ့ ခပ်တိမ်တိမ်    ခြစ်ရာနှစ်ခုသာ ရှိနေသည်။
တိမ်တဲ့ဒဏ်ရာနှစ်ခုက  ဘာမှမဖြစ်ပေမယ့် ခပ်နက်နက် ဒဏ်ရာက အခြေနေ အတော်ဆိုးသည်။ အသား ဟက်တက်ကွဲကာ အထဲက အသားတွေကို မြင်နေရ သည်။ ပြီးတော့  ရှုန်းယယ်က မြစ်ထဲတွင် ဒဏ်ရာကို ရေနှင့် ဆေးခဲ့ခြင်းကြောင့် အသားဟက်တက် ပြဲသည့် နေရာက ဖြူရော်နေသည်။


ကျိုးကျီသည်  ကမ္ဘာပျက်ကပ်ကို ကြုံခဲ့ရပြီးနောက် ဒီလို ပြင်းထန်သည့် ဒဏ်ရာက ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးများ  ရှိကာ  သေချာပေါက် အသက်အန္တာရာယ် ထိခိုက်နိုင် သည်ကို သိခဲ့သည်။ အခုကဖုတ်ကောင်ဗိုင်းရပ်စ်ပိုးများ မကူစက်နိုင်ပေမယ့် သူ့အသက်ကို ထိခိုက်နိုင်သည်။

 "ဒီလောက်ကြီးတဲ့ဒဏ်ရာကို သေးသေးလေးလို့ ပြောနေတာလား။ ငါ ဆေးပင်တွေ ရှာလာတယ်။ မင်း ဒဏ်ရာကို အုံလိုက်"

ကျိုးကျီသည် ရှုန်းယယ်ကို မကျေမနပ်ကြည့်ကာ ကြည့်လိုက်ကာ သူယူလာသော အပင်များကြား မွှေနှောက် ရှာဖွေဟန်ပြကာ ရှုန်းယယ် သတိမထားမိခင်  ကုသရေးစွမ်းအား ပြည့်ဝသည့် အပင်ကို ပေါက်လာစေပြီး ထုတ်ယူကာ ပေးလိုက်သည်။

 
အပင်စွမ်းအားရှင်ဖြစ်လို့ ကျိုးကျီက အပင်တစ်ပင်ကို ထိလိုက်သည်နှင့် ထိုအပင်က ဘယ်လိုအစွမ်းရှိသည်ကို သိသည်။ ပြီးတော့ ဒီဆေးပင်ကို သူ့ကမ္ဘာပေါ်က ဆေးဝါးပညာစာအုပ်များထဲတွင် ပုံများဖြင့်ပြ ထားသည်ကို မြင်ဖူးခဲ့လို့ မျိုးစေ့ကို သိမ်းလာတာ ဖြစ်သည်။

 
"ဒါက စန်းချီပင်ပဲ၊  အဲ့ဒါနဲ့ သွေးတိတ်အောင် လုပ်လို့ရတာကို မင်း ဘယ်လိုသိတာလဲ။   မင်း အမေပြောပြခဲ့တာလား၊ အဲ့ဒီအပင် ငါ့ကိုပေးလိုက်လေ"

ရှုန်းယယ်သည် ကျိုးကျီကို စိတ်ရှုပ်ထွေးစွာကြည့်ကာ ကျိုးကျီလက်ထဲက အပင်ကို တောင်းလိုက်သည်။

 
ကျိုးကျီသည် စန်းချီပင်ကို ရှုန်းယယ် ပါးစပ်ထဲ ထည့်ဝါးပြီး ဝါးဖတ်ဖြင့် အနာပေါ်အုံနေသည်ကို ကြည့်နေသည်။ ဆေးအုံဖတ်ကို ဒဏ်ရာနက်နက်ပေါ် အုံလိုက်တာ သေချာပေါက် နာမှာ ဖြစ်ပေမယ့်  ရှုန်းယယ်က  မျက်နှာတစ်ချက်တောင် မပျက်ပေ။


ရှုန်းယယ်၏ ဆံပင်ရောင်သည် သူ၏ ဝက်ဝံအမွှေးလို  အညိုရင့်ရင့်ဖြစ်ကာ မျက်ဆံက နက်မှောင်ပြီး မျက်ခုံး  ထူထူများရှိသည်။ ရှုန်းယယ်၏  မျက်လုံးက ရွဲလုံးများလို တောက်ပကာ အသားရောင်က  ဂျုံစေ့ရောင်ကဲ့သို့ ကြေးဝါရောင်ဖြစ်သောကြောင့်   ချုံပြောရလျှင် ရှုန်းယယ်က အရမ်းကြည့်ကောင်းသည့် လူငယ်လေးဖြစ်သည်။

 ဝက်ဝံကြီးမျိုးနွယ်စုဝင်များ၏ အမြင်တွင် ရှုန်းယယ်သည် လူပျိုဖြစ်တာ မကြာသေးလို့ သူ့ပုခုံးက လူရွယ်တွေရဲ့ ပခုံးတွေလို အရမ်းမကျယ်၊  ခန္ဓာကိုယ် အရမ်း မတောင့်တင်းဘူးဟု မြင်ကြပေမယ့်  ကျိုးကျီတို့ 21 ရာစု မော်ဒယ်ခေတ်မှလာသော လူရဲ့မျက်စိဖြင့် ကြည့်ရင် ရှုန်းယယ်က ကြွက်သား ကျစ်ကျစ် အရပ်မြင့်မြင့်နဲ့ ရုပ်အရမ်းဖြောင့်သည်ဟု ဆိုနိုင်သည်။

ရှုန်းယယ်က ရုပ်အရမ်းချောတဲ့ အသက် 18 နှစ်အရွယ်  ကောင်လေးတစ်ယောက်ဖြစ်သည်။


ရှုန်းယယ်က  သူ့ဘေးမှာ ရှိနေလို့ ခါတိုင်းလို  စိတ်စွမ်းအင်နှင့် နွယ်ပင်များကို  သူ့အစား အလုပ်လုပ် ခိုင်းဖို့  မဖြစ်နိုင်လို့  ကျိုးကျီမှာ ဓားတစ်ချောင်းကို ကောက်ကိုင်ပြီး အသားများ  လှီးဖြတ်ဖို့ လုပ်လိုက် သည်။ သူ ဘာမှမလုပ်ရသေးခင် ရှုန်းယယ်က ပြောခဲ့သည်။

 "ငါ လှီးပေးမယ်။ မင်း  ဘယ်လို ပုံစံလိုချင်သလဲ ဆိုတာပဲ ပြောလိုက် "

ကျိုးကျီ၏ လက်တွေက  အသားမာလုံးဝမရှိလို့ ခုလို အလုပ်ကြမ်းကို ကျိုးကျီကို ခိုင်းရမည်ကို ရှုန်းယယ် စိတ်မသက်မသာဖြစ်နေသည်။  


ရှုန်းယယ်က ဒဏ်ရာရထားပေမယ့် တက်ကြွလန်းဆန်း နေတာ တွေ့လို့ ကျိုးကျီက   ဓားကိုကမ်းပေး လိုက်သည်။ ငှက်ဆင်ကို အတုံး ကြီးကြီး အချို့၊  အတုံးခပ်သေးသေး တချို့ ခုတ်လိုက်စေသည်။
အသားတုံးသေးတွေကို ရေထဲ ထည့်ပြုတ်ကာ ဟင်းရည်ချက်ပြီး အတုံးကြီးများကို ဆားနယ် လိုက်သည်။ ပြီးတော့ သူခူးလာတဲ့ ဟင်းခတ်အရွက် တချို့နှင့် စိတ်ဖြေပေးနိုင်တဲ့ ဆေးပင်တွေကို နူတ်နူတ်စင်းပြီး အသားတုံးကြီးတွေမှာ နှပ်ထား လိုက်သည်။ ဒီစိတ်ဖြေဆေးပင်နှင့် စွမ်းအားတိုးစေ တဲ့ အပင်တွေက ရှုန်းယယ်ရဲ့ဒဏ်ရာကို မြန်မြန်ပျောက် စေဖို့နဲ့ စွမ်းအားတိုးစေဖို့ အရမ်းအသုံးဝင် သည်။

 
 ကျောက်အိုးတွေက ဟင်းရည် ဆူပွက်ဖို့   အရမ်းနှေးလွန်းပြီး အသားပြုတ်ရည်ဆူလာဖို့  အကြာကြီး စောင့်လိုက်ရသည်။  
ကျိုးကျီက သစ်သားယောက်မလေးတစ်ခုကိုသုံးပြီး ဟင်းရည်ထဲက တက်လာတဲ့အမြုပ်များကို ဖယ်ထုတ်လိုက်သည်။ ပြီးတော့ အသားကင်ဖို့ ပြင်ဆင်ရင်း ဟင်းရည်ကို ဆက်တည်ထားလိုက်သည်။
အသားကင်နေတဲ့အချိန်မှာ ကျိုးကျီက သူ ခူးလာတဲ့   ရိုးတံများပေးကာ ပြောလိုက်သည်။

 "ဒါကို ဝါးနေလိုက်"

"ဘာလို့ ဝါးပဲဝါးရတာလဲ"

ရှုန်းယယ်သည် ကျိုးကျီပေးသော အပင်ရိုးတံကို ထိကြည့်ကာ ထိတို့ကြည့်ကာ နားမလည်ဟန်နဲ့ မေးလိုက်သည်။

 
"ချိုတယ်"

ဒီအပင်က ကြံပင်နှင့် တူပေမယ့် ကြံပင်လောက် မတုတ်ပေ။ ဒါပေမယ့် ဝါးလိုက်ရင် အချိုရည်တွေ ထွက်လာသည်။

  အချိုအရသာက ဝက်ဝံကြီးမျိုးနွယ်စု  အကြိုက်ဆုံးအရသာ ဖြစ်ပေမယ့် တခါတလေမှ သူတို့က ချိုတဲ့ အသီးကို စားလို့ရသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ မတွေ့ခင် ဌက်၊ ဒိုင်နိုဆောတွေက ချိုတဲ့အသီးတွေကိုအရင်တွေ့ပြီး စားသွားလို့ဖြစ်တယ်။

 
ရှုန်းယယ်လည်း အချိုကြိုက်လို့ ချိုတယ်လို့ ကျိုးကျီပြောတာကို ကြားရော တခါတည်း အရိုးတံတချောင်းကို ကောက်ပြီး ပါးစပ်ထဲ ထည့်ကာ ဝါးစားပြီး အမျှင်စများကိုပါ မြိုချလိုက်တော့သည်။

 "ဝါးပြီး အချိုရည်စုပ်ပြီးရင် အမျှင်စတွေကို   ထွေးထုတ်လိုက်"

ကျိုးကျီက သတိပေးလိုက်ပေမယ့် ရှုန်းယယ်က မြိုချပြီးဖြစ်သည်။

 
"အိုး....."

ရှုန်းယယ်က ထိုသို့ပြောလိုက်ပြီး နောက် အရိုးတံ တစ်ချောင်းကို ဝါးကာ အချိုရည်စုပ်ပြီးနောက် အမျှင်များကို သေသေချာချာ ထွေးထုတ်လိုက်သည်။

 "အရမ်းဝါးလို့ ကောင်းတာပဲ။ မင်း ဒါတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"

"ငါလည်း တစ်ခါတစ်လေမှ တွေ့တာ။ အဲ့ဒီအပင်က  ရှားတယ်"

ကျိုးကျီ၏ အဖြေကိုကြားတော့ အချိုကြိုက်တဲ့ ရှုန်းယယ်က နှမြောသွားသည်။

 "ကျိုးကျီ.... မင်း...အများကြီးကို သိနေတာပဲ"

"ငါ့ အမေ သင်ပေးသွားတာ"

ကျိုးကျီက ပါးစပ်ထဲ ရှိတာ လျှောက်ပြောလိုက်သည်။ မူလ ခန္ဓာကိုယ်ပိုင်ရှင်၏  မှတ်ဉာဏ်များကို မမှတ်မိပေမယ့် လူတွေပြောစကားအရ သူ့မှာ  အရမ်းဂရုစိုက်တတ်တဲ့ အမေ တစ်ယောက်ရှိသည်ဟု သိရသည်။
 
ရှုန်းယယ်ကကျိုးကျီ၏စကားကို  သံသယမဖြစ်ပေ။ ကျိုးကျီ၏မိခင်သည် အရမ်းသန်မာပြီး မျိုးနွယ်စု အပြင်ဘက်မှာ   နှစ်နှစ်ခန့် လျှောက်သွားနေခဲ့လို့ အပင်များအကြောင်းကို အတော်များများ သိလာခဲ့တာ ဖြစ်နိုင်သည်။

အဘဘုန်းတော်ကြီးလည်း အပင်များအကြောင်း  သိထားပေမယ့် အကုန်သိတယ်လို့ မဟုတ်ပေ။  ယခင်ဘုန်းတော်ကြီးကည် သူ သိသမျှ အားလုံးကို လက်ရှိ ဘုန်းတော်ကြီးကို သင်ကြားပေးဖို့ အချိန် သိပ်မရှိခဲ့ပေ။


ဒါပေမယ့် ကျိုးကျီ၏ လက်ရှိ ခပ်ကင်းကင်း နေထိုင်ပုံမှာ သိပ်အဆင်မပြေဘူးလို့ ယူဆမိလို့ ရှုန်းယယ်က ကျိုးကျီကိုပြောလိုက်သည်။

 "မင်း   ဒီ အပင်တွေကို စုဆောင်းရေးအဖွဲ့က လူတွေပါ ပြောပြသင့်တယ်။ ဒါဆိုရင် နောင်ကျရင် သူတို့က မင်းကို   ခေါ်ချင်လာကြလိမ့်မယ်  "

ကျိုးကျီကက ပေါင်းသင်းဆက်ဆံရေးညံ့လို့ မျိုးနွယ်စုထဲက လူတွေက သိပ်သဘောမကျပေ။
 
"ငါက စားကောင်းတဲ့ဟာတွေ မင်းကိုပဲ ပေးမှာ"

ကျိုးကျီက ရှုန်းယယ်ကို စိတ်ရင်းအတိုင်း ပြောလိုက် သည်။  တကယ်တော့ သူက ဒီမျိုးနွယ်စုကို သိပ်မခင်တွယ်ပေ။သူနှင့် ဆက်ဆံရတာ သိပ်အဆင် မပြေဟု ခံစားရသည်။ ဒီမှာ နေထိုင်ခွင့်ရလို့ ပတ်ဝန်းကျင်က စားလို့ရတဲ့အပင်တွေကို ပိုမိုပေါက်ရောက်အောင် လုပ်ပေးထားပြီး ကျေးဇူးဆပ်ပေးပြီးပြီပဲ။

  ဒါ့အပြင် သူက ဒီမျိုးနွယ်စုရဲ့ နေထိုင်မှုပုံစံကို ဝင်မစွတ်ဖက်ပဲ အေးအေးဆေးဆေးပဲ နေချင်သည်။ ဒါပေမယ့် ရှုန်းယယ်က သူ့ကိုကယ်တင်ပေးထားလို့ ချွင်းချက်အနေနဲ့ ကြင်နာမှုနဲ့ ပြန်ပေးဆပ်ရမယ် မဟုတ်လား။

 ကျိုးကျီက ဒီစကားတွေကို သဘောရိုးနဲ့ပြောခဲ့ပေမယ့် ရှုန်းယယ်က ဒါကိုကြားတော့ ခဏ တောင့်တင်း သွားခဲ့သည်။ သူတို့မျိုးနွယ်စုမှာ တဖက်လူကို အသားပေးတယ်ဆိုတာ ကိုယ့်ရဲ့စိတ်ဝင်စားမှုကို ပြသခြင်းဖြစ်သည်။

 
သူက ရှီလီကို သဘောကျလို့ ရှီလီကို အသားပေးရတာ ပျော်ခဲ့တာဖြစ်သည်။ ကျိုးကျီက သူ့ကို အသားတွေ အများကြီးပေးခဲ့တဲ့အပြင် စားကောင်းတဲ့အရာတွေကို လည်း မစားပဲ ချန်ထားပေးခဲ့သည်။

 သူက ငါ့ကို ကြိုက်နေတာလား။  


ဒီလိုစဉ်းစားမိတော့  ကျိုးကျီက ဒိုင်နိုဆောအသားက အရသာမရှိလို့  မကြိုက်ဘူးလို့ပြောခဲ့တာ မမှန်လောက်ပေ။ ကျိုးကျီရဲ့အမေ ရှိစဉ်က သူ့သားက  အစားအသောက် အရမ်းစားနိုင်တယ်လို့ပြောပြီး  ဒိုင်နိုဆောအသားပေါင်းစုံကို အမဲလိုက်ကာ    ကျွေးခဲ့သည်ကို ပြန်သတိရလိုက်သည်။ သူမက လိမ်ပြောမည် မဟုတ်ပေ။ ပြီးတော့ ကျိုးကျီက သူ့အမေ မသေခင်က ဂူထဲက သိပ်မထွက်ပေမယ့်   ဂူပေါက်ဝက လူသွားလမ်းကိုတော့ ထွက်လာတတ်ပြီး တခါက ကျိုးကျီအသားစားနေတာကို ရှုန်းယယ် မြင်ခဲ့ဖူးသည်။


ရှုန်းယယ်သည် ကျိုးကျီကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။  ကျိုးကျီကို သူက အသားပေးခဲ့ဖူးပြီး အတူနေဖို့ ခေါ်သည့် သူ့လုပ်ရပ် အပေါ် သူက ကျိုးကျီကို သဘောကျနေသည်ဟု ကျိုးကျီ အထင်လွဲနေမှာကိုလည်း စိုးရိမ်မိသည်။

 အသားပေး၍ အတူနေဖို့ ဖိတ်ခေါ်ခဲ့တာက ကျိုးကျီကို သူ ကိုယ်ချင်းစာခဲ့သောကြောင့် ဖြစ်သည်။ ကျိုးကျီဘက်က ကြည့်ရင် သူက ကျိုးကျီကို စိတ်ဝင်စားနေတယ်လို့ ထင်နိုင်ဖွယ်ရှိသည်။ ရှုန်းယယ် အတွေးလွန်နေစဉ် ဟင်းချက်နေသည့် ကျိုးကျီက   ပြောလိုက်သည်။


  "ရေမရှိတော့ဘူး"


"ငါ ရေသွားခပ်လိုက်မယ်"

ရှုန်းယယ်သည် ကျောက်ပန်းကန်လုံးကို ယူကာ ရေခပ်ဖို့သွားရင်း ဆက်ပြီးစဉ်းစားနေသည်။ သူက  ဂူထဲမှာ တစ်ခါမှ ဟင်းမချက်ဖူးလို့ ရေလည်း ခပ်ကာ သိမ်းမထားခဲ့ပေ။ ခဲ့ဖူးပေ။ ကျောက်ပန်းကန်လုံး တစ်လုံးစာ ရေခပ်ထားရင် လုံလောက်ပေမယ့် အခုတော့ ချက်ပြုတ်စားကြမှာ ဆိုတော့ ရေက ပိုလိုလာပြီ။  
သစ်သားတုံးကို ထွင်းပြီး   ရေပုံးလုပ်ရင် ကောင်းမလား။

ဒါပေမယ့် သစ်သားပုံးက သုံးပါများရင် မှိုတက်လာလို့ အဆင်မပြေပေ။ ရှုန်းယယ်က ရေပုံးလုပ်မယ့် အကြောင်း စဉ်းစားရင်း ရေယူလာပေးခဲ့သည်။


ကျိုးကျီက အသားစွပ်ပြုတ်လုပ်ပြီး အသားဆက်ကင်ဖို့  အကြာကြီး စောင့်ခဲ့ရသည်။  အသားကင်တဲ့နေရာမှာ အသားပေါ်မှာ ဆီကို သုတ်လူးပြီး ပျားရည်ကို  ထပ်တလဲလဲ အပေါ်က သုတ်ပေးရလို့ အချိန်  အတော် ကုန်သွားခဲ့လေသည်။ ဒါပေမယ့် ပျားရည်အသားကင်ရဲ့ အရသာက တကယ့်ကို ပြိုင်စံရှား စားကောင်းလှသည်။

 ငှက်ကုလားအုတ်အသားက ဒီကမ္ဘာကို သူ ရောက်လာပြီး စားခဲ့ရသမျှ အသားတွေထဲမှာ  အရသာအရှိဆုံး အသားဖြစ်သည်။ ကြက်သားထက် နည်းနည်း  မာပေမယ့်  ဒိုင်နိုဆောသားထက် နူးညံ့ပြီး  စားပြီးလျှင် ပါးစပ်ထဲမှာ ဆိုးဝါးတဲ့    အရသာ ကျန်မနေခဲ့ပေ။ ရှုန်းယယ်လည်း သူ့အရှေ့မှာ တင်ပျဉ်ခွေ ထိုင်ပြီး တွင် ပျားရည် အသားကင်ကို အားပါးတရ စားသောက် အားပေးတော့သည်။

ကျိုးကျီလည်း စားကောင်းကောင်းနှင့် စားပစ်လိုက်တာ  သူ သတိမထားမိခင် ငါးကီလိုလောက်ရှိတဲ့ ဌက်ကုလားအုတ်သားကို တထိုင်တည်း စားပစ်လိုက်မိသည်။

ရှုန်းယယ်လည်း ပိန်ပါးသည့် ကျိုးကျီက ဒီလောက် များများစားနိုင်တာ ကြည့်ပြီး အံ့သြသွားခဲ့သည်။
 
ကျိုးကျီက ဒီလောက် စားသောက်နိုင်တယ်တဲ့လား။
ဒါဆိုရင် အရင်ရက်က သူ ဘာမှ သိပ်မစားပဲနေလို့ သူ   အမြဲတမ်း  ဗိုက်ဆာနေခဲ့ရမှာပဲ.....ဟု ရှုန်းယယ်က တွေးလိုက်မိသည်။

(ဝက်ဝံလေး၏အကြင်နာများ >o<)
=========

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now