Chapter (52-1)_ ဆားအသင်းနဲ့လိုက်မယ်....

7.4K 1.3K 7
                                    

Chapter (52-1)_  ဆားအသင်းနဲ့လိုက်မယ်....



ဝက်ဝံကြီး မျိုးနွယ်စုသည် ယခင်က ချင်းစန်းမျိုးနွယ်နှင့် ဆားကို လဲလှယ်ခဲ့ကြပေမယ့် အခု ချင်းစန်းမျိုးနွယ်ကို အခြားမျိုးနွယ်က သိမ်းပိုက်လိုက်ပြီဖြစ်လို့ သူတို့ ဆားလဲလှယ်ဖို့ နောက်ထပ် တစ်နေရာရှာရပေတော့မည်။ ပိုပြီး  ဒုက္ခရောက်မယ်ဆိုရင်တောင် သူတို့ကို ဆားကိုရအောင် လဲရလိမ့်မယ်။

     ဆားက မျိုးနွယ်စုအတွင်းရှိ လူများကို ပိုမို တက်ကြွစေပြီး မျိုးနွယ်စုရှိ လူများကို ဖျားနာမှု နည်းပါးစေကာ အစာကို မလေမလွင့်အောင် လုပ်ပေးနိုင်သည်။ ဒါပေမယ့် အခုတော့ ဝက်ဝံမျိုးနွယ်စုကြီးတွင် ဆားမရှိတော့ပေ။ ဒါကြောင့် ဆားကို အလဲလှယ်လုပ်ပေးမယ့် အခြားမျိုးနွယ်ကို သူတို့ သေချာပေါက် ရှာရတော့မည်။ ချင်းစန်းမျိုးနွယ်ကို သိမ်းပိုက်ထားတဲ့ မျိုးနွယ်နဲ့ ဆားလဲလှယ်လို့ရမယ်ဆိုလည်း  အဆင်ပြေပါတယ်။

ရှုန်းဟော် က သူ့အတွေးကို အားလုံးကို ပြောပြလိုက်သည် ။

ရှုန်းချီ -  "အကြီးအကဲ၊ သူတို့က ကျွန်တော်တို့ မျိုးနွယ်စုထဲက လူတွေကို သတ်ထားတဲ့ကောင်တွေပဲ။ ကျွန်တော်တို့က သူတို့နဲ့ ဆား အလဲအလှယ်လုပ်မှာပဲလား "
ချင်းစန်းမျိုးနွယ်စုကို သိမ်းပိုက်ခဲ့သော မျိုးနွယ်စုမှာ ကျားကြီးမျိုးနွယ်ဖြစ်ပြီး ထိုမျိုးနွယ်၏ အကြီးအကဲရဲ့ သားရဲပုံသဏ္ဍာန်သည် အလွန်အစွမ်းထက်သော ဓားသွားကဲ့သို့ သွားရှည်တွေ ရှိသော ကျား တစ်မျိုးဖြစ်သည်။ .

ထိုအချိန်တွင်၊ ဝက်ဝံကြီး မျိုးနွယ်မှလူများသည် ယခင်က ချင်းစန်းမျိုးနွယ်နဲ့ပဲ ဆားကို လဲလှယ်ခဲ့ကြသည်။ ချင်းစန်းမျိုးနွယ်က လူတွေက ယဉ်ကျေးကြသည်။ ဒါပေမယ့် ရှုံန်းချီတို့က ချင်းစန်းမျိုးနွယ်ထဲမှာ ခုလို အပြောင်းအလဲ ဖြစ်သွားခဲ့တာကို မသိပဲ ယခင်လိုထင်ပြီး သွားရောက်ခဲ့စဉ် ကျားကြီးမျိုးနွယ်စုက လူတွေက ရှုန်းချီတို့ လူအတော်များများကို တိုက်ခိုက်ကာ သတ်ဖြတ်ပစ်ခဲ့သည်။

  ချင်းစန်းမျိုးနွယ်က လူတွေက ရှုန်းချီနဲ့အတော်ကောင်းသော ဆက်ဆံရေးရှိကြသည်။ အခု ချင်းစန်းမျိုးနွယ်တစ်စုလုံးကို သတ်ဖြတ်ခဲ့သည့် ကျားကြီးမျိုးနွယ်နဲ့ ဆားအလဲလှယ်လုပ်သင့်လည်း လုပ်ရမယ်လို့ ရှုန်းဟော်က ပြောလိုက်တော့ ရှုန်းချီက ခုလို မေးလိုက်တာ ဖြစ်သည်။ သူက ဒီစကားကို ကြားတော့ ချက်ချင်း ဒေါသဖြစ်သွားတယ်။

"ကျားကြီးအနွယ်က ချင်းစန်း မျိုးနွယ်ကို သိမ်းပိုက်ထားပြီး ချင်းစန်း မျိုးနွယ်ရဲ့ ဆားလဲလှယ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း သူတို့က ရထားပြီ။ မင်းက ကျားကြီးမျိုးနွယ်နဲ့ ဆားမလဲချင်ရင် ဘယ်မျိုးနွယ်ကို လဲလို့ရဦးမှာလဲ "

ရှုန်းဟော်က ပြောလိုက်သည်။

"ကျွန်တော်တို့   ကျားကြီးမျိုးနွယ်ကို ဖြတ်ကျော်ပြီး ကျားကြီးမျိုးနွယ်ကို ဆားထုတ်ပေးတဲ့လူတွေနဲ့ တိုက်ရိုက် ဆက်သွယ် နိုင်တယ်။  ဒါမှမဟုတ်ရင် ကျွန်တော် တို့အရင်တုန်းက ဆားလဲဖူးတဲ့ ရှောင်ရှီ မျိုးနွယ်ဆီကို သွားလို့ရတယ်"

သူတို့နောက်ဆုံးအကြိမ်တုန်းက ကျားကြီးမျိုးနွယ်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ချင်းစန်းမျိုးနွယ်နဲ့ သိပ်မဝေးတဲ့ နေရာက ရှောင်ရှီ  မျိုးနွယ်စု နဲ့ ဆားလဲခဲ့ကြသည်။

ရှုန်းဟော် - "ကောင်းပြီ။ ဒါဆိုလည်း သူတိုနဲ့ ဆားကို ရနိုင်သလောက် များများလဲခဲ့လိုက် "
    
ရှုန်းချီ - "ဒီတစ်ခါ ဆားအဖွဲ့ကို ကျွန်တော် ဦးဆောင်မယ်၊ သေချာပေါက် ဆားတွေကို ၇အောင် လဲပြီး ပြန်လာမယ် "

ရှုန်းဟော် - "ငါတို့ ဆားနည်းနည်း ပိုလိုနေတယ်၊ တည်ငြိမ်တဲ့ ဆားလဲလှယ်လမ်းကြောင်းတစ်ခုရှိရင် ပိုကောင်းတယ်။"
        
ရှုန်းချီ -   "ပြဿနာမရှိပါဘူး!"  

ရှုန်းဟော် - "ဒီတစ်ခါ ဆားလဲလှယ်ဖို့ ဘယ်သူတွေ လိုက်သွားချင်လဲ"  

ရှုန်းချီနဲ့ ရှုန်းယယ်တို့ဟာ အတူတူ အမဲလိုက်ထွက်ခဲ့ကြပြီး ဒဏ်ရာတွေ ရခဲ့ပေမယ့် အားလုံးက အပေါ်ယံအရေပြားဒဏ်ရာတွေပဲ  ဖြစ်တယ်။ ဒီရက်တွေမှာ သူတို့က ဧရာမ သားရဲကြီး နင်းသတ်သွားခဲ့တဲ့ အသားတွေကို အများကြီး စားပြီး နားခဲ့ရလို့  သူ့ဒဏ်ရာတွေက ပိုကောင်းလာတယ်။ ဆားလဲလှယ်ဖို့ ခရီးထွက်ဖို့က နောက်ထပ်ဆယ်ရက်လောက် လိုသေးတယ်။ ဒါကြောင့် သူက ဆားအသင်းကို ဦးဆောင်နိုင်ပါသေးတယ်။

    သူ့အပြင်... လိုက်ချင်တဲ့သူက ရှုန်းယယ် ဖြစ်တယ်။ ရှုန်းယယ်က ကျိုးကျီကို ဘုန်းတော်ကြီးပေးခဲ့တဲ့ ပန်းကုံးကို လည်ပင်းမှာ ဆွဲထားရင်း မတ်တပ်ထကာ ပြောလိုက်တယ်။


  "ကျွန်တော်လည်း လိုက်ခဲ့မယ်"

ကျိုးကျီရဲက  မျက်နှာအမူယာ ပြောင်းသွားသည်။

ရှုန်းယယ် ၏ဒဏ်ရာသည် ရှုန်းချီ ထက်ပိုမိုပြင်းထန်သည်၊ အထူးသဖြင့်သူ၏ခြေထောက်ကျိုးနေသည်။

ရှုန်းယယ်  သည် ယခုရက်အတွင်း ကောင်းမွန်စွာ ပြန်လည်ကောင်းမွန်လာသော်လည်း နောက်ဆယ်ရက်အတွင်း သူ၏ဒဏ်ရာမှာ လုံးဝ အရှင်း ပျောက်ဦးမည် မဟုတ်ပေ။
 
Zhou Ji ၏မျက်နှာသည် ပြောင်းလဲသွားရတဲ့ အဓိက အကြောင်းရင်းက  ဆားအဖွဲ့သည် အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။    ယခုအချိန်တွင် ကျိုးကျီသည် ရှုန်းယယ်ကို သူက စိတ်လွတ်ပြီး နာကျင်စေမိတဲ့အတွက်   အနည်းငယ် စိတ်မကောင်းဖြစ်မိပါသည်။

ရှုန်းယယ် လိုမျိုး အပြုသဘောဆောင်တဲ့လူ အနည်းစုရှိကြတယ်။ ရှုန်းယယ် က ဆားအသင်းထဲ လိုက်မယ်လို့ ပြောပြီးနောက် လူအတော်များများက ဆားအသင်းနဲ့လိုက်ဖို့ ပြောခဲ့ကြတယ်။ အဲ့လူတွေက အရင်ကလည်း ဆားအသင်းနဲ့လိုက်ဖူးသူတွေဖြစ်တယ်။    သူတို့ထဲက တစ်ယောက်က နျိုအာက ပြောတာဖြစ်တယ်။
 

ရှုန်းဟော် : "ဒါဆို ဘုန်းကြီးနဲ့ ဆွေးနွေးပြီးရင် ငါ လူနည်းနည်းကို ရွေးမယ်"

မျိုးနွယ်စုအစည်းအဝေးက ဒီမှာပဲ ပြီးသွားတယ်။ အဆုံးမှာတော့ ရှုန်းချီက ရှုန်းယယ် ကို လာတွေ့ပြီး ပြောခဲ့တယ်။

  " ရှုန်းယယ်  မင်း တကယ်သွားချင်တာလား။ အခုချိန်က အရင်လို ဆားသွားလဲတာနဲ့ မတူတော့ဘူးနော်  ."

       ဆားအသင်းက အရင်တုန်းက သွားရောက်လဲလှယ်နေကျ မျိုးနွယ်စုနဲ့ ဆက်သွယ်ရတာ လမ်းခရီးမှာ  အန္တရာယ်ရှိရင်တောင် အန္တရာယ်က ကြီးကြီးမားမားမဟုတ်ပေမယ့် ဒီတစ်ကြိမ်ကတော့ မတူတော့ဘူး။ ဒီအချိန်မှာ လမ်းမှာ သူတို့ရင်ဆိုင်ရမယ့် အခြေနေကို ဘာမှ မသိနိုင်သလို   သူတို့ရောက်လာတဲ့အခါ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ရှုန်းယယ် - "အဲဒါကြောင့် ကျွန်တော် ပိုသွားသင့်တယ်။ ကျွန်တော်က မကြာသေးခင်ကမှ ပိုသန်မာလာတာကို တွေ့ခဲ့တယ်။ ကျွန်တော်ရှိနေရင် အားလုံးက ပိုလုံခြုံလိမ့်မယ်"

      အရင်ကတည်းက ရှုန်းယယ်က ဆားအသင်းနဲ့လိုက်ချင်တာဖြစ်ပေမယ့် ရှီလီနဲ့ မိတ်ဖက်ပွဲလုပ်ဖို့ရှိသေးလို့ မလိုက်ပဲ နေရစ်ခဲ့ရတာဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သူ့မှာ ဘာမှလုပ်စရာမရှိပေ ။ သူက ဒဏ်ရာ ရထားပေမယ့်  ဆယ်ရက်လောက်ကြာရင်တော့ သက်သာလာလိမ့်မယ်။

   ဆားက သူတို့ မျိုးနွယ်စုတစ်ခုလုံး၏ အသက်နှင့်သက်ဆိုင်ပြီး သေရေးရှင်ရေး ကိစ္စဖြစ်သည်။ ရှုန်းယယ် က သူ ဒီလှုပ်ရှားမှုမှာ   ပါဝင်သင့်တယ်လို့ ထင်ပါတယ်။    
အန္တရာယ်ကတော့ ... သူ နေ့စဉ်  အမဲလိုက်ဖို့ အပြင်ထွက်လေ့ရှိပြီး အန္တရာယ်မဖြစ်ဘဲ  ခရီးဆိုတာ မရှိဘူး။
 
ရှုန်းချီက ရှုန်းယယ် ရဲ့ စကားကိုကြားတော့ အံ့သြသွားတယ်။

"မင်း သန်မာလာပြီလား? ရှုန်းယယ် မင်းက အရမ်းအစွမ်းထက်ပြီး ပိုတောင်သန်မာလာတယ်၊ ဒါဆို မင်းသွားလိုက်ခဲ့ပါ။ မင်းက မျိုးနွယ်စုထဲမှာ အသန်မာဆုံးလူ ဖြစ်ဖို့ ဘယ်လောက်မှတောင် ကြာမှာ မဟုတ်ဘူး  "

ရှုန်းယယ် က ကူကယ်ရာမဲ့လို ခံစားလိုက်ရတယ်။ ရှုန်းချီက ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် သူ့ကို ချီးမွမ်းဖြစ်အောင် ချီးမွမ်းလိုက်သေးတယ်။

 
      ရှုန်းချီဆီက ချီးကျူးစကားကို သူ ပထမဆုံးကြားလိုက်ရတဲ့ အချိန်မှာတော့ အနည်းငယ် ရှက်ရွံ့ပြီး စိတ်လှုပ်ရှားနေခဲ့တယ်။ အခုကြားလိုက်ရတော့ နည်းနည်းရှက်သွားတယ်။

" ရှုန်းယယ် .....ပြန်လာတော့"

ကျိုးကျီက ခေါ်လိုက်တယ်။
 

   "ကောင်းပြီ။"
ရှုန်းယယ် က ပြန်ဖြေပြီး ကျိုးကျီ နောက်ကို လိုက်လာခဲ့တယ်။ ကျိုးကျီက သူ့ကို ပြုံးတောင်မပြလို့ ကျိုးကျီ က သူ ဆားအသင်းနဲ့လိုက်သွားမယ်ဆိုတာ သိလို့ မပျော်ဘူးဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့် သူက ဆားအသင်းနဲ့လိုက်သွားမှဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ မျိုးနွယ်စုထဲမှာ ဆားမရှိလို့ မဖြစ်ဘူး။
 
မျိုးနွယ်စုမှာ ဆားမရှိရင် အစာကို သိုလှောင်ဖို့ ဘယ်လိုမှ လုပ်လို့မရဘူး။ အစားအစာ မသိုလှောင်နိုင်ရင် လာမယ့် ဆောင်းရာသီကို ဘယ်လို ဖြတ်သန်းနိုင်မှာလဲ။ ဆောင်းရာသီအတွက် အစားစာတွေမရှိရင် သူတို့မျိုးနွယ်စုထဲက အားနည်းတဲ့သူတွေ အရင်သေကုန်လိမ့်မယ်။ ဖယ်ရှားပစ်ခံရလိမ့်မယ်။ ဒီလိုဖြစ်မှာကို ရှုန်းယယ် ကြောက်နေသည်။ တချိန်တုန်းက ဒီလိုဖြစ်ရပ်မျိုး ဝက်ဝံကြီးမျိုးနွယ်စုထဲမှာ ဖြစ်ပျက်ခဲ့သည်။ အခုလည်း ဒီလို လူနည်းစု အားနည်းသူတွေ ဖယ်ရှားခံရမည်ကို ရှုန်းယယ် မမြင်ရက်ပေ။

ပြောရရင် ကျိုးကျီက အားနည်းတယ်။ ကျိုးကျီက သူ ဆားအသင်းနဲ့လိုက်မှာကို စိတ်ပူတယ်ဆိုတာ သိပေမယ့် ဒါ က သူလုပ်ရမယ့် တာဝန်ပဲ မဟုတ်လား။

 ဂူထဲသို့ရောက်သောအခါ ရှုန်းယယ်  က ကျိုးကျီကို ပြောလိုက်တယ်။
 
"စိတ်မပူပါနဲ့ ငါနေကောင်းပါတယ်။  ငါ တကယ် ကောင်းနေပါပြီ..."

"မကြာသေးခင်က မင်း မတော်တဆဖြစ်ပြီး သေလုမျောပါး ဖြစ်ခဲ့တယ်"
ကျိုးကျီက ပြောသည်။

  "ဒါဟာ မတော်တဆမှုတစ်ခုပါပဲ... ဆားအသင်းထဲမှာလည်း အခြားု လူတွေအများကြီးပါမှာပဲ။ ဒီခရီးမှာ   ငါအဆင်ပြေမှာပါ"

ရှုန်းယယ် က ခိုင်မာစွာ ပြောကြားခဲ့သည်။

"မင်းသွားရမှ ဖြစ်မှာလား?" ကျိုးကျီ က ထပ်မေးတယ်။

    "ငါ သွားမှာ" ရှုန်းယယ် ရဲ့ အဖြေက  အရမ်းသေချာတယ်။

      ရှုန်းယယ် ရဲ့ ပုံစံကို ကြည့်ပြီး သူ သေချာပေါက် သွားဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ ကျိုးကျီ သိလိုက်တယ်။ သူက ဘာစကားမှ မပြောတော့ပဲ အိုးတစ်လုံးနဲ့ ရေကို ဆူအောင်တည်လိုက်တယ်။
 
ကျိုးကျီက စကားမပြောတော့ပဲ ရေကို တည်နေတာကိုမြင်တော့ ရှုန်းယယ်က သူ အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောခဲ့တယ်။

  "တကယ်တော့ နေရာတိုင်းမှာ မတော်တဆမှုတွေရှိနေတာပဲ။ ငါ ဆားသွားလဲပြီးရင် မင်းအတွက်   ဆားအများကြီးပြန်ယူရမှာပေါ့... မင်းမှာ တစ်ခုခု လိုချင်တာရှိလား???

ကျိုးကျီက စကားပြန်မပြောပဲ ရေဆူလာတော့ အိုးထဲကို ဂျင်ဆင်းမြစ်တွေကို တိတ်တဆိတ်ဖြတ်ပြီးထည့်လိုက်တယ်။ ပြီးတော့ အရင်ရက်က သူ တောထဲက တွေ့ခဲ့တဲ့ ဆေးပင်တွေကို အိုးထဲပစ်ထည့်လိုက်တယ်။

ရှုန်းယယ်က  တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ်။

အိုးထဲတွင် မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးတွေ ထွက်နေပြီး ကျိုးကျီက   ရေဇလုံကြီး တစ်ခုပြုလုပ်ရန် အသီးအနှံမျိုးစုံကို ထုချေထည့်လိုက်ပြီး   ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်တယ်။ ပြီးတော့လက်ကိုင်ဇွန်းရှည်တစ်ချောင်းကို ပန်းကန်မှာ တပ်ပေးပြီး ရှုန်းယယ် ကို ေ ပးလိုက်ကာ ပြောလိုက်သည်။

  "မင်း သွားချင်ရင်၊ မင်းဒဏ်ရာတွေ ကုစားဖို့ ဆေးသောက်ရမယ်!"


**************-*************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now