Chapter ( 149 ) _ လက်ဆောင်ပေးခြင်း

5.3K 1K 22
                                    


Chapter ( 149 ) _ လက်ဆောင်ပေးခြင်း



မြေကြီးပေါ်ကို နှစ်ကြိမ်တောင် ပြုတ်ကျခံလိုက်ရလို့ ရှီလီရဲ့အမြူတေထဲက စွမ်းအင်တွေ   မတည်မငြိမ်ဖြစ်ပြီး သူရဲ့ အမြူတေ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကို ခံစားရလိုက်သည်။

မှန်ကန်တဲ့ ကျင့်ကြံနည်းကို ဆက်လုပ်ရင် ဒီအက်ကွဲမှုကို ပြန်ကောင်းအောင် လုပ်နိုင်ပေမယ့် သားရဲနတ်ဘုရားကျောင်းတော်ကို ရောက်ပြီး အလုပ်ရှုပ်နေလို့ သူက ကျင့်ကြံချိန်မရလိုက်ဘူး။


သူ ပထမဆုံး ပြန်လည်မွေးဖွားလာချိန်မှာတော့ ဝက်ဝံကြီး မျိုးနွယ်  မှာ တိုက်ပွဲမှာ ရှုံးပြီး မျက်နှာပျက်ခဲ့ရတယ်။ နောက်ပိုင်း သူက ဆင်မျိုးနွယ်ကို ရောက်တော့လည်း သူများတွေ ကဲ့ရဲ့ အထင်သေးတာ ခံခဲ့ရပြီးနောက် သားရဲဘုရင်အဖြစ်ကို ရောက်ခဲ့တယ်။ ဒါပေမယ့် အခုထိ သူက မားမားမတ်မတ် ရပ်နိုင်တဲ့ အဆင့်ထိ မရောက်နိုင်သေးဘူးလို့ ခံစားလိုက်ရတယ်။
 
အခုတော့ သူရဲ့ ဂုဏ်သိက္ခာက မြေကြီးပေါ် နင်းချေခံလိုက်ရပြီ။
 
ရှီလီက ရှုန်းယယ်ကို တိုက်ခိုက်လိုက်ချင်ပေမယ့် တိုက်ရင်လည်း သူ မနိုင်လောက်ဘူးဆိုတာ သိလိုက်တယ်။ တကယ်လို့ သူတိုက်ခိုက်ခဲ့ရင် သူ့ အမြူတေက ကွဲအက်သွားရင် သူက ရှန့်ထျန်းလို အဖြစ်ဆိုးကို ရင်ဆိုင်ရလိမ့်မယ်။
 ရှီလီက ငယ်ငယ်တုန်းကတော့ အရမ်း စိတ်ဆတ်ပြီး အနှိမ်ခံရရင် ပြန်တိုက်တတ်ပေမယ့် အသက်ကြီးလာလေလေ ရန်လိုမှုနည်းလာပြီး အသက်ဆက်ရှင်ချင်စိတ်ပဲ ပိုတိုးလာတယ်။ ဒါကြောင့် သူက တိုက်ခိုက်ဖို့ထက်   သူ့အသက်ကို ထိန်းသိမ်းဖို့ပဲ အလေးပေးလာသည်။

"ရှုန်းယယ် အရင်က မင်းရဲ့အကူအညီကို ငါရခဲ့လို့ အမြဲ စိတ်ထဲ ထားခဲ့တယ်။ ဒါကြောင့် မင်း ဘယ်လောက် တိုက်တိုက်.. ငါက မင်းကို ပြန်တိုက်မှာ မဟုတ်ဘူး "

ရှီလီက လူကြားကောင်းအောင် ထိုစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

ရှုန်းယယ်က မထီမဲ့မြင်နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။

 "တကယ်လို့ မင်းက ငါ့ကို ကျေးဇူးတင်တယ်ဆိုရင် မင်းဟာ သားရဲဘုရင်ဖြစ်လာ တာတောင် ဒီလောက်ကြာကြာ  မျိုးနွယ်ထဲကို ဘာကြောင့် မပြန်လာသေးတာလဲ"

ရှီလီသည် ခေတ္တ စကားမပြောအောင် ဖြစ်သွားသည်။ သူ့ ဘေးက လူအားလုံးဆီက   သူ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရလို့ သူ့မျက်နှာက ပူလောင်နာကျင်လာသလို ခံစားလိုက်ရပြီး အက်ကွဲနေတဲ့ မြေကြီးထဲမှာ   ပုန်းနေချင်စိတ်ပေါက်သွားတယ်။

"မင်း တိုက်မှာလား မတိုက်ဘူးလား" ရှုန်းယယ် သူ့ကိုယ်နဲ့ ဖိကာ မေးလိုက်သည်။

ရှီလီ-  "အရင်က ငါ အမှား လုပ်ခဲ့မိပါတယ်။ ငါ မင်းကို ဒီတစ်ခါ တိုက်ခိုက်မှာ မဟုတ်ဘူး"

  ခြင်္သေ့ကြီးက ဒီစကားပြောပြီး ထိုနေရာကနေ ကဆုန်ပေါက်ပြီး ပြေးထွက်သွားခဲ့တယ်။
 
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ   ရှီလီကို အရင်က အထင်ကြီးသူတွေတောင် အထင်သေးစိတ်ဝင်လာသည်။   ရဲရင့်သူအချို့က စိတ်ထဲရှိတာကို ထုတ်ပြောလိုက်ကြသည်။

 "ရှီလီက ငယ်ငယ်လေးနဲ့ သားရဲဘုရင်ဖြစ်ခဲ့တယ်၊ အရင်က သူ့ကို ငါ အရမ်းလေးစားခဲ့သေးတယ်။ သူ ဒီလိုလူမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."

"သူ့စကားက ကြည်နူးစရာ ကောင်းပေမယ့် အဆုံးမှာတော့ သူ မတိုက်ဝံ့ဘူးဆိုတာ ထင်ရှားနေတာပဲ မဟုတ်လား"

"ခြင်္သေ့သားရဲဘုရင် ဒီလောက်အားနည်းလိမ့်မယ်လို့ မထင်ထားမိဘူး!"

......

တခြားတစ်ယောက်ယောက်က ရှုန်းယယ်အကြောင်းကိုပြောလာခဲ့တယ်။

"အဲဒီဝက်ဝံဘုရင်ရဲ့ တိရစ္ဆာန်ပုံစံက အရမ်းအစွမ်းထက်တယ်"

"ဝက်ဝံသားရဲဘုရင် က သူ့အိမ်ထောင်ဖက်အပေါ် တကယ်ကောင်းတယ်။"

"စိတ်လှုပ်ရှားစရာတွေကို ကြည့်ဖို့ ဝက်ဝံကြီး မျိုးနွယ်ဆီကို ကျွန်တော်သွားတုန်းက ဝက်ဝံသားရဲဘုရင်က သူ့လူတွေနဲ့ အတူနေထိုင်စားသောက်ပြီး သူတို့ အလုပ်တွေ ကိုတောင် ကူညီပေးခဲ့တာကို ကျွန်တော်တွေ့ခဲ့လိုက်ရတယ်။ သူက  လုံးဝ အောက်ခြေမလွတ်ဘူး။"

"ကျွန်တော်လည်း မြင်တယ်။ ဒီမနက် ငါးမျှားတောင် ထွက်ခဲ့သေးတယ်!"

......

ဘေးက ဝိုင်းကြည့်နေတဲ့ သာမန်လူတွေက ရှုန်းယယ်အပေါ်ကို အမြင်ကောင်းသွား ရုံသာမက စိတ်လှုပ်ရှားစွာ လာကြည့်နေတဲ့ သားရဲဘုရင်တွေလည်း ရှုန်းယယ်အပေါ် အမြင်ကောင်းသွားခဲ့သည်။


ဒီလိုဖြစ်ရတာရဲ့ ပထမ အချက်က ကြံ့သားရဲဘုရင်က ရှုန်းယယ်ပေါ် အကောင်းမြင်နေလို့ဖြစ်တယ်။ ပြီးတော့ ရှီလီက ဆန့်ကျင်ဘက်တွေ လုပ်နေလို့ဆိုတာ ထင်ရှားနေတယ် မဟုတ်လား။

ရှီလီကိုမြင်ပြီး ရှုန်းယယ်က အရမ်းကောင်းတယ်ဆိုတာ ဘယ်သူမဆို ခံစားမိမှာပဲ။

 ရှန်ယွဲ့တောင်မှ ရှုန်းယယ်က ရှီလီ ထက် ပိုကောင်းတယ်လို့ ခံစားမိတယ်။  ရှီလီ နဲ့ အတူရှိခဲ့ဖူးတာကိုတောင် သူမ နောင်တ ရလာတယ်... သူတို့နှစ်ယောက်လုံးက သားရဲဘုရင်  တွေဖြစ်ပေမယ့် ရှုန်းယယ်က ရှီလီ ထက် အများကြီးသာ လွန်နေတယ်။

ထို့အပြင် သူမက ရှီလီလို ငကြောက်ကို ဂရုတစိုက် မြှောက်ပင့်ပေးနေရပြီး  သူ့စိတ်ကျေနပ်အောင် အမျိုးမျိုး ပြုလုပ်ပေးနေရတယ်။ သူ့အိမ်ထောင်ဖက်အပေါ် အထူးကောင်းမွန်တဲ့ ရှုန်းယယ်ကတော့  မတူဘူး။

 ရှန်ယွဲ့က ဒီလိုတွေးမိပြီး ကြည့်လိုက်စဉ် ရှုန်းယယ်သည် ကျိုးကျီဘက်သို့ ကူးသွားသည်ကို မြင်လိုက်ရသည်။

ကျိုးကျီအနားသို့ ဝက်ဝံအညိုရောင် ရောက်ရှိလာပြီးနောက် တဖက်သို့ အမြန်ပြန်လှည့်လာပြီး လူအဖြစ်ကို ပြောင်းကာ ကျိုးကျီပေးသော အဝတ်ကို ကောက်ပတ်လိုက်သည်။
  "ကျိုးကျီ... ရှီလီက စောစောကပြောခဲ့တာတွေအတွက် စိတ်မဆိုးနဲ့တော့နော်။"

"ငါ စိတ်မဆိုးပါဘူး။" ကျိုးကျီက ပြုံးပြီး ပြောလိုက်တယ်။  

ရှုန်းယယ်- "ဒီည ဘာစားချင်လဲ။ မင်းအတွက် ငါ သွားဖမ်းလိုက်မယ်။"

"ဘာမှ ဖမ်းစရာမလိုပါဘူး... မင်းကိုတွေ့ဖို့ တစ်ယောက်ယောက်ရှိနေတယ်"
ကျိုးကျီက ရှုန်းယယ်ဆီကို ဦးတည်းလာနေတဲ့လူတွေကို ကြည့်ဖို့ လက်ပြ လိုက်တယ်။

ထိုလူက ရှန်ယွဲ့ပါ။ ရှုန်းယယ်ကိုတွေ့တော့ ရှန်ယွဲ့က နူတ်ဆက်လိုက်သည်။

 "ဟယ်လို ဝက်ဝံ သားရဲဘုရင် "

"ဟယ်လို။" ရှုန်းယယ်က ပြန်ဖြေလိုက်တယ်။  

"မင်းလည်း သားရဲဘုရင် ဖြစ်လိမ့်မယ်လို့ ငါတို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ငါတို့ မင်းကို အရင်က လျစ်လျူရှုထားခဲ့မိတာကို တောင်းပန်ပါတယ်။"

ရှန်ယွဲ့က ပြောလိုက်သည်။ ရှီလီက သူမကို သေတဲ့အထိ ထိခိုက်စေတယ်လို့ သူမ ခံစားရတယ်။

ရှီလီသည် ဝက်ဝံကြီးမျိုးနွယ်က ဘယ်လောက်ဆင်းရဲနိမ့်ကျတယ်ဆိုတာပဲ ပြောပြခဲ့ပြီး    သားရဲဘုရင်ကို စော်ကားလုနီးပါး အခြေနေကို တွန်းပို့ခဲ့သည်။  ကံကောင်းထောက်မစွာနဲ့ သူတို့ ဘာမှ မလုပ်ရသေးဘဲ အခြေအနေကို ပြန်ပြင်ဖို့ အချိန်ရှိသေးတယ်။

"ဘာမှ မဖြစ်ပါဘူး။"
 ရှုန်းယယ်က ပြန်ဖြေတယ်။ ရှန်ယွဲ့တို့က သူ့ကို ဂရုစိုက်စိုက်၊ မစိုက်စိုက် သူ ဘာမှ မခံစားခဲ့ရဘူး။ သူတို့က ပတ်သတ်မှု ရှိတဲ့လူတွေမှ မဟုတ်ပေပဲ။

"ရှင်က သားရဲဘုရင်ပါ။   ကျွန်မတို့ကို ဘာလို့ မပြောခဲ့တာလဲ? သားရဲနတ် ဘုရားကျောင်းတော် က  သားရဲဘုရင် တစ်ပါးစီအတွက် အကျိုးကျေးဇူး အများကြီးကို ပေးအပ်လေ့ရှိပါတယ်..."  

"မလိုအပ်ပါဘူး။ သားရဲ နတ်ဘုရား ပူဇော်ပွဲမှာ ပါဝင်ပြီးရင် ငါတို့က တောရိုင်းမြေကို ပြန်တော့မယ်  "

ရှုန်းယယ်က ပြောလိုက်သဖြင့် သူတို့ပတ်ဝန်းကျင်ရှိလူတိုင်း အံ့အားသင့်သွားကြသည်။

ဒီဝက်ဝံကြီးသည် တောရိုင်းမြေက လာခဲ့တာ လူတိုင်းသိပေမယ့်   ဒီအနွယ်က ဘယ်လောက် ချမ်းသာသည်ကိုတွေ့မြင်ပြီးနောက် ဒီမျိုးနွယ်စုသည် သားရဲလူသား ကုန်းမြေတွင်နေရန် ရွေးချယ်မည်ဟု အားလုံးက ထင်ခဲ့ကြသည်။ ရလဒ်အနေနဲ့ အခုသူတို့ တောရိုင်းမြေထဲ ပြန်သွားချင်နေကြပြီလား။

အဲလိုလူတွေ တကယ်ရှိသေးတာလား။  

ရှန်ယွဲ့ပင်လျှင် အနည်းငယ် စိတ်ရှုပ်သွားသည်။ ရှီလီက  ယခင်က တောရိုင်းမြေကို အရမ်း ရွံရှာခဲ့ဖူးသည်...

သို့သော် ရှန်ယွဲ့နားမလည်သော်လည်း ရှုန်းယယ်က သူတို့နှင့်အတူ အရင်းအမြစ်များကို လုယူမည်ကို စိုးရိမ်နေသော သားရဲဘုရင်များစွာက ထိုစကားကို ကြားတော့ စိတ်သက်သာရာရသွားကာ ရှုန်းယယ်ကို  ကြည့်သည့် အကြည့်များက ပို၍ ကြင်နာလာကာ ဝိုင်းပြောလိုက်ကြသည်။

 "ဝက်ဝံသားရဲဘုရင်က တကယ့်ကို ကျော်ကြားမှုနဲ့ စည်းစိမ်ကို  မလိုချင်ဘူး။ သူက တကယ့်ကို ကြည်ညိုစရာကောင်းလှပါပေတယ်"  

 ဒီသားရဲဘုရင်များအားလုံး ရှုန်းယယ်နှင့် စကားပြောရန် ရောက်လာကြပြီး ရှန်ယွဲ့မှာ စကားပြောခွင့် မရှိတော့ပေ။ ဒါပေမယ့် ရှုန်းယယ်ကလည်း ဒီလူတွေကိုအေးဆေးစွာ ပြန်ပြောလိုက်သည်။

 "ငါ ဘာမှ မထူးခြားပါဘူး..."

ရှုန်းယယ်သည် ဒီ ပေါင်းသင်း ဆက်ဆံရေးမှာ သိပ်မကောင်းဘူးဆိုတာ သိသာတယ်။ ဒါကြောင့် ကြံ့ သားရဲဘုရင် က ရှုန်းယယ်ကို အကျပ်တည်းထဲက ဝင်ကယ်လိုက်သည်။

"ဈေးကိုပြန်ကြရအောင်။ ပြောချင်တာက ဟိုမှာ ပြောလို့ရတယ်။"  

ကြံ့ သားရဲဘုရင် ကပြောပြီးကတည်းက အားလုံးအတူတူ ဈေးပြန်သွားကြတယ်။

နံနက်ခင်းတွင် ဝက်ဝံကြီး မျိုးနွယ်စုမှ လူများ ဈေးသို့ ထွက်သွားသောအခါ အနီးနားရှိ လူများက စည်ကားသိုက်မြိုက်စွာ ခပ်ပေါ့ပေါ့ ကြည့်နေကြသည် ။ သို့သော် ယခုတော့ သူတို့အားလုံးက သူတို့ကို လေးလေးနက်နက် ကြည့်နေကြသည်။

ဒီဝက်ဝံကြီးမျိုးနွယ်မှာ သားရဲဘုရင်ရှိနေတယ်။  သူတို့က တကယ်ကို အံ့သြစရာ ကောင်းလှတယ်။ သူတို့က ခြင်္သေ့သားရဲဘုရင်ကို နှင်ထုတ်ဖို့ ဆန္ဒရှိနေတာ အံ့သြစရာမဟုတ်ဘူး။ သူတို့မှာ မြေအိုးတွေ အများကြီးရှိလို့ အရောင်းအဝယ်လုပ်ဖို့ မယူခဲ့တာ အံ့သြစရာ မဟုတ်ဘူး။

မူလက ဝက်ဝံကြီး မျိုးနွယ်  ကို ဒုက္ခပေးလိုသူ အချို့သည် သူတို့ တုန့်ဆိုင်း နေတာ  ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ ခြင်္သေ့သားရဲ ဘုရင်ခိုင်းတာ မလုပ်ခင် သူတို့နှင့် ပြဿနာတက်ခဲ့သည်...  

ယခုအချိန်တွင် ရှုန်းယယ်သည် သားရဲဘုရင်ဖြစ်သည်ဟူသောအချက်ကို ဈေးကွက်တစ်ခုလုံးက ပြောဆိုနေကြပြီး ကြံ့သားရဲဘုရင် အပြင် နောက်ထပ် သားရဲဘုရင် တစ်ယောက်ရှိနေသည့်  ဆွေးနွေးစရာအကြောင်းအရာ မဟုတ်တော့သည့် အထိဖြစ်သည်။   အခြားသူများက အခြားအကြောင်းအရာသို့  ဆက်ပြောနေကြသည်။

"ကြံ့သားရဲဘုရင်ရဲ့သားတော်က အခြားဆွေမျိုးတွေကို အသိအမှတ်ပြု ခဲ့ရုံပဲ မဟုတ်ဘူးလား "  

ဝက်ဝံသားရဲဘုရင် နှင့် ခြင်္သေ့သားရဲဘုရင်တို့ကြား ပြိုင်ဆိုင်တဲ့အကြောင်းက စကားဝိုင်းရဲ့ အထူးခြားဆုံး အကြောင်းအရာဖြစ်နေခဲ့သည်။

လူတွေအကုန်လုံး အချင်းချင်း စကားပြောနေကြချိန်မှာ ကျိုးကျီနဲ့ တခြားသူတွေက သူတို့နေထိုင်ရာကို ပြန်သွားကြပြီ။ သူတို့ပြန်လာတာနဲ့ ကျိုးကျီက တစ်ယောက်ယောက်ကို မီးညှိခိုင်းပြီး ပဲပိစပ်လှော်စားဖို့ စိတ်ကူးထားတယ်။

ငယ်ငယ်တုန်းက သူ့အဖွားက ပဲပိစပ်လှော်ကျွေးခဲ့တယ်။ ဟုတ်တာပေါ့... သူ့ကို အများကြီးစားခွင့်မပေးခဲ့ဘူးပေါ့... သူက ပဲပိစပ်လှော်နည်းကို မသိပေမယ့် စမ်းကြည့် လို့ရတယ်လေ။ ပဲပိစပ်လှော်တာနဲ့ နှိုင်းယှဉ်ကြည့်လျှင်... သူသည် ပဲငံပြာရည်ကို ဘယ်လိုလုပ် လုပ်ရမလဲဆိုတာ လုံးဝမသိခဲ့ဘူး။

မီး အဆင်သင့်ဖြစ်ပြီးနောက် ကျိုးကျီက လောလောလတ်လတ် ရေဆေးထားထဲ့  ပဲပိစပ်များကို အိုးတစ်လုံးထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။

သူ့အဖွားက ပဲပိစပ်ကြော်တုန်းက ဆီမထည့်ခဲ့တာကို သူ သတိရတယ်။ အဲဒီအစား ဆားအနည်းငယ်ကို ရေထဲမှာ အရည်ဖျော်ပြီး ပဲပိစပ်အချို့ကို ရေထဲထည့် လိုက်တယ်။ အိုးထဲတွင် ပဲပိစပ်များကို ကိုယ်တိုင် လှော်ပြီးသောအခါ ပဲပုပ်လှော်ရဲ့ မွှေးကြိုင်တဲ့ အနံ့တွေ ထွက်လာသည်။ ကျိုးကျီသည် ဆားရေ အနည်းငယ် ထည့်ကာ ဆက်လက်မွှေပေးနေပြီး  ရေလုံးဝခန်းခြောက်သွားသောအခါ ပဲပိစပ်လှော်က စားဖို့ အဆင်သင့်ဖြစ်လိမ့်မည်။

တယောက်ပြီး တယောက် စားကြည့်ကာ စားရတာ အရမ်းအရသာရှိပြီး သရေစာ အဖြစ်လည်း စားလို့ကောင်းတယ်လို့ ပြောနေကြသည်။  

ဒါပေါ့... ကလေးတွေက ဗိုက်ပွလွယ်တာကြောင့် အစာကို အများကြီး မစားနိုင်ကြဘူး။ တချို့ကလေးတွေက နဂိုကတည်းက ကိုယ်ခံအားမကောင်းလို့   အလွန်အကျွံစားရင် အစာမခြေနိုင်ပဲ  သေသွားလိမ့်မယ်။

ရှုန်းယယ်သည် သားရဲဘုရင်  နှင့် ကျိုးကျီပဲပိစပ်လှော်နေစဉ်။

ရှုန်းယယ်သည် အမှန်တကယ် ထက်မြက်သော်လည်း သူက အရင်တုန်းက ဝက်ဝံကြီး မျိုးနွယ်  တွင် အမြဲနေထိုင်ခဲ့ပြီး လူအနည်းငယ်နဲ့သာ ထိတွေ့နိုင်လို့ စကားလည်း သိပ်မပြောတတ်ပေ။

ပြီးတော့ အပြင်က လူစိမ်းတွေနဲ့ စကားပြောတဲ့အချိန် သူ မပြောပဲ ချန်ထားတဲ့ စကားတွေလည်း  ရှိနေတယ်။ ဥပမာ ကျိုးကျီက သားရဲနတ်ဘုရား တမန်တော်ဖြစ်တယ်ဆိုတာပဲ။
ကျိုးကျီက နည်းနည်းပဲ ရှုန်းယယ်ကို သင်ပေးခဲ့နိုင်ပေမယ့်  ရှုန်းယယ်က အရမ်းဉာဏ်ကောင်းတယ်။ ကျိုးကျီ မသိခဲ့တာက ရှုန်းယယ်က အဲဒီအကြောင်း မပြောရတဲ့ အကြောင်းပြချက် ရှိတယ်။ လမ်းတစ်လျှောက် သူတို့ကြားခဲ့ရ သမျှ ဇာတ်လမ်းမျိုးစုံထဲမှာ သားရဲနတ်ဘုရားကျောင်းတော်ရဲ့သြဇာ အာဏာ ကြီးမားတာကို ရှုန်းယယ် သတိပြု မိခဲ့တယ်။

တကယ်လို့ သားရဲနတ်ဘုရားကျောင်းတော်က လူတွေက ဒီအကြောင်းကို သိသွားရင် ကျိုးကျီကို သူနဲ့အတူ တောရိုင်းမြေကို ပြန်မထည့်ပဲ ခေါ်ထားမှာကို စိုးရိမ်လို့ ဒီအကြောင်းကို သူ တခွန်းတောင် ဟမှာ မဟုတ်ဘူး။ ထုံးစံအတိုင်း သူက ဒီကိစ္စကို လုံးဝ ဖုံးကွယ်ထားလိမ့်မယ်။

တိုတိုပြောရရင် ကျိုးကျီကို တစ်ခါမှ မပြောပြဖူးဘူး။

ကံကောင်းထောက်မစွာ၊ ထိုသားရဲဘုရင်တွေက ကျိုးကျီကို စိတ်မဝင်စားခဲ့ပေ။ ရှုန်းယယ် သားရဲဘုရင်ဖြစ်လာပုံနှင့် ရှီလီ သည် သားရဲဘုရင်ဖြစ်လာပုံတို့ကို သူတို့က ပို၍ သိချင်လာခဲ့သည်။

ရှုန်းယယ်က သားရဲနတ်ဘုရားအသီး ကို မတော်တဆ စားမိပြီး သားရဲဘုရင် ဖြစ်လာကြောင်း ပြောခဲ့တယ်။ ရှီလီအကြောင်းတော့ သူလည်း မသိဘူး။

 သားရဲဘုရင်  သည် ရှုန်းယယ်ဆီက ဘာသတင်းမှ နှိုက်လို့ မရပေမယ့် သူတို့အားလုံး  ကျိုးကျီရဲ့ပဲပိစပ်လှော် အချို့ကို စမ်းကြည့်နိုင်ခဲ့သည်။  

ပဲပိစပ် လှော်က အရမ်းအရသာရှိတယ်။

ဝက်ဝံကြီး မျိုးနွယ်  ခေတ္တနေထိုင်သည့်နေရာတွင် သားရဲဘုရင် အများအပြား စုဝေးနေသဖြင့် လူများဖြတ်သွားသည့်အခါ ပို၍ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရန်ပင် မနည်း ကြိုးစားနေကြသည်။ ထိုမှသာမကဘဲ ကြံ့ကြီးမျိုးနွယ်စုမှ လူများကလည်း  အချို့သောအရာများကို အလျင်အမြန်ပေးပို့ခဲ့သည်။

မနေ့က ကြံ့သားရဲဘုရင်က  သူတို့နယ်မြေကို ဝက်ဝံကြီးတွေကို ပေးပစ်လိုက်တာ ကြောင့်   ဒီနေ့မှာတော့ ကြံ့ကြီးမျိုးနွယ်က လူတွေက ဝက်ဝံကြီး မျိုးနွယ်စုကို တွေ့တဲ့အခါ သူတို့က ကောင်းမွန်တဲ့ အမူအရာတွေ မရှိခဲ့ကြဘူး။ မျက်နှာထားဆိုးနဲ့ တချို့လူတွေက ဆိုးဝါးတဲ့ရန် စကားတွေတောင် ပြောဖူးတယ်။

သူတို့သည် ဝက်ဝံကြီး မျိုးနွယ်ကို စမ်းသပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပြောင်းလဲသွားကာ ဝက်ဝံကြီး မျိုးနွယ်  ရဲ့ မျိုးနွယ်စုအကြီးအကဲသည် သားရဲဘုရင် ဖြစ်သည်။

သူတို့ ရန်သွားမရှာခင် သူတို့ဆီကို  ခြင်္သေ့သားရဲဘုရင် ရောက်လာတဲ့ အတွက်ကြောင့် သူတို့ ကြီးကြီးမားမား အမှားအယွင်းမရှိခဲ့ပါဘူး။  ကြံ့မျိုးနွယ်စုမှ လူများသည်  လက်ဆောင်များ အမြန်ပေးပို့လိုက်ကြသည်။

ထို့နောက် သားရဲနတ်ဘုရားကျောင်းတော် နှင့် အခြားသော မျိုးနွယ်စုကြီးများမှ လက်ဆောင်များ လာပေးကြသည်။ ဝက်ဝံကြီးမျိုးနွယ်စုနေထိုင်ရာနေရာသည် ရုတ်တရက် အရာဝတ္ထုများနှင့် ပြည့်နှက်သွားတော့သည်။

အရင်ကတော့ ကျိုးကျီက ပစ္စည်းတွေ ရောင်းဝယ်ဖို့ တင်းကုပ်တွေ ထားဖို့ မလိုဘူးလို့ ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ ပစ္စည်းတွေ အများကြီး စုပုံနေတာကို တွေ့လိုက်ရတော့... သူတို့ မျိုးနွယ်စုဟာ နောက်နှစ်အနည်းငယ်အတွက် တင်းကုပ်တစ်ခု တည်ဆောက်ဖို့ အမှန်တကယ် လိုအပ်လာပါလိမ့်မယ်။    

ဒါတွေအားလုံး မစီစဉ်ခင် . သူက ပဲနို့ကို အရင်လုပ်ချင်တာ။

ပဲနို့သည် ပဲပိစပ်များကို ကြေအောင်ထားရန် လိုအပ်သော်လည်း သူတို့ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် အင်အားသုံး၍ ပဲပိစပ်များကို ကြိတ်ချေထား သင့်တယ် မဟုတ်လား။ ကံမကောင်းစွာဖြင့်၊ တိုဟူးပြုလုပ်ရန် ကယ်လ်စီယမ် သို့မဟုတ် အခြားသတ္တုတစ်မျိုးမျိုး လိုအပ်ပြီး ယခုတော့ အဲ့ဒါထည့်ဖို့ သူ့ဆီမှာ မရှိသေးဘူး...

ကျိုးကျီက ရှုန်းယယ်ကို ပဲပိစပ်ကို အမှုန့်ဖြစ်အောင် ထောင်းပြီး ပဲနို့လုပ်လို့ ရမလားဆိုတာ သိနိုင်ဖို့ ရေနဲ့ပြုတ်ဖို့ ပြင်ဆင်ခိုင်းတယ်။

အောင်မြင်အောင် လုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပေါ့။ ဒါပေမယ့် မဟုတ်ရင် ပဲပိစပ်ကို ဖြုန်းတီးမိသွားလိမ့်မယ်။
 
ထို့အပြင် ပဲပိစပ်အချို့ကိုလည်း သီးခြားအိုးတစ်လုံးတွင် စိမ်ထားလိုက်သေးသည်။ အချို့ကို ပြုတ်ပြီး စားသုံးနိုင်ပြီး  ကျန်တာကို  ပဲပင်ပေါက်ဖောက်ဖို့ အသုံးပြု မည်ဖြစ်သည်။

ကျိုးကျီ အလုပ်ရှုပ်နေချိန်တွင် ရှီလီက သူ့ဘဝသူ  သံသယဝင်မိသည်။ သူ့ အရင် ဘဝ ဖြစ်စဉ်ကို ပြန်တွေးနေစဉ် ကျိုးကျီသည် ပဲပိစပ်စားနည်းများစွာကို ပျော်ရွှင်စွာ စတင်လေ့လာနေပြီဖြစ်သည်။

*****-*****

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now