Chapter ( 96 ) _ ဂူ အလွတ်ကြီး....

5.6K 993 18
                                    

Chapter ( 96 ) _ ဂူ အလွတ်ကြီး....










ကျားကြီးမျိုးနွယ်စုမှ လူများကို တိုက်ခိုက်ရာတွင် ရှုန်းယယ် သည် အများအားဖြင့် မျိုးနွယ်စုမှ အခြားလူများကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားကာ သတ်မည့်အစား    သူသည် မျိုးနွယ်စု၏ တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်ရန် နည်းလမ်းတစ်ခု အနေနှင့် ရှောင်ရှီး မျိုးနွယ်စုနှင့် ချင်းစန်း မျိုးနွယ်တို့ကို တိုက်ခိုက်စေခြင်းဖြင့် လက်စားချေခွင့်ပေးခဲ့သည်။
 
ယေဘူယျအားဖြင့် သူက ဘေးကနေ ကြည့်နေပြီး မျိုးနွယ်စုထဲက လူတွေဟာ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကျရောက်လာရင် သူက ရန်သူတွေကို  သတိလစ်အောင် လုပ်ဖို့ လိုအပ်သူတွေကို မေ့အောင်လုပ်လိုက်၊ သတ်ပစ်ဖို့ လိုအပ်သူတွေကို သတ်ပစ်ပြီး ကိုယ့်လူမျိုးကို ကယ်တင်တဲ့ အခါမှသာ တိုက်ပွဲထဲ ပြေးဝင်လာသည်။

အစတွင်၊ သူသည် ကျားကြီးမျိုးနွယ် မှဖမ်းမိသောလူအားလုံးကို သူတို့၏အနွယ်သို့ ပြန်ပို့ခဲ့ပြီးဖြစ်သော်လည်း ယခုတော့ မလုပ်နိုင်တော့ပေ-- သူတို့က ကျားကြီး တွေနောက် လိုက်လာရင်း ဝက်ဝံကြီး မျိုးနွယ် နှင့် အနည်းငယ်ဝေးကွာနေ ပြီဖြစ်သည်။ ရှုန်းယယ် က အဲဒီ   သုံ့ပန်းတွေကို ဖမ်းမိပြီးတိုင်း  ကျားကြီး မျိုးနွယ်ကို လိုက်ဖမ်းရာမှာ သူ့နောက်က လိုက်လာတဲ့ ချင်းစန်း မျိုးနွယ်က လူတွေဆီ လွှဲပေးလိုက်တယ်။  ချင်းစန်း မှလူများသည် မုန်းတီးလွန်းလို့ ယခင်က သူတို့ ဘယ်သူ့ကိုမှ မသတ်ဖူးပေမယ့် သူတို့မျိုးနွယ်ကို အနိုင်ကျင့် သတ်ဖြတ်ခဲ့ သည့်   ကျားကြီးမျိုးနွယ်ကို    ကျွန်အဖြစ်သို့ မပို့မီတွင် အများစုမှာ ရိုက်နှက်ခြင်းခံ ရသော်လည်း ချင်းစန်းမျိုးနွယ် မှ လူများကို သတ်ပစ်ခဲ့ဖူးသူများသည် ကြောက်စရာ ကောင်းသည့် အဆုံးသတ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ချင်းစန်း မျိုးနွယ်စုမှ လူများသည် သူတို့၏ရန်သူများကို မစွန့်လွှတ်ခဲ့ကြပေ။ သူတို့ရဲ့ အမုန်းတရားတွေကို ရန်သူတွေရဲ့ သွေးနဲ့သာ ဆေးကြောနိုင်တယ်။

ထိုနေ့မွန်းလွဲပိုင်းတွင် ကျားကြီးမျိုးနွယ်စုမှ လူများကို နောက်တစ်ကြိမ် ဒုက္ခရောက်စေပြီးနောက် ရှုန်းယယ် သည် သူ၏လူများကို ဒိုင်နိုဆော တစ်ကောင်ကို လိုက်လံရှာဖွေကာ ကင်ပြီး အတူတူစားရန် ဦးဆောင်ခဲ့သည်။

သူတို့သည် ကျားကြီးမျိုးနွယ် ကို လိုက်ရန် တာဝန်ယူခဲ့ပြီး သူတို့၏ အဖွဲ့တွင် စုစုပေါင်း လူ ၈၂ ဦး ရှိသည်။ အဖွဲ့၏တစ်ဝက်တွင် ကျားကြီးမျိုးနွယ်သည် ယခင်က ဖြတ်သွားသောလမ်းကို သတ်ခဲ့သော မျိုးနွယ်စုများမှ လူများ ပါဝင်ပြီး ယခု အချိန်တွင် အချို့မှာ မီးပုံမှာ စုဝေးရင်း စတင်ပြောဆိုလာကြသည်။ တစ်စုံတစ်ယောက်က ငိုယိုပြီး ကြွေးကြော်လိုက်သည်။
"နောက်ဆုံးတော့ ငါလက်စားချေပြီးပြီ... ငါ့သားလေး မင်းကျေနပ်ပါတော့..."
 
ရှုန်းယယ် သက်ပြင်းချလိုက်သည်။ ရိက္ခာထုပ်ထဲက ဟင်းခတ်အမွှေးအကြိုင် တချို့ကို ထုတ်ပြီး သူ့ကင်ထားတဲ့ အသားပေါ်မှာ ဂရုတစိုက် ဖြန်းလိုက်တယ်။

ကံကောင်းထောက်မစွာ၊ ကျိုးကျီ သည် သားရဲနတ်ဘုရား ၏ ချစ်မြတ်နိုးခြင်း ခံခဲ့ရလို့သာပေါ့။ မဟုတ်ပါက... ဝက်ဝံကြီး မျိုးနွယ် ၏ အနာဂတ်သည် ချင်းစန်းမျိုးနွယ် နှင့် ရှောင်ရှီးမျိုးနွယ် တို့ကဲ့သို့ပင် တူညီနေပေလိမ့်မည်။ အားလုံးက သားရဲနတ်ဘုရား ကို ကျေးဇူးတင်သလို ကျိုးကျီ ကိုလည်း ကျေးဇူးတင်နေကြတယ်။

ရှုန်းယယ် သည် သူ၏ကင်ထားသော အသားများကို စိုက်ကြည့်းရင်း ကျိုးကျီကြောင်းကို ပြန်တွေးနေတော့သည်။ သူ့ရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ကျိုးကျီ နဲ့ တကယ်ကို မယှဉ်နိုင်ဘူး။ ကံကောင်းစွာပဲ၊ ကျိုးကျီ က သူ့ကို ဒီကို မထွက်လာခင် အချိန်လေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေ ပေးခဲ့တယ်။

"ရှုန်းယယ် ငရုတ်သီးမှုန့်နည်းနည်းပေးပါဦး" ကျူးကျန်း က လာပြီးပြောတယ် ။

"မပေးဘူး" ရှုန်းယယ် က ထပ်ပြောလိုက်သည်။ "ငါ့မှာ အများကြီး မကျန်တော့ဘူး။"

"မင်းမှာ အများကြီးကျန်နေတယ်ဆိုတာ သိသာနေတာပဲ!"  

"ဒါပေမယ့် ငါတို့က မျိုးနွယ်စုနဲ့ တစ်လလောက်ဝေးကွာနေနိုင်တယ်။" ရှုန်းယယ် သည် ကျူးကျန်း ဆီသို့ ငုံ့ကြည့်ကာ ဆက်ပြောလိုက်သည်။

ကျူးကျန်း ဘာမှ မပြောနိုင်တော့ဘူး။ ထိုစဉ် ရှုန်းယယ်က သူ့ကို မေးခဲ့သည်။

   "ကျူးကျန်း... ကျိုးကျီ က အခုပဲ ငါ့ကို သတိရလောက်နေမယ်လို့ မင်း ထင်လား"

ကျူးကျန်း သည် ခဏတာ ရယ်မောလိုက်ပြီး ရှုန်းယယ် နှင့် စကားမပြောချင် တာ့ဘူး။   

ရှုန်းယယ် -  "ငါက အဲဒီမှာမရှိဘူး၊ ကျိုးကျီ ကို ဘယ်သူက အစာ လိုက်ရှာပေး မလဲ မသိဘူး။ ကျိုးကျီ က ညဘက်ဆို ကြောက်နေမလား။ သူက အအေးဒဏ်ကို အမြဲတမ်း ခံနိုင်ရည်မရှိဘူး။  ငါ့ရဲ့ တိရစ္ဆာန်ပုံစံနဲ့ သူ့ကို နွေးနွေးထွေးထွေး ထားဖို့ ငါက သူ့ အနားမှာမရှိရင် သူ အေးနေမလား။"

ကျူးကျန်း : "မင်းက သူနဲ့ အိပ်ဖို့ မင်းရဲ့ တိရိစ္ဆာန်ပုံစံ ပြောင်းလိုက်တာလား။ မင်း သူ့ကို ဖိသတ်မိမှာ မကြောက်ဘူးလား"
ရှုန်းယယ် ရဲ့ တိရစ္ဆာန်ပုံစံက အရမ်းကြီးတယ်။ ဟုတ်တယ်၊ သူတို့အိပ်ရာပေါ်မှာ အဲ့လို ဝက်ဝံပုံစံနဲ့ဆိုရင် ကျိုးကျီအိပ်ဖို့တောင် ဆံ့ပါဦးမလား။
 

" ကျိုးကျီ ကို ငါ ဘယ်လို ဖိမိနိုင်မလဲ။ သူက ငါ့ခန္ဓာကိုယ်ပေါ်မှာ အိပ်နေတယ်"
ရှုန်းယယ် က ဂုဏ်ယူစွာ ဆက်ပြောသည်။ ကျိုးကျီ က သူ့ကိုယ်ပေါ် အိပ်ရတာကို သဘောကျတယ်။

ကျူးကျန်း က ဒါကိုကြားတော့ ဘာမှကို စကားမပြောချင်တော့ဘူး။ ကျိုးကျီ နဲ့ ရှုန်းယယ် မတွေ့တာ ရက်မှ မကြာသေးပဲ မဟုတ်လား ? သူ ဒီလောက် လွမ်းဆွတ်နေဖို့ လိုသလား။ သူ့အဖော်ဖြစ်တဲ့ ကျုးကျူး ကရော ...  

ကျူးကျန်း သည် သူ့အိမ်ထောင်ဖက်အကြောင်း စတင်တွေးတောလာသည်။ သူလည်း နည်းနည်း စိတ်ပူသွားတယ်။  ဒါပေမယ့် မကြာမီ သူ့ရဲ့ စိုးမ်ပူပန်မှုများကို ဖယ်ရှားလိုက်နိုင်သည် - ကျူးကျူး သည်အလယ်အလတ်အဆင့် သားရဲ စစ်သည်တစ် ဦး ဖြစ်ပြီးကလေးများကို ကာကွယ်ရန်၊ ကလေးငယ်များ ရှိသည့် သားသည် မအေက ရန်လိုစိတ် အလွန်ပြင်းထန်သည်။ ဒါဆို သူမ အဆင်ပြေ လောက်ပါတယ်။

ကျူးကျန်း သည် သူ့အိမ်ထောင်ဖက်ကို လွမ်းဆွတ်သွားရုံသာမက ရှုန်းချီ လည်း ပေါင်ယွီ ကို သတိရနေလို့ ခါတိုင်းလို ရှုန်းယယ်ကို ချီးကျူးဖို့ စိတ်ကူးမရှိခဲ့ပါဘူး... ဟုတ်တာပေါ့... သူက  ရှုန်းယယ် ကို မချီးကျူးတော့တဲ့ အကြောင်းပြချက်လည်း ရှိသေးတယ် - ရှုန်းယယ် ကို အကြိမ်ဖန်များစွာ ချီးကျူးခဲ့ပြီးဖြစ်ကာ သူ့ကို ဆက်ချီးကျူးဖို့ စကားလုံး ရှာမတွေ့တော့ဘူး။

စားသောက်ပြီးချိန်မှာ လူအားလုံး စိတ်တက်ပြန်လည်တက်ကြွလာသည်။ ရှုန်းယယ်က ကျန်သည့်အစာကို နောက်ပိုင်းစားဖို့သိမ်းထားစေပြီး တစ်ဖွဲ့က ကျားကြီးမျိုးနွယ်ကို နှောက်ယှက်တိုက်ခိုက်နေစဉ် ကျန်တစ်ဖွဲ့ကို အားမွေးကာ အနားယူစေသည်။ ရှုန်းယယ်ရဲ့လူတွေအားလုံးလည်း ကျားကြီးမျိုးနွယ်ကို သူတို့အိမ် ပြန်မရောက်စေရဘူးလို့ ဆုံးဖြတ်ချက်ချထားကြသည်။

ရှုန်းယယ် ဖမ်းဆီးပြီး ဝက်ဝံကြီးမျိုးနွယ်ဆီ ပြန်ပို့လိုက်သည့် သန်သန်မာမာ လူအတော်များများက သေကုန်ကြသည်။ ချင်းစန်းမျိုးနွယ်က သူတို့မျိုးနွယ်ကို သတ်ဖြတ်ကျွန်ပြုခဲ့သည့် သူတို့ရန်သူကို အခွင့်ကြုံခိုက် လုပ်ကြံပစ်လိုက်ခြင်း ဖြစ်သည်။

ကျိုးကျီ က သူတို့ကို မတားဘဲ ကျန်နေတဲ့ သုံ့ပန်းတွေကို အလုပ်ခိုင်းခိုင်းတယ်။
နောက်ဆုံးတွင် ဒီသုံ့ပန်းများသည် စားစရာမလောက်မင ပေးထားသော်လည်း အလုပ်ဆက်လုပ်နေရန် အခြားသူတွေကို သူတို့ နှိပ်စက်ခဲ့သလို ချက်ချင်း ပြန်လည်ကြုံတွေ့လိုက်ရသည်။    မျိုးနွယ်စုမှာ ဖြစ်ပျက်သမျှ အရာအားလုံးက ပုံမှန်အတိုင်းပဲ လည်ပတ်နေပြီး ဝက်ဝံကြီးတွေရဲ့ အလုပ်တွေလည်း အဆင်ပြေပြေ လည်ပတ်လာနိုင်သည်။ ထိုအချိန်မှာ    ကျိုးကျီ က ဘုန်းကြီးဆီသွားပြီး ပြောလိုက်သည်။

 "ကျွန်တော် အိမ်မှာ သားရဲနတ်ဘုရားနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဒီကာလအတွင်း ကျွန်တော့်ကို လာမနှောင့်ယှက်နဲ့ ။ သူများတွေကိုလည်း လာမနှောင့်ယှက်စေနဲ့။"

ဘုန်းကြီးက ချက်ချင်းသဘောတူပြီး ကျိုးကျီ က စားစရာလိုသလားလို့ မေးတယ်။

ကျိုးကျီ က အစားအသောက် လိုချင်နေတာနဲ့ အတော်ဘဲ။ သူသည် ကျပ်တင်ထားသော အသားများစွာကို ကောက်ယူပြီး အိမ်သို့ ယူဆောင်သွားသည်--- ယခု မစားရသေးသည့်တိုင် နောက်ပိုင်းတွင် သူတို့စားနိုင်သေးသည်။ သူကတော့ မစားဘူးပေါ့။ ဒါတွေကို ယူပြီး  ကျိုးကျီ က ရှုန်းယယ် ကိုသွားရှာဖို့ စီစဉ်ထားတယ်။

ရှုန်းယယ် ၏ ခွန်အားသည် အားနည်းသည်ဟု မယူဆနိုင်သော်လည်း ရှုန်းယယ် ထိခိုက်လာမည်ကို သူ စိုးရိမ်နေသေးသောကြောင့် လိုက်ကြည့်ရန် စီစဉ်ခဲ့သည်။ ရှုန်းယယ် သည် သူ တီထွင်ခဲ့သော ကျင့်ကြံနည်း အသစ်ကို သင်ပေးရန်    အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်။
 

ကျိုးကျီ က သူတို့အိမ်တံခါးကို သော့ခတ်ပြီး နေရာကနေ ထွက်သွားဖို့ ပြတင်းပေါက်ကနေ ထွက်လာခဲ့တယ်။

ဘုန်းတော်ကြီးကို  သူ့ကို လာမနှောက်ယှက်ရန် ပြောခဲ့သည်၊ ထို့ကြောင့် ဘုန်းတေ်ာကြီးက သူ့ကိုလိုက်ရှာမည်မဟုတ်သည်မှာ သေချာသည်။ သူ အဲဒီမှာမရှိတော့ဘူးဆိုတာကိုလည်း သူရှာတွေ့မှာမဟုတ်ဘူး...   ကျိုးကျီက  မကြာမီတွင် ဝက်ဝံကြီးမျိုးနွယ်မှ ထွက်ခွာသွားခဲ့သည်။ သူသည် လျင်မြန်စွာ ရွေ့လျားသွားပြီး မကြာမီတွင် ရှုန်းယယ် နှင့် သူ့အဖွဲ့ကို မှီလာသည်။

သူ အနားမကပ်ဘဲ သစ်ပင်ကြီးတစ်ခုရဲ့ အခေါင်းပေါက်ကို တွေ့သည်။ အင်းဆက်ပိုးမွှားများကို ပေါက်ပွားစေသော အပင်များအတွက် အစေ့အချို့ကို လောင်းချပြီးနောက်တွင် ပိုးမွှားများ ထွက်မလာအောင် စောင့်ဆိုင်းပြီး အတွင်းဘက်တွင် လဲလျောင်းကာ မိမိအတွက် ပြုလုပ်ထားသော အပင်များကို ပျော်ရွှင်စွာ စားသောက်သည်။ ဒီလိုနေထိုင်မှုပုံစံက အိမ်မှာနေရတာ လောက်မကောင်းပေမယ့် သိပ်လည်း မဆိုးပါဘူး၊   ဒါပေမယ့် ကျိုးကျီ ရောက်ပြီးတဲ့နေ့မှာတော့ အရာအားလုံးက မပြည့်စုံတော့သလို ခံစားလိုက်ရတယ်။

 ကျားကြီးမျိုးနွယ်စုက လူတွေအတွက်၊ ဒီမိုးက ကံဆိုးမိုးမှောင်ကျမှုပေါ် ထပ်ပြီး ကံဆိုးစေသလိုပဲ။  ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ မိုးဒဏ်ကြောင့် အနံ့ခံအာရုံကို မသုံးနိုင်တော့တဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ လူတော်တော်များများ ဆုံးပါးသွားကြပါတယ်။  ရှုန်းယယ် နဲ့ တခြားသူတွေကတော့ မိုးစရွာပြီးနောက်ပိုင်း သူတို့ကို ပျောက်ကြားလာလာတိုက်ကာ သူတို့ကို အခက်တွေ့စေသည်။

  ကျိုးကျီ က ရှုန်းယယ်တို့ကို ညဘက်နေဖို့နေရာတွေရှာဖို့ ကူညီပေးနိုင်တာ မလုပ်နိုင်လို့ ရှုန်းယယ်တို့ အုပ်စုက မိုးရေထဲမှာနေဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။  ကျိုးကျီ သာလျှင် သူ၏နေထိုင်မှုပတ်ဝန်းကျင်ကို အလွန်သက်တောင့် သက်သာရှိစေရန် စွမ်းဆောင်နိုင်ခဲ့သည်။ သစ်ပင်တစ်ပင်မှာ ပေါက်နေတဲ့ အပေါက်ကို ရှာမတွေ့ဘူးဆိုရင်တောင် သစ်ပင်ရဲ့အကိုင်း အခက်တွေပေါ်မှာ လှဲအိပ်ပြီး မိုးမရွာအောင် ထိန်းနိုင်တဲ့ အပင်တချို့ကို စိုက်ပျိုးထားနိုင်ပြီး မိုးရေစက်တစ်စက်တောင်မှ သူ့ကို မထိမိစေရပါဘူး။  သူ ခရီးထွက်နေချိန်... သူသည် ပတ်ဝန်းကျင်မှ သူ့ရနံ့ကို ခွဲထုတ်နိုင်သော အကာတစ်ခု ဖန်တီးရန် သူ့စွမ်းအင်ကို အသုံးချနိုင်နေပြီဖြစ်သည်။ မိုးရွာနေလည်း   သူ့ကိုယ်က ခရီးစဉ်တစ်လျှောက်လုံး သန့်ရှင်းခြောက်သွေ့နေခဲ့သည်။

အဲဒီညက မိုးက အရမ်းသည်းတယ်။ ရှုန်းယယ် သည် ကျားကြီးမျိုးနွယ်ကို သွားတိုက်ခိုက်ရန် အစီအစဉ်မရှိပေ။
"ငါတို့ ဒီည ဒီမှာ အနားယူမယ်။"

ရှုန်းယယ် သည် လူတိုင်းကို အမိန့်ပေးပြီးနောက်တွင် မိုးမရွာစေရန်အတွက် အရွက်ကြီးတစ်ပင်နှင့် အုပ်ကာ အိပ်ရန် သစ်ပင်တစ်ပင်ကိုတွေ့သည်။ သစ်ပင်ကြီး သည် အလွန်ကျယ်သော်လည်း ဒီလိုမျိုး သစ်ကိုင်းပေါ် လှဲလျောင်းရသည်မှာ မသက်သာလှ သဖြင့် အနားယူရန် မလုံလောက်ပေ။

အချို့က သူကဲ့သို့ပင် သစ်ပင်များတွင် အိပ်ကြပြီး အချို့က တိရစ္ဆာန်ပုံစံ အသွင်ပြောင်းကာ တွင်းတူးရန်နေရာများ ရှာတွေ့ကြပြီး အချို့လူများသည် အနည်းငယ်မြင့်သော အရွက်များနှင့် အကိုင်းအခက်များမှ တဲငယ်များထိုးကာ  အိပ်ကြသည်။ မိုးရေထဲမှာ ရိုးရိုးလေးအိပ်ပြီး  ၊ ညနက်တော့ အားလုံး တဖြည်းဖြည်း အိပ်ပျော်သွားကြသည်။  

ကျိုးကျီ သည် တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် ရှုန်းယယ် ကို ခေါ်သွားခဲ့သည်။

ရှုန်းယယ် နိုးလာသောအခါတွင် တစ်စုံတစ်ယောက်က သူ့ကို ခါးကနေ ပွေ့ချီကာ ရှေ့သို့ ခရီးဆက်နေသည်ကို တွေ့လိုက်ရသည်။ ဒီခံစားချက်က အရမ်းရင်းနှီး တယ်... သူ မျှော်ကြည့်ပြီး ကျင့်ကြံနည်း ကို သင်ပေးခဲ့တဲ့သူကို တွေ့လိုက်တယ်။

ရှုန်းယယ် အံ့သြမှုအပြည့်နဲ့ ကြည့်လိုက်သည်။ သူ ဒီလူကို မတွေ့ရတာ ကြာပြီ ဆိုတော့ ဒီလူ သူ့ရှေ့ ဘယ်တော့မှ ပြန်ပေါ်လာနိုင်မယ် မထင်ခဲ့ဘူး။ မထင်မှတ်ပဲ သူ ပြန်ပေါ်လာတယ်။ အံ့သြစရာကောင်းလိုက်တာ။ ရှုန်းယယ် က အတော်လေး စိတ်လှုပ်ရှားသွားပြီး ခေါ်လိုက်သည်။

"ဆရာ..."

သူ စကားစပြောပြီးသည့်နောက် သစ်ပင်ပေါက်ထဲသို့ ပစ်ချခံခဲ့ရသည်။ အဲဒီ့လူက သူ့ကိုပြောလိုက်သည်။
"ငါ မင်းကို အသစ်အဆန်းတွေ သင်ပေးမယ်။ သေချာနားထောင်။"

မကြာခင်မှာပဲ အဲဒီလူက ကျင့်ကြံနည်း အသစ်ကို ရှင်းပြပြီး စမ်းကြည့်ဖို့ ပြောခဲ့ပါတယ်။ လုပ်နည်းကို သင်ယူပြီးတဲ့ နောက်မှာတော့ အဲဒီလူက သူ့ကို ပြန်ခေါ်လာပြီး ပစ်ချလိုက်တယ်။

ရှုန်းယယ် : "......" ဒီတန်ခိုးကြီးတဲ့ ဆရာသခင်က တကယ်ရောက်လာပြီး အလျင်စလို ထွက်သွားတယ်!

ဒါပေမယ့် ဒီတခေါက် သူ သင်ပေးခဲ့တဲ့ ကျင့်ကြံနည်း က နောက်ဆုံး နည်းလမ်းထက် တကယ်ကို ပိုကောင်းပါတယ်...သူ ပိုသန်မာလာ တာကြောင့် ပိုကောင်းတဲ့ နည်းလမ်းကို ရခဲ့တာလား။ ရှုန်းယယ် က အလေးအနက်ထားပြီး ကျင့်ကြံခဲ့ပေမဲ့ သူ အနည်းငယ် ပဟေဋ္ဌိဖြစ်နေတုန်းပါပဲ။

အရင်ကတော့ သူ အိပ်ယာကနိုးလာတိုင်း အားအင်တွေပြည့်နှက်နေပေမယ့် အခုချိန်မှာတော့ ဒီလိုခံစားချက်မျိုး မရှိတော့ဘူး... ဝက်ဝံကြီး မျိုးနွယ် ကထွက်ပြီး ပင်ပန်းလွန်း တာကြောင့် ကောင်းကောင်းအနားယူလို့မရလို့များလား။ ရှုန်းယယ် က စိတ်ရှုပ်နေပေမယ့် သူ့  သိပ်ပြီး မစဉ်းစားခဲ့။  သူ့ကိုယ်သူ အဆင်သင့်ပြင်ပြီး ကျားကြီးမျိုးနွယ်အတွက် နောက်ထပ်ဒုက္ခပေးဖို့ ထွက်သွားတယ်။

****-****
သားရဲလူသား  ကုန်းမြေကြီးတွင်....

ရှီလီသည် တောင်ပေါ်သို့တက်စဉ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ယခင် ဘဝတွင်၊ သူတို့အနွယ်သည် ကျားကြီးမျိုးနွယ်၏ တိုက်ခိုက်ခြင်းကို ခံရ ပြီးနောက်၊ သူနှင့် ရှုန်းယယ် တို့သည် မျိုးနွယ်စုမှ လူအချို့ကို သူတို့ကြီးပြင်းရာ အရပ်မှ ထွက်ခွာရန် ဦးဆောင်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် သူတို့သည် အလွန်ခက်ခဲ သောအချိန်ကို ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင်၊ မြစ်ကြီး၏တစ်ဖက်ခြမ်းတွင် သားရဲလူသားကုန်းမြေကြီးတစ်ခုရှိကြောင်း သူတို့သိရှိလာကြသည်။

သားရဲလူသား ကုန်းမြေကြီး ကို သူတို့ အရင်သိထားတုန်းက သားရဲလူသားတွေ  ဆီကို သွားဖို့ မစီစဉ်ထားဘဲ၊ သားရဲလူသား ကုန်းမြေကြီး မှာ အစွမ်းထက်တဲ့ သူတွေ အများကြီးရှိတယ်ဆိုတာအခြားလူဆီက သိရတဲ့အထိ ဒီလိုပဲ နေခဲ့သည်။ နောက်ပိုင်းမှာ သူတို့က ကျားကြီးမျိုးနွယ်ကို ကလဲ့စားချေလိုခဲ့ကြသည် ။  လက်စားချေဖို့အတွက် သူတို့ ပိုအားကောင်းလာဖို့ လိုပါလိမ့်မယ်။

သစ်သားလှေလုပ်နည်းနဲ့ တတ်လာပြီးနောက် ရှုန်းယယ် သည် သစ်သား အပိုင်းအစများ ကို ချိတ်ဆက်ထားပြီး   မဆုတ်မနစ်ကြိုးစားပြီး လှေလုပ်ကာ မြစ်ကိုဖြတ်လာကြသည်။ သူတို့လည်း ကံကောင်းထောက်မကာ  မြစ်ကိုဖြတ်ကူးဖို့ ကြိုးစားတဲ့ တခြားသူတွေနဲ့လည်း ဆုံတွေ့ခဲ့ရတယ်။ ထိုလူများနောက်သို့လိုက်ကာ သူတို့လည်း တဖက်ကမ်းကို ဘေးကင်းစွာ ရောက်ရှိလာနိုင်ခဲ့သည်။ သူတို့ရှေ့က မြစ်ကိုဖြတ်ကူးသူ တွေကတော့  တကျူး မျိုးနွယ်စုမှ ကျူးကျန်းတို့အဖွဲ့ပါ။

သားရဲလူသား ကုန်းမြေကြီး သို့ရောက်ပြီးနောက်၊ သူတို့သည် ဆက်လက်၍ လေလွင့်သားရဲတွေလို လှည့်လည်ခဲ့သည်။ သူတို့သည် ယခင်ကထက် ဆိုးရွားသော ဘဝနေထိုင်မှုပုံစံဖြင့် အစပိုင်းတွင် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် တောင်ပေါ်တွင် ကျင့်ကြံနည်း ကို တွေ့ရှိခဲ့ကြကာ သူတို့၏ဘဝများ ပိုမို ကောင်းမွန်လာကာ-- သန်မာလာကာ သူတို့၏ အစွမ်းသတ္တိကြောင့် နောက်ဆုံးတွင် မျိုးနွယ်စုကြီး တစ်ခုသို့ ရောက်ရှိနိုင်ခဲ့သည်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ဘဝတွေဟာ ပိုကောင်းလာခဲ့ပါတယ်။  

ရှီလီ လက်ရှိရှာဖွေနေသည့်အရာမှာ ကျင့်ကြံနည်း ကို ထွင်းထုထားသည့် ဂူဖြစ်သည်။ ထိုအချိန်တွင် သူနှင့် ရှုန်းယယ် သည် ကျင့်ကြံနည်း ကို လေ့လာပြီးနောက် ဂူကို ဖျက်ဆီးခဲ့သည်။ ဒီတစ်ခါတော့ ဂူကို ဖျက်ဆီးဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ ဒီကို လာတာပါ။ ထိုကျင့်ကြံနည်း ကို အခြားမည်သူ့ကိုမျှ မမြင်စေလိုပါ။ အဲဒါကို စိတ်ထဲမှာ တွေးမိရင်း ရှီလီတောင်ပေါ် တက်သည့်အရှိန်ကို မြင့်လာတယ်။  

တောင်ပေါ်ကို တစ်ဝက်လောက်ရောက်တဲ့အခါ သစ်ပင်အောက်မှာ အနားယူတယ်။ ဒီမှာ ရှုခင်းအားလုံးက သူ့စိတ်ထဲမှာ..တော်တော်ရင်းနှီးနေတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်း သူတို့က ဒီနေရာတွင် ကာလအတန်ကြာ နေထိုင်ခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် မည်သည့်သားကောင်ကိုမျှ ဖမ်းမမိနိုင်တော့ဘဲ ရှုန်းယယ် သည် သူ၏ဆာလောင်မှုကို သက်သာစေရန်အတွက် မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းကာ အံကြိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ရှီလီသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးကာ ခဏမျှ ငြိမ်သွားခဲ့သည်။ ရှုန်းယယ် အကြောင်းကို သူ ပြန်တွေးနေမိသည်။ သူ့အရင်ဘဝက ရှုန်းယယ် နဲ့ အတူရှိတုန်းက ရှုန်းယယ် ဟာ သူ့ကို အရမ်း ကပ်တွယ်ကာ ဂရုစိုက်လွန်းလို့ သူ့အတွက် အရမ်း စိတ်အနှောက်အယှက် ဖြစ်နေတယ်လို့ ခံစားခဲ့ရတယ်။ သို့သော် ယခုတော့ ရှုန်းယယ် ကို အနည်းငယ် လွမ်းဆွတ်လာမိသည်။

ဒီအခိုက်အတန့်မှာ ကျားကြီးမျိုးနွယ် က ဝက်ဝံကြီး မျိုးနွယ် ကို စတင်တိုက်ခိုက် နေလောက်ပြီ မဟုတ်လား။ ရှုန်းယယ် မှာ အန္တရာယ်ရှိလားလို့ သူ သိချင်နေမိသည်...

ရှီလီ က ဒီလိုတွေးမိပြီး မပြတ်သားတဲ့ သူ့စိတ်ကို သူ့ဖာသာ အနည်းငယ် စိတ်ဆိုးသွားသည်။ ဒါပေမယ့် မကြာခင်မှာပဲ သူ ဒီခံစားချက်တွေကို မျိုသိပ်ထားလိုက်တယ်။ တခြားသူတွေ အဆင်မပြေပေမယ့် ရှုန်းယယ် ကတော့ နေကောင်းတုန်းပါပဲ ။ဘုန်းတော်ကြီးက ရှုန်းယယ် ကို မျိုးနွယ်စုရဲ့လူငယ်တွေကို မောင်းထုတ်ဖို့ ပြောလိုက်လိမ့်မယ်။

ဒါပေမယ့်... သူ မပါဘဲ ရှုန်းယယ်က အဲ့ဒီနေရာကနေ ရုန်းထွက်နိုင်ပါ့မလား။ ခဏနေဦး၊ သူ မရှိတော့ပေမယ့် ရှုန်းချီ မသေသေးဘူး... ရှုန်းချီ က သူ့ရာထူးကို ဘယ်လို သိမ်းပိုက်နိုင်မလဲ ဆိုတာကို တွေးလိုက်တဲ့အခါ ရှီလီဟာ သိသိသာသာ စိတ်ထဲ နေထိုင်မကောင်းသလို ဖြစ်လာခဲ့သည်။ ဒါပေမယ့်  မကြာခင်မှာပဲ သူ့ကို အားတက်စေမယ့် တခြားအရာတစ်ခုကို တွေးလိုက်မိပါ တော့တယ်။  

ကျိုးကျီ မှာ တိရိစ္ဆာန်ပုံစံတောင် မရှိပါဘူး။ ရှုန်းယယ်က ဒီ ဘေးအန္တရာယ်အတွင်း သူ့ကိုကာကွယ်ဖို့ ကြိုးစားလည်း ကျိုးကျီ အသက်မရှင်နိုင်လောက်ဘူး။ ရှီလီက ပေါ့ပေါ့ပါးပါး ရယ်မောပြီး ရှေ့ကို ဆက်လျှောက်လာခဲ့တယ်။ သူ့အရင်ဘဝက ဒီလို ကံကောင်းမှုတွေပေးခဲ့တဲ့ လှိုဏ်ဂူကို မကြာခင်မှာပဲ သူရောက်လာခဲ့တယ်။

ဒီဂူသည် သူ့အရင်ဘဝက သူ မြင်ဖူးသည့်အရာများနှင့် အနည်းငယ် ကွာခြား နေပုံရသည်။ အပြင်မှာ အတော်လေး ရှုပ်နေပေမယ့် ကောင်းကောင်း မမှတ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။  ရှီလီသည် ဂူထဲသို့ ဝင်သွားကာ ရုတ်တရက် ပိုးကောင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်...

သူ့ အရင်ဘဝက ဒီလိုမျိုး မဖြစ်ဖူးဘူး။ ရှီလီသည် အနည်းငယ် စိတ်ဓာတ်ကျကာ မျက်မှောင်ကြုတ်သွားသည်။ ပိုးကောင်တွေကို အရင်သတ်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။

ဂူထဲသို့ အလင်းရောင်စီးဝင်နိုင်စေရန်အတွက် ပိုးကောင်များကို သတ်ပစ်ရန်နှင့် ဝင်ပေါက်များဖုံးနေသော အပင်များကို ဖြိုဖျက်ရန် ကြိုးပမ်းအားထုတ်မှုများစွာ လိုအပ်သည်။ လှိုဏ်ဂူကိုကြည့်ပုံက သူ့အရင်ဘဝကတွေ့ဖူးတဲ့ပုံစံနဲ့ နည်းနည်းတော့ ကွာခြားနေပါတယ်။ လှိုဏ်ဂူနံရံများသည် ပြားချပ်သင့်သော်လည်း ယခုအခါ သိသိသာသာ မညီမညာဖြစ်နေသည်။ ဒါတင်မကသေးပါဘူး၊ သူတို့မှာ သရုပ်ဖော်ပုံထားတဲ့ ကျင့်ကြံနည်းတွေ လုံးဝမရှိပါဘူး။

ကျင့်ကြံနည်း ကို ရေးထွင်းထားတဲ့ နံရံတွေက လုံးဝအလွတ်ဖြစ်နေ သည်။ ဘာတွေဖြစ်နေတာလဲ? ဒီနည်းလမ်းကို နောက်ဆုံး အကြိမ် ထွင်းထုခဲ့သူက အဲဒါ လုပ်ဖို့ အချိန်မရသေးတာ ဖြစ်နိုင်သလား။ ဒါပေမယ့် အဲဒါ မမှန်နိုင်လောက်ဘူး။ သူနှင့် ရှုန်းယယ် မှလွဲ၍ သူ့ယခင်ဘဝတွင် ကျင့်ကြံနိုင်သည့်သူနှင့် လုံးဝ မတွေ့ခဲ့ဖူးဘူး။  

ရှီလီသည် ဖြစ်နိုင်ခြေတစ်ခုအကြောင်း ရုတ်တရက် တွေးလိုက်သည်။

သားရဲ နတ်ဘုရားက သူ့ရဲ့ အရင်ဘဝမှ  ဒီကျင့်ကြံနည်း ကို ပေးခဲ့သည်။ အခုတော့ သူ ဘယ်လိုလုပ်ရမလဲဆိုတာ သိနေပြီမို့ သားရဲနတ်ဘုရား က သူ့ဆီ လွှဲပေးစရာ မလိုတော့လို့ ဒီဂူထဲမှာ ဘာရေး မရေးထွင်းထားတာ ဖြစ်နိုင်တယ်။
****-************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now