Stone-age Husband Raising Journal _ Chapter (19 ) - Saving the people

7.9K 1.4K 16
                                    

Stone-age Husband Raising Journal _ Chapter (19 )  -  Saving the people
 


ဝက်ဝံကြီးမျိုးနွယ်စုနေထိုင်သည့် တောင်ချိုင့်ဝှမ်းက တကယ့် နေရာကောင်းတွင် တည်ရှိသည်။ အရင်က ဒီ
 ချိုင့်ဝှမ်းကို ရှာမတွေ့ခင်က ဘုန်းတော်ကြီးက လူမျိုးစုကို ဦးဆောင်ပြီး နေရာအတော်များများကို လှည့်ပတ်နေထိုင်ခဲ့ရတယ်။ နောက်ဆုံး  တောင်တန်းတွေ ဝန်းရံပတ်ရံထားတဲ့ ဒီချိုင့်ဝှမ်းက ဒိုင်နိုဆောကြီးများရဲ့ တိုက်ခိုက်မှုကနေ ခုခံပေးနိုင်တဲ့အပြင် သစ်ပင်များစွာပေါက်တဲ့ မြစ်အနားမှာလည်း တည်ရှိလို့ အစားအစာ  ပေါများတာကို တွေ့ရတော့ ဒီနေရာမှာ အခြေချခဲ့တာဖြစ်သည်။.

 ဒီမှာဆားမရှိပေမယ့် သူတို့က အခြားဆားထွက်ရာ မျိုးနွယ်စုတွေနဲ့  အစားအစာနှင့် အခြားကုန်ပစ္စည်း များနှင့် ဆားကို  လဲလှယ်ရန် ဘုန်းတော်ကြီးက လူရွေးကာ စေလွှတ်လိုက်သည်။ ဒီဆားအသင်းက နွေဦးရောက်တိုင်း ဆားလဲလှယ်ရန် ထွက်သွားလေ့ရှိ သည်။ တစ်ခါတစ်လေ ဆားမကျန်တော့သည့်အခါ ဆောင်းဦးရာသီမှာလည်း လဲလှယ်ရေး ထွက်လေ့ ရှိသည်။ ဆားအသင်းပြန်ရောက်လာပြီလို့ ကြားရတော့ လူတိုင်း ပျော်ရွှင် သွားကြသည်။


"ဒီတစ်ခါ ဆားသွားလဲတာ ဘယ်လောက်ရလာမယ် ထင်လဲ "

"ငါလည်း ဆားအသင်းနဲ့ လိုက်သွားပြီး အပြင်လောက ကို ကြည့်ချင် လိုက်တာ"

"ငါကတော့ မသွားချင်ပါဘူး။ အပြင်မှာ အရမ်းဆိုးသွမ်း တဲ့ ဒိုင်နိုဆောတွေ ရှိတယ်လို့ပြောတယ်"
........

အမဲလိုက်အဖွဲ့က   ဆားအသင်းမှ လူများနှင့် တွေ့ရန် ခြေလှမ်းသွက်သွက်နှင့်  တက်ကြွစွာပြန်လာခဲ့ပေမယ့်   ဆားအသင်းကို တွေ့တဲ့အခါ မျက်နှာပျက်ကုန်ကြသည်။

 
ဆားအသင်းတစ်ဖွဲ့လုံးက ပိန်ပါးကာ စုတ်ပြတ်  နေပြီး သူတို့ စထွက်သွားချိန်က ယောက်ျား၊မိန်းမ အားလံးုပေါင်း အယောက်50 လောက် ပါသွားပြီး  မျိုးနွယ်စုထဲက ခွန်အားအကြီးဆုံး အမဲလိုက်သမားနှင့် သားရဲပုံစံအသေးလေးတွေလို ပြောင်းနိုင်တဲ့ အမဲလိုက်သမားတွေလည်းပါသွားခဲ့သည်။

သားရဲတိရိစ္ဆာန်ပုံ  သေးငယ်သူတွေက တိုက်ခိုက်နိုင်စွမ်း မများပေမယ့်  အသက်ရှင်ကျန်ရစ်အောင် ပုးန်ခိုရာတွင် တော်ကြသည်။ ဆားအသင်းမှ အဖွဲ့ဝင်တစ်ယောက်က ပွေးပုံစံကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့သားရဲပုံစံက   သေးငယ်ကာခွန်အား နည်းလွန်းပေမယ့်   စုပေါင်း အမဲလိုက်ရာတွင် သားကောင်ကို မျှားခေါ်လာပြီး လူပုံစံ ရုတ်တရက်ပြောင်းပြီး ခြောက်လန့်သည်ကို ပြုလုပ်ပေးရုံသာ တတ်နိုင်သည်။ ဒါပေမယ့်  သူ့ တိရိစ္ဆာန်ပုံစံရဲ့အားသာချက်က အန္တာရာယ်များလှတဲ့  အသားစားဒိုင်နိုဆောတွေက သူ့ရဲ့ပွေးပုံစံကိုရှောင်ပြီး သူ့တိရိစ္ဆာန်ပုံစံကို တလုပ်တည်းနဲ့မြိုချနိုင်တဲ့   မြွေနှင့် ဖွတ်များက  လူပုံစံကို ရှောင်ကြသည်။
သားရဲပုံစံပြောင်းရာတွင်လည်း ခွန်အားနည်းနည်းပဲ ထုတ်ဖို့လိုသောကြောင့် ကြမ်းတမ်းတဲ့တောထဲမှာပင် အလွယ်တကူ အသက်ရှင်နိုင်သည်။

 အခုတော့ လက်ရွေးစင် ဆားအသင်းရဲ့ အယောက် 50 မှာ အယောက် 20 လောက်ပဲ ပြန်လာနိုင်ပြီး သူတို့ကလည်း ဒဏ်ရာတွေနဲ့ စုတ်ပြတ်နေကြသည်။


ဆားအသင်းဝင်များသည် ရှုန်းဟော်ကို တွေ့တော့ မျက်လုံးတွေ နီလာသည်အထိ စိတ်လှုပ်ရှားလာကြပြီး ထိုအထဲက ထွားကျိုင်းသောလူက  အသံအက်အက်ဖြင့် လှမ်းခေါ်လိုက်သည်။

 "ခေါင်းဆောင်...."

"မင်းတို့ အန္တာရာယ် ကြုံလာကြတာလား"  

ရှုန်းဟော်၏အမေးကို ထိုဆားအသင်းဝင်က သေချာ ရှင်းပြမည်အပြု သူတို့တွဲလာသည့် လူတစ်ယောက်က   မြေပြင်ပေါ်သို့  လဲကျသွားတော့သည်။
ရှုန်းယယ်သည် ဆားအသင်းအခြေအနေမကောင်းပဲ ပြန်လာသည်ကို သိကတည်းက ထိုလူကို သတိထားနေခဲ့ရတာ လဲကျသွားသည်နှင့် ချက်ချင်း ပြေးကာ အချိန်မှီဖမ်းလိုက်နိုင်သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ ပူနေပြီး အဖျားတက်နေပုံရသည်။

"ခေါင်းဆောင် သူ ဖျားနေတယ်"

ရှုန်းယယ်က စိတ်ပူစွာပြောလိုက်တော့ ရှုန်းဟော်က ချက်ချင်း ပြန်ရန်ဆုံးဖြတ်လိုက်သည်။

 "ငါတို့  ချက်ချင်း ပြန်ကြမယ်"


ဆားအသင်းမှ လူတွေသယ်လာတဲ့ ပစ္စည်းတွေကို အမဲလိုက်အဖွဲ့ဝင်များကို ခွဲသယ်ရန်၊  ဒဏ်ရာရထားသူ များကို ကျောပေါ်ထမ်းပြီး မျိုးနွယ်စုဆီ အမြန် ပြေးသွားကြရန် ရှုန်းဟော်က ညွှန်ကြားလိုက်သည်။

 
ရှုန်းယယ်က ထိုဒဏ်ရာရသူကို ထမ်းကာ အဖွဲ့၏ ရှေ့ဆုံးမှ ပြေးလာခဲ့သည်။ ဒီနေ့ သားကောင်မရခဲ့ပေမယ့် မနေ့ညက ဗိုက်အဝ စားခဲ့ရတဲ့အပြင် ဒီမနက်လည်း ဌက်သားကင် အဝစားခဲ့ရလို့ အားတွေပြည့်နေပြီး ပြေးသည့်နှုန်းက အရမ်းမြန်နေသည်။ ရှုန်းဟော်လည်း နောက်က ထပ်ချပ်မကွာ လိုက်လာကြသည်။

နောက်ဆုံးတွင် လိုက်ပါလာသော ရှီလီက မပျော်မရွှင်  ဖြစ်နေသည်။ ရှုန်းယယ်က သူ့ကို လုံးဝ လျစ်လျူရှု ထားပြီး အခြားလူတစ်ယောက်ကို ချီပိုးထားသည်။  ဒီနေ့ဖြစ်ပျက်တာက အရင်ဘဝက အဖြစ်နဲ့ကွာခြားနေသည်။ အရင်ဘဝတုန်းက ဒီနေ့မှာ သူတို့ အတူတူတွဲပြီး ခပ်ဝေးဝေးအထိ သွားပြီးအမဲ လိုက်ခဲ့ပေမယ့် သားကောင်တစ်ကောင်မှ မတွေ့ခဲ့ရပေ။  မျိုးနွယ်စုဆီကို ပြန်ရောက်တော့ ဆားအသင်းက ရောက်နှင့်နေပြီး အခု  ရှုန်းယယ် ကျောပိုးထားတဲ့ လူမှာလည်း သေနှင့်နေပြီ။

ထိုလူသေသွားလို့ ရှုန်းယယ်က အရမ်းဝမ်းနည်းနေခဲ့ပြီး  မျိုးနွယ်စုတစ်ခုလုံးလည်း စိတ်ဓာတ်ကျနေခဲ့သည်။ နောက်ပိုင်း ရှုန်းယယ်နှင့် သူ့ရဲ့ မိတ်ဖက်ပွဲအခမ်းအနား ရောက်မှ လူအားလုံးရဲ့ စိတ်ညစ်နေတာက ပျောက်ကွယ်သွားခဲ့သည်။  သူ၏ ပြန်လည်မွေးဖွား လာခြင်းကြောင့် အရာအတော်များများ ပြောင်းလဲ သွားခဲ့ပေမယ့် ဘာမှမဖြစ်ပေ။ အချိန်တန်ရင် သူက အင်အားကြီးတဲ့ သားရဲဘုရင်ဖြစ်လာဦးမှာ သေချာသည်။ ရှီလီသည် ရှုန်းယယ်နောက်ကို ပြေးလိုက်လာပြီး ပြန်လာခဲ့သည်။

 
ရှုန်းယယ်တို့ ပြန်ရောက်ချိန်မှာ စုဆောင်းရေးအဖွဲ့လည်း ပြန်ရောက်လာစဖြစ်သည်။ ချိုင့်ဝှမ်းထဲ အပင်တွေ စီနေကြပြီး ဘုန်းတော်ကြီးက တချို့အပင်များကို  အခြောက်ခံ  ခိုင်းနေသည်။


"အဘဘုန်းတော်ကြီး သူ ဖျားနေတယ်။ သူ့ကို ကြည့်ပေးပါဦး"

ရှုန်းယယ်သည် ထိုလူကို ချီလျက် စိတ်ပူစွာပြောလိုက်သည်။

 "အောက်ချလိုက်"

ဘုန်းတော်ကြီးက ချက်ချင်း ညွှန်ကြားကာ ထိုလူ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ထိုလူက  အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး ထွားကျိုင်းသည့်ပုံ မပေါ်ပေမယ့်  ခန္ဓာကိုယ်  ကျောပြင်နှင့် ဝမ်းဗိုက်တို့တွင် ရှည်လျားသည့် ပြတ်ရှရာ ဒဏ်ရာနက်နက်များ ရှိနေသည်။ ကံကောင်းပြီး အူတွေမပွင့်ထွက်ပေမယ့်  ဒဏ်ရာနားက အသားစတွေက  အနံ့ဆိုးထွက်ကာ ပုပ်စပြုနေသည်။ သူ့တကိုယ်လုံး ခြစ်ခြစ်တောက်ပူကာ  နှုတ်ခမ်းများ ဖြူဖျော့ပြီး အရမ်းကို  အားနည်းနေပုံပေါ် သည်။

"ငါ့ ဂူကို သွားပြီး ရေတစ်ခွက် ခပ်လာပြီး ဆားလည်း ယူလာခဲ့"

ဘုန်းတော်ကြီးက ရှုန်းယယ်အား ခိုင်းလိုက်ပြီး မကြာခင်
လိုအပ်တာယူပြီး ပြန်လာခဲ့သည်။  ဘုန်းတော်ကြီးသည် ရေထဲသို့ ဆားများ ထည့်ဖျော်ကာ ထိုဆားရည်ဖြင့် ထိုလူ၏ ဒဏ်ရာထဲကို လောင်းပြီး ပိုးသတ်လိုက်သည်။
သတိလစ်နေတဲ့လူက နာလွန်းလို့ တုန်တက်လာခဲ့သည်။

 
ကျိုးကျီသည် လူသေတာကို မကြာခဏ မြင်ဖူးခဲ့သလို သူကိုယ်တိုင်လည်း တစ်ကြိမ်သေခဲ့ဖူးပေမယ့် ဒီမြင်ကွင်းကိုကြည့်ပြီး အဲ့လူကို   ကိုယ်ချင်းစာနာ မိသည်။ ဘုန်းတော်ကြီးသည် ဆားရည် အတော်များများဖြင့် ဒဏ်ရာကို ဆေးကြောပြီး ဆားရည်ကိုလည်း ထိုလူရဲ့ပါးစပ်ကို ဖြဲကာတိုက်လိုက်သည်။

 
"မင်းတို့ ဘာတွေကြုံတွေ့လာကြတာလဲ"

 ဘုန်းတော်ကြီးက ရေရွတ်လိုက်သည်။ ပြီးတော့ ဒီနေ့ သူခူးလာတဲ့ ဆေးပင်တချို့ကို ယူကာ ကျောက်ပြား ပေါ်မှာ ကျောက်တုံးဖြင့် ကြိတ်ပြီး ရလာသည့် ဆေးကြိတ်ဖတ်တွေကို ဒဏ်ရာထဲ အုံပေးလိုက်သည်။

 
ဘေးမှ ရပ်ကြည့်နေသော ကျိုးကျီက ထိုယောက်ျားကို ဂရုဏာသက်လာမိသည်။ ဆားက ပိုးသတ်နိုင်တယ် ဆိုပေမယ့် ဒဏ်ရာထဲကို ဆားရည်လောင်းထည့်တာက   ခံစားလို့ကောင်းမှာ မဟုတ်ပေ။  

သူ စဉ်းစားနေရင်း ရှုန်းယယ် အရမ်းဝမ်းနည်းနေတာကို တွေ့လိုက်ရသည်။ ရှီလီ သူ့ကို သစ္စာဖောက်လို့ အသည်းကွဲတဲ့အချိန်တုန်းကတောင် သူဝမ်းမနည်းခဲ့ပဲ အခု  ဒီယောက်ျားပါ သေခါနီး ဖြစ်နေလို့ အရမ်းဝမ်းနည်းနေတဲ့ပုံပဲ။

ရှုန်းယယ်ရဲ့ မျက်လုံးတွေနီရဲနေပြီး အတကယ်လည်း အရမ်း  ဝမ်းနည်းနေရသည်။  ဒီလူလဲမကျမှီ အမြန်ပြေးဖမ်းလိုက်ရတာက ဒီလူက သူ့ရဲ့ အဖေတူ အမေကွဲ အစ်ကိုဖြစ်နေတဲ့အတွက်ပဲ။ ရှုန်းယယ်ရဲ့အဖေက ငယ်စဉ်က အရမ်းခွန်အားကြီးပြီး မိန်းမတွေကြားရေပန်းစားလို့ မိန်းမများစွာနဲ့ ကလေး 8 ယောက်ရခဲ့ပြီး ထိုထဲက 2 ယောက်က ငယ်စဉ်က သေသွားခဲ့သည်။ အခု သတိလစ်နေတဲ့လူနဲ့ ဟူယွဲ့က သူနှင့် ဆက်ဆံရေးကောင်းတဲ့ အကိုနဲ့ညီမဖြစ်သည်။
 အခြားသုံးယောက်က သူ့အဖေ အသက်ရှင်စဉ်က အဖေ့ဆီက မျက်နှာသာရဖို့ သူ့ကိုအမြဲယှဉ်ပြိုင်တဲ့ အပြင် တခါတရံ အနိုင်ကျင့်ခဲ့လို့   သူ သိပ်အဆင် မပြေပေ။ အဖေသေသွားပြီးနောက် အဲ့ဒီသုံးယောက်က အနိုင်မကျင့်တော့ပေမယ့် အဆက်အဆံလည်း မရှိကြပေ။

ဟူယွဲ့လည်း သူနဲ့ အချိန်အတော်ကြာ အဆက်သွယ် မရှိပေမယ့် သူ့ကို အနိုင်မကျင့်ခဲ့ပေ။ အခု သတိလစ်နေတဲ့သူက သူ့အဖေတူ အမေကွဲအကိုဖြစ်ပြီး သူ့အမေက စောစောသေသွားလို့ စုပေါင်းဂူမှာနေခဲ့သူ ဖြစ်သည်။ သူက ရှုန်းယယ် စုပေါင်းဂူထဲရွှေ့လာချိန် အတူနေပေးပြီး စောင့်ရှောက်ပေးခဲ့လို့ ရှုန်းယယ်အပေါ်မှာ ကျေးဇူးရှိသည်။
 

ရှုန်းယယ်သည် သူ့အကိုရဲ့အခြေနေကို  ဘုန်းတော်ကြီး ကို မေးချင်ပေမယ့်  မမေးရဲပေ။

 ဘုန်းတော်ကြီး၏ လက်အောက်မှာ အတော်ကြာ ဆေးပညာသင်ခဲ့ဖူးလို့ သူ့အကိုရဲ့ ဒဏ်ရာအရမ်းပြင်း တာကို သိသည်။ ဒါကြောင့် ရှုန်းယယ်က သူ့အကိုကို ရေဝင်သလောက် ဖြည်းဖြည်းတိုက်ပေးနေသည်။

ကျိုးကျီက သေခါနီးသားရဲလူသားရဲ့ကိုယ်ထဲက အမြူတေ အခြေနေကို စိတ်စွမ်းအားနဲ့ စစ်ဆေးလိုက်တော့ ထိုအမြူတေက ကွဲအက်ကာ ကြွေကျလုနီးပါးဖြစ်နေကာ စွမ်းအင်တွေ ယိုစိမ့်ထွက်နေသည်။ ဒီလူက တကယ်လည်း အဖျားကြီးပြီး သေမလိုဖြစ်နေသည်။

ကျိုးကျီသည် ရှုန်းယယ်ရဲ့ ဘေးနားမှာ ထိုင်လိုက်ပြီး သူ့စိတ်စွမ်းအားနဲ့ သားရဲလူသားရဲ့ကိုယ်ထဲကို စွမ်းအင်တွေထိန်းကာ ပို့လွှတ်ပေးနေခဲ့သည်။ ယိုစိမ့်ကျနေသည့်  စွမ်းအင်တွေ ရပ်တန့်သွားပေမယ့် ကျိုးကျီရဲ့ကိုယ်က စွမ်းအားတွေ အတော်ကုန်သွား ခဲ့သည်။ ဒါပေမယ့် ဒါက သူ့စိတ်စွမ်းအားကို လေ့ကျင့်နေတယ်လို့ သဘောထားပြီး ဆက်လက် လုပ်ဆောင်ပေးနေခဲ့သည်။

 ပြီးတော့ ဒီလဲကျနေတဲ့လူက ပိန်ချုံးနေလို့ ရက်အတော်ကြာ အစာငတ်ပြတ်နေပုံရလို့ ကျိုးကျီက ရှုန်းယယ်ကို သစ်သီးတချို့ကို ဝါးပြီး ထိုလူ၏ ပါးစပ်ထဲ ထည့်စေခဲ့သည်။
 
ရှုန်းယယ်သည် ကျိုးကျီကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ကျိုးကျီ ဘာကြောင့် ဒါတွေ လုပ်နေမှန်း မသိပေမယ့် သူ့အကို ကောင်းစေချင်မှန်း သိလိုက်သည်။


ကျိုးကျီက သူ့စိတ်စွမ်းအားကိုသုံးပြီး ဒီလူကို မသေအောင်လုပ်ပေးနေချိန်မှာ ဆားအသင်းက ဖြစ်ခဲ့သမျှကို ပြောပြပြီး ဘုန်းတော်ကြီးဆီက ဆေးကုသမှု ခံနေသည်။

သူတို့ ဆားလဲလှယ်ရန် သွားခဲ့သော မျိုးနွယ်စုမှာ ချင်းစန်းမျိုးနွယ်စုဖြစ်သည်။ ချင်းစန်းမျိုးနွယ်က ဆားမထွက်ပေမယ့် သူတို့က တခြားမျိုးနွယ်စုဆီက ဆားလဲလှယ်ကာ တဆင့်အမြတ်တင်ပြီး သူတို့ကို ပြန်လည်လှဲလှယ်ပေးတာ ဖြစ်သည်။

(青山- ချင်းစန်း- အစိမ်းရောင်တောင်)

ချင်းစန်းမျိုးနွယ်က ရိုးသားဖြောင့်မတ်လို့ ဝက်ဝံကြီးမျိုးနွယ်စုနဲ့အခြားမျိုးနွယ်စုကပါ ဆားလဲလှယ်ရန် လာရောက်ကြသည်။

ဒါပေမယ့် အခုတကြိမ်သွားတော့ ချင်းစန်းမျိုးနွယ်ကို အခြားမျိုးနွယ်က တိုက်ခိုက်သိမ်းပိုက်ထားကြလေပြီ။
 ဆားအသင်းကသာ သတိမရှိရင် ထိုကျူးကျော်လာတဲ့ မျိုးနွယ်စုတွေရဲ့ လုယက်သတ်ဖြတ်တာကို ခံရမှာ သေချာသည်။ သူတို့ သတိထားခဲ့ပေမယ့် ကျုးကျော်သူတွေက သူတို့ကို လိုက်လံတိုက်ခိုက်လို့ ဆားအသင်းက လူ တဒါဇင်ကျော်အသတ်ခံရပြီး ပါသွားတဲ့  အစားအစာနှင့် ပစ္စည်းတချို့ဆုံးရှုံးသွား ခဲ့သည်။ ဆားအသင်းခေါင်းဆောင် ရှုန်းချီက
 ကြံရာမရဖြစ်နေစဉ် ချင်းစန်းမျိုးနွယ်စုနဲ့ကပ်လျက်မှာ ရှိတဲ့ မျိုးနွယ်စုက သူတို့ကို  ဆားလဲလှယ်ပေးခဲ့သည်။
ဒါပေမယ့်ရလာတဲ့ ဆားပမာဏက အလွန်နည်းနေသည်။


"အပြန်လမ်းမှာ ကျွန်တော်တို့ ဒိုင်နိုဆော အကြီး တစ်ကောင်နဲ့ တိုးမိပြီး အဖွဲ့ထဲက လူအချို့ အစားခံ လိုက်ရတယ်"

ရှုန်းချီက အက်ကွဲသော အသံဖြင့် ပြောပြခဲ့သည်။ ဆားအသင်း၏ ခေါင်းဆောင်ဖြစ်တဲ့ သူလည်း ဒဏ်ရာ  ပြင်းထန်စွာ ရခဲ့ပေမယ့် ကံကောင်းပြီး အသက် အန္တာရာယ်တော့ မရှိပေ။


"မင်းတို့ အသက်ရှင်လျက် ပြန်ရောက်လာတာပဲ တော်သေးတယ်၊  သားရဲနတ်ဘုရား ကောင်းချီးပေးပါစေ"

ဘုန်းတော်ကြီးက ပြောသည်။

"အဘ ဘုန်းတော်ကြီး နျိုအာ့ရဲ့ အခြေအနေက ဘယ်လိုနေသေးလဲ"

ရှုန်းယယ်ရဲ့အကိုက နွားပုံပြောင်းနိုင်သည့် သားရဲလူသား ဖြစ်သည့်အပြင် အဖေ့ရဲ့ ဒုတိယမြောက်သားဖြစ်လို့  နျိုအာဟု ခေါ်ကြသည်။

(牛儿 -  နျိုအာ)

"ရှုန်းယယ်.....သားရဲနတ်ဘုရားက မင်းအကိုကို စောင့်ကြည့်ပေးနေမှာပါ"

ဘုန်းတော်ကြီးက သက်ပြင်းချကာပြောလိုက်သည်။
 နျိုအာက ဒဏ်ရာပြင်းလို့ အသက်ကယ်ရန် ခက်ခဲတယ် ဆိုတဲ့ သဘောဖြစ်လို့ မျိုးနွယ်စုဝင်အကုန်က စိတ်မကောင်းစွာဖြင့် ငြိမ်သက်သွားကြသည်။

 
ရှုန်းယယ်လည်း မျှော်လင့်ချက် ကင်းမဲ့သွားပြီး လူအုပ်ထဲမှာရပ်နေတဲ့ ရှီလီကို အကျင့်ပါစွာတချက် ကြည့်မိပြီး ဘေးက ကျိုးကျီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

 "ကျိုးကျီ ...သူ့ကို ငါတို့ဂူထဲ ခေါ်သွားရအောင်"

"ဟင်"

ကျိုးကျီက ကုသမှုအပေါ် စိတ်အာရုံစူးစိုက်ထားခဲ့ရလို့ သူ့စွမ်းအင်အားလုံးနီးပါး ကုန်လုလုဖြစ်သွားပေမယ့် အကျိုးရှိခဲ့သည်။ ဆားရည်အလောင်းခံရစဉ်က သတိမရခဲ့သည့် သားရဲလူသားက စွမ်းအင်ယိုစိမ့်မှု မရှိသည့်အပြင် ကျိုးကျီထည့်ပေးသည့် စွမ်းအင်တွေကြောင့် သတိပြန်ရလာသည်။

 
"သူ သတိရလာပြီ"

နျိုအာရဲ့ မျက်လုံးပွင့်လာတော့ ရှုန်းယယ်  အံ့အား သင့်ပျော်ရွင်သွားပြီး  စိတ်လှုပ်ရှားစွာဖြင့် ကျိုးကျီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။

 
"ဟုတ်တယ်"

ကျိုးကျီလည်း ဝက်ဝံလေးရဲ့စကားကို ထောက်ခံသည်။ အခုတော့ သူပိုင်ဆိုင်တဲံစိတ်စွမ်းအင်များကို အသုံးချ နိုင်မည့် နေရာကို  ရှာတွေ့ခဲ့လေပြီ။ ဘေးကနေ တချိန်လုံး မတ်တပ်ရပ်ကာ အကဲခတ်နေသည့် ရှီလီက နျိုအာ မသေပဲ သတိရလာတာရော၊ ရှုန်းယယ်က ကျိုးကျီရဲ့လက်ကို ဆုပ်ကိုင်လိုက်တာကိုရော ကြည့်ကာ   မျက်မှောင်ကြုတ် လိုက်မိသည်။

 ပထမ ရှုန်းယယ်က ကျိုးကျီကို သူတို့ မိတ်ဖက်ပြီးချိန် အတူနေမယ့် ဂူထဲ နေဖို့ဖိတ်လိုက်တော့ အရမ်းစိတ်ဆိုးခဲ့သည်။ သူက လန်ယင်နဲ့ သွားအိပ်ချင်အိပ်မည်။ သူ့နေရာကို အခြားလူ လာနေတာကို ခွင့်မပြုချင်ခဲ့လို့ ရှုန်းဟော်တို့နှင့် ပြသနာ တက်လုနီးပါးပင်ဖြစ်ခဲ့သည်။ ဒါပေမယ့် ကျိုးကျီက ပျော့ညံ့ထုံထိုင်းကာ ခွန်အားမရှိသူဖြစ်လို့ ရှုန်းယယ်က ဘယ်လိုမှ ကြိုက်မည် မဟုတ်ဟု ယုံကြည်နေခဲ့သည်။ ဒါပေမယ့် အတူနေလို့ ဘယ်နှစ်ရက်မှ မရှိသေးခင် ရှုန်းယယ်က ကျိုးကျီရဲ့လက်ကို ဆုပ်ကိုင်သည့် အဆင့်ပင် ရောက်သွားခဲ့သည်။ ဒါကြောင့်  ရှုန်းယယ်နှင့် ကျိုးကျီမှာ အလွန်နီးစပ်နေကြပြီလား။

=======

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now