Chapter (46-2) _ မာလုကို သွားဖမ်းကြသည့် ဝက်ဝံညိုနှင့် ပိုလာဝက်ဝံ

7.1K 1.3K 13
                                    

Chapter (46-2) _ မာလုကို သွားဖမ်းကြသည့် ဝက်ဝံညိုနှင့် ပိုလာဝက်ဝံ



ရှန်းထျန်းကို ကူညီပြီးနောက် ကျိုးကျီ သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး သူ၏ စိတ်စွမ်းအားများ ကုန်ဆုံးသွားသည်...

သူ့နဖူးကို သုတ်ပြီးနောက် ကျိုးကျီ သည် မနေ့ညက စွမ်းအင် ထုတ်လွှတ်သည့်နေရာကို သွားရန် စီစဉ်နေသည်။

မူလကိုယ်ရဲ့အဖေက တောထဲကို ဘာသွား လုပ်မှန်း သူ မသိပေ။ သစ်ပင်များနှင့် ပိုးကောင်များမှလွဲ၍ အခြားအရာများ မရှိသော်လည်း အနှစ်တစ်ရာ သက်တမ်း ရှိသော သစ်ပင်ကြီးများရှိသော သစ်တောကို ကျိုးကျီ က သဘောကျသည်။

ကျိုးကျီ သည် ရှန်းထျန်း ကို မောင်းထုတ်လိုက်သောအခါ အမဲလိုက်ထွက်သော ရှုန်းယယ် သည် မာလုတွေ ရှိနေသည့် တောအုပ်ထဲသို့ ပြေးဝင်သွား လေသည်။

ရှုန်းယယ်က ရှုန်းချီ နှင့်အတူ အမဲလိုက်သွားခဲ့သည်။ ရှုန်းချီ ၏ဒဏ်ရာကို ကုသပြီးကတည်းက ရှုန်းချီက သူနှင့်အတူ အမဲလိုက်ထွက်ဖို့ အနည်းငယ် စိတ်အားထက်သန်နေခဲ့သည်။

ရှုန်းယယ်က တစ်ခါတစ်ရံ စိတ်မသက်မသာ ခံစားရသော်လည်း၊ အမဲလိုက်သည့်အခါ အဖော်အဖြစ် ရှုန်းချီကို ရရှိထားခြင်းသည် ကောင်းမွန်သောအရာဖြစ်ကြောင်းကိုလည်း ဝန်ခံရမည်။

တစ်ယောက်နဲ့တစ်ယောက် အထာသိပြီး ကောင်းကောင်းပူးပေါင်း ဆောင်ရွက်နိုင်ကြသည်။

နှစ်ယောက်သား လမ်းလျှောက်ရင်း ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ရင်း လမ်းလျှောက်လာရင်း အရှည် ငါးမီတာ၊ ခြောက်မီတာခန့် ရှိတဲ့ မာလုကြီးက ဘွားခနဲ သူတို့ဘေးနားက ရွှံ့ထဲကနေ ရုတ်တရက် ထွက်လာပြီး သူတို့ဆီ ပြေးလာတယ်။

ရှုန်းယယ်နဲ့ရှုန်းချီတို့ နှစ်ဦးစလုံးသည် တိုက်ပွဲတွင် အတွေ့အကြုံရှိပြီး ချက်ခြင်း သူတို့ သားရဲပုံသဏ္ဍာန်ဖြစ်အောင် ပြောင်းလဲလိုက်ပေမယ့် မာလုကို ကိုင်တွယ်ရန်မလွယ်ကူသည့်အပြင် သူတို့နှစ်ဦးမှာ အန္တရာယ်ရှိသည့်အတွက် မာလု၏ အပြင်အခွံကိုသာ ချိုးဖျက်နိုင်သည်။ မာလုက သူတို့၏ သားမွေးများကို ကျွတ်ထွက်အောင် ကိုက်ဖြတ်နိုင်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now