Chapter (131) _ သူတို့ အရမ်းဆူတယ်....

5.1K 1K 22
                                    

Chapter (131) _ သူတို့ အရမ်းဆူတယ်။ ငါ့မြေးလေး အိပ်လို့မရတော့ဘူး....

ကျူးကျန်း သည် ကျူးကျူးကိုပြန်ခေါ်လာပြီးနောက်၊ သူက လွန်ခဲ့သော တစ်နှစ်ခွဲကျော်က အဖြစ်အပျက်များကို ကျူးကျူးသို့ စတင်ပြောပြခဲ့သည်။ သူတို့နှစ်ဦးစလုံးက တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ ငိုကြွေးကြပြီး သူတို့ကို ကြည့်ရှုစောင့်ရှောက် ပေးသည့် သားရဲနတ်ဘုရားကို ကျေးဇူးတင်ကြောင်း အတူတကွ ပြောခဲ့သည်။

ကျိုးကျီ သည် ဒီစကားကို ကြားလိုက်ရသောအခါ အနည်းငယ် လန့်သွားသလို ခံစားလိုက်ရသည်။ သားရဲနတ်ဘုရား ပိုမိုကျော်ကြားလာအောင် သူက မသိလိုက်ပဲ ကူညီပေးခဲ့သလိုပဲ။

ဒီအတွေးဖြင့် ကျိုးကျီ သည် တဲရှေ့တွင် ဖြစ်ပျက်နေသည်ကို လျစ်လျူရှုကာ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အာရုံမစိုက်တော့ဘူး။

သူဗိုက် မပြည့်သေးဘူး။

ကျိုးကျီ က ထမင်းဆုပ်ကို ဆက်စားနေပြီး သူတူးထားတဲ့ ကြက်သွန်ဖြူတစ်လုံးကို မီးထဲ တိတ်တဆိတ် ထည့်ကာ ဖုတ်ထားလိုက်တယ်။

ကြက်သွန်ဖြူမီးဖုတ်ကာ အရမ်းစားကောင်းတယ်။ နောက်တစ်ခါ ပင်လယ်ကမ်းစပ်ကို သွားပြီး ငါးပေါင်းတဲ့အခါ အခွံနွှာထားတဲ့ ကြက်သွန်ဖြူ အတုံးလေးတွေ ထည့်ပေါင်းပြီး စားလို့ရတယ်။

ကျိုးကျီ က ကြက်သွန်ဖြူမီးဖုတ်ကို တကယ်ကြိုက်ပေမယ့် ရှုန်းယယ် ကတော့ ဒီလိုအရသာရှိတဲ့ အသီးအရွက်တွေကို သိပ်စိတ်မဝင်စားဘူး။ ထမင်းဆုပ်လုံးနှင့် အသားကင်များကို စားပြီးနောက် ကျင့်ကြံဖို့ကို အာရုံစိုက်ခဲ့သည်။

သူက သားရဲဘုရင်ဖြစ်နေသော်လည်း ရှုန်းယယ် သည် သူ၏ဂုဏ်သတင်းဖြင့် သာယာမနေပဲ ပိုသန်မာလာဖို့ စိတ်အားထက်သန်စွာဖြင့် လုံ့လဝီရိယနဲ့ ဆက်လက်လေ့ကျင့်ခဲ့သည်။

ကျိုးကျီ က သူ့သဘောထားကို အရမ်းသဘောကျသွားသည်။ သူက စွမ်းအင်ကို ဘယ်လို အသုံးချရမလဲဆိုတာကိုလည်း ရှာဖွေနေပြီး တစ်ခုခုကို ရှာတွေ့တိုင်း ရှုန်းယယ် ကိုလည်း သင်ပေးနိုင်လိမ့်မည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Hikayelerin yaşadığı yer. Şimdi keşfedin