Chapter ( 116 ) _ ဒုတိယအကြိမ် စွမ်းအားပွင့်ထွက်လာခြင်း

5.2K 1K 22
                                    


 Chapter ( 116 ) _ ဒုတိယအကြိမ် စွမ်းအားပွင့်ထွက်လာခြင်း


ရှုန်းယယ်က ကျိုးကျီကို စိုးရိမ်နေတာကြောင့် ဖေါင်ဆောက်တဲ့အရှိန်က အရမ်းမြန်ဆန်နေပြီး မကြာခင် ဖောင်ပြီးသွားခဲ့တယ်။ သူက  ဖောင်ကို ပင်လယ်ထဲသို့ တွန်းထုတ်လိုက်ပြီး လိုက်ရှာဖို့  ကြံရွယ်ခဲ့ပေမယ့် ရှုန်းချီနှင့် အခြားလူများ အားလုံးက တပြိုင်တည်း ပြောခဲ့သည်။

 "အကြီးအကဲ၊ ငါတို့လည်း သွားမယ်။"

"ငါ မင်းနဲ့လိုက်ခဲ့မယ်။"

"ကိုယ်လည်းပဲ။"

ရှုန်းယယ်က သူတို့အားလုံးကို ငြင်းဆန်လိုက်တယ်။
"မဟုတ်ဘူး၊ မင်းတို့က ဒီမှာနေခဲ့ကြ"

"ငါ မင်းနဲ့လိုက်ခဲ့မယ်။"
ကျူးကျန်း က အခိုင်အမာဝင်ပြောလိုက်သည်။ အဆင့်နိမ့်သားရဲစစ်သည်များက   အန္တရာယ်ကြုံလျှင် အသုံးမဝင်ပေ၊ သို့သော် သူဆိုရင်တော့ အန္တရာယ်ကြုံလာပါက ရှုန်းယယ်အတွက် အထောက်အကူဖြစ်လိမ့်မည်။

"ကျေးဇူးတင်ပါတယ်။"
ရှုန်းယယ်ကလည်း ဒီအချက်ကို အသိအမှတ်ပြုပြီး သူ့အကူအညီအတွက် ချက်ချင်း ကျေးဇူးတင်လိုက်ပြီးနောက် သူနှင့် ကျူးကျန်း ထွက်ခွာလာခဲ့သည်။ ထွက်မလာခင်  မျက်လုံးတစ်ဖက်တည်းရှိသော ဝံပုလွေမထံသို့ သွားကာ သူမ၏လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ရှိ အဆစ်များကို အဆစ်ဖြုတ်ထားခဲ့သည်။ သူနှင့် ကျူးကျန်း ထွက်ခွာသွားပြီးနောက် ဒီနေရာမှ အသန်မာဆုံးလူမှာ တဖက်လပ် ဝံပုလွေ ဖြစ်လိမ့်မည်။ သူမက  မကောင်းတာမလုပ်မိအောင် တားချင်ခဲ့တာဖြစ်သည်။

တဖက်လပ် ဝံပုလွေ သည် သူမ၏ အဆစ်များ ဖြုတ်ခံလိုက်ရလို့  ကျယ်လောင်စွာ ကျိန်ဆဲလိုက်တော့သည်။ ဒါကိုမြင်တော့ ရှုန်းယယ်က တစ်စုံတစ်ယောက်ကို သူမရဲ့ ပါးစပ်ကို ပိတ်ပြီး ကြိုးနဲ့ချည်ခိုင်းလိုက်တယ်။
 တစ်ဖက်လပ် ဝံပုလွေ- "......"

ရှုန်းယယ်နှင့် ကျူးကျန်း တို့သည် ဖောင်ပေါ် အတူတက်ပြီး လှော်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက အရင်က လှေမလှော်ဖူးသလို သိပ်ကျွမ်းကျင်တာ မဟုတ်ဘူး။ အစပိုင်းမှာတော့ သူတို့ ဖောင်ကို တစ်နေရာတည်းမှာ   လှည့်ပတ်နေစေပြီး  အကြိမ်အနည်းငယ်ကြိုးစားပြီးနောက် ရှုန်းယယ်က ဖောင်ကို ဘယ်လို ရွှေ့အောင် လှော်ရမယ်ကို  သင်ယူခဲ့ပြီး နောက်ဆုံးမှာတော့ ဖောင်ကို ရှေ့ကို ရွှေ့အောင် လုပ်နိုင်ခဲ့သည်။

လှိုင်းလုံးကြီးတွေက ဖောင်ပေါ်ကို တက်လာပေမယ့် အနည်းဆုံးတော့ ရေပေါ်မှာ ပေါလောမျောပါနေနိုင်သေးတယ်... ရှုန်းယယ်နဲ့ ကျူးကျန်း တို့ဟာ ဖောင်တစ်ဖက်စီကနေ ဖောင်ရွှေ့ဖို့ ကြိုးကြိုးစားစား လှော်ခတ်နေကြတယ်။  

ဒီအချိန်မှာ ရှုန်းယယ်က စကားတစ်လုံးမှ မပြောဘူး။ ကျူးကျန်း က ဒီတိတ်ဆိတ်မှုကို သိပ်သဘောမကျလို့ စကားစလိုက်သည်။

 "ရှုန်းယယ်...မင်း အရမ်း စိတ်မပူပါနဲ့။ ပင်လယ်မျိုးနွယ်စုရဲ့ ပင်လယ်နတ်ဘုရားက ပြန်မလာတော့ဘူးဆိုတော့ ကျိုးကျီ က အနိုင်ရသွားတဲ့ သဘောပဲ မဟုတ်လား"

"ဟုတ်တယ်၊ သူ အနိုင်ရတယ်။"
ရှုန်းယယ်က သဘောတူပြီးနောက် အသက်ပြင်းပြင်းရှူကာ ကျူးကျန်း ကို ကြည့်လိုက်သည်။

တဖက်လပ် ဝံပုလွေ သည် စောစောက ရန်စ စရာ စကားများစွာ ပြောခဲ့ဖူးသည်။ ရှုန်းယယ်က ကျူးကျန်းက ကျိုးကျီ ကို မကြိုက်တော့မှာကို စိုးရိမ်တဲ့အတွက် သူက ပြောလိုက်သည်။

"ကျိုးကျီ က မင်းကို မကူညီရတဲ့ အကြောင်းရင်း တစ်ခုရှိရမယ်။ သူ့တိရစ္ဆာန်ပုံစံ ပြောင်းသွားတဲ့အခါ သူက  တစ်ခုခုလွဲမှားနေတယ်လို့ ငါ ထင်တယ်။ ဒီလို ပြင်းထန်တဲ့ ခွန်အားမျိုးက သူ့ထိန်းချုပ်မှုထက် ကျော်လွန်နေတာ ဖြစ်နိုင်တယ်။"

အခု ရှုန်းယယ်ပြောတာကို နားထောင်ပြီး ကျူးကျန်းက ဒါက အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရတယ်။   ဥပမာအားဖြင့် ပြောရရင် ကျားကြီးလူမျိုးစု  ကို ရှင်းလင်း ဖျက်ဆီးပစ်လိုက်တဲ့အချိန်ကို စဉ်းစားကြည့်လိုက်ပါ။ ထိုအချိန်တွင် ကျိုးကျီ သည် ကျားကြီးမျိုးနွယ်၏ လူအားလုံးကို တိတ်တဆိတ် သတ်ပစ်နိုင်တယ်။ တကယ်လို့  သူ ဒီလိုလုပ်ခဲ့မယ်ဆိုရင် ဒီကိစ္စကို သူတို့ ဘယ်တော့မှ ရှာဖွေတွေ့ရှိမှာ မဟုတ်ဘူး။   ကျိုးကျီက ဆူညံပွက်လောရိုက်အောင် လုပ်ပြီး   ကျားကြီးမျိုးနွယ်ကို ဖျက်ဆီးပစ်ရုံသာမက ဒိုင်နိုဆောများစွာကိုလည်း သတ်ဖြတ်ခဲ့ပြီး သစ်တောတစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။

ကျိုးကျီ က ဒိုင်နိုဆောတွေအားလုံးကို သတ်တာကို သူ လျစ်လျူရှုထားနိုင်ပေမယ့် သစ်တောကို ဖျက်ဆီးတာက   နည်းနည်းတော့ ထူးဆန်းတာ သိသာတယ်။ ပြီးတော့ သူ့အခြေအနေက  တကယ်ကို ရက်စက်လွန်းပြီး ရူးသွပ်လွန်းနေသလိုပဲ...

"ငါ သိပါတယ်။ သူ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုတော့ရှိရမယ်။"
ကျူးကျန်း က ထိုအချက်ကိုလက်ခံကာ ဆက်ပြောခဲ့သည်။

 "တဖက်လပ် ဝံပုလွေ ရဲ့စကားအတွက်  စိတ်မပူပါနဲ့။ ကျိုးကျီ က ဒီတစ်ခါ ဆားအဖွဲ့နဲ့ လိုက်လာဖို့ အခိုင်အမာပြောပြီး အရင်က ကျားကြီးမျိုးနွယ်ကို တိုက်ခိုက်ဖို့ သွားတုန်းက ငါတို့ကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တာက  သူ မင်းကို ဂရုစိုက်လို့ ဖြစ်ရမယ်။"  

ရှုန်းယယ်က ခေါင်းညိတ်လိုက်ပြီး ကျူးကျန်း ကို ရုတ်တရက် မေးလိုက်တယ်။

 "မင်းတို့ဆီမှာလည်း မိတ်ဖက်ဖြစ်သွားပြီးရင် ကတိဖျက်ပြီး ခွဲခွာတာမျိုးတွေ ရှိဖူးလား  "

ကျူးကျန်း : "ငါ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မသိပေမယ့် သားရဲလူသား ကုန်းမြေ မှာတော့ ခွဲထွက်လို့ မရနိုင်လောက်အောင် ခိုင်မြဲတဲ့ မိတ်ဖက်ပြုတာမျိုးတော့ မရှိပါဘူး။"



ရှုန်းယယ်: "ငါ သိပြီ"

ကျူးကျန်း သည် သူ၏အမူအရာမှာ အနည်းငယ်ထူးဆန်းသည်ကို သတိပြုမိပြီး ရှုန်းယယ်က ယောကျာ်းအချင်းချင်းကြား ချစ်တင်းနှောတာကို မသိဘူးဆိုတာ   ရုတ်တရက် တွေးလိုက်မိသည်။ သူနဲ့ ကျိုးကျိတို့... သူတို့နှစ်ယောက်ကြားမှာ တကယ်ပဲ ပြသနာတွေ ရှိနေခဲ့သလား။  သူတို့နှစ်ယောက်က သေချာပေါက် အတူမအိပ်ရသေးဘူးပဲ။

သို့သော် သူ့အခက်အခဲကိုတောင်  မဖြေရှင်းနိုင်သေးလို့ အခြားသူတွေရဲ့ ဆက်ဆံရေးကြားက ပြဿနာတွေကို စိတ်ပူဖို့ သူ ဘယ်လိုအချိန်ရနိုင်မလဲ။

တကယ်တော့ သူက ရှုန်းယယ်နဲ့ အတူ ကျိုးကျီ ကိုလိုက်ရှာတာက အကြောင်းပြချက်တစ်ခု ကြောင့်ပါ။   ကျိုးကျီ က အရမ်း အစွမ်းထက်တဲ့အတွက် ကျိုးကျီ က သူ့ကို မြစ်ကို ဖြတ်ပြီး တဖက်ကမ်းကို ပို့ပေးစေချင်လို့ဖြစ်တယ်။ သူ့မှာ ကျိုးကျီ ကို တောင်းဆိုစရာတစ်ခုရှိလို့ သူ့စိတ်ထဲမှာ မပျော်မရွှင်ဖြစ်နေရင်တောင် သူက တဖက်လပ် ဝံပုလွေလိုမျိုး  ရှုန်းယယ်နဲ့ ကျိုးကျီ ကို စော်ကားမှာမဟုတ်ပါဘူး။


ဖောင်က မကြာမီ ပင်လယ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာပြီး  သူတို့ရှေ့ရှိ ပင်လယ်က အရမ်းကျယ်လွန်းလို့ လူတစ်ယောက်ကို ဘယ်နေရာက စပြီးရှာရ မှန်းမသိတော့ဘူး။ ကျူးကျန်းက စိတ်ပူနေတဲ့အချိန် ရှုန်းယယ်က မတ်တပ်ရပ်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

 "ကျိုးကျီ...ကျိုးကျီ....!"

သူ့အသံက အဝေးကြီးကို ရောက်ပေမယ့် ပြန်ထူးသံမကြားရပေ။ ကြာတော့ ရှုန်းယယ်ရဲ့ အသံက အက်ကွဲလာသည်။

"ထပ်မအော်ခင် လှော်တက်ကို သေချာထိန်းညှိလိုက်ဦးကွ"

ကျူးကျန်းက အကြံပြုလိုက်သည်။ ပင်လယ်ပြင်ကြီးက ငြိမ်သက်နေပြီး အစောပိုင်း တိုက်ပွဲဖြစ်တဲ့ အရိပ်အမြွက် လုံးဝ မတွေ့ရပေ။

ကျိုးကျီ ဘာဖြစ်သွားပြီလဲ....
ကျိုးကျီ အဆင်ပြေမယ်လို့ သူ မျှော်လင့်တယ်။ ကျိုးကျီ နေကောင်းရင် မြစ်ကိုဖြတ်ပြီး ပို့နိုင်ပေမယ့် တစ်ခုခုဖြစ်ခဲ့ရင်... သူကိုယ်တိုင် ဖြတ်ကျော်ပြီး လမ်းလျှောက်ရတော့မယ်။

ရှုန်းယယ်က အော်ဟစ်နေတာကို ရပ်လိုက်ပြီး ကျူးကျန်း နဲ့ ရှေ့ကို လှေလှော်ခဲ့တယ်။ သူတို့ ခရီးနည်းနည်းသွားပြီးနောက် ရှုန်းယယ်က ထပ်အော်ပြန်သည်။ ဒါပေမယ့်   ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။ ကောင်းကင်က တဖြည်းဖြည်း တောက်ပလာပေမယ့် ဘာမှ မတွေ့ရသေးဘူး။  

ပထမတော့ ရှုန်းယယ်က ငြိမ်ငြိမ်လေး ငြိမ်ငြိမ်နေနိုင်ပေမယ့် သူ တဖြည်းဖြည်း ဂနာမငြိမ်ဖြစ်လာတယ်။ ကျိုးကျီ က အရမ်းသန်မာပေမယ့် မနေ့ညက သူတို့ကို တိုက်ခိုက်တဲ့လူလည်း အရမ်းသန်မာတယ်။ အဲဒီလူရဲ့ တိရစ္ဆာန်ပုံစံက အရမ်းကြီးလွန်းတယ်...

"အရင်ပြန်ကြရအောင်" ကျူးကျန်း က အဆိုပြုလိုက်သည်။

ရှုန်းယယ်က မပြန်ချင်ပေ။ သူက နည်းနည်းကြာအောင်ရှာရင် ကျိုးကျီ ကိုရှာတွေ့ နိုင်မယ်လို့ ခံစားရပေမယ့် ကောင်းကင်မှာ နေလုံးတက်လာပြီး ပင်လယ်ပြာကြီးပေါ်မှာ တောက်ပနေတာကြောင့် အဲဒီမှာ ဘာမှမရှိဘူးဆိုတာ သိသာပါတယ်။  ထို့အပြင် သူတို့က    ကမ်းရိုးတန်းနှင့် အတော်ကြီးကို ဝေးကွာလာခဲ့သည်။ ဆက်သွားမယ်ဆိုရင် ကမ်းစပ်ကို မမြင်နိုင်ဘဲ ကျယ်ပြောလှတဲ့ ပင်လယ်ကြီးထဲမှာ ပျောက်ကွယ်သွားနိုင်တယ်...

"ကျိုးကျီ က အရမ်းသန်မာတယ်။   သူ ပြန်ရောက်နေတာတောင် ဖြစ်နိုင်တယ်။"

 ကျူးကျန်း က နှစ်သိမ့်ခဲ့သည်။

"ပြန်ကြရအောင်။"

ရှုန်းယယ်နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့နှစ်ယောက် အတူတူ လှေလှော်လာကာ  နောက်ဆုံး သူတို့ ကမ်းနားကို ရောက်တဲ့အခါ ကမ်းခြေကနေ ကမ်းရိုးတန်းအောက်ကို လျှံထွက်နေတဲ့ မီးခိုးလုံးတွေကို သတိထားမိလိုက်တယ်။  

ရှုန်းယယ်နှင့် ကျူးကျန်း တို့သည် သူ့ကိုရှာရန် ပင်လယ်ပြင်သို့ ထွက်ကြသောအခါ ကျိုးကျီ လည်း အခြေနေ အနည်းငယ် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ သူ ပြန်ကောင်းလာ ပြီဆိုတော့ ပင်လယ်ထဲမှာ ဆက်ပြီး မမျှောတော့ဘူးဆိုတာ သေချာတယ်။

ဝေလငါးကို တိုက်ခိုက်ရန် ပင်လယ်ထဲသို့ ထွက်သွားသောကြောင့် ရှုန်းယယ်က သူ့ကို အရမ်း စိုးရိမ်နေတော့မယ်။ ဒါကြောင့် မြန်မြန်ပြန်မှ....
 
ထိုအရာကို စိတ်ထဲမှာတွေးမိတော့ ကျိုးကျီ က ဟိုင် ဖုန်း ဆီသို့ လှမ်းကြည့်ကာ မေးလိုက်သည်။

"ဘယ်လမ်းကြောင်းက ကမ်းကို ပြန်တဲ့လမ်းလဲ"

ကျိုးကျီ သည် ပင်လယ်ထဲတွင်ရှိစဉ် မြောက်၊ တောင်၊ အရှေ့၊ အနောက် တို့ကို ခွဲခြား၍ မရပေ။ သူ့ဝိညာဉ်စွမ်းအားတွေကို ဖြန့်ကျက်ထားရင်တောင် ပတ်ဝန်းကျင်က နေရာတိုင်းမှာ အတူတူလိုပဲ... ကမ်းစပ်က ဘယ်ကို ဦးတည်နေတယ်ဆိုတာ သူ မသိနိုင်ဘူး။

သို့သော် သူ မသိလိုက်ခင်  ပင်လယ်ထဲတွင် အကြာကြီးနေခဲ့သော ဟိုင်ဖုန်း သည် ကမ်းစပ်ကို ဦးတည်ကာ သွားနိုင်တယ်ဆိုတာ သေချာသည်။ ချည်နှောင်ခံထားရပြီး မလှုပ်ရှားနိုင်ဘဲ သူ့ဦးခေါင်းကို အသုံးပြုကာ တိကျသော ဦးတည်ရာသို့ ညွှန်ပြရင်း ပြောခဲ့သည်။

  "ကမ်းရိုးတန်းက ဒီဘက်ပဲ"

 ညွှန်ပြပြီးနောက်   သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပင်လယ်သားရဲကောင်ကြီးရဲ့ ကလီစာအချို့ကို သိမ်းဆည်း ထုပ်ပိုးထားသော ကျိုးကျီ သည် ပင်လယ်မျက်နှာ ပြင်တစ်လျှောက် ပြေးလွှားသွားသည်ကို  ဟိုင်ဖုန်း ကြည့်လိုက်မိသည်။ စွမ်းအင်များသည် ကျိုးကျီ ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် စုစည်းကာ ကျိုးကျီ သည် ရေထဲသို့ မနစ်မြုပ်သွားကြောင်း သေချာနေသည်။

ဒါ ဖြစ်နိုင်လို့လား?! ကျိုးကျီ သွားလာပုံကို မြင်လိုက်ရသောအခါ ဟိုင် ဖုန်း အနည်းငယ် အံ့သြသွားသည်။   စွမ်းအင်သုံးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို သူ တွေးနေတုန်းမှာ အဲ့လူက အလွယ်တကူ အသုံးချနိုင်ခဲ့သည်။ ယခင်က ကျိုးကျီ သည် သူ့ကို သားရဲကောင်ကြီးရဲ့ အူတွေနဲ့ တင်းကျပ်အောင် ဟိုင်ဖုန်းကို   ချည်နှောင်ခဲ့သည်။ အခု သူက အူအစကို  ကိုင်ထားပြီး ပြေးရင်း ဟိုင်ဖုန်းကို ဆွဲခေါ်သွားတယ်။

ဆွဲခေါ်ခံရသည့်ခံစားချက်သည် ကြောက်စရာကောင်းသော်လည်း ဟိုင် ဖုန်း သည် ခုခံရန်နည်းလမ်းမရှိခဲ့ဘဲ သူ့အသက်ကို ထိန်းနိုင်ဖို့ လိုက်လျောညီထွေဖြစ်အောင်သာ ကြိုးစားနိုင်ခဲ့သည်။ ဟိုင် ဖုန်း က သူ့မျက်လုံးတွေကိုမှိတ်ထားပြီး သူ့ကိုယ်သူ 'လေထဲဝဲပျံခေါ်ဆောင်ခံရ' ဖို့ ခွင့်ပြုလိုက်တယ်။ သူ့ခေါင်းပေါ်က ဒဏ်ရာတွေက   ပင်လယ်ရေတွေ ရိုက်ခတ်ခံရလို့ ပိုပိုပြီး နာကျင်လာတယ်လို့   ခံစားလိုက်ရတယ်။  

ကျိုးကျီ ကတော့ တော်တော်သက်သာနေပါပြီ။ ဟိုင်ဖုန်းကို နောက်မှ တရွတ်တိုက် ဆွဲကာ ပင်လယ်ရေမျက်နှာပြင်ထက်ပြေးလွှားလာရင်းနောက်ဆုံး  ကမ်းနားကို ရောက်လာခဲ့သည်။    သူတို့သည် ကမ်းခြေမျိုးနွယ်စုနှင့် တော်တော်ဝေးရာကို ရောက်သွားခဲ့သည်ကို ကူကယ်ရာမဲ့ ရှာဖွေတွေ့ရှိခဲ့သည်။

ကျိုးကျီ သည် ဟိုင် ဖုန်း ကို သူနှင့်အတူ သယ်ဆောင်ပြီး ပင်လယ်မျိုးနွယ်စု ဆီသို့ ပြန်လာနိုင်ခဲ့သည်။ အချိန်အတော်ကြာအောင်ပြေးပြီးနောက် ကျိုးကျီ သည်  ရှေ့ဆက်ရန် အနည်းငယ်ကြောက်လာခဲ့သည်။

သူက ရှုန်းယယ်ကို လိမ်ညာခဲ့တယ်။ ရှုန်းယယ်က အခု သူ့ကို စိတ်ဆိုးနေလောက်မလား။ ဒါတွေအားလုံးက ဟိုင် ဖုန်း ရဲ့ အပြစ်တွေပဲ...

ကျိုးကျီ သည် ဟိုင် ဖုန်း ကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်ပြီးပြောလိုက်သည်။

 "မင်းကို ငါ လွှတ်လိုက်မယ် ၊ ဒါပေမယ့် မင်းနောင်မှာ ငါပြောတဲ့အတိုင်း လုပ်ရမယ် "

"အဘယ်ကြောင့်?" ဟိုင် ဖုန်း က မေးလိုက်သည်။

"မင်းငါ့ကို အနိုင်ယူနိုင်လို့လား။"
 ကျိုးကျီ က ပြောသည်။ သူသည် ဟိုင် ဖုန်း ကိုဖိအားပေးရန်အတွက် သူ ပြန်လည်ရရှိလာသော ဝိညာဉ်စွမ်းအားနှင့် စွမ်းအင်အချို့ကို အသုံးပြုခဲ့သည်။  

"မင်းပြောတဲ့အတိုင်းလုပ်မယ်၊ မင်းပြောတဲ့ အတိုင်းလုပ်ပါ့မယ်!"
ဟိုင် ဖုန်း က ချက်ချင်း သဘောတူလိုက်တယ်။ သူ မသေချင်ဘူးဆိုတော့ စွန့်စားဖို့ပဲ ရွေးလိုက်ရတော့တယ်။

ကျိုးကျီ - "ကောင်းပြီ။ အဲဒါကြောင့် ငါ့စကားတွေကို သတိရပါ။ ငါတို့ နှစ်ယောက်စလုံး အရင်က တစ်ယောက်ကို တစ်ယောက် ရန်ဖြစ်ရင်း အရှုံးတွေ ကြုံခဲ့ရတယ်။ ဒါ့အပြင် ငါနဲ့  တိုက်ခိုက်ပြီးနောက်၊ မင်းကိုယ်မင်း ပင်လယ်နတ်ဘုရားလို့ ကြေငြာခဲ့တာ မှားတယ်ဆိုတာ လက်ခံပြီမဟုတ်လား။ မင်းက   သားရဲနတ်ဘုရားကို စော်ကားတဲ့အတွက် အခု နောင်တရပြီး အနာဂတ်မှာ ငါ့ စကားကို နာခံရမယ်"

"ကောင်းပြီ။" ဟိုင် ဖုန်း က သဘောတူပြီး မေးလိုက်သည်။ "မင်း ဘာလုပ်ချင်လဲ"  

ကျိုးကျီ သည် သူ့ကိုယ်သူ ပျော့ညံ့ပြီး သနားစရာအဖြစ် ပုံဖော်ချင်သော်လည်း ဒီအရာအားလုံးကို ဟိုင် ဖုန်း အား ပြောပြရန် အစီအစဉ်မရှိပေ။  ဟိုင် ဖုန်း ကို ကမ်းခြေပေါ်ပစ်ချပြီးနောက် ကျိုးကျီ က  ထင်းအချို့ကို ပြန်ယူလာပြီး မီးဖိုရန် တုတ်နှစ်ချောင်းကို အချင်းချင်းပွတ်တိုက်သည်။ မီးစလောင်ပြီး မီးခိုးတွေ အများကြီးထွက်လာတယ်။ အဝေးက ကမ်းခြေကလူတွေက မီးခိုးကို မြင်နိုင်လိမ့်မယ်။

ဒါတွေအားလုံးပြီးတဲ့အခါ ကျိုးကျီဟာ ဟိုင် ဖုန်း ရှိတဲ့နေရာကို ပြန်သွားပြီး ဟိုင်ဖုန်း ရဲ့မျက်နှာပေါ်က ဒဏ်ရာတွေကို ကုစားဖို့ သူ့ရဲ့စွမ်းအင်ကို အသုံးပြုခဲ့ပါတယ်။ ဒီလူရဲ့မျက်နှာပေါ်က ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အခါ ကျိုးကျီ က ဒီလူက တော်တော်အိုနေပြီဆိုတာ သိလိုက်ရတယ်။ သူသည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရှိပုံရပြီး အထူးသစ္စာရှိပြီး ရိုးသားသောမျက်နှာထားရှိသည်။  

"ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲ။"
ဟိုင် ဖုန်း သည် သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပြီး အံ့သြမှုများစွာကို ခံစားလိုက်ရသည်။ သူက ကျိုးကျီကို ခုခံဖို့ စိတ်ကူးမရှိတော့ဘူး။ သူ့ရှေ့ကလူက သူ့ထက် ပိုသန်မာတယ်။ သူ့ကို သေလုမျောပါးဖြစ်အောင်ရိုက်ပြီးနောက်၊ ဒီလူဟာ သားရဲဘုရင် နဲ့ အဆင့်တူတဲ့ ပင်လယ်မကောင်းဆိုးဝါးကြီးကိုလည်း သတ်နိုငသေးတယ်။ ဘယ်လောက်    တိုက်ပွဲဝင်နေပါစေ သူက ဒီလူကို အနိုင်ရမှာမဟုတ်ဘူးဆိုတာ   ဟိုင် ဖုန်း သိသည်။

"နောက်မှ စိတ်ပြောင်းရင် ငါ့ကို အဆိုးမဆိုနဲ့ " ကျိုးကျီ က ဟိုင်ဖုန်း ကို ခြိမ်းချောက်ကာ စွမ်းအားတွေကို ထုတ်လိုက်သည်။

ဟိုင် ဖုန်း က ခေါင်းညိတ်လိုက်ပြီး ကျိုးကျီ က မီးဘေးမှာ လဲကျနေတာကို စောင့်ကြည့်လိုက်တယ်။ သူ့ကို ကြည့်ရတာ... နည်းနည်း ပျော့ညံ့ အားနည်း နေတဲ့ပုံပေါက်နေတယ်?

ဟိုင် ဖုန်း: "......" ဒီလူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ဟိုင် ဖုန်း က ကျိုးကျီ ဘာလုပ်ဖို့ ကြိုးစားနေမှန်း မသိပေမယ့် ထွက်ပြေးဖို့လည်း မလုပ်ဝံ့ဘူး။ ကောင်းပြီ၊ သူ ထွက်ပြေးရင်တောင်  မလွတ်နိုင်ဘူး။ ဆယ်နှစ်သားအရွယ်တွင် သူ၏မျိုးနွယ်မှ ထွက်ခွာခဲ့ပြီး သူ၏တိရစ္ဆာန်ပုံစံဖြင့် ရေထဲတွင် နေထိုင်ခဲ့သည်။ သူသည် သားရဲများ၏ကမ္ဘာအကြောင်း များများစားစားမသိခဲ့လို့ အခုအချိန်မှာ ကြုံတွေ့ ရတာတွေက သူ့ကို စိတ်ရှုပ်စေခဲ့သည်။

မီးတောက်တွေက အရမ်းပူနေပေမယ့် ဟိုင်ဖုန်း က အဆင်မပြေဘူး။  သူ အဝေးကို ထွက်သွားချင်ခဲ့တယ်—ခြောက်သွေးနေလို့ သူ့အတွက်ရေတာ သိပ်အဆင်မပြေဘူး။

ကျိုးကျီ ရုတ်တရက် "ထင်းကို မီးထဲ ထည့်ပါ" လို့ ရုတ်တရက်ပြောသောအခါ ဟိုင် ဖုန်း က သူ ဘယ်လောကတောင် အဆင်မပြေသလဲဆိုတာ ထပ်တွေးနေသည်။

"ငါ့ခန္ဓာကိုယ်က..."

 ဟိုင် ဖုန်း က သူ့ကိုပင်လယ်မကောင်းဆိုးဝါးရဲ့ အူတွေနဲ့ချည်ထားတယ်လို့ ပြောမလို့ကြံတုန်း သူ့ကိုယ်ပေါ်ချည်ထားတဲ့ အူတွေက   အပိုင်းပိုင်းကွဲသွားတာကို တွေ့လိုက်ရတယ်။ မီးပုံထဲကို ထင်းတွေထည့်ဖို့    ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ လုပ်နေရသည်။

  အဲဒါက အရမ်းသနားစရာကောင်းပေမယ့် ကျိုးကျီ က မညှာမတာပြောလိုက်သည်။

 "မင်းရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ပင်လယ်မကောင်းဆိုးဝါး အူတွေနဲ့ ပတ်ထားလိုက်ဦး။ ကိုယ်တုံးလုံးကြီး မနေနဲ့  ။"  

ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာ ကိုယ်တုံးလုံးနဲ့ နေထိုင်ခဲ့တဲ့ ဟိုင် ဖုန်း ဟာ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ ကလီစာ တစ်ပိုင်းပဲ ရှာတွေ့ခဲ့ပါတယ်။

ရှုန်းယယ်နဲ့ ကျူးကျန်း တို့က သူတို့ကိုရှာဖို့ လူတွေကိုခေါ်လာတဲ့အချိန်ထိ တစ်နာရီကျော်ကျော်လောက် မီးဖိုထားရတယ်။

ပင်လယ်ပြင်မှာရှိစဉ် အဝေးက ကမ်းစပ်မှာ မီးခိုးတွေကို မြင်တာနဲ့ ကျိုးကျီ က တစ်ခါပြောဖူးတဲ့ အချက်ပြမီးခိုးကို ရှုန်းယယ်က ချက်ခြင်းစဉ်းစားလိုက်တယ်။ ကျိုးကျီ က အဲ့ဒီ မီးခိုးငွေ့ထွက်တဲ့နေရာမှာ ရှိလောက်သည်ဟု သူ ခံစားလိုက်မိသည်။ ဒါကို စိတ်ထဲတွေးမိတော့  သူ မြန်မြန် လှေလှော်ပါတော့တယ်။ သူတို့က ကမ်းကို အရင်ရောက်ပြီး ဝက်ဝံကြီးတွေရဲ့ လူတွေကို  ကျိုးကျီ ကို လိုက်ရှာဖို့ ခေါ်လိုက်တယ်။  

သူတို့သည် အလွန်လျင်မြန်စွာ ပြေးကြပြီး မကြာမီ မီးဖိုထားသော ပင်လယ်သောင်ပြင်သို့ ရောက်ကြသည်။ ထို့နောက်တွင်၊ မျက်နှာအရောင်ဖျော့တော့စွာနဲ့  သနားစရာကောင်းစွာ လဲလျောင်းနေသော ကျိုးကျီ ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်လိုက်ရသည်။

"ကျိုးကျီ ! ကျိုးကျီ မင်းအဆင်ပြေရဲ့လား"

 ရှုန်းယယ်၏အမူအရာမှာ စိုးရိမ်မှုအပြည့်ရှိသည်။  အရင်က သူ့ခေါင်းထဲရောက်နေတဲ့ ရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေထဲက တစ်ခုကို မမှတ်မိတော့ဘဲ ကျိုးကျီ နေကောင်းရဲ့လားလို့ပဲ တွေးနေမိသည် ။

"ကောင်းပါတယ်။" ကျိုးကျီ က အားနည်းစွာ ပြောခဲ့သည်။

သူ တကယ်အဆင်ပြေပါတယ်။ သူ အနည်းငယ် ပင်ပန်းနေပြီး... ပင်လယ်သားရဲ၏ အမြူတေကို အပြည့်အဝ မစုပ်ယူရသေးလို့ သူက ဆက်လက်စုပ်ယူနေရဆဲဖြစ်သည်။
 

"မင်း နေကောင်းတယ်ဆိုတော့ တော်သေးတယ်"
ရှုန်းယယ်သည် ခြောက်သွေ့နေသော ပင်လယ်သဲသောင်ပြင်ထက်မှာ  ဆားအနည်းငယ် ပေနေသည့်  အရေခွံဖုံးနေသော ကျိုးကျီ ကို ကောက်ပွေ့ကာ တင်းကျပ်နေအောင် သိုင်းဖက်ထားလိုက်သည်။
 
ရှုန်းယယ်၏အာရုံစိုက်မှုသည် ကျိုးကျီတစ်ယောက်တည်းဆီကိုရောက်နေပေမယ့်   ကျူးကျန်း သည် ဟိုင် ဖုန်း ၏တည်ရှိမှုကိုသတိပြုမိခဲ့သည်။

"မင်း ဘယ်သူလဲ?"

ဟိုင် ဖုန်း က ကျိုးကျီ ကို ငုံ့ကြည့်ပြီး ဘာမှ ပြန်မဖြေဝံ့ပါဘူး--ကျိုးကျီ က သူ့ကို ပေါ့ပေါ့ဆဆ မပြောဖို့ ပြောခဲ့တယ်။

"အဟွတ်..အဟွတ်... သူက ပင်လယ်မျိုးနွယ်စု ရဲ့ ပင်လယ်နတ်ဘုရားတဲ့ ။ သူ့နာမည်က ဟိုင် ဖုန်း ပါ။"

ကျိုးကျီ က မိတ်ဆက်ပေးသည်။

 "သားရဲ နတ်ဘုရားက ငါတို့ကို တိုက်ခိုက်နေတုန်း တန်ခိုးပြခဲ့တယ်။ အခု ဟိုင်ဖုန်းက  သူ မှားတယ်ဆိုတာ သိပြီး သူ့ကိုယ်သူ ပင်လယ်နတ်ဘုရား လို့ မခေါ်ဝံ့တော့ဘူး။ သားရဲ နတ်ဘုရားကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီ။"  

ကျိုးကျီ က ထိုပုံပြင်ကို ခပ်တည်တည်နဲ့ပြောလိုက်တယ်။ တကယ်တမ်းပြောရရင် သူတောင်  သားရဲ နတ်ဘုရားကို  မယုံဘူး။ ဟိုင် ဖုန်း က ကျိုးကျီ ရဲ့စကားကိုကြားတော့ ချက်ချင်းသဘောတူ ထောက်ခံလိုက်တယ်။

 "မှန်ပါတယ်!"

ကျူးကျန်း သည် ဒီစကားကိုကြားလိုက်ရသောအခါ အံ့သြသွားမိသည်။ ကျိုးကျီ ၏ ခွန်အားအရ မြစ်ကိုဖြတ်ဖိုကဆိုတာ ဘာမှမဖြစ်ပေမယ့်   ကျိုးကျီ ၏ အမွေးရှည်ဆင် ခန္ဓာကိုယ်ကိုပြောင်းလဲလိုက်လျှင်  ပြဿနာ ရှိနေပုံပေါ်သည်... သို့သော် ဒီ ဟိုင် ဖုန်း ကတော့  အဆင်ပြေနေပုံရသည်။    ဒီလူကို မြစ်ကိုဖြတ်ကူးတဲ့အချိန် သူ့ကိုကာကွယ်ပေးနိုင်ရင်...

"ရှုန်းယယ်...ငါ တောင်းပန်ပါတယ်... ငါ မင်းကို အရင်က လိမ်ခဲ့တာ...ငါက မင်းနဲ့ အခြားသူတွေကို ခုလို မဖုံးကွယ်ထားသင့်ဘူး..."
ကျိုးကျီ က ရှုန်းယယ်ကိုကြည့်ကာ တောင်းပန်လိုက်သည်။

ကျိုးကျီ သည် ရှုန်းယယ်ခွင့်လွှတ်နိုင်စေရန် တမင်တကာ သနားစရာကောင်းအောင် တမင်တကာ ပြုမူနေသော်လည်း အလွန်အကျွံဖြစ်အောင်တော့  မစီစဉ်ထားပေ။ သို့သော် ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ တုန်ယင်သွားလိမ့်မည်ဟု မထင်ထားမိပေ။ သူ မမျှော်လင့်ထားဘဲ သွေးတွေကို ပါးစပ်မှ အန်ထွက်လာမိသည်။
 
သားရဲဘုရင်အဆင့်ရှိအမြူတေထဲမှာ စွမ်းအင်များစွာပါရှိသောကြောင့် စုပ်ယူရန် မလွယ်ကူပေ။ ဒါတင်မကသေးပါဘူး... သူ့မှာကုန်ဆုံးသွားတဲ့ အားတွေကို ပြန်ဖြည့်တင်းဖို့ ဒီအမြူတေကို အဆက်မပြတ်စုပ်ယူနေတာကြောင့်လား မသိတော့...အခု ကျိုးကျီ ကိုယ်ထဲက အမြူတေက စတင်ပြီးပြောင်းလဲလာခဲ့သည်။
 
သူ့ခန္ဓာကိုယ်အတွင်းရှိ ခရမ်းရောင် အမြူတေရဲ့ အရောင်သည် ပို၍နက်မှောင်လာသည် ။ နောက်ဆုံးတော့ တဖြည်းဖြည်း မည်းလာသလိုပဲ။

သူ... ပါဝါ ထပ်တက်တော့မှာလား... သားရဲဘုရင်အဆင့်ရဲ့အထက်မှာ နောက်ထပ်အဆင့်တစ်ခုရှိသေးတယ်ဆိုတာ အခု ကျိုးကျီ သိလိုက်ရတယ်။

သားရဲလူသားတွေက သူတို့ကိုယ်ထဲ စွမ်းအားတွေ စုပ်ယူချိန်မှာ သိပ်  မခံစားခဲ့ရ သော်လည်း ကျိုးကျီကတော့ သူတို့နဲ့ မတူပေ။ သူသည် ပါးစပ်ထဲရှိ သွေးများကို အန်ထုတ်ရုံသာမက သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်များလွန်းသောကြောင့်၊ စွမ်းအင်များစွာသည် အရေပြားမှ စိမ့်ထွက်လာခဲ့သည်။ သူ့တကိုယ်လုံးမှာ  သွေးပုတီးစေ့များသဖွယ် အရေပြားပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။  

မကြာခင်  သူက တကိုယ်လုံး သွေးတွေ ရွှဲနစ်တဲ့သူ အဖြစ်သို့ ပြောင်းလဲသွားသည်။

တကယ်တော့၊ သူ သတ်ခဲ့တဲ့ ပင်လယ်မကောင်းဆိုးဝါးလို အကောင်ရဲ့ အမြူတေကို ဘယ်သူမှ တိုက်ရိုက်မစားနိုင်ကြဘူး။ အမြူတေထဲ ပါဝင်နေတဲ့   စွမ်းအင်က ပြင်းလွန်းလို့ ထိုအမြူတေကို စားမိသူရဲ့ကိုယ်ထဲမှာ စွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး အကုန်သေကုန်ကြသည်။  ကျိုးကျီ က ဒီကိစ္စကို မသိခဲ့လို့ အမြူတေကို တစ်ခါတည်း မြိုချ စားသုံးခဲ့သည်။
 ဒါပေမယ့် သူက ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သိသည့်အပြင် စွမ်းအားကို စုပ်ယူပြီး သူ့ကိုယ်ပိုင် အမြူတေထဲ ပို့လွှတ်ကာ ဘယ်လို ပြောင်းလဲရမည်ကို သိသည်။ သိပ်ဆိုးဆိုး ဝါးဝါး မဖြစ်နိုင်ပေမယ့် မထင်မှတ်ပဲ သူ့ကိုယ်ထဲက အမြူတေ စွမ်းအင်တွေ လည်း အများကြီးရှိနေသည့်အပြင် စွမ်းအင်အလွန်အကျွံရှိနေသော သားရဲနတ်ဘုရား သစ်သီးကို စားသုံးလိုက်စဉ်က အခြေနေအတိုင်း အခုလည်း သူ့ကိုယ်ထဲမှာ စွမ်းအားတွေ ပေါက်ကွဲထွက်လာခဲ့သည်။
 
"ကျိုးကျီ !" ရှုန်းယယ်သည် ဒီအခြေအနေကြောင့် အရမ်းကို ထိတ်လန့်သွားသည်။

ဟိုင် ဖုန်း : "......" ဒီ ကျိုးကျီ မှာ ဘာမှ အမှားအယွင်းမရှိဘူးဆိုတာ ရှင်းပါတယ်။ မကြာသေးမီကတောင် သူ့ကို ခြိမ်းခြောက်ခဲ့သေးတယ် မလား။

ဒါဆို ကျိုးကျီ က အခုသရုပ်ဆောင်နေတာ မဟုတ်လား။ သူ့လုပ်ရပ်က တကယ့်အစစ်လို့ ထင်ရအောင် သဘာဝကျလွန်းတယ်....
****-*****

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now