Chapter (140) _ ထွက်ခွာရန်ပြင်ဆင်ခြင်း

5K 986 29
                                    

Chapter (140) _ ထွက်ခွာရန်ပြင်ဆင်ခြင်း


သေချာတာပေါ့...ကြံ့ သားရဲဘုရင် ဟာ ဝက်ဝံကြီးမျိုးနွယ် မှာ မပါဝင်ဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် ဝက်ဝံကြီးမျိုးနွယ်က သူ့သားကို ကယ်တင်ခဲ့ပြီး ကောင်းကောင်း ကျွေးမွေးပေး ထားခဲ့တဲ့အတွက် သူက ဝက်ဝံကြီးမျိုးနွယ် အပေါ် အတော်လေးကို အကောင်းမြင်ခဲ့ပြီး ကျိုးကျီကို လေးလေးနက်နက် ကျေးဇူးတင်ခဲ့မိတယ်။

ကျိုးကျီ က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြီး သူ့ ထမင်းကြော်ကိုပဲ ဆက်စားနေခဲ့တယ်။

ဒါကိုမြင်တော့ ကြံ့ သားရဲဘုရင် လည်း မတတ်နိုင်တော့ပဲ သူ့ဗိုက်သူ ဖြည့်ဖို့ ကိုယ်တိုင်ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သားဖြစ်သူကို ရှာဖို့ ပြေးလွှားလာရလို့သူလည်း အတော့်ကို ဆာလောင်နေပြီ။

ကြံ့ သားရဲဘုရင် က ခဏ အမဲလိုက်ထွက်သွားပြီး မကြာခင်မှာပဲ ဒိုင်နိုဆောတစ်ကောင်နဲ့ ပြန်လာခဲ့တယ်။ ဒီဒိုင်နိုဆောရဲ့အသားက သူ့သားရဲ့အကြိုက်ဆုံးအသားပါပဲ။

"ပေါင်ပေ့၊ အဖေ မင်းကို အရသာရှိတဲ့ ဒိုင်နိုဆောတစ်ကောင်ကို ပြန်ယူလာပေးခဲ့တယ်!" ကြံ့ သားရဲဘုရင် က ဂုဏ်ယူစွာ ပြောခဲ့ပေမယ့် ရှီ ပေါင်ပေ့ သည် သူ့ကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က သူ့အတွက် ကြက်ဥ ထမင်းကြော်လုပ် ပေးနေသည့်ဘက်ကို ပြန်လှည့်သွားခဲ့တယ်။

(ကြံ့သားရဲဘုရင်ကြီးအတွက် မျက်ရည် နှစ်စက်... သားဖြစ်သူကတောင် အဖက်မလုပ်ဘူး >.< )

ဒယ်နိုဆောဥကို ဆီပူထဲ ထည့်မကြော်ခင် ဒိုင်နိုဆော အသားချပ်တချို့ကို အရင်ကြော် လိုက်တယ်။ ပြီးမှ ဒိုင်နိုဆောဥကို ထည့်မွှေကာ နောက်ဆုံး ထမင်းထည့်လိုက်တယ်။ ရှီ ပေါင်ပေ့ တင်မကဘူး ကြံ့သားရဲဘုရင်တောင်မှ ဒီကြက်ဥထမင်းကြော်နေတာကို ကြည့်ရင်း စားချင်နေခဲ့တယ်။

ဒီဝက်ဝံကြီးမျိုးနွယ်က အတော့်ကို ချမ်းသာတဲ့ မျိုးနွယ်ဖြစ်ပုံရတယ်... ဒီလိုမှမဟုတ်ရင်... ဗိုက်ပြည့်ဖို့ အတွက် ဒီလိုအခက်အခဲရှိတဲ့ အစာချက်နည်းကို လေ့လာဖို့ အများကြီး အားထုတ်နေမှာ မဟုတ်ဘူး။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Où les histoires vivent. Découvrez maintenant