Chapter (136) _ သားရဲဘုရင်သုံးပါး

4.7K 925 11
                                    

Chapter (136) _ သားရဲဘုရင်သုံးပါး

ကျူးယန် သည် သူကြားလိုက်သမျှကို မယုံနိုင်အောင်ဖြစ်နေမိသည်။ သားရဲ ဘုရင်တစ်ပါးရှိလျှင်ပင်ဝက်ဝံကြီးမျိုးနွယ် ကို အလွန်အားကောင်းစေနိုင်ပြီ။ အခု သူတို့မှာ သားရဲဘုရင် သုံးယောက်တောင်ရှိနေရင် အခြေနေတွေ ဘယ်လိုတောင် ဖြစ်ကုန်မလဲ။

အဲဒါတွေက သားရဲဘုရင် တွေလေ... သားရဲဘုရင်တွေ...

သို့သော်၊ ဟိုင်ဖုန်း ၏ စကားများကို အလေးအနက်မထားလို့မရပေ။ ဒါ့အပြင် ဟိုင်ဖုန်း ပြောသောစကားတွေက အဓိပ္ပာယ်ရှိသည်။ တကယ်လို့ ကျိုးကျီသာ သားရဲဘုရင် မဟုတ်ပါက၊ ဟိုင်ဖုန်းက သူ့စကားကို ဘာကြောင့် နားထောင်နေဦးမှာလဲ။

ဟိုင်ဖုန်းလို သားရဲဘုရင်တောင်မှ သူ့ဘာသာသူ လမ်းလျှောက်နေရတာ အံ့သြစရာတော့ မရှိတော့ဘူး။ တစ်ဖက်တွင်၊ ကျိုးကျီကိုတော့ ထမ်းပေးသူတွေ ရှိနေသဖြင့်... သူက ဟိုင်ဖုန်း ထက်တောင် ပိုလို့တောင် အစွမ်းထက်တယ်ဆိုတာ ထင်ရှားပါတယ်!

ကျူးယန် မယုံနိုင်လောက်အောင် ခံစားလိုက်ရပေမယ့် ရှုန်းယယ် အကြောင်း တွေးလိုက်မိသည်။ ရှုန်းယယ် ဟာ သားရဲဘုရင် လို့ ကောလာဟလတွေထွက်နေပေမယ့် သူ ဘာလုပ်နေတာလဲ။

သူသည် သားရဲဘုရင်ဖြစ်ခဲ့ပေမယ့် ကိုယ်တိုင် သားကောင်လိုက်ဖမ်းနေသေးတယ်။ ပြီးတော့ အမဲလိုက်တဲ့အခါ သူတို့တောင်မစားတဲ့ ငှက်တွေနဲ့ နတ်ဆိုးဖားတွေကိုတောင် လိုက်သွား ရှာနေတတ်သေးတယ်။

ဒီကမ္ဘာမှာ ဒီလိုသားရဲဘုရင်ကြီးတွေ ဘယ်လိုရှိနိုင်မလဲ။

သူတို့က သားရဲဘုရင်ပီပီသသ နည်းနည်းလောက် ပြုမူလို့မရနိုင်ကြဘူးလား....

ကျူးယန် ၏မျက်နှာသည် စိမ်းတလှည့် နီတလှည့်ဖြင့် အပြန်အလှန် ပြောင်းနေသည်ကို မြင်လိုက်ရသဖြင့် ဟိုင်ဖုန်း က သူ့ကိုအခန်းတစ်ခုသို့ခေါ်ဆောင်သွားပြီး ကျူးယန်ကို ဝက်ဝံကြီးမျိုးနွယ်စုကို တိုက်ခိုက်ရန် လိုက်ပါလာသူများနှင့်အတူ သော့ခတ်ထား လိုက်သည်။

ကျိုးကျီ က ကျူးကျန်း ကို တကျူးမျိုးနွယ် မှာ ပြသနာတွေ ဖြေရှင်းဖို့ ပြောပြီး ကျူးကျန်း ကို ဒုက္ခမဖြစ်စေဖို့အတွက် ဒီလူတွေကို သူ့ကို စောင့်ကြည့်ဖို့ ပြောခဲ့ပါတယ်...

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now