Chapter ( 155 ) _ တိုက်ခိုက်ခြင်း

4.3K 958 19
                                    

Chapter ( 155 ) _ တိုက်ခိုက်ခြင်း


ရှီလီ က ရှုန်းယယ်ကို ရှင်းပစ်ဖို့ မနေ့ က ဆုံးဖြတ်လိုက်ပြီး ဘုန်းတော်ကြီးချုပ် ထံ သွားခဲ့သည်။ ဘုန်းတော်ကြီးချုပ် နှင့် တိုင်ပင်ပြီးနောက်၊ ကျိုးကျီကို ပထမဆုံးဖမ်းရန် ကြံစည်ကာ ရှုန်းယယ်ကို အကြပ်ကိုင်ပြီး အရှုံးပေးအောင် လုပ်ဖို့ ပြင်ဆင်ခဲ့သည်။
 
ဒီအကြောင်းကို တခြား သားရဲဘုရင်  တွေကို အခုအချိန်အထိ မပြောသေးဘဲ  သားရဲဘုရင်တွေက ဝက်ဝံကြီး မျိုးနွယ်ကို အသိပေးတာကို ကာကွယ်ထားခဲ့တယ်။ ဒီသတင်းပေါက်ကြားသွားရင် ဝက်ဝံကြီးတွေက ကျိုးကျီကို ကာကွယ်ထားတာ၊ ဒါမှမဟုတ် သူတို့ကို လာတိုက်ခိုက်တာ လုပ်နိုင်သည်။

သားရဲဘုရင်ရဲ့ အဖျက်စွမ်းအားကို လျှော့တွက်၍မရနိုင်ပေ။ သားရဲဘုရင်တိုင်းက ခွန်အားကြီးကာ ဟန့်တားဖို့မလွယ်ကူပေ။
 
သားရဲဘုရင်များအားလုံးသည် ယခုအချိန်တွင် သူတို့ဘက်တွင်ရှိနေသော်လည်း ရှီလီ နှင့် သားရဲနတ်ဘုရားကျောင်းတော် မှ လူများသည် သူနှင့်မိတ်ဆွေဖြစ်ခဲ့သော မျောက်ဝံ သားရဲဘုရင် အပါအဝင် ကြံ့ သားရဲဘုရင် ကို သေချာေ စောင့်ကြည့်နေခဲ့သည်။ အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားသော်လည်း သူ့ရှေ့က မြင်ကွင်းက ရှီလီကို မကျေမနပ် ဖြစ်စေသည်။  

ကျိုးကျီကို ဖမ်းမိနိုင်ပေမယ့် သူကတော့ တကယ့် အကြီးကဲတစ်ယောက်လို ဇိမ်ကျကျ နေနိုင်တုန်းပဲလား။
 
"ဒီမှာ ဘာတွေဖြစ်နေတာလဲ? မင်းတို့ ဘာလို့ သူ့ကို မချည်နှောင်ထားတာလဲ။"
ရှီလီက အစောင့်တွေကို ငေါက်လိုက်သည်။
 
"ခြင်္သေ့သားရဲဘုရင်၊ သူက အရမ်းအားနည်းပြီး ခုခံနိုင်စွမ်းလည်း မရှိဘူး။ သူ့ကို ချည်နှောင်ထားဖို့ မလိုဘူး မဟုတ်လား"
ကျိုးကျီကို ဖမ်းဖို့တာဝန်ယူခဲ့တဲ့သူက စကားပြောလိုက်တယ်။

"ဘာပဲ ဖြစ်ဖြစ် သူ ထွက်ပြေးနိုင်ချေကို ငါ  စိုးရိမ်တယ်။ သူ့ကို ကြိုးနဲ့တုပ်ထားပြီး တရွတ်တိုက် ဆွဲခေါ်သွားလိုက်  !"

ရှီလီက ယုတ်မာစွာဖြင့် ပြောလိုက်သည်။  


ကျိုးကျီကို ဖမ်းဖို့သွားတဲ့လူတွေက ဘာမှဖြစ်မယ်မထင်ဘူး။ ကျိုးကျီက တကယ်ကို အေးအေးဆေးဆေး လိမ်လိမ်မာမာ လိုက်လာခဲ့တယ် မဟုတ်လား။
 

ဒါပေမယ့် ရှီလီက သူ့ကို ကြိုးနဲ့ချည်ခိုင်းလို့... အဲဒီလူကို ကြိုးနဲ့ တရွတ်တိုက်ဆွဲဖို့  ကျိုးကျီဆီကို ဦးတည်သွားတယ်။

ကျိုးကျီက မတ်တပ်ထရပ်ပြီး ရှီလီကို မေးလိုက်သည်။

 "ငါ့ကို ဘာလို့ဖမ်းတာလဲ"

"လူတွေကို သားရဲဘုရင် ဖြစ်လာစေနိုင်တဲ့ ကျင့်ကြံနည်းကို ရှုန်းယယ်ကို ငါတို့ဆီကို လွှဲပြောင်းပေးဖို့ မင်းကို ငါတို့ဖမ်းထားလိုက်တာပဲ!"

 ရှီလီက ပြောလိုက်သည်။  

ကျိုးကျီက ဒါကိုကြားပြီး သူ့မျက်နှာမှာ ဘာတစ်ခုမှ အရိပ်ခြေ မပြပေမဲ့ စိတ်အတွင်းထဲမှာ အံ့သြသွားတယ် – ရှီလီက  ကျင့်ကြံခြင်း  နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လို သိနိုင်တာလဲ။ သူနဲ့ ရှုန်းယယ်က လွဲပြီး ဘယ်သူမှ ကျင့်ကြံနည်းကို မသိနိုင်ကြဘူး။
 
"မင်းကို သားရဲဘုရင်ဖြစ်ဖို့ ဘယ်နည်းနဲ့ ကျင့်ကြံခိုင်းနိုင်မှာလဲ"
ကျိုးကျီက မသိဟန်ဆောင်ပြီး အစ်အောက်ကာ  မေးလိုက်သည်။

"မမျှော်လင့်ဘဲ ရှုန်းယယ်က အဲဒီအကြောင်းကို မင်းကို မပြောခဲ့ဘူပဲ။ သူက မင်းကို သိပ်မကြိုက်ဘူးထင်တယ်!"

ရှီလီက ကျိုးကျီကို သွေးခွဲကာ စိတ်ဆင်းရဲအောင် တမင်ပြောလိုက်သည်။   ရှုန်းယယ်နဲ့ ကျိုးကျီတို့  တစ်ယောက်နဲ့တစ်ယောက်အပေါ် လေးနက်တဲ့ ခံစားချက်တွေ ရှိနေတာကို သူ တကယ်မုန်းတီးတယ်။

ကျိုးကျီ: "......" ဒီ ကျင့်ကြံနည်းက သူက တီထွင်ထားတာလေ...မင်း ဘာစကားတွေ ပြောနေတာလဲ....
 
ကျိုးကျီသည် ရှီလီ တွင် တစ်စုံတစ်ရာ မမှန်ကြောင်း ပိုပို၍ ခံစားလာရသည်။ မူလက ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ယခုအခါ စိတ်ပြောင်းသွားခဲ့သည်။

တစ်ဖက်မှာ သားရဲဘုရင် တွေ အများကြီးရှိပေမယ့် အမှန်အတိုင်းပြောရရင်တော့ သူ သိပ်မကြောက်ဘူး။ ရှီလီတစ်ယောက် ဒီသားရဲဘုရင်များကို  ဆွဲဆောင်ရန် ကျင့်ကြံနည်းကို အသုံးပြုလောက်သည်ဟု သူ ထင်ခဲ့သည်။

ဒီသားရဲဘုရင်တွေက အရမ်း သန်မာပေမယ့် သူတို့အားလုံးက သူ့ကို နိုင်အောင် တိုက်နိုင်မည် မဟုတ်ပေ။
 

တခြားနည်းနဲ့ သူ ဒီအုပ်စုကို နိုင်အောင် မတိုက်နိုင်ခဲ့ရင်လည်း နောက်ဆုံး သူ့စိတ်လွတ်ထွက်သွားပြီးရင်    ဒီသားရဲဘုရင်တွေကို အကုန် နိုင်အောင် တိုက်နိုင်ပါသေးတယ်။
 
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် သူ့ရန်သူကို သေချာ သတ်မှတ်ထား ပြီးနောက် သူ စိတ်မထိန်းချုပ်နိုင်ပဲ ရူးသွပ်သွားချိန်မှာ သူ့ရန်သူကို သူ အရင် သတ်ဖြတ်လိုက်မည် ဖြစ်သည်။ ပြီးတော့ သူ့ဘေးမှာ ရပ်နေတဲ့ စိတ်ထား ကောင်းတဲ့ ကြံ့သားရဲဘုရင်က ကိုယ်လုံး ကြံ့ခိုင်ပြီး သန်မာပေမယ့် သူ့ကိုယ်ထည်ကြီးကြောင့် ကြာကြာ တိုက်ခိုက်ရင် မောပန်းလာလိမ့်မယ်။ သူ့အခြေနေကို သိပြီး ဒီအခြေနေမှာ သူ့ကို ကယ်တင်နိုင်မယ့်လူက ရှုန်းယယ်ပဲ ရှိတယ်။

ကျိုးကျီက တစ်ခုခုပြောချင်ပေမယ့် ရှန်ယွဲ့ဝင်လာပြီး လောဆော်လိုက်သည်။

 "အားလုံးပဲ ဝက်ဝံ သားရဲဘုရင် ကို ကျူးကျန်း က ခေါ်ထုတ်ပြီး ဈေးကို ပြန်သွားနေတယ်။ ကျိုးကျီ မရှိတော့တာကို သူ မကြာခင် သိသွားမှာကို ငါ စိုးရိမ် မိတယ်။"  

ဘုန်းတော်ကြီးချုပ် သည် ထိုစကားကိုကြားလျှင် အမြန်ပြောလိုက်သည်။

"မူလအကြံအစည်အတိုင်း မြန်မြန်သွားလုပ်ရအောင်"  

သားရဲဘုရင်တွေက တိုက်ခိုက်သောအခါတွင် အကြီးအကျယ် ပျက်စီးစေလို့   မူလအစီအစဉ်အရ ကျိုးကျီအား သူတို့ရွေးချယ်ထားသောနေရာသို့ ခေါ်ဆောင်ပြီးနောက် ရှုန်းယယ်ကို မြှားခေါ်မည် ဖြစ်သည်။ ရှုန်းယယ်သည် ကျိုးကျီ ပျောက်ဆုံးနေကြောင်းကို မကြာမီ သိရှိနိုင်မည်ဖြစ်လို့ သူတို့ နှောင့်နှေးလို့ မရတော့ဘူး။
 

"ကျိုကျီကို ချည်နှောင်ပြီး သူ့ကို ဆွဲခေါ်သွားပါ။" ရှီလီက ပြောသည်။  

"သူ့ကို ချည်နှောင်ထားဖို့ မလိုပါဘူး။ သူ့ကို ထမ်းခေါ်သွားလိုက်!"

ဘုန်းတော်ကြီးချုပ် ကလည်း၊ ကျိုးကျီကို ကြိုးချည်ခိုင်းရင် အချိန်လင့်မှာ စိုးလို့ သူ့လူတွေကို အမြန်အမိန့်ပေးလိုက်သည်။
 
ဘုန်းတော်ကြီးချုပ်  စကားပြီးသည်နှင့် ကျိုးကျီသည် သူ့ ပက်လက် ကုလားထိုင်ပေါ်  ပြန်ထိုင်လိုက်ပြီး ကျုးယန်နဲ့ မာရှန်ကို ခေါ်လိုက်ကာ ချက်ချင်း ထမ်းလိုက်စေသည်။
 
ဒါက ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ တွေးပြီး ဘုန်းတော်ကြီးချုပ် သည် သူတို့ကို ဒီအတိုင်း ခေါ်လာခဲ့သည်။
 

တခြားသူတွေကတော့ ဒီအပေါ်မှာ သဘောထားမရှိဘူး၊ သူ့ခြေထောက် နှစ်ချောင်းနဲ့ လမ်းလျှောက်နေရဆဲဖြစ်တဲ့ ရှီလီ ကသာ မြင်ကွင်းက သိပ်ကို စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

ကျိုးကျီကို အခြားသူများ သယ်ဆောင်လာစဉ်တွင် သူက ကိုယ့်ဖာသာ လမ်းလျှောက်နေရတယ်။

ထိုအချိန်တွင် ရှုန်းယယ်သည် အမှန်ပင် ကျိုးကျီပျောက်သွားတာကို တွေ့ကာ မျက်လုံးတွေတောင် ရဲလာတဲ့အထိ စိုးရိမ်လာသည်။
 
"ကျိုးကျီ ဘယ်မှာလဲ"
ရှုန်းယယ်သည် ကျူးကျန်း နောက်သို့ လိုက်သွားပြီး လုံးဝ လူသူ ကင်းမဲ့နေသော နေအိမ်ကို ကြည့်လိုက်ကာ သူ  စိတ်ပူလာသည်။

"ကျွန်တော်လည်း မသိဘူး။ ကျိုးကျီက လူတိုင်းကိုခေါ်လာပြီး မင်းကို လာရှာခိုင်းဖို့ပြောတယ်... တစ်ခုခုဖြစ်လို့ အရေးပေါ် ဖြေရှင်းဖို့ထွက်သွားခဲ့တာ များလား"

ကျူးကျန်း သည် ကျိုးကျီ မရှိတော့ကြောင်း သိလိုက်ရသောအခါတွင်တော့ အတော်လေး ငြိမ်ကျ သွားခဲ့သည်။  
ကျိုးကျီက အရမ်းသန်မာတယ်။ သူ့ အမြင်အရတော့ ဘာမှဖြစ်မလာဘူး။

"သူ့ကို သွားရှာရအောင်!"
 ရှုန်းယယ်က ပြောသည်။ သူက ကျူးကျန်း လောက် အကောင်းမြင်စိတ်မရှိခဲ့ဘူး။ ကျိုးကျီက အရမ်းသန်မာပေမယ့် သူ့ရဲ့ ခွန်အားကို အသုံးချမိရင် အများကြီး ပြန်ပေးဆပ်ရလိမ့်မယ်။
 
ဖြစ်နိုင်လျှင် ကျိုးကျီရဲ့စွမ်းအားကို   အသုံးမပြုမိဖို့ရှုန်းယယ် မျှော်လင့်ခဲ့မိသည်။

ရှုန်းယယ်သည် ဝက်ဝံကြီးမျိုးနွယ်စုမှ ကျန်လူများကို ရှာတွေ့ခဲ့ပြီး ကျိုးကျီကို စတင်ရှာဖွေခဲ့သော်လည်း လုံးဝမတွေ့ခဲ့ပေ။ သို့သော်လည်း ကျိုးကျီနှင့် ပဲပိစပ် ရောင်းဝယ် ဖောက်ကားသူများထံမှ ကျိုးကျီကို သယ်သွားသည်ကို သိခဲ့ရသည်။  

"ကျွန်တော် ဒီမှာနေခဲ့ပြီး သားရဲဘုရားသခင်ရဲ့ ပူဇော်မှုမှာ မပါဝင်ခဲ့ပါဘူး။ လူနှစ်ယောက်က ကျိုးကျီကို သယ်သွားတာတွေ့လိုက်ရတယ်"

 အဲဒီ လူကပြောတယ်။

"သယ်သွားတာလား?"
 ရှုန်းယယ်အံ့သြသွားသည်။ ဒီလူက ဖမ်းသွားပြီလို့ ဘာကြောင့် မပြောတာလဲ။

"ဟုတ်တယ်။ ကျိုးကျီကို ခေါ်ဆောင်ဖို့ ပက်လက်ကုလားထိုင်ကို သူတို့ သုံးခဲ့တယ်။ သားရဲနတ်ဘုရား ဗိမာန်တော်သို့ ဦးတည်သွားကြလေရဲ့။"

 ဒီလူကပြောတော့ ရှုန်းယယ်က အလောတကြီးမေးလိုက်သည်။

 "ကျိုးကျီက အခြေနေ ဘယ်လိုလဲ။ သူက နေကောင်းပုံရလား"

ကျိုးကျီကို ခေါ်သွယးတယ်ဆိုကတည်းက သားရဲနတ်ဘုရားကျောင်းတော်က ကျိုးကျီရဲ့ သားရဲနတ်ဘုရား တမန်တော် ဆိုတာ ပေါ်သွားလို့ လာခေါ်သွား တယ်လို့ ရှုန်းယယ်က တွေးလိုက်မိသည်။
 
ရှုန်းယယ်ရဲ့ မျက်ခုံးများ မြင့်တက်လာပြီး သားရဲနတ်ဘုရားကျောင်းတော် သို့ ချက်ချင်း ပြေးသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လာကာ ဟိုင်ဖုန်း ကို သူနှင့်အတူ ဆွဲခေါ်လိုက်သည်။

"ရှုန်းယယ်... ငါ သားရဲနတ်ဘုရားကျောင်းတော် ကို မသွားချင်ဘူး..."

"မသွားဘူးဆိုတာ သေချာလား" ရှုန်းယယ်က မေးလိုက်တယ်။

ရှုန်းယယ်သည် ဒီအခိုက်အတန့်တွင် အေးစက်နေပြီး အနည်းငယ် ကြောက်စရာကောင်းသည်... ဟိုင်ဖုန်း သည် ကျိုးကျီရဲ့နည်းလမ်းကို တွေးကာ ချက်ချင်းပင် စိတ်ပြောင်းသွားကာ အမြန်ပြောလိုက်သည်။

 "ငါ သွားပါ့မယ်!"  

ကျိုးကျီက အဲ့ဒီအချိန်တုန်းက သူ့ကို သေလုနီးပါး ရိုက်နှက်ခဲ့ပြီး ဧရာမ သားရဲ ဘုရင် အဆင့် ရေမကောင်းဆိုးဝါးတစ်ကောင်ကိုလည်း အသာလေး သတ်လိုက် သေးတယ်။   ဒီအရာအားလုံးက  ကျိုးကျီ မရင်းနှီးတဲ့   ပင်လယ်ထဲတွင် ဖြစ်ပျက်ခဲ့ သည်။ အကယ်၍ ကုန်းပေါ်တွင်သာရှိနေပါက ကျိုးကျီသည် သားရဲဘုရင် သုံးကောင်ကို သူ့ဘာသာ တစ်ယောက်တည်း အနိုင် တိုက်ခိုက်နိုင်မည်ဖြစ်သည်။
 
ဒီလိုတွေးမိပြီး ဟိုင်ဖုန်း ကြောက်စရာ ဘာမှမရှိတော့ဘူး။

ရှုန်းယယ်နှင့် ဟိုင်ဖုန်း တို့သည် သားရဲနတ်ဘုရားကျောင်းတော် သို့ လျင်မြန်စွာ ပြေးခဲ့ကြပြီး လမ်းတစ်ဝက်တွင် ရပ်တန့်ကာ ကျိုးကျီကို အခြားတစ်နေရာသို့ ခေါ်ဆောင်သွားကြောင်း ပြောပြခဲ့သည်။

ရှုန်းယယ်နဲ့ ဟိုင်ဖုန်း က ချက်ချင်းပဲ အဲဒီဘက်ကို ပြေးသွားတယ်။  

သားရဲနတ်ဘုရားကျောင်းတော် သည် တောင်များဘေးတွင် တည်ဆောက်ခဲ့သည်။ သားရဲနတ်ဘုရားကျောင်းတော် ရဲ့ မြောက်ဘက်တွင် အဆုံးမရှိသော တောင်တန်း တစ်ခုရှိနေသည်။ ဒီအုပ်စုက ကျိုးကျီကို အလွန်ကြီးမားသော ချိုင့်ဝှမ်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒီချိုင့်ဝှမ်းလား... ကျိုးကျီပထမဆုံးရောက်တုန်းကတော့ ဒီနေရာက မြေကြီးက မြေအိုးလုပ်ဖု့ အတွက် အထူးသင့်လျော်တယ်လို့ သူ ခံစားခဲ့ရတယ်။ တကယ် တော့ ဒီနေရာဟာ သားရဲနတ်ဘုရားကျောင်းတော် က မြေအိုးလုပ်ထားပေမယ့် ဒီနေ့ ဘယ်သူမှ ဒီနေရာမှာ မရှိတော့ဘူး။ ဒီက အလုပ်သမားများအားလုံးက  သားရဲဘုရား ပူဇော်ခြင်းတွင် ပါဝင်ရန် ထွက်သွားကြသည်။

လမ်းတစ်လျှောက်တွင် ကျိုးကျီသည် ရှီလီ ရဲ့ကိစ္စများကို   စဉ်း စားလျက် ရှီလီ ကို စောင့်ကြည့်နေခဲ့သည်။  ရှီလီရဲ့ အခြေအနေအသေးစိတ်အချက်အလက်များကို ပြန်သတိရပြီးနောက်၊ ရှီလီလည်း  သူနှင့်တူပြီး ဒီကမ္ဘာသို့ ကူးပြောင်းလာကြောင်း ကျိုးကျီ သဘောပေါက်ခဲ့သည်။

ရှီလီ သာ ကူးပြောင်းလာခဲ့တယ်ဆိုရင် ရှန့်ထျန်း သည် သူ့ဖခင်ဖြစ်သည်ကို သိနိုင်မည်မဟုတ်သလို ရှုန်းယယ်အပေါ် ရှီလီရဲ့ စိတ်ခံစားချက် ရှိမည် မဟုတ်ပေ။ အခုတော့ ရှီလီက ရှုန်းယယ်နှင့် အဖော်လုပ်ရန် ဆန္ဒမရှိသော်လည်း တစ်ဖက်တွင်၊ သူက ရှုန်းယယ်နဲ့တွဲနေတာကို ရှီလီက မမြင်ချင်ဘူး။

ကျိုးကျီက ရှီလီတစ်ယောက် ပြန်လည်မွေးဖွားလာတာ ဖြစ်နိုင်တယ်လို့ ရုတ်တရက် တွေးလိုက်မိသည်။

ကျိုးကျီသည် ယခုခေတ်တွင် ဝိဉာဉ်ကူးပြောင်းခြင်း၊ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဝတ္ထုများစွာကို မဖတ်ဖူးသော်လည်း ဒီအရာလောက်တော့ သူ သိနေပါသေးသည်။ ရှီလီရဲ့အခြေအနေသည် ပြန်လည်မွေးဖွားခြင်းနှင့် အနည်းငယ်ဆင်တူသည်။  

ဒါဆိုရင်တော့ ရှီလီက ကျင့်ကြံနည်းကို သိတယ်ဆိုတာ   အဓိပ္ပာယ်ရှိသည်။ ကျင့်ကြံနည်းကို သူက သူရဲ့ယခင်ဘဝကနေ ကြားဖူးတာဖြစ်လိမ့်မည်။

ခဏနေဦး...
 ကျိုးကျီ ရုတ်တရက် တစ်ခုခုလွဲနေသည်ကို  သိလိုက်ရတယ်။  ရှီလီရဲ့ ကျင့်ကြံခြင်းကို သူ တကယ်ကို ခံစားခဲ့မိတာပဲ။
 
ရှီလီက အခု သားရဲဘုရင်ဖြစ်နေပြီဖြစ်ပြီး သူရဲ့ကျင့်ကြံမှုက စွမ်းအင်လှုပ်ရှားမှုက အတော်လေးကို ကြီးမားနေပြီ။   ရှီလီအသုံးပြုနေသော ကျင့်ကြံနည်းစနစ်သည် ရှုန်းယယ်ကို သူ ပထမဆုံး သင်ကြားခဲ့သည့် မူလ ကျင့်ကြံရေးနည်းလမ်း ဖြစ်တယ်ဆိုတာ သူ သိလိုက်သည်။
 
ကျိုးကျီ: "......"  

ရှီလီ ပြန်လည်မွေးဖွားလာတာဆိုရင်...သူက ရှီလီရဲ့အရင်ဘဝတုန်းက ရှီလီကို ကျင့်ကြံနည်းကို သင်ကြားပေးခဲ့တာ ဖြစ်နိုင်မလား။
 

ရှီလီရဲ့ အရင်ဘဝက သူနဲ့ ပြဿနာရှိခဲ့ဖူးလား။  အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်  ရှီလီက သူ့အစွမ်းသတ္တိအကြောင်းကို ဘာလို့ မသိရတာလဲ။
 
ကျိုးကျီက ဒါကို မရှင်းပြနိုင်လို့ တွေးမနေဘဲ အတွေးစကို ရပ်လိုက်သည်။ ရှီလီကို သေချာ ဖမ်းပြီး သူ့ကို  စစ်ဆေးမေးမြန်းမှ ဖြစ်တော့မည်။
 
ဒီအချက်ကို စိတ်ထဲတွင် ထားကာ ကျိုးကျီက သားရဲဘုရင်တွေ ကိုကြည့်ကာ မေး လိုက်သည်။

"လူတိုင်းက ဝက်ဝံကြီး မျိုးနွယ်  ကို တကယ်တိုက်ချင်နေတာလား။"

ဒီသားရဲဘုရင်များ အားလုံးက ကျိုးကျီရဲ့စကားကို လျစ်လျူရှုခဲ့သည်–-ကျိုးကျီသည် အားနည်းလွန်းပြီး သူ့စကားများကို လုံးဝ ဂရုမစိုက်ကြပေ။

"ငါ သေချာပေါက် တိုက်ဖို့ မတွေးထားဘူး"  ကြံ့ သားရဲဘုရင် က ပြောပါတယ်။

"ကြံ့သားရဲဘုရင်၊ ဒီလိုမျိုး ကျင့်ကြံနည်းကို မလိုချင်တာ သေချာလား"
ရှီလီက မေးလိုက်သည်။  

"ကျင့်ကြံနည်းက မင်း လုပ်ကြံဖန်တီးထားတဲ့ အရာလို့ ငါ ထင်တယ်"
 ကြံ့ သားရဲဘုရင် က ပြောလိုက်တယ်။

"ငါတို့ရဲ့ ခွန်အားကို ငှားပြီး ဝက်ဝံကြီးမျိုးနွယ်ကို ရှင်းပစ်ဖို့ မင်း ဖန်တီးထားတဲ့ အရာ ဖြစ်နိုင်တယ်လေ"
 
အဲဒါက အမှန်ပဲ၊ ဒါပေမယ့် ရှီလီ က ခပ်တည်တည်ပြောလိုက်သည်။

 "မင်းတို့အားလုံးကို ကူညီဖို့ ငါလုပ်နေတာကွ!"

ကြံ့ သားရဲဘုရင် သည် ဝက်ဝံကြီး မျိုးနွယ်  ကို တိုက်ခိုက်ရန် ဆန္ဒမရှိသော်လည်း အခြားသော သားရဲဘုရင် များက သွေးဆောင်ခံရတယ်ဆိုတာ ထင်ရှားနေသည်။

ကျိုးကျီက မတ်တပ်ထရပ်လိုက်ပြီး လှုပ်ရှားဖို့ ပြင်ဆင်လိုက်သည်။   

ဒီနေရာက အရမ်းကောင်းတယ်။ သူက လူတိုင်းကို အသာလေး  ကိုင်တွယ်နိုင်တယ်။
 
သို့သော် ကျိုးကျီမစတင်မီတွင် ရှုန်းယယ်ရဲ့ဟောက်သံကို သူကြားလိုက်ရသည်။

ရှုန်းယယ်ရောက်ရှိလာသည့် မြန်ဆန်လွန်းသည့် အရှိန်ကြောင့် သားရဲနတ်ဘုရား ကျောင်းတော် နှင့် ကျိုးကျီကိုပင် အံ့အားသင့်စေခဲ့သည်။

အညိုရောင်ဝက်ဝံကြီးသည် ချိုင့်ဝှမ်းအဝင်ပေါက်တွင် သစ်ပင်တစ်ပင်ကို ကန်ချလိုက်ပြီး ကျိုးကျီဆီသို့ ပြေးသွားကာ သူ့နောက်မှ ဟိုင်ဖုန်း လိုက်လာသည်။  

"ကျိုးကျီ မင်းအဆင်ပြေရဲ့လား" ရှုန်းယယ်က မေးလိုက်တယ်။

"ငါ အဆင်ပြေပါတယ်...ဒါပေမယ့် တစ်ခုခုလုပ်ရတော့မယ်။"
ကျိုးကျီက ဝက်ဝံညိုလေးကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"မလုပ်နဲ့!" ရှုန်းယယ်က  တုံ့ဆိုင်းမှုမရှိပဲ ငြင်းလိုက်ကာ ပြောလိုက်သည်။

"ငါလုပ်မယ်!"

 ကျိုးကျီ တိုက်ခိုက်တာကို သူ လက်မခံနိုင်ဘူး။

ကျိုးကျီက သူ့တောင်းဆိုချက်ကို မငြင်းပဲ လက်ခံလိုက်တယ်။

ရှုန်းယယ်ကို လေ့ကျင့်ခွင့်ပေးတာက  ကောင်းမွန်သောအရာဖြစ်သည်။

ကျိုးကျီက ဒါကို သူ့စိတ်ထဲမှာ တွေးနေပေမယ့် သားရဲနတ်ဘုရားကျောင်းတော် နဲ့ သားရဲဘုရင်  က လူတွေက ဒါကိုကြားတဲ့အခါ အားလုံးက သူ ရူးသွားပြီလို့ ထင်နေကြတယ်။

ကျိုးကျီက သူတို့ကို တိုက်ခိုက်တော့မယ်လို့ ပြောလိုက်တာလား။

သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။ သူတကယ်ပဲ သူတို့ကို တိုက်ခိုက်ဖို့ သတ္တိရှိနေလား။  

"ရှုန်းယယ်ကို ဖမ်းပါ၊ ကျင့်ကြံနည်းကို မင်းတို့ သိရလိမ့်မယ်!"

ရှီလီက ပြောလိုက်တာနဲ့ သားရဲဘုရင်နှစ်ကောင်သည် ရှုန်းယယ်ကို ဝိုင်းညှပ်ကာ တိုက်လိုက်သည်။
 
ရှီလီသည် ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာ ရသွား သည်။

သားရဲနတ်ဘုရားက သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သူသိတယ်... သူ အောင်မြင်မှု ရလိမ့်မယ်။ ရှုန်းယယ်နှင့် ကျိုးကျီတို့ကိုသတ်ပြီးနောက် သူရဲ့အနာဂတ်သည် ချောမွေ့ပြီး အံ့သြဖွယ်ကောင်း လာလိမ့်မည် ။

********-******

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now