Chapter (49) _ အတူတူ ကုသခြင်း

7.8K 1.4K 19
                                    

Chapter (49) _ အတူတူ ကုသခြင်း



ကျိုးကျီ က စကားမပြောနိုင်ပဲ မူးလဲသွားသည်။ သူသည် တောင်တစ်ဝက်ခန့်ရှိ သစ်ပင်များကို ဆွဲနူတ်ကာ ဒိုင်နိုဆောများစွာကို သတ်ပစ်ခဲ့သည်။ သူ အရမ်း ပင်ပန်းနေပြီ။

ကျိုးကျီ မူးမေ့လဲသွားတာကို မြင်လိုက်ရတော့ ကျိုးကျီ ရဲ့ အခြေအနေကို ကြည့်ဖို့ အလျင်အမြန် ရှုန်းယယ်က တရွတ်တိုက်လာခဲ့သည်။

ကျိုးကျီက ဒဏ်ရာတချို့ကလွဲလို့ တခြားဒဏ်ရာတွေ မရှိပါဘူး။ သူ့ခေါင်းတစ်ခုလုံး ချွေးတွေထွက်နေပြီး အသက်ရှုသံတွေက သိသိသာသာ မြန်ဆနတေယ်။ ဒါက အရမ်းကို မောပန်းနွမ်းနယ်ပြီး သတိလစ်သွားတာဖြစ်ရမယ်...

ကျိုးကျီ က သူ့ ဆီလာတာလား? သူ ဒီလမ်း တလျှောက်လုံးကို ပြေးလာခဲ့တာလား။

ရှုန်းယယ်က ကျိုးကျီ ၏ မျက်နှာကို နမ်းလိုက်ပြီး သူ့နှလုံးသား တစ်ခုလုံး နွေးထွေးသွားသည်။

ညအချိန်ဖြစ်လို့ တောထဲမှာ ရာသီဥတုက အရမ်းအေးတယ်... ရှုန်းယယ် က အဲဒါကို တွေးပြီး ဝက်ဝံညို ပုံသဏ္ဍာန်ပြောင်းပြီး ကျိုးကျီ ကို သူ့ရင်ခွင်ထဲ ထည့်လိုက်တယ်။ သူ့နောက်ကျောက အမွေးတွေက နည်းနည်းကြမ်းပေမယ့် ရှေ့ဝမ်းဗိုက်နားက အမွေးတွေက နူးညံ့ပျော့ပြောင်းနေသေးတဲ့အတွက် ကျိုးကျီက နွေးထွေးနေတာပဲ။

ရှုန်းယယ် ရဲ့ ဒဏ်ရာက အလွန်ပြင်းထန်ပြီး အနည်းငယ် စိတ်ရှုပ်နေပေမယ့် သူ နာကျင်ရတဲ့ အချိန်တိုတောင်းပါသည်။ ခဏအကြာတွင် ရှုန်းဟော် ၏အသံကိုကြားလိုက်ရသည်-

" ရှုန်းယယ်! ရှုန်းယယ်!"

ရှုှုန်းဟော်က ရှုန်းယယ်၏ သွေးနံ့ကိုရလိုက်သဖြင့် သူ့နှလုံးများ တုန်လှုပ်သွားကာ ရှုန်းယယ် မတော်တဆဖြစ်မည်ကို စိုးရိမ်နေသည်။

သူ့တွင် ကလေးများစွာရှိသော်လည်း သားရဲ ပုံသဏ္ဍာန်တွင် သူနှင့်အနီးစပ်ဆုံးတူညီသည့်သူက ရှုန်းယယ် ဖြစ်သည်။ ပြီးတော့ သူက ရှုန်းယယ် ကို သေသေချာချာ သင်ပေးထားတယ်။ ရှုန်းယယ်က သူ့သားထက် ပိုအရေးကြီးတယ်။ ရှုန်းယယ် သည် သူ ရွေးချယ်ထားသော အမွေဆက်ခံသူဖြစ်သည်။ .

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now