Chapter (130) _ ကျူးကျူး

4.7K 924 25
                                    

Chapter (130) _ ကျူးကျူး


ထိုဝက်မသည် အမှန်တကယ်တော့ သူတို့ရှိသည့်ဘက်ကို ပြေးမလာခဲ့သဖြင့် ကျိုးကျီ က သူ့တဲထောင့်ကိုဖွင့်ပြီး ကျူးကျန်းကို တစ်နေရာရာကို ညွှန်ပြပြီး ပြောလိုက်သည်။

"ကျူးကျန်း ဟိုမှာ တစ်ယောက်ယောက်ရှိပုံရတယ်၊ သွားကြည့်စမ်း။"

"တစ်စုံတစ်ယောက်လား?" ကျူးကျန်း ၏ မျက်လုံးများ တောက်ပလာသည်။

သူသည် တကျူးမျိုးနွယ် မှလူများနှင့်တွေ့ဆုံရန် အလွန်စိတ်အားထက်သန်ခဲ့သည်။ ကျူးကျူး၏ အခြေအနေကို တိုက်ရိုက်မေးမြန်းနိုင်သောကြောင့် သူနှင့်ရင်းနှီးသူဖြစ်လျှင် ပိုကောင်းလိမ့်မည်။ သူနဲ့ ရန်ငြိုးထားသူတစ်ယောက်ဆိုရင် အခြေအနေကို မမေးခင် သူတို့ကို အရင်တိုက်နိုင်သေးတယ်။တစ်ယောက်ယောက်နဲ့တွေ့နိုင်သရွေ့ သူ့အတွက် ဘာမှ အရေးမကြီးဘူး။

ကျူးကျန်း ၏ လက်အောက်ငယ်သားများ သည် ကျူးကျန်း နှင့် တူညီသော အတွေးအမြင်များ ရှိကြသဖြင့် မိုးသည်းထန်စွာ ရွာနေသော်လည်း ကျိုးကျီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ဦးတည်သွားကြသည်။ ဒါကြောင့် ခြေသံကြားတဲ့အထိ သိပ် အကြာကြီးမပြေးလိုက်ရပဲ ကျူးကျူးကို တွေ့လိုက်ရတယ်။

"ကျူးကျုး.....!"

ကျူးကျန်း က အော်လိုက်ပြီး ပျော်ရွှင်မှုတွေ တောက်ပလာတော့သည်။ ထိုဝက်မသည် တစ်မိနစ်ကြာ အေးခဲသွားပြီးနောက် အမြန်ပြေးလာလို့ ခြေချော်သွားသော်လည်း ဝက်ကလေးနှစ်ကောင်သည် ရှေ့သို့ အားသွန်ခွန်စိုက် ပြေးလာနေဆဲဖြစ်ပြီး လူသားအသွင်ဖြင့် ကျူးကျန်း ကို တခါတည်းဝင်တိုးကာ အဖေဖြစ်သူ၏ကိုယ်ပေါ်တောင် နင်းမိသွားကြသေးသည်။

ကျူးကျန်း သည် မြေပြင်ပေါ်တွင် လဲကျနေပြီး သူ့မျက်နှာသည် မိုးရေများ ဖုံးလွှမ်းနေပေမယ့် သူ့ကိုယ်ပေါ်က ကီလိုငါးဆယ်ကျော်လေးသော ဝက်ကလေးနှစ်ကောင်ကို အလွန်စိတ်လှုပ်ရှားစွာ လှမ်းကြည့်သည်။

"သမီးလေး! သားလေး! မင်းတို့တွေ ပိုပိုထွားလာပြန်ပြီ....ဟား...ဟား...!"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now