Stone-age Husband Raising Journal _ Chapter (17) - ဘဘုန်းတော်ကြီး

8.1K 1.4K 11
                                    

Stone-age Husband Raising Journal _ Chapter (17) - ဘဘုန်းတော်ကြီး (Unicode+zawgyi)

ကျိုးကျီလည်း သူ့ဖာသာ အံ့သြသွားခဲ့သည်။ သူ့ကိုယ်သူ ဒီလောက်စားလိုက်မိမယ်လို့ မထင်ခဲ့ပေ။ အခု သူက အသား 10 ကီလိုလောက်စားနိုင်တယ်လို့ ခံစားမိသည်။ ဒါပေမယ့် သူ ထပ်မစားတော့ပေ။ ခါတိုင်းလည်း သူ ဒီလောက် အများကြီးမှ မစားပဲ။ ရှုန်းယယ်ကို သူနောက်တခါမှ အသား 10 ကီလိုပြန်ပေးလိုက်တော့မည်ဟု စိတ်ကူးနေသည်။

ရှုန်းယယ်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"မင်း ငှက်သားကြိုက်ရင် ထပ်စားလေ။ ငါ့ကို ပေးတဲ့ ပျားရည်တွေက အရမ်းအရသာရှိတယ်။ အသားနဲ့ပျားရည် လဲတယ်လို့ သဘောထားလိုက်ပေါ့"

"ငါ ဗိုက်ဝသွားပြီ"

"ဒါဆိုရင်လည်း မင်း မနက်ဖြန် ထပ်ချက်စားပေါ့။ မဟုတ်ရင် အသားတွေ အလကားဖြစ်ကုန်လိမ့်မယ်"

"အခြားလူတွေကို ခွဲပေးလိုက်လေ"

ကျိုးကျီက ပြောလိုက်သည်။ ဒီခန္ဓာကိုယ် မူလကိုင်ရှင်၏ မိခင်သည် ဆားအတော်များများ ချန်ထားပေးခဲ့လို့ ရှုန်းယယ်၏ အသားများကို ဆားသိပ်ပေးပြီး အသားကို ကူသိမ်းပေးထားုလို့ ရသည်။ အခုက နွေဦးဖြစ်လို့ နောက်ခြောက်လအထိ သားကောင်တွေပေါများလို့ အသားပြတ်လပ်မှာကို စိုးရိမ်စရာမလိုသေးပေ။

"ဒါဆိုရင်လည်း ကျိုးကျီ..မင်း ငါ့ကို နောက်ထပ် အသားကင်ပေးပါလား။ ငါ အဘဘုန်းတော်ကြီးကို ပေးချင်လို့ ...."

ရှုန်းယယ်သည် ရုတ်တရက် အကြံပေါ်လာပြီး ကျိုးကျီကို အကူညီတောင်းလိုက်သည်။ ကျိုးကျီချက်ပြုကင်ပေးခဲ့သော ဌက်သားအားလုံး သူူတို့စားလို့ ကုန်သွားလေပြီ။

မျိုးနွယ်စုထဲတွင် ဘုန်းတော်ကြီးတစ်ပါးရှိတာကို သိထားပြီး ထိုဘုန်းတော်ကြီးကို သူက ခပ်လှမ်းလှမ်းကနေ လေ့လာခဲ့သည်။ ထိုဘုန်းတော်ကြီးက သူတို့ရဲ့ဂူအောက်မှာရှိတဲ့ တောင်ဘက်ကို မျက်နှာမူနေသည့် ဂူကျယ်ကြီးတွင် နေထိုင်သူဖြစ်ပြီး ထူးခြားမှုမရှိသည့် သာမာန်လူတစ်ယောက်ဖြစ်သည်ကို သူ သိခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now