Chapter ( 129) _ ဆိုက်ရောက်ခြင်း

5K 1K 33
                                    


Chapter ( 129) _ ဆိုက်ရောက်ခြင်း


သူ့ကို ကိုယ်တိုင် မွေးတာ မဟုတ်ပေမယ့် ပေါက်စလေးကနေ ကြီးပြင်းလာသည်အထိ စောင့်စရာမလိုပဲ ဆယ်ကျော်သက် မြေးလေးကို ချက်ချင်းရလိုက်လို့  ဟိုင်ဖုန်း  က အရမ်းကျေနပ်သွားတယ်။ သူက ကောင်လေးကို  ငါးဟင်းချိုနည်းနည်း ပေးပြီးနောက် ထမင်းတစ်ဇွန်းကြီးနဲ့  ထပ်ထည့်ပေးကာ ပြောလိုက်သည်။

"ငါ့မြေးကြီး၊ နောက်ထပ် နည်းနည်းစားဦး"

လူငယ်သည်   ထမင်းကို ဟင်းရည်ထဲသို့ ရောမွေကာ အားလုံးကို မစားမီ တစ်ကြိမ်လျှင် ဇွန်းကြီးကြီး တစ်ဇွန်းလောက်  ဟင်းရည်တွေနဲ့ရောကာ စားလိုက်သည်။ ပလုတ်ပလောင်း စားနေလို့ သူ မျက်နှာမှာ ထမင်းလုံးတွေတောင် ကပ်နေသေးသည်။
 
"ငါ့မြေးကြီး၊ ငါ့ကို နောက်တစ်ခါ ထပ်ခေါ်ပါဦး" ဟိုင်ဖုန်း  က ပြောလိုက်တယ်။

"ဘာခေါ်ရမှာလဲ"

"ငါ့ကို အဖိုးလို့  ထပ်ခေါ်ပါဦး" ဟိုင်ဖုန်း  က ပြောပါတယ်။  

"အဖိုး...အဖိုး...အဖိုး..." လူငယ်က ထပ်ခါထပ်ခါခေါ်လိုက်သည်။

ဟိုင်ဖုန်း  က သူ့ကို နောက်ထပ် အသားကင်တစ်ပိုင်း ပေးတယ်။
 "အိုး ဟုတ်လား၊ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ရှီပေါင်ပေ့ ။" လူငယ်က ပြောသည်။
(ပေါင်ပေ့ - ကလေးလေး။ ရတနာလေး။ အချစ်ကလေး  )
ဟိုင်ဖုန်း  က သူ့ပေါင်ကို ဖြန်းခနဲရိုက်လိုက်ပြီး ပြောလိုက်သည်။ "နာမည်ကောင်းတယ်!"

ကျိုးကျီ သည် ဟိုင်ဖုန်း  နှင့် ကောင်လေး ထမင်းစားနေစဉ်တွင် အသီးအရွက်ချဉ်များ ပြုလုပ်နေကာ သူ၏ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ခဏတောတွင်း ချဉ်အောင် လုပ်ခဲ့သည်။

တကျူးမျိုးနွယ် သည် ကြံ့ကြီး  မျိုးနွယ် နှင့် အနည်းငယ်အကွာအဝေးတွင်ရှိသောကြောင့် ကျူးကျန်း သည် ကြံ့ကြီး  မျိုးနွယ် ၏အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ချောင်မျိုးနွယ် အကြီးကဲထံမှ ကြံ့ကြီး  မျိုးနွယ် ၏အခြေအနေကို ယမန်နေ့က မေးမြန်းခဲ့သည်။

ကြံ့ကြီး  မျိုးနွယ်တွင် သားရဲဘုရင်ရှိသော်လည်း သားရဲဘုရင်သည် ကြံ့ကြီး  မျိုးနွယ်စု၏ အကြီးအကဲ မဟုတ်ပေ။ ဒါ့အပြင် သားရဲဘုရင် သည် ကြံ့ကြီး  မျိုးနွယ် ၏ အုပ်ထိန်းသူ ဖြစ်သည်။ ကြံ့ကြီး  မျိုးနွယ် ၏အုပ်ထိန်းသူတွင် စုစုပေါင်းကလေး သုံးဦးရှိသော်လည်း သူတို့ထဲမှ နှစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ ထိုကလေးသည် ရတနာတစ်ခုလို ဖူးဖူးမှုတ်ခံရကာ ကြီးပြင်းလာခဲ့ပြီး အခြားသူများက ထိုကလေးကို မြင်တွေ့ရဖို့ ခဲယဉ်းလှသည်။

သူတို့ရှေ့က လူငယ်က အဲဒီကလေး ဖြစ်နိုင်တယ်။  

အခုအချိန်မှာတော့ ကလေးက သူတို့နောက်ကလိုက်နေပြီး စားကြွင်းစားကျန်တွေကို စားနေရုံမက ဟိုင်ဖုန်း  ကို 'အဘိုး' လို့တောင် ခေါ်နေသေးတယ်။

ကျိုးကျီ က ကြံ့သားရဲဘုရင်က ဒါကို သိရင် အရမ်းစိတ်ပျက်သွားမှာ သေချာတယ်လို့ ခံစားရတယ်။

သို့သော်၊ သူတို့သည် ကလေးကို လောလောဆယ်တွင် ပြန်မပို့နိုင်သေးပေ... လောလောဆယ် သူတို့နောက်လိုက်လျှင် ကလေးက အနည်းငယ် ပိုပျော်ရွှင်ပြီး လုံခြုံသွားပေမည်။ ဟိုင်ဖုန်း  က သူ့မြေးအသစ်ကို သေချာပေါက် ကာကွယ်လိမ့်မယ်။  

ကျိုးကျီ သည် သားရဲဘုရင်ဖြစ်လာပြီးနောက် အကြားအာရုံ သိသိသာသာ ကောင်းမွန်လာကာ ရှုန်းယယ်က ဟိုင်ဖုန်းပြောနေသည့် စကား ကိုကြားလိုက်သော အခါတွင်၊  ကျိုးကျီကိုပြောခဲ့သည်။

"ကျိုးကျီ ...ငါတို့ နှစ်အနည်းငယ်အတွင်း ကလေး ဒါမှမဟုတ် မြေးလေး တယောက်ကို ပြုစုပျိုးထောင်နိုင် လိမ့်မယ်ထင်တယ်! "

ရှုန်းယယ် သည် ကလေးများကို အလွန်ချစ်သည်။ သူသည် ကျိုးကျီ နှင့် အတူရှိခဲ့ပြီး သူ့ဘာသာသူ သားသမီးမရနိုင်သော်လည်း အခြားသူများ၏ သားသမီးများကိုလည်း ပြုစုပျိုးထောင်နိုင်သေးသည်။ ဘယ်သူ့ ကလေးဖြစ်ဖြစ် သူက စိတ်မဝင်စားဘူး! သူက မွေးစားရင် သူ့သားသမီးအရင်းလို ချစ်မှာပဲ။

ကျိုးကျီ သည် အနီးနားရှိ  ကုလားထိုင်တွင်  တည့်တည့်မတ်မတ်သွားထိုင်ကော ပြောခဲ့သည်။

"ငါ သူတို့ကို ပုခုံပေါ် ထမ်းထား၇တာမှ မဟုတ်ပဲ။ မင်းလိုချင်ရင် တစ်ယောက်ကို မွေးလို့ရတယ်။ မင်း ဖာသာတော့ ထိန်းပေါ့"
သူကတော့ ကလေး မထိန်းချင်ဘူး။
 
"ကောင်းပြီ!"  ရှုန်းယယ် က ဒါကို လုံးဝကန့်ကွက်ခြင်းမရှိပါဘူး။

 "ဆင် တိရစ္ဆာန်ပုံစံရှိတဲ့ သားရဲလူသားကလေးလေးက ဒီကုန်းမြေမှာ အများကြီးရှိလောက် မလား။ ဆင်ပုံစံ ကလေးတစ်ယောက်ကို မွေးပြီး ဝက်ဝံညိုပုံစံ ကလေးတစ်ယောက်ကို လည်း မွေးစားလို့ရတယ်   "

ဒီလိုမျိုး ကလေးတွေကို ပြုစုပျိုးထောင်ရင် သူတို့ကိုယ်တိုင် ကလေးမွေးတာနဲ့ အတူတူပါပဲ။

"မင်းပျော်နေသရွေ့ အကုန်အဆင်ပြေတယ်" ကျိုးကျီ က ပြောသည်။

 အညိုရောင်ဝက်ဝံတစ်ကောင်ကို ပြုစုစောင့်ရှောက်ဖို့ သူ့အတွက် လုံလောက်ပါတယ်။ သူက တခြားဘာမှ မမွေးချင်ပေမယ့် ရှုန်းယယ် လိုချင်ရင် ကလေးအနည်းငယ် မွေးစားတာက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။

"ငါ မွေးစားချင်တယ်..."
 ရှုန်းယယ် က ကျိုးကျီ ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ပြောခဲ့သည်။

"ကျိုးကျီ မင်း... ငါနဲ့ ပန်းကန်ဆေးဖို့ သွားချင်လား"

ပျင်းရိစွာ လဲလျောင်းနေသော ကျိုးကျီ သည် ချက်ချင်း ထထိုင်လိုက်သည်။
"အင်း!"

"အကြီးအကဲ မင်း ဟင်းချက်မှာလား"
ကျိုးကျီ နှင့် ရှုန်းယယ် ၏စကားပြောသံကိုကြားသောအခါ တစ်စုံတစ်ယောက် ချက်ချင်းရောက်လာသည်။
"သူတို့ကို ငါ ရေဆေးပေးလို့ ရပါတယ်!"

"မလိုပါဘူး။" ရှုန်းယယ် က မငြင်းခင် တွန့်ဆုတ်နေခဲ့တယ်။

ဒါပေမယ့် ကျိုးကျီ က သူ့လက်ထဲက ပန်းကန်တွေကို ထုတ်ယူလိုက်ပြီး အဲဒီလူကို ပေးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

နောက်ဆုံးအကြိမ် ပန်းကန်ဆေးဖို့ အပြင်ထွက်တုန်းက ရှုန်းယယ် က သူတို့ချစ်တင်းနှောအပြီးမှာ   ယူလာသည့် ပန်းကန်တွေကို အကုန် ဆေးဖို့ တကယ်သွားခဲ့တယ်...  

ရှုန်းယယ် က ကျိုးကျီ ကို မကျေနပ်တဲ့ပုံစံနဲ့ ကျိုးကျီ က ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟု တွေးနေသည်။

ကျိုးကျီ : "ငါတို့ရေချိုး ရဦးမယ်လေ။"



ဒီစကားကိုကြားတော့ ရှုန်းယယ်က တောင့်ခဲသွားတယ်။ ဒါပေမယ့် နှစ်ယောက်အတူတူ ရေချိုးတယ်ဆိုတာ ကောင်းမွန်တဲ့အရာပဲ မဟုတ်လား။ ရေချိုးရင်းရေထဲမှာ ချစ်လို့ရတာပဲ မဟုတ်လား။

ကျူးကျန်းရဲ့လူတွေက ဝက်ဝံကြီးမျိုးနွယ်စုက လူတွေနဲ့အတူ တောထဲက ထွက်သွားကြ တယ်။   ရှုန်းယယ်ရဲ့ ညီမ ဟူယွဲ့လည်း လူအုပ်စုနဲ့အတူ လိုက်ပါသွားတယ်။ဟူယွဲ့က ကျူးကျန်း ၏ လက်အောက်ငယ်သားတစ်ဦးနှင့် ကလေးယူရန် ဆုံးဖြတ်ခဲ့သည်။ နှစ်ယောက်သား ဆက်ဆံရေး အရမ်းကောင်းနေပြီ ။ တောထဲသွားရတာက သူတို့အတွက် အရမ်းပုံမှန်ပါပဲ။ ကျူးကျန်း သည် ဒီအကြောင်းအရာများကို တွေ့ရှိသောအခါ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သူ့မိန်းမကို ဘယ်တော့ရှာတွေ့ပြီး သူ့မိန်းမကို တောထဲခေါ်သွားပြီး ချစ်ခန်းဖွင့် နိုင်မှာလဲ ။

ကျိုးကျီ နဲ့ ရှုန်းယယ် – "......."

ကျိုးကျီ က ရှုန်းယယ်ကို ဒီလိုလေးနက်တဲ့ကိစ္စကို ဖုံးကွယ်ထားစေချင်ခဲ့ပေမယ့် နှစ်ယောက်ကြားက ခံစားချက်အပေါ် ဘာမှတော့ သက်ရောက်မှုမရှိခဲ့ပါဘူး။ နေ့ခင်းဘက် တစ်ယောက်ကို တစ်ယောက် ချစ်နေတာက လူတွေသိရင်  မကောင်းဘူး၊ ဒါပေမယ့် ညဘက်မှာတော့ တောထဲကို ထွက်သွားလို့ ရကြတယ်လေ။

ကျူးကျန်း သည် အိမ်ပြန်ရန် ပို၍ပင် စိတ်မရှည်တော့ဘဲ နေ့ရောညပါ တွန်းအားပေးကာ ခရီးဆက်ဖို့ ဆန္ဒရှိသော်လည်း မဖြစ်နိုင်မှန်း သူသိသည်။ သူ၏ ခွန်အားကို အခြေခံ၍ ညဘက်တွင် မနားပဲ သူ့ဘာသာသူ ဆက်သွားနေပါက အဖွဲ့လိုက် လက်ရှိ အရှိန်အဟုန်လောက် မမြန်နိုင်ပါ။

"ပေါင်ပေ့ ရေသွားချိုးရအောင်"
ဟိုင်ဖုန်း  က သူ့ရဲ့ အသစ်စက်စက် မြေးလေးကို ကြည့်လိုက်တော့ တခြားလူတိုင်းက သန့်သန့်ရှင်းရှင်း နေရတာကို သဘောကျကြပြီး ရေချိုးကြတယ်လို့လည်း ခံစားရတယ်။

"ဟုတ်ကဲ့" ရှီ ပေါင်ပေ့ ချက်ချင်း သဘောတူလိုက်သည်။

တစ်ဖက်တွင်၊ ကျူးကျန်း သည် ဟိုင်ဖုန်း  အား ထိတ်လန့်စွာ စိုက်ကြည့်နေရင်း တွေးနေသည်။
ဒီ ဟိုင်ဖုန်းက ဒီလောက်ငယ်တဲ့ ကြံ့ကြီးငယ်လေးကို ဒီလို နာမည်မျိုးနဲ့ ခေါ်ဝေါ်တာကို သူ လျစ်လျူရှုနိုင်သော်လည်း ယခုအခါ သူက အရွယ်မရောက်သေးတဲ့ ကလေး နဲ အတူ ရေချိုးချင်နေပြီ။  ဒီဟိုင်ဖုန်းက အရွယ်မရောက်သေးတဲ့ကလေးပေါ်ကို မတော်မလျော် စိတ်ဝင်နေသည့် သားရဲနှင့် အလွန်တူသည် မဟုတ်လား...
 
ကြံ့ကောင်လေးက ငယ်ရွယ်သေးပြီး အကြီးဆုံးသားထက် တစ်နှစ် သို့မဟုတ် နှစ်နှစ်သာ ကြီးသေးသည်။ အရွယ်တောင် မရောက်သေးဘူး။ ဟိုင်ဖုန်း  ကို တားရမယ်လို့ သူ ခံစားခဲ့ရပေမယ့် ဟိုင်ဖုန်း  က သားရဲဘုရင်ဖြစ်ပြီး သူ့ရဲ့ အလတ်လတ် သားရဲစစ်သည် အဆင့်နဲ့ ဟိုင်ဖုန်းကို တကယ်တမ်း မတားနိုင်ခဲ့ဘူး...  

ကျူးကျန်း သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ကျူးကျန်း က သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ ဟိုင်ဖုန်း  က "မင်း ငါတို့နဲ့ ရေချိုးချင်လို့လား" လို့ မေးလိုက်တယ်။

ကျူးကျန်း: ဘာလဲ?

ဟိုင်ဖုန်း ; "မင်း ငါတို့နဲ့ လိုက်ချင်ရင် လိုက်ခဲ့လေ"

ကျူးကျန်း သည် တစ်နေ့နေ့မှာ သူက အခြားလူနှစ်ယောက်နှင့် ရေချိုးရမည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။ ပြီးတော့ သူ စိတ်ဓာတ်ကျနေပြန်တယ်။

ဟိုင်ဖုန်း  က သူ့ကို လှည့်စားဖို့အတွက် ကလေးကို 'ပေါင်ပေ့' လို့ ခေါ်ခဲ့တာလို့ ထင်ခဲ့ပေမယ့်...တကယ်တော့ အဲဒီ့နာမည်နဲ့ တစ်စုံတစ်ယောက် ရှိခဲ့ဖူးတယ်။

နောက်ပြီး... ဒီကြံ့ကောင်လေးက ငယ်စဉ်ကတည်းက အရမ်းဂရုစိုက်ခံခဲ့ရတာ။ မြစ်ကမ်းကိုရောက်ပြီးနောက်မှာ သူ့ရဲ့တိရစ္ဆာန်အသွင်ပြောင်းသွားပြီး မြစ်ကမ်းဘေးမှာ မလှုပ်မယှက် ရပ်နေခဲ့တယ်။ ကျူးကျန်း နှင့် ဟိုင်ဖုန်း  တို့က မတုံ့ပြန်သည်ကို မြင်သောအခါတွင် သူက ခေါင်းကို လှည့်ကာ ဟိုင်ဖုန်းကို ပြောလိုက်သည်။

 "အဆင်သင့်ဖြစ်ပြီ... ကျွန်တော့်ကိုယ်ကို ရေဆေးပေးလို့ ရပြီ"  

ကျူးကျန်း သည် မူလက ဟိုင်ဖုန်း  သည် အသက်မပြည့်သေးသော သားရဲ ကလေး တစ်ကောင်အား မတော်မလျော် လုပ်တာကို တားဆီးရန် ရည်ရွယ်ကာ လိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ကြံ့ကောင်လေးရဲ့အမွေးအမှင်များကို ဖြီးပေးရန်အတွက် ဟိုင်ဖုန်း  နှင့် လက်တွဲလုပ်ခြင်းနဲ့ အဆုံးသတ်ခဲ့ရသည်။

ကြံ့ကောင်လေးရဲ့ တိရစ္ဆာန်ပုံစံသည် ကြီးမားကာ နှောင့်ယှက်လွန်းလှသည်။ ကျူးကျန်း ၏ကိုယ်ပိုင်ပုံစံသည် အရပ်နှစ်မီတာရှိသော်လည်း အမှန်တကယ်တွင် ထိုမျှ ရှည်သော ခြေထောက်များဖြင့်ပင် ကြံ့ငယ်လေးရဲ့ အမွေးအမှင်တွေကို ဖြီးရတာက အလုပ်အရမ်းများ လှတယ်။

ကျူးကျန်း ကို စိတ်ပျက်အားငယ်စေတဲ့အရာကတော့ သူတို့ဟာ ကြံ့ကောင်လေးရဲ့ အမွေးကို ပြီးသင်ပြီးချိန်မှာ  ဟိုင်ဖုန်း  က ရုတ်တရက် ပြောခဲ့တယ်။

"ငါ့တိရိစ္ဆာန်ပုံစံနဲ့ကိုယ်ထည်ကို ဘယ်သူမှ မတိုက်ချွတ်ပေးဖူးဘူး။ မင်းတို့ ငါ့ကိုယ်ကို   ပြောင်သွားအောင် ပွတ်တိုက်ပေးလိုက်ရင်ကော ဘယ်လိုလဲ။ ငါ့တိရစ္ဆာန်ပုံစံ ပြောင်းလိုက်ရ မလား?"

ရှီ ပေါင်ပေ့ က တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။  "အင်း..ကောင်းတယ်!"

ကျူးကျန်း : " ရုတ်တရက် မင်းရဲ့ တိရိစ္ဆာန်ရုပ်သဏ္ဍာန်အသွင်ပြောင်းပြီး လူတွေကို ဖိသတ်မိရင် ဘယ်လိုလုပ်မလဲ  "
တန်ချိန်နှစ်ထောင်ရှိသော ဝေလငါးတစ်ကောင်၏ ခန္ဓာကိုယ်ကို ပွတ်တိုက်ရန် ငြင်းဆန်ခဲ့ သည်။

"မှန်တယ်... အဲဒါကို မေ့လိုက်ပါ"
ဟိုင်ဖုန်း  ကလည်း ပြောလိုက်သည်။ သူက လူတစ်ယောက်ကို သေအောင် နှိပ်စက်တာက ကြီးကြီးမားမားမဟုတ်ပေမယ့် အသိမိတ်ဆွေတစ်ယောက်ကို မတော်တဆ သတ်မိမှာ ကြောက်နေမိသည်။

ကျူးကျန်း နှင့် အခြားလူများက စခန်းသို့ပြန်သွားကြသောအခါ ရှုန်းယယ် နှင့် ကျိုးကျီ တို့သည် မပြန်လာကြသေးပေ။

ဟိုင်ဖုန်း  က သူ့မြေးကြီးကို ခေါ်သွားပြီး အိပ်ရာဝင်သွား ခဲ့တယ်။ ကျူးကျန်း ဟာ သူ့နှလုံးသားမှာ လေးလံနေသည့်အတွက် မအိပ်နိုင်ပဲ စခန်းချသည့်  ဧရိယာတဝိုက်ကို လှည့်လည်သွားခဲ့ချိန် ကျိုးကျီ သည် ရှုန်းယယ်ကို  သူ့ရင်ခွင်ထဲတွင် ပွေ့ချီကာ ပြန်လာသည်ကို မြင်လိုက်ရသည်။

ကျူးကျန်း : "......" ဒီနှစ်ယောက်က တကယ်တော့ ဒီလိုမျိုးတွေ သွားသွား လုပ်နေကြတာပဲ... ဟူး...သူ့မှာတော့ တကိုယ်တည်း ဘဝနဲ့ တကယ့်ကို အသုံးမဝင်ဘူး!

ဆိုလိုတာက ကျိုးကျီ က ရှုန်းယယ် နဲ့ မအိပ်ဖူးဘူးဆိုတော့ မသန့်ဘူး ၊ ရှုန်းယယ် ကို တွန်းချဖို့ အဆင်မပြေလို့လား ?!

နောက်တစ်နေ့မှာတော့ အားလုံးက ဆက်သွားကြတယ်။ သူတို့သည် တကျူးမျိုးနွယ် နှင့် ပို၍ နီးကပ်လာသည်။ ကျိုးကျီ သည်လည်း ကျူးကျန်း မှ တကျူးမျိုးနွယ် အကြောင်းများစွာသင်ယူခဲ့သည်။

တကျူးမျိုးနွယ် မှာ သားရဲဘုရင် တွေရှိခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူတို့မျိုးနွယ်ထဲမှာ သားရဲဘုရင် မရှိတော့ဘူး။ မည်သို့ပင်ဆိုစေကာမူ၊ သားရဲလူသား  ကုန်းမြေ ရှိ အခြားလူများသည် ပေါ့ပေါ့တန်တန် ရန်စရန် မဝံ့ရဲသော  မျိုးနွယ်စုတစ်ခု ဖြစ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မျိုးနွယ်စုအားလုံးတွင် ကလေးများစွာ မွေးနိုင်သော ကြောင့် ဖြစ်သည်။

ကျူးကျန်း ၏ဖခင်တွင် ဇနီးကောင်းများစွာရှိပြီး ဇနီးသည်များက သားသမီးများစွာကို မွေးပေးခဲ့သည်။ ကျူးကျန်း သည် ကလေးအများကြီးကြားက တစ်ယောက် ဖြစ်သည်။

ကျိုးကျီ က တိတ်တိတ်လေး သက်ပြင်းချရင်း – (ဧရာမဝက်) တကျူး မျိုးနွယ်ရဲ့ တိရိစ္ဆာန်ပုံစံကို တွေးတဲ့အခါ ဝက်သားက အရမ်းအရသာရှိပေမယ့် သူ စားလို့ မရနိုင်ဖြစ်နေသည်။

ကျူးကျန်း - "ဒီတစ်ခါ ဖြစ်ပျက်ခဲ့တာက ငါ့ရဲ့ ညီငယ် ညီမငယ်တွေနဲ့ သက်ဆိုင်တယ်။ ငါက ဖြစ်သွားတဲ့ ကိစ္စကို စူးစမ်းဖို့ ပျင်းလွန်းပေမယ့် ကျူးကျူးတစ်ခုခုဖြစ်ခဲ့ရင် သူတို့အားလုံးကို သေချာသတ်ပစ်မှာပဲ"

ကျိုးကျီ -  "မင်းမိန်းမနဲ့ ကလေးတွေ အဆင်ပြေလိမ့်မယ်"

ကျိုးကျီ က ကျူးကျန်း ကို နှစ်သိမ့်ပေးဖို့သာ ပြောခဲ့တာဖြစ်သည်။ ဒါကိုကြားတော့ ကျူးကျန်း က စိတ်တက်ကြွသွားပြီး မေးခဲ့သည်။

 "သားရဲဘုရားရဲ့ လမ်းညွှန်မှုကို မင်းရရှိခဲ့လို့ မင်း ဒီလိုပြောနေတာလား?"  

ကျိုးကျီ : "....."
တောင်းပန်ပါတယ် ဒါပေမယ့် မဟုတ်ဘူး။

လူတိုင်းသည် တကျူး မျိုးနွယ်နှင့် တစ်ရက်ခရီးသာ ဝေးတော့သည်ကို သိထားကြသည်။  ထိုအချိန် ရှုန်းယယ် သည် သားရဲနတ်ဘုရား  ပူဇော်ခြင်းဆိုင်ရာ ကိစ္စရပ်ကို ရုတ်တရက် တင်ပြခဲ့သည်။

 "သားရဲနတ်ဘုရား ပူဇော်ပွဲလုပ်ဖို့ အချိန် တစ်လခွဲလောက်ပဲ လိုတော့တယ် "

သားရဲလူသား ကုန်းမြေကြီးတွင်  သားရဲနတ်ဘုရား ပူဇော်ပွဲသည် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ကံမကောင်းစွာဖြင့်၊ သူတို့သည် သူတို့၏မျိုးနွယ်တွင် မရှိခဲ့ပေ။

"သားရဲဘုရား ပူဇော်ချိန်ရောက်လာရင်  သားရဲနတ်ဘုရား ကျောင်းတော် က  ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုကျင်းပမှာ ဖြစ်ပြီး သားရဲဘုရင် အားလုံး အဲ့ဒီနေရာမှာ စုဝေးကြလိမ့်မယ်။ ကြီးမားတဲ့အမျိုးနွယ်တွေက ကုန်စည်တွေ  ရောင်းဝယ်ဖောက်ကားဖို့အတွက် သားရဲနတ်ဘုရား ကျောင်းတော် အနီးကို သူတို့ ဒေသထွက် ကုန်ပစ္စည်းတွေကို ယူဆောင်လာလိမ့်မယ်။  တကျူးမျိုးနွယ်က  သားရဲနတ်ဘုရား ကျောင်းတော် နဲ့ သိပ်မဝေးလှဘူး။ ငါ ကျူးကျူးကိုရှာတွေ့ပြီးရင် သားရဲနတ်ဘုရား ပူဇော်ပွဲကို သွားလို့ရတယ်။"

ကျူးကျန်း က ပြောခဲ့သည်။  

"အဲဒါ တော်တော်ကောင်းတာပဲ"
ကျိုးကျီ သည် သူအတွက် ရှီလီကိုစုံစမ်းမယ့်အချက်က အတော်လေးအဆင်ပြေသွားလို့ စိတ်လှုပ်ရှားနေခဲ့သည်။

ရှုန်းယယ် နှင့် အခြားသူများသည်လည်း အားအင်များ ပြည့်လာခဲ့ကြသည်။ သူတို့သည် သားရဲလူသား  ကုန်းမြေ သို့ရောက်ကတည်းက လမ်းပေါ်တွင် အဆက်မပြတ်ရှိနေခဲ့သည်။ သူတို့သည် ချောင်မျိုးနွယ်တွင် ခဏတာ နားဖို့ရပ်တန့်ခဲ့ပေမယ့် ပြဿနာကို ရှောင်ရှားရန်အတွက် သူတို့သည် မျိုးနွယ်စုကြီးဖြစ်စေ သေးငယ်သည်ဖြစ်စေ နောက်ပိုင်းတွင် တွေ့ခဲ့ကြသည့် မျိုးနွယ်အားလုံးကို ကျော်ဖြတ်ခဲ့ကြသည်။ အများစုမှာ သူတို ဖြတ်သန်းသွားသည်စဉ် ကင်းလှည့်သူများသာမြင်တာနဲ့ လှည့်ထွက်သွားသော တဖက်လူတွေက သူတို့ကို မသိလိုက်ကြပေ။

ဒီလိုမျိုး ရှေ့ကို ဆက်လျှောက်ရတာ တကယ်ကို ငြီးငွေ့စရာကောင်းပြီး အဆင်မပြေပါဘူး။ ကံကောင်းထောက်မစွာ၊ သူတို့သည် တကျူးမျိုးနွယ် သို့ရောက်ရှိလာတော့မည်ဖြစ်ကာ မကြာမီ   သားရဲနတ်ဘုရား ကျောင်းတော်  က ပူဇော်ပွဲတွင်လည်း ပါဝင်နိုင်မည်ဖြစ်သည်။

အားလုံးက အရမ်းပျော်ပြီး အားအင်တွေပြည့်နေပေမယ့် အစောင့်အကြပ်တွေ လျှော့လိုက်ချိန်မှာတော့ မိုးသည်းထန်စွာရွာနေခဲ့တယ်။  
အဲဒီမှာ အားလုံးထဲက ဟိုင်ဖုန်း  က အရမ်းကျေနပ်သည်။
 "ဒီမိုးက တော်တော်ကောင်းတယ်။ ရေစိုနေတာ အရမ်းအဆင်ပြေတယ်!"

"အဆင်မပြေဘူး။" ရှီ ပေါင်ပေ့ က ပြောသည်။

ဟိုင်ဖုန်း  က သူ့မြေးကို လှမ်းကြည့်တော့ သူ့မြေးလေးဟာ မိုးတွေအရမ်းရွာနေတာကြောင့် မျက်လုံးတောင် မဖွင့်နိုင်တာကို တွေ့လိုက်ရတယ်။ သူ့ခေါင်းပေါ်က ဆံပင်တွေကလည်း မိုးရေတွေကကြောင့် နဖူးပေါ်ကို တွဲကျနေပြီး အရမ်းစိတ်ဆင်းရဲနေပုံရတယ်။
ဟိုင်ဖုန်း  က ရုတ်တရက် သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ ပြောလိုက်သည်။

 "ပေါင်ပေ့၊ မင်းရဲ့ တိရိစ္ဆာန်ပုံစံကို ပြောင်းလိုက်ပါ။ နည်းနည်းပိုကောင်းလိမ့်မယ်။"

ရှီ ပေါင်ပေ့ က ခေါင်းညိတ်ပြပြီး သူ၏ တိရစ္ဆာန်ပုံစံသို့ ပြောင်းလဲသွားသည်။

သူသည် သူ၏တိရစ္ဆာန်ပုံစံသို့ ပြောင်းလဲပြီးနောက်၊ သူသည် အမှန်တကယ်ပင် ပိုမိုကောင်းမွန်လာခဲ့သည်။ လမ်းတစ်လျှောက်မှာ သစ်ပင်တွေ အများကြီးရှိတာကြောင့် သူ့လမ်းကို အမြဲပိတ်ဆို့နေခဲ့တယ်...

ဟိုင်ဖုန်း  က သူ့ကို လမ်းရှင်းဖို့ ကူညီပေးရင်း ပြောခဲ့သည်။
 "ပေါင်ပေ့၊ မင်းအဘိုးနောက်ကို လိုက်သင့်တယ်။ အဖိုးက မင်းကို လမ်းရှင်း ပေးမယ်။"

ဟိုင်ဖုန်း  ဝမ်းသာအားရနဲ့ လမ်းရှင်းဖို့ ထွက်သွားတယ်။ ထို့ကြောင့် ရှီ ပေါင်ပေ့ သည် လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး လမ်းတစ်ဝက်တွင်ပင် အရွက်များကို စားလိုက်သည် ။

ဟိုင်ဖုန်း : "......" ဒီကလေးက တော်တော်နာခံတတ်ပေမယ့် တစ်ခါတလေ နည်းနည်းတော့ တုံးအ တယ်။ နားလည်ရခက်ပါတယ်။

ဟိုင်ဖုန်း  သည် မြေးဖြစ်သူ၏ ကျောပေါ်သို့ တက်ကာ လည်ပင်းကို လက်ဖြင့် ပုတ်ကာ လောဆော်လိုက်သည်။

"စားမနေနဲ့။ ကျိုးကျီ နောက်ကို မှီအောင် လိုက်ရမယ်"  

သူ့အသံပြုလိုက်သည်နှင့် တစ်ချက်ချင်း လေထဲတွင် ငါးမီတာအကွာမှ တခုခု  ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ရှီ ပေါင်ပေ့ က ဟိုင်ဖုန်း  ကို မေးရန် လူအသွင်ပြောင်းလိုက်သည်။

 "ကျိုးကျီ က ဘယ်သူလဲ"  

"အဲဒီ့တစ်ယောက် !" ဟိုင်ဖုန်း  က ကျိုးကျီ ကိုထောက်ပြသည်။

"အိုး......" ရှီ ပေါင်ပေ့ သည် ကြံ့ကြီးတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းလိုက်ပြီး ကျိုးကျီ နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားခဲ့သည်။

ကျိုးကျီ က ဒီလူတွေကို မိုးရွာလို့ အမိုးအကာနည်းနည်းပါးပါး ပေးနိုင်တဲ့ သစ်ပင်တွေ အများကြီးရှိတဲ့ နေရာတစ်ခုဆီ ခေါ်သွားပြီး
"ဒီနေ့ စောစော စခန်းချပြီး အနားယူလိုက်မယ်"  

မိုးက အရမ်းသည်းတယ်။ သူတို့အတွက် ဒီလိုရာသီဥတုမျိုးမှာ ဆက်လုပ်ဖို့ စိတ်ကူးကောင်းတော့ မဟုတ်ဘူး။

"ငါတို့ ခရီးမသွားတော့ဘူးလား။ ငါတို့ ဒီမှာ ရပ်နေတာလား။"
ကျူးကျန်း က မမေးဘဲမနေနိုင်။ သူတကယ်ပဲ တကျူးမျိုးနွယ် ဆီကို ချက်ချင်း ပြန်ပြေးချင်ခဲ့တယ်။

"ဟုတ်ပြီ.... ငါတို့ဒီမှာ တစ်ညအိပ်မယ်" ကျိုးကျီ က ပြောသည်။
"သားရဲ နတ်ဘုရားက ဒီနေရာက နေရာကောင်းတစ်ခုလို့ ငါ့ကိုပြောခဲ့တယ်"

ဒီနေရာက တကယ်ကောင်းတဲ့နေရာပါ။ဒီနေရာတွင် ကြက်သွန်ဖြူကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။ ကျိုးကျီ ဟာ အရင်ဘဝတုန်းက ကြက်သွန်ဖြူစားချင်သူ တစ်ယောက် မဟုတ်ပေမယ့် ဒီဘဝမှာတော့ ကြက်သွန်ဖြူ မစားရတာ ကြာတော့ သည်းမခံနိုင်တော့ပေ။ ကြက်သွန်ဖြူထည့်လိုက်တာနဲ့ ပိုအရသာရှိလာနိုင်တဲ့ ဟင်းပွဲတွေ အများကြီးရှိတယ်။ ကြက်သွန်ဖြူက တကယ်စားကောင်းတယ်။ ယခု ဒီနေရာမှာ ဒီလိုကောင်းတဲ့အရာမျိုးကို  သူ ရှာဖွေတွေ့ရှိခဲ့ပြီ။

သားရဲလူသား ကုန်းမြေ က ဒီနေရာကောင်းတစ်ခုလို့ ပြောထားတာ တကယ် မဆိုးဘူးပဲ။ သူ့အတွက် စားသောက်စရာတွေ အတော်များများကို ရှာတွေ့ခဲ့တယ်။

ကျိုးကျီရဲ့ အပြောကြောင့် ကျူးကျန်း က အဲဒီနေရာမှာစခန်းချ တည နားမည်ကို မဆန့်ကျင်တော့ဘဲ လူတိုင်းကို အခြေချနေထိုင်ဖို့ ကူညီပေးခဲ့ပါတယ်။  

သူတို့လက်ထဲမှာ ဒိုင်နိုဆောသားရေတွေ အများကြီးကို ယူကာ အမိုးမိုးပြီး မိုးရေကို ကာထားရမည်။ ထိုလူများသည် ယာယီတဲများ ဆောက်နိုင်စေရန် ထင်းအချို့ကို ပြန်ယူလာကြသည်။ ကျိုးကျီ နှင့် ရှုန်းယယ် တို့အတွက် ပထမဆုံးတဲကို အရင်တည်ဆောက်ပေးခဲ့သည်။

ကြက်သွန်ဖြူအချို့ ကောက်ယူပြီးသော ကျိုးကျီ သည် ရှုန်းယယ် နှင့် အတူ ပြန်လာခဲ့သည်။

တဲ၏မြေပြင်သည် ရွှံ့များပွနေသည်။ သူတို့က ကုန်းမြင့်တွင်  စခန်းချရန် ရွေးချယ်ခဲ့သော် လည်း သူတို့၏ ခြေထောက်အောက်က မြေပြင်သည် စိုစွတ်နေပြီး လမ်းလျှောက်ရတာ ခက်ခဲနေဆဲဖြစ်သည်။ မီးဖိုပြီး အသားကင်ရတာလည်း ခက်ခဲလှသည်။
 

ကံကောင်းထောက်မစွာဖြင့် သူတို့ မျိုးနွယ်စုသည် အစားအစာများကို  သိမ်းဆည်းသည့် အလေ့အထရှိသောကြောင့် သူတို့သည် ယခင်က ကင်ပြီးသား အသားအချို့ကို ထုတ်ယူနိုင်ခဲ့သည်။

မိုးသည်းစွာရွာနေသော်လည်း အသားစားရန်ကျန်နေသေးသည်။ ဝက်ဝံကြီးမျိုးနွယ်စုသည် သူတို့၏ လက်ရှိအခြေအနေအတွက် အလွန်ကျေနပ်နေပြီး မီးမရှိဘဲ မနေနိုင်ဟု ယူဆကာ နောက်ဆုံးတွင် သူတို့၏တဲထဲသို့ အိုးတစ်လုံးကို ယူဆောင်လာသူ ကျိုးကျီ သာလျှင်ဖြစ်သည်။

ကျိုးကျီ သည် အိုးထဲသို့ ထင်းအပိုင်းအစအချို့ကို ပစ်ချပြီးနောက် မီးဖိုလိုက်သည်။ ဒါကြောင့် သူတို့တဲက မကြာခင် ပူနွေးလာသည်။

အဲဒါပြီးတာနဲ့ ကျိုးကျီ က သူကိုယ်တိုင်လုပ်ထားတဲ့ ဆန်လုံးတွေကို အရွက်တွေနဲ့ထုပ်ပြီး မီးထဲထည့်ကာ ကင်ဖို့အတွက် မီးကိုအသုံးပြုပြီး မီးနည်းနည်းပူအောင် နွေးလိုက်ဖို့ ပြင်ဆင်လိုက်ပါတယ်။

မိုးအဆက်မပြတ်ရွာနေသောကြောင့် မိုးရေကိုကာဖို့ ဒိုင်နိုဆောသားရေ တစ်ပိုင်းကို အသုံးပြုထားသော်လည်း စားသောက်ရန် နေထိုင်ရတာ အဆင်မပြေဟု သူ ခံစားခဲ့ရသည်။ မနေ့ညက ထမင်းဆုပ်လုံး စားလို့ မပြီးသေးဘဲ ကျိုးကျီ က အိုးထဲရှိ မီးဖိုပေါ်မှာ  ရေနွေးကျိုသောက်နိုင်စေရန် အိုးအပေါ်မှ အိုးတစ်လုံးကို တင်လိုက်သည်။

ရေအဆင်သင့်ဖြစ်သောအခါတွင် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်   တစ်ခုခုကို ခူးဆွတ်ပြီး ဟင်းရွက်ဟင်းရည် ပန်းကန်လုံးတစ်လုံး ပြုလုပ်နိုင်သည်။ သူသည် မီးဖိုငယ်လေးပေါ်တွင် သူတို့ စားရန် အသားအချို့ကိုပင် ဖြည်းညှင်းစွာကင်နိုင်သည်။

ကြက်သွန်ဖြူကို ကင်ပြီး အသားထဲကို ကြက်သွန်ဖြူကို တိုက်ရိုက်ထည့်လိုက်ရင်လည်း  အရသာရှိတယ်။

ကျိုးကျီ သည် အရာအားလုံးအဆင်သင့်ရှိပြီး ညနေခင်းတွင် သူစီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် သူ၏ ဝိညာဉ် စွမ်းအားများနှင့် တစ်စုံတစ်ဦးရောက်လာ သည်ကို ရုတ်တရက် ရိပ်မိသွားခဲ့သည်။

 လာတဲ့လူတွေကတော့... ပါးစပ်ထဲမှာ ကလေးတကောင်ချီလာတဲ့ ဝက်မတစ်ကောင်နဲ့ နောက်က လိုက်လာတဲ့ ဝက်ကလေးနှစ်ကောင်ဖြစ်သည်။

ဝက်မကြီး၏ တိရစ္ဆာန်ပုံစံအရ သူမက ကျူးကျူးဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်—ကျူးကျန်း က သူမကို ဖော်ပြထားတဲ့ပုံစံ နှင့် အလွန်တူသည်။ အဲဒီလိုဖြစ်တာက အရမ်းတိုက်ဆိုင်တာပဲ!

ကျိုးကျီ တွေးနေစဉ်  အခြားလူတစ်စု ပေါ်လာပြီး  ဒီလူအုပ်စုသည် ဝက်မ  နောက်ကို လိုက်ဖမ်းနေသည်ဟု သူ ယူဆခဲ့သည်။
 

*****-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now