Chapter (38)_ ရှုန်းမောဝ်/ရှုန်းမောဝ်

8.6K 1.5K 45
                                    

(ဇော်ဂျီသမားများ အောက်ကို ဆွဲချပေးပါ)

Chapter (38)_ ရှုန်းမောဝ်

ကျိုးကျီသည် သူ ဒီဝက်ဝံကြီးမျိုးနွယ်စုထဲကိုရောက်ကတည်းက သားရဲအသွင်နိုးထခြင်းကို တစ်ခါမှ မမြင်ဖူးသေးပေ။ ရှုန်းယယ်နိုးထခဲ့စဉ်က အကြောင်းကို မေးကြည့်ခဲ့ပြီး သူ့မှာအတွေးတချို့ရှိနေခဲ့သည်။ လူမျိုးစုထဲက လူတွေ နိုးထလာပုံကို သူ့ဖာသာပဲ မှန်းဆကြည့်ခဲ့ရသည်။
 

လူတစ် ဦး ချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ဆက်စပ်ပြီး နိုးထလာသောမျိုးနွယ်ဝင်တွေရဲ့ သားရဲပုံစံက ကွားခြားနိုင်သည်။  ယေဘူယျအားဖြင့်ပြောရလျှင်ပိုမိုကောင်းမွန် ကြံ့ခိုင်သော ကိုယ်ရှိရင် ထိုလူတွေရဲ့သားရဲပုံက ပိုအစွမ်းထက်သော တိရစ္ဆာန်ပုံစံနှင့်နိုးထလာ လိမ့်မည်။ ဒါပေမယ့် ဘယ်သူက ဘယ်လိုပုံစံနဲ့နိုးထလာမယ်ဆိုတာ အတိအကျ သေချာ မသိနိုင်ဘူး။

ဤအချက်ကြောင့် ကျိုးကျီသည်လူနုံလူအဖြစ်ပေမယ့် အမွေးထူဆင်ပုံစံဖြင့် နိုးထလာခဲ့သည်။
 
သူတို့ရဲ့ကာယကြံ့ခိုင်မှုကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ သူတို့မိဘတွေရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအပြင် ကလေးတွေကြီးပြင်းလာတဲ့အခါ သူတို့ကိုကျွေးသည့် အစားစာနှင့် ကိုယ်လက်လေ့ကျင့်ခန်းတွေအားလုံးက ကလေးတွေနိုးထလာသည့် သားရဲပုံစံအပေါ် သက်ရောက်မှုရှိလိမ့်မယ်။

ရှုန်းယယ်ကိုနမူနာ အဖြစ်ကြည့်ရင် သူ့ဖခင် ရှုန်းကျန်းသည် ယခင်မျိုးနွယ်စု အကြီးအကဲဖြစ်သည်။ သူသည်အလွန်အစွမ်းထက်သလို သူ၏အမေ ရှင်ရှုးသည် ကြီးမားသောမျောက်ဝံတစ်ကောင်ကဲ့သို့နိုးထ လာခဲ့ပြီးသူမလည်း မပျော့ညံ့ခဲ့ပါ။  

ရှုန်းယယ် သည် ငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းမွန်စွာနှင့်  ကြီးပြင်းလာပြီး နေရာတိုင်းတွင် အစာရှာခြင်းနှင့် အမဲလိုက်ရာတွင် လိုက်ပါရခြင်းကို နှစ်သက်သည်။ ရှုန်းယယ် သည်သူ၏ ခန္ဓာကိုယ်ကို အလွန်ဂရုစိုက်ခဲ့သည်၊ ထို့ကြောင့်အချိန်ရောက်သောအခါ သူသည်အလွန်အစွမ်းထက်သော တိရစ္ဆာန်ပုံစံကို အတိုင်း နိုးထစေခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now