Stone-age Husband Raising Journal _ Chapter(13) - အတူတူနေခြင်း

8.4K 1.5K 60
                                    

Stone-age Husband Raising Journal _ Chapter(13) - အတူတူနေခြင်း

"ရှုန်းယယ် မင်း ဘာလုပ်ချင်တာလဲ"

ရှီလီက ရှုန်းယယ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ အရင်ဘဝတုန်းက ရှုန်းယယ်က ကျိုးကျီကို အတူနေဖို့ မဖိတ်ခေါ်ပေ။ ဘာကြောင့်လဲဆိုတော့ ရှုန်းယယ်က အမဲလိုက်တာ၊ သူတို့ မိတ်ဖက်ပြီးအတူနေဖို့ ဂူကို ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေတာကြောင့် ကျိုးကျီရဲ့အဖြစ်ကို အာရုံမစိုက်နိုင်ခဲ့ပေ။

အခု ဒီဂူက သူနဲ့မိတ်ဖက်ပြီးရင် နေမယ့်ဂူထဲကို ဘာကြောင့် ကျိုးကျီကို နေဖို့ ဖိတ်နိုင်ရက်တာလဲဟု ရှီလီက တွေးနေသည်။

ရှုန်းယယ်က ရှီလီကို လုံးဝဂရုမစိုက်ပဲ ကျိုးကျီကို ပြောလိုက်သည်။

"မင်းရဲ့ ပစ္စည်းတွေကို ငါ ကူရွှေ့ပေးမယ်"

"ကျေးဇူးပဲ"

ကျိုးကျီက အေးအေးဆေးဆေးပဲပြောလိုက်သည်။ အခြားလူတွေက ကျိုးကျီကို ရူးကြောင်ကြောင် ထင်နေကြပေမယ့် ရှုန်းယယ်က ကျိုးကျီဆီက ကျေးဇူးတင်စကားကို ကြားတာနဲ့ချက်ချင်း ကျိုးကျီရဲ့ ပစ္စည်းများကို ထုပ်ပိုးပေးတော့သည်။

"ရှုန်းယယ်.... မင်း တကယ်ကြီး ကျိုးကျီကို မင်းနဲ့အတူ နေခိုင်းတော့မလို့လား။ မင်း ရူးသွားပြီလား"

ရှီလီက ရှုန်းယယ်ကို မနှစ်မြို့စွာပြောကာ တားဖို့ ကြိုးစားလိုက်ချန် ရှုန်းယယ်က သူ့ကို အေးစက်စက် ကြည့်ကာ ပြန်မေးလိုက်သည်။

" ငါ ဘယ်သူနဲ့နေနေ မင်းနဲ့ ဘာဆိုင်လို့လဲ"

ရှီလီရဲ့ကိုယ်ကထွက်နေတဲ့ လန်ယင်ရဲ့အနံ့တွေက ရှုန်းယယ်ကို အန်ချင်စိတ်ပေါ်စေလို့ ရှီလီနဲ့ ဝေးဝေးနေချင်စိတ်ပေါ်လာစေသည်။

ပြီးခဲ့တဲ့ ၂ ရက်လုံး သူ အသည်းကွဲနေပေမယ့်

ရှီလီလည်း လန်ယင်နဲ့ နေလိုက်တာကို မျက်မြင်တွေ့ သွားပြီဖြစ်လို့ သူ့ရင်ထဲ ဟာလာဟင်းလင်းဖြစ် နတာကလွဲရင် ဘာမှ မခံစားရတော့ပေ။

"မင်းကို...ငါ ...မစဉ်းစားပဲ လျှောက်မလုပ်စေချင်ဘူး "

ရှီလီက ပြောလိုက်တော့ ရှုန်းယယ်က စိတ်မရှည်စွာကြည့်ကာ ခပ်ပြတ်ပြတ်ဖြေလိုက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now