Chapter (132 ) _ သားရဲဘုရင်က ဘယ်လိုလုပ်ပြီး ဒီလိုပြုမူနေတာတုန်း....

4.7K 958 17
                                    

Chapter (132 ) _  သားရဲဘုရင်က ဘယ်လိုလုပ်ပြီး ဒီလိုပြုမူနေတာတုန်း....



ဒီလူတွေကို စတွေ့တာနဲ့ ကျူးယန်က  မျိုးနွယ်စုတစ်ခုမှ စေလွှတ်လိုက်သော ကုန်သွယ်အဖွဲ့ဖြစ်လောက်သည်ဟု ပထမဆုံးတွေးမိလိုက်သည်။   သူတို့အားလုံးကို အတော်လေးကို စိတ်မကောင်းဖြစ်နေပုံပေါ်သောကြောင့် ကျူးယန်  သူတို့ကို ဂရုမစိုက်ခဲ့ပေ။

လူတိုင်းရဲ့ ခါးမှာ တိရိစ္ဆာန် အရေခွံတွေ ပတ်ထားကြပြီး ထိုထဲမှ လူကောင်ထွားထွား သက်လတ်ပိုင်း လူတစ်ယောက်လည်း ပါသည်။ သူက မိုးရေစိုနေသည့် ထင်းဖြင့် မီးဖိုရန် ကြိုးစားနေသောကြောင့် ဒီလူရဲ့မျက်နှာကို အိုးမဲတွေနဲ့ ပေနေစေသည်။   အစားအစာ အတွက်... ဒီလူတွေက အသားစားရန်ပင် မတတ်နိုင်သည့်ပုံစံဖြင့် မုယောဆန် နှင့်တူသော အရာတစ်ခုခုကို ပြင်ဆင်ကာ ငှက်အနည်းငယ်ကို သတ်ဖြတ်ကာ အမွေးနူတ်နေသည့် အခြားတစ်ယောက်လည်း ရှိသေးသည်။

အသားများများစားစား မရှိတဲ့ ငှက်တွေတောင် စားနေကြတယ်... ဒီမျိုးနွယ်စုက သနားစရာကောင်းတာ သေချာတယ်။

ကျူးယန် သည် ဒီကုန်သွယ်အဖွဲ့ကို အရေးမစိုက်ခဲ့ပေ။ ကျူးကျူးသည် ဒီလူများကြားတွင် ရှိနေသည်ကို သူ မြင်သောအခါ၊ သူက ဒီလူများကို သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရလဒ်အနေနဲ့... သူ ကျူးကျန်း ကို ဒီအုပ်စုထဲမှာ တကယ်တွေ့ခဲ့တယ်။  

ကျူးယန် သည် ကျူးကျန်း ကို သဘောမကျပေ။ သူ့သား ကျူးကျန်း သည် သူနှင့် တစ်ခါမျှ မရင်းနှီးခဲ့ဖူးသော်လည်း မကြာသေးမီနှစ်များအတွင်း ကျူးကျန်းက မျိုးနွယ်စုထဲမှာ  ပိုမို အားကောင်း လာခဲ့သည်။

မျိုးနွယ်စုများ၏ ထုံးတမ်းစဉ်လာအရ မျိုးနွယ်စုအကြီးအကဲရာထူးကို များသောအားဖြင့်  အဖမှ သားဆီကို လွှဲပြောင်းပေးကြသည်။ သို့သော်လည်း မျိုးနွယ်စုတွင် အခြားသော အင်အားကြီးသူများရှိပါက လူမျိုးစုအကြီးအကဲရာထူးကို အခြားသူများက လုယူသွားနိုင်သည်။

မျိုးနွယ်စု အကြီးအကဲရာထူးကို အခြားသူများ လုယူသွားခြင်းကို ရှောင်လွှဲ၍ မရသောကြောင့် သားသမီးများစွာကိုမွေးဖွားသည့် အလေ့ထက တကျူးမျိုးနွယ်မှာ ရှိလာခဲ့သည်။ တကယ်လို့ သူ့တွင် ပို၍ထူးချွန်သော သားသမီးများစွာ ရှိခဲ့ပါက၊ မျိုးနွယ်စု အကြီးအကဲ ရာထူးကို အခြားသူများ လုယူရန် မဖြစ်နိုင်တော့ပေ။
 
ဒါပေမယ့် သူ့သားအကြီးဆုံး အရမ်းထူးချွန်တာက သူ့ကို အံ့သြသင့်စေခဲ့သည်။

ကျူးကျန်းက အရမ်းသန်မာသည်။ လက်ရှိတွင် သူသည် အလယ်အလတ်အဆင့် သားရဲစစ်သည်တစ်ဦးသာဖြစ်သော်လည်း၊ သူသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆင့်မြင့် သားရဲစစ်သည်ဖြစ်လာမှာ သေချာပါသည်။ ထိုအချိန်တွင် သူသည် လူမျိုးစုအကြီးအကဲ ရာထူးကို ဆက်လက်ပြီး ထိန်းထားနိုင်ပါဦးမလား....

ဒါကြောင့် ကျူးယန် က ကျူးကျန်း ကို သိပ်သဘောမကျတော့ပေ။ ထိုသို့ဖြစ်နေစဉ် အမဲလိုက်သွားရင် ဒဏ်ရာရကာ ကျူးကျန်း ၏ခြေထောက်ကို လိမ်သွားစေသည့်အချိန် ကျူးကျန်းက သားရဲနတ်ဘုရားကို စော်ကားသူ၊ သားရဲနတ်ဘုရားရဲ့ပစ်ပယ်ခြင်း ခံရသူ ဆိုပြီး အားလုံး ထင်လာချိန်မှာ ကျူးယန်က သူ့သားအကြီးဆုံး ကျူးကျန်းကို ပိုလို့ သဘောမကျတော့ပေ။   သူတို့ အမျိုးထဲက ဘုန်းကြီးတစ်ပါးက ကျူးကျန်း ကို ပြည်နှင်ဒဏ်ပေးဖို့ အဆိုပြုတဲ့အခါ သူက လုံးဝ မကန့်ကွက်ခဲ့ဘူး။

အခု ကျူးကျန်း ပြန်လာပြီ။  

ကျူးယန် က ကျူးကျန်း ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ "မင်း မသေသေးဘူးလား"

"ကျွန်တော် မသေပါဘူး။ ကျွန်တော် အခု ပြန်လာပြီ။" ကျူးကျန်း က သူ့အဖေကို တည်ငြိမ်စွာ ရင်ဆိုင်ကြည့်ကာ  ပြောလိုက်သည်။

"မင်းကို သားရဲ နတ်ဘုရားက ငြင်းပယ်ခဲ့ပြီး မင်းကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးပြီ။ မင်း ဘာအတွက်ပြန်လာတာလဲ။ ငါတို့တစ်နွယ်လုံးကို သားရဲနတ်ဘုရား မုန်းတီးတာ ခံစစေချင်သလား။"

ကျူးယန် က ဒေါသထွက်သွားကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။

"ကျွန်တော် နေကောင်းနေပါပြီ။"

ကျူးကျန်း ရှေ့ကို တိုးလာရင်း အေးဆေးစွာ ပြန်ပြောလိုက်သည်။  အရင်က ကျူးကျန်း ဟာ သူ့ခြေထောက်ကို ထိခိုက်ခဲ့ပြီး ဒဏ်ရာက အရမ်းပြင်းထန်ခဲ့တယ်။ တဖြည်းဖြည်း ဒဏ်ရာက  သက်သာသွားပေမယ့် လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့သည်။ ဒါပေမယ့် အခု... သူ့ ခြေထောက်က လိမ်ဖယ်နေခြင်း မရှိပဲ လုံးဝနေကောင်းနေပုံရတယ်။

ကျူးယန် နားမလည်သလို ကျူးကျန်းရဲ့ ခြေထောက် လုံးဝ ပြန်ကောင်းသွားပုံကို နားမလည်နိုင် ဖြစ်သွားတယ်။ ကျူးယန် ၏နောက်လိုက်လာသည့် လူများကလည်း အလွန်အံ့သြသွားကြသည်။

ကျူးကျန်း မတော်တဆမှုဖြစ်ပြီးနောက် ကျူးကျန်း ၏ လူအချို့သည် ကျူးကျန်း နှင့်အတူ တောရိုင်းမြေထဲ လိုက်သွားခဲ့ကြပြီး အခြားသူများသည် ကျူးယန် ၏ အစီအစဉ်များကို လိုက်နာကာ မျိုးနွယ်စုတွင် နေရစ်ကာ အခြားအလုပ်များလုပ်ဆောင်ခဲ့ကြသည်။ တိုတိုပြောရရင် ကျူးကျန်း ကို ကျူးယန် ဘက်သားတွေက ထောက်ခံပေးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

"မင်း ခြေထောက်က ဘယ်လိုလုပ် ပြန်ကောင်းနေနိုင်မှာလဲ။ မင်းက နတ်ဆိုးနဲ့ အပေးအယူ လုပ်ခဲ့သလား။ မင်းက လူယုတ်မာကောင်..."

ကျူးယန် သည် ကျူးကျန်း၏ ခြေထောက်ပြန်ကောင်းသွားသည်ကို မြင်ပြီး မယုံနိုင်လောက်အောင် ဒေါသထွက်သွားသည်။

ဝက်ဝံကြီး မျိုးနွယ်စုမှလူများသည် ကျူးကျန်း ကို စာနာသည့် အကြည့်များပေးခဲ့ကြသည်။ ဖခင်များစွာသည်  သူတို့၏ သားများနှင့် ဆက်ဆံရေး ဆိုးရွားတာမျိုး ရှိခဲ့သော်လည်း ဒီကဲ့သို့ သူတို့၏ကလေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမည့် မည်သည့်အရာမျိုး မလုပ်ခဲ့ပေ... ဒီ ကျူးယန်က သူ့သားကိုတောင် သတ်ပစ်ချင်တာ... ကျူးယန်က  လူဆိုးတစ်ဦးဖြစ်ပုံရသည်...

ဝက်ဝံကြီးမျိုးနွယ်က လူတွေက ဒီလိုစဉ်းစားနေချိန် ကျူးကျန်း ပြောလိုက်တာကို ကျူးယန် ကြားလိုက်ရသည်။

 "ခင်ဗျားက  ကျွန်တော့် အဖေပါ။ ဘာကြောင့် ကျွန်တော့်အပေါ် ဒီလိုအကောက်ကြံခဲ့ ရတာလဲ?"

သူ့သားရဲ့စကားကို ကြားတော့ ကျူးယန်ရဲ့အမူယာက အေးစက်သွားခဲ့တယ်။ သူ့ရဲ့ မြင့်မားကြံ့ခိုင်တဲ့ ကိုယ်နဲ့ ပေါင်းလိုက်တော့ ရင်ဆိုင်ရမလွယ်ကူတဲ့ပုံကို ဖြစ်ပေါ်လာ စေတယ်။

ကျူးယန်နဲ့ ကျူးကျန်းတို့ အကြည့်တွေ ဆုံးသွားကြကာ ကျူးယန်က ပိုဒေါသထွက်လာ သည်။

 "မင်း အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း...မင်းရဲ့ မကောင်းမှုကြောင့် သားရဲနတ်ဘုရား ကျောင်းတော်က ဘုန်းတော်ကြီးတွေ အပြစ်ပေးလို့ရအောင် ငါ အပ်ထားလိုက်ပြီးပြီ။ မင်းက အပြစ်သားပဲ။ ဘယ်တော့မှ ငါတို့ မြေကို ပြန်မလာသင့်ဘူး!"

ကျူးကျန်း နှင့် ကျူးယန် တို့ သူတို့နှစ်ယောက်ကြားက တင်းမာမှုတွေက သိသာထင်ရှား နေတယ်။

ထိုအချိန်တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အားလုံးက ကျူးကျန်း ၏ ကလေးသုံးယောက်ကို လှည့်ကြည့်လိုက်ရာ ကလေးသုံးယောက်ကို ကျူးကျူးက ပွေ့ဖက်ထားပြီး လုံးဝမငိုကြောင်း တွေ့ရှိလိုက်ရသည်။ ဆိုလိုတာက ငိုသံက...  ရှီပေါင်ပေ့ဆီက လာတာပါ။

"အဘိုး၊ ကျွန်တော် နည်းနည်းကြောက်တယ်။"


 ရှီ ပေါင်ပေ့ သည် အနည်းငယ် ငိုပြီးနောက် မငိုတော့ဘဲ ဟိုင်ဖုန်း  ကို သနားကမား အကြည့်ဖြင့် ကြည့်ရင်း သူ့မျက်တောင်ဖျားမှာ မျက်ရည်စတို့ တွဲခိုလျက် မျက်လုံးထဲမှာ  မျက်ရည်များ ဝဲလာသည်။

ဒီကြံ့ကောင်ငယ်လေးရဲ့  ခေါင်းထဲက အတွေးတွေက အနည်းငယ် ရီစရာကောင်းနေသည်။ သူ့အပြုမူက  လေး၊ ငါးနှစ်သားလေး၏ အပြုအမူနှင့် ဆင်တူသည်။ အဲ့ဒါကြောင့် ကျိုးကျီ က သူ့ကို သိပ်သဘောမကျဘဲ အနီးမှာ မနေစေချင်တာဖစ်သည်။ ဒါကြောင့်သူနဲ့ ခပ်ဝေးဝေးနေစေဖို့ ဟိုင်ဖုန်းကို ကလေးထိန်းရန် တာဝန်ပေးထားခဲ့သ်။  လေးနှစ်၊ ငါး နှစ်အရွယ် ကလေးတွေကို ပြုစုရတာ မလွယ်ဘူး။


ဒါပေမယ့် ဟိုင်ဖုန်း  ကတော့ မတူဘူး။ ယခင်က ဟိုင်ဖုန်း  သည် သူ၏တိရစ္ဆာန်ပုံစံဖြင့် အမြဲနေထိုင်ခဲ့ပြီး ရေထဲတွင် နေထိုင်ခဲ့သည်။ သူ့မှာ ဆွေမျိုး မရှိရုံမက သူနဲ့ရင်းနှီးတဲ့ လူလည်း မရှိဘူး။  သူနဲ့ မကြာခဏ ဆက်ဆံတတ်တဲ့ ကမ်းခြေမျိုးနွယ်စုက လူတွေက သူ့ကို ဘုရားသခင်အဖြစ် မှတ်ယူပြီး ကိုးကွယ်ကြတယ်။ ထို့ကြောင့် သူ့ဘဝမှာ  အနည်းငယ် အထီးကျန်နေခဲ့သည်။

ထို့အပြင်၊ လူသားများသည် အလွန်ထူးဆန်းသော သတ္တဝါများဖြစ်ကြသည်—အများစုမှာ အသက်ကြီးလာသည်နှင့်အမျှ သူတို့၏မျိုးနွယ်၏ မျိုးဆက်သစ်လူငယ်များကို မသိစိတ်က စတင်နှစ်သက်လာကြသည်။

ရှီ ပေါင်ပေ့ သည် အနည်းငယ် တုံးအပြီး ဘာမှ နားမလည်သော်လည်း အထူးတလည် ရက်စက်တတ်သူ မဟုတ်ပေ။ ယေဘူယျအားဖြင့် သူသည် အလွန်နာခံပြီး နှစ်သက်ဖွယ် ကောင်းသော ကလေး ဖြစ်သည်။ ဟိုင်ဖုန်း  က သူ့ကို စပြီး ပြုစုတုန်းက နည်းနည်း တွန့်ဆုတ်နေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီကလေးက တော်တော်ကောင်းတယ်လို့ ခံစားလာရတယ်။ ကလေးကို 'အဘိုး' လို့ ခေါ်ခိုင်းပြီးတဲ့ နောက်မှာတော့ ကလေးအပေါ် ထားတဲ့ သူ့ရဲ့ခံစားချက်တွေက ပိုလို့တောင် လျင်မြန်စွာ တိုးတက်လာပါတယ်။  

ရှီ ပေါင်ပေ့ ငိုနေပြီ...

ဟိုင်ဖုန်း  - "ကျူးကျန်း မင်း ကို ဘာလို့ ဒီလောက်ပြောနေရတာလဲ။ ငါ မင်းကို အဆက်မပြတ်ပြောနေဖို့ လိုသေးလား"

ကျူးကျန်း က အလကားနေရင်း အဆူခံလိုက်ရသဖြင့် မှင်တက်သွားသည်။ ဟိုင်ဖုန်း  က ဆက်ပြောခဲ့တယ်။

 "မင်း သူတို့ကို ရိုက်နှက်ပြီးရင် ဒီလိုဆူဆူပူပူ လုပ်တတ်တဲ့ လူတွေက ပိုလိမ်မာ လာလိမ့်မယ်။ ဒီလူက  မင်းအဖေဖြစ်တာကြောင့် မင်း မရိုက် နိုင်ဘူးဆိုရင်  မင်း သူ့ကို အနိုင်ယူဖို့ ငါ ကူညီပေးနိုင်တယ်"  

ကျူးကျန်း : "......"

ရှုန်းယယ် -  "ဒီလူက နည်းနည်းတော့ အရပ်ရှည်တယ်... ငါလည်း မင်းကို တိုက်ဖို့ ကူညီပေးနိုင်တယ်။"

ကျိုးကျီ က အနားယူနေတုန်း၊ ဒီလူတွေက တဲအပြင်မှာ အဆုံးမသတ်ဘဲ ဆူညံနေခဲ့တယ်။ တော်တော်စိတ်တိုသွားတယ်။

ကျူးကျန်း သည် ဟိုင်ဖုန်း  နှင့် ရှုန်းယယ် ဒေါသ အကြီးကျယ် မထွက်ခင် ဘာလုပ်ရမလဲ စဉ်းစားနေသည်။ ထိုအချိန် ကျူးယန်ခမျာ  ဘာမှပြောရန် အချိန်မရှိလိုက်ပေ။ သနားစရာကောင်းတဲ့  လူလတ်ပိုင်းတစ်ယောက်နဲ့ အရွယ်ရောက်လာတဲ့ သူ့သားရဲ့ အပေါင်းအသင်းတချို့က သူ့ကို ရိုက်နှက်ဖို့ အော်ငေါက်နေကြတာ... သူတို့ ရူးနေကြတာလား။  

ကျူးယန် ဒေါသထွက်ကာ ရယ်မောလိုက်သည်။ သူက သူ့နောက်လိုက် လူတွေကို ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ကျူးကျန်း နဲ့ သူ့ကလေးတွေကိုဖမ်းပြီး ကျူးကျူးကို တခါတည်း သတ်ပစ်လိုက်!"

ဒီနေရာမှာ သူက ကျူးကျန်း နဲ့ စကားပြောဖို့ ကြိုးစားရတာ နည်းနည်းမိုက်မဲတယ်လို့ ကျူးယန် က ခံစားရတယ်။ သူတို့အားလုံးကို တိုက်ရိုက်ဖမ်းလိုက်ပြီး စကားပြောတာ ပိုကောင်းတယ်။

ကျူးကျန်းကို တိုက်ခိုက်ရာမှာ ကူညီဖို့ တတွတ်တွတ်ပြောနေကြသူတွေ အတွက်တော့ ကျူးယန်က ညှာတာမနေနိုင်ပေ။


"အဲဒီလူတွေကို အသေ သတ်ပစ်!"

ဒီလူတွေက သူ့ကို ရိုက်ချင်နေတာ။ ရူးနေကြတာလား...ကောင်းကောင်း အသက်မရှင်ချင်တော့ဘူး ဆိုလည်း သူက ဖြည့်ဆည်းပေးရတာပေါ့...
 
ကျူးယန် ၏ လက်အောက်ငယ်သားများ က သူ့အမိန့်ကို နာခံပြီး ကျူးကျန်း ကို ချက်ချင်း ဝိုင်းလိုက်သည်။


ဒီအခြေအနေကိုမြင်လျှင် ကျူးကျူးသည် ကျူးကျန်း ကိုကာကွယ်ရန် ရည်ရွယ်ပြီး သူမ၏တိရစ္ဆာန်ပုံစံအဖြစ်ပြောင်းလဲရန်တုံ့ဆိုင်းမနေပေ။

သို့သော်လည်း ယခုအချိန်တွင် ရှီ ပေါင်ပေ့ က ရုတ်တရက် ပြောလိုက်သံကို ကြားလိုက်ရသည်။


"လူတွေကို လျှောက်မသတ်နဲ့!"

ရှီပေါင်ပေ့က ထိုသို့အော်ဟစ်ပြီးနောက်တွင် ကြံ့ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ဝက်အသွင်ပြောင်းလိုက်တဲ့ ကျူးယန်ရဲ့လူတွေကို ကန်ထုတ်ခဲ့သည်။

ကီလိုဂရမ် ရာဂဏန်း အလေးချိန်ရှိသော ဝက်ထီးတစ်ကောင်က အလေးချိန် ကီလိုဂရမ် ထောင်ဂဏန်းရှိသော ဧရာမကြံ့နှင့် မယှဉ်နိုင်ပေ။

"ကြံ့ကြီးလား?"

ကျူးယန် က အဲဒီ ကြံ့ကြီးကို မြင်တော့ သူ့မျက်နှာကနေ အရောင်တွေ ထွက်သွားတယ်-- ဒီလူက ကြံ့သားရဲဘုရင်နဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိတာလဲ။

ဟိုင်ဖုန်း  - "ငါ့မြေးကြီး၊ မတိုက်နဲ့။ မင်း ဒဏ်ရာ ရရင် ဘယ်လိုလုပ်မလဲ... မင်းအဘိုးက သူတို့ အားလုံးကို ရိုက်ပေးပါ့မယ်။"

ရှီ ပေါင်ပေ့ သည် သူ၏လူသားပုံစံသို့ ပြန်ပြောင်းကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ကောင်းပြီ!"

"မင်း ရူးနေတာပဲ...!"


ဟိုင်ဖုန်း  ၏စကားကိုကြားသောအခါ ကျူးယန် က မောက်မာစွာ ပြုံးလိုက်သည်။ ဟိုင်ဖုန်း  က သူ့ကိုသတ်ဖို့ထိ ရည်ရွယ်ထားပေမယ့် သူ့ရဲ့ တိရိစ္ဆာန်ပုံစံတောင် မပြောင်းထားဘူး။  

သူသည် ကြံ့သားရဲဘုရင်ကို ရန်စမိမည်ကို ကြောက်ရွံ့သဖြင့် ကြံ့ကောင်လေး  ထွက်လာသောအခါတွင် သူ အနည်းငယ် ကြောက်ရွံ့ခဲ့သော်လည်း လူလတ်ပိုင်းအရွယ်က သူ့ကို 'မြေးလေ်း' ဟု ခေါ်ခဲ့သည်...

  ကြံ့ သားရဲဘုရင် ၏ ဖခင် ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဒီလူငယ်ဟာ ကြံ့ သားရဲဘုရင် ရဲ့ ကလေးမဟုတ်တာ သေချာပါတယ်။ ဒီလိုဖြစ်နေပြီဆိုတော့ သူက ဒီမြေးအဖိုးကို သတ်ဖို့ ဘာမှ မကြောက်တော့ဘူး။

ကျူးယန် က ဟိုင်ဖုန်း  ကိုသတ်ဖို့ဆိုတာ  သူ့အတွက် အင်မတန် လွယ်ကူတဲ့ကိစ္စဖြစ်လိမ့်မယ်လို့ ခံစားရတယ်။ သို့သော် အမှန်မှာ သူ့တွက်ကိန်းက လုံးဝဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။  

သူ့လက်သီးကို ဟိုင်ဖုန်း  က မျက်နှာချင်းဆိုင် ဖမ်းဆုပ်ကာ ကိုင်ပေါက်ပြီး အဝေးကို လွှင့်ပစ်လိုက်သည်။
 
ဟိုင်ဖုန်းရဲ့ကျေးဇူးဖြင့် ကောင်းကင်ယံမှာ 'ပျံသန်း' နေစဉ်မှာပဲ ကျူးယန် ဟာ သူတို့မြင်ဖူးတဲ့ အရိုးတွေ ကြိုးကြေနေသည့် အလောင်းတွေကို ရုတ်တရက် သတိရသွားခဲ့တယ်...။

ကျူးယန် ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသော်လည်း ထိုကိစ္စ၏အမှန်တရားမှာ မကြာမီ သူမြေပြင်ပေါ်သို့ ရောက်လာချိန်မှာ သိလိုက်ရတာပဲ။ ဟုတ်တာပေါ့.... သူက အဆင့်မြင့် သားရဲစစ်သည်ဖြစ်လို့ အမြင့်က ပြုတ်ကရုံနဲ့ သေသွားတာတော့ မဟုတ်ဘူး။
 

ကျူးယန်က ထိုတိုက်ပွဲကို ပြန်နွဲဖို့ သူ့ရဲ့   ကြီးမားသော တိရစ္ဆာန်ပုံစံသို့ ပြောင်းလဲ လိုက်သည်။ ရလဒ်အနေဖြင့် တကျူးမျိုးနွယ်မှ လူတစ်ဦးသည် သူ့ဆီသို့ ပျံသန်းလာပြီး နောက်တွင် တစ်စက္ကန့်နှင့် တတိယတစ်ယောက် ထပ်ရောက်လာသည်။ တကျူးမျိုးနွယ်က လူတွေက ဆက်တိုက် လေထဲ ပျံဝဲကာ လွှင့်ပစ်ခံခြင်းဖြင့်  အဆုံးသတ်သွားခဲ့သည်။

ကျူးယန် က ဒါကိုမြင်တော့ ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။ သူနဲ့အတူ လိုက်ပါလာတဲ့ လူတွေက သူ့ဘေးမှာ စုပုံပြီး သေဆုံးသွားတယ်။ သူ့လူ တော်တော်များများက ဆုံးသွားပြီ။  

အဲဒီလူက တကယ်ကြီးကို ဘယ်သူတုန်း.... သူ ဘာလို့ဒီလောက်သန်မာနေတာလဲ။

ကျူးယန် ၏ စိတ်ထဲတွင် 'ဘုရင်' ဟူသော စကားလုံးက ရုတ်တရက် ထွက်ပေါ်လာသည်...

ကျူးယန် သည် သူ့အတွေးကြောင့် ကြောက်ရွံ့နေချိန်တွင် ကျိုးကျီ သည် တိုက်ပွဲပြီးသွားသည်ကို သတိပြုမိကာ နောက်ဆုံးတွင် သူ့တဲမှ ထွက်လာခဲ့သည်။


"တကျူးမျိုးနွယ်ရဲ့ နေထိုင်မှု အခြေအနေက တော်တော်ကောင်းလောက်တယ်။ ငါတို့ တကျူးမျိုးနွယ်ရှိတဲ့ နေရာကို သွားနေကြရအောင်။ ဒီမှာက အရမ်းစိုပြီး အဆင်မပြေဘူး။"

"အိုး...ကောင်းပြီ?"

 တိုက်ခိုက်ရန် အခွင့်ရေး မရလိုက်သော ရှုန်းယယ် သည် အနည်းငယ် ဗရုတ်သုတ်ခ ဖြစ်နေခိုက်  ကျိုးကျီ က ဘာလို့ ဒါကို ရုတ်တရက် ပေါ်လာတာလဲ။  


ကျိုးကျီ -  "အဲဒီမှာ ထင်းခြောက်တွေ ရှိလောက်တယ်... ဟိုမှာ မြန်မြန်သွားပြီးတော့ မနက်စာ ချက်စားရအောင်"

လူတိုင်းသည် ယခင်က တိုက်ခိုက်ရန်သာ တွေးခဲ့ကြသည်၊  ကျူးကျန်း ကို စာနာပြီး ကျူးကျန်း တွင် ထိုသို့သောဖခင်တစ်ယောက်ရှိခြင်းမှာ ဆိုးရွားလွန်းသည်ဟု ခံစားခဲ့ကြသော်လည်း ကျိုးကျီ က ဒီသို့ပြောပြီးနောက်... ဝက်ဝံကြီးမျိုးနွယ်က လူတွေအားလုံးက တညလုံး မိုးရေတွေစိုရွှဲကာ နေခဲ့ရလို့ တကျူးမျိုးနွယ် ကိုသွားပြီး ကောင်းကောင်းအနားယူချင်လာ ကြသည်။
 

"မှန်တယ်၊ ဝက်ကြီးမျိုးနွယ်မှာ ထင်းခြောက်ရှိနိုင်လောက်တယ်!"  

"သူတို့မှာ အရသာရှိတဲ့ အစားအသောက်တွေ ရှိကောင်းရှိနိုင်တယ်။"

"ဟိုကို မြန်မြန်သွားရအောင်။"

......

အားလုံးက အချင်းချင်း စတင် ဆွေးနွေးကြတော့တယ်။  
 
 "အဲဒီလူတွေကော ဘယ်လိုလဲ။"


ကျူးကျန်း ၏ဖခင်နှင့် သူ့လက်အောက်ငယ်သားများသည် သူတို့နှင့် မနီးမဝေးတွင် လဲလျောင်းနေကြဆဲဖြစ်ကာ ဒီလိုတွေ တိုင်ပင်နေသံကို ကြားတော့ မေးလိုက်ကြသည်။

"ဟိုင်ဖုန်း ၊ မင်း ကြိုးချည်နည်းကို မသင်သေးဘူးလား။ သွား...ဟိုလူတွေကို ကြိုးနဲ့ ချည်ပြီး ခေါ်လာလိုက်"

 ကျိုးကျီ က ဟိုင်ဖုန်းကို  ပြောလိုက်သည်။

"အိုး..." ဟိုင်ဖုန်း  သည် ကြိုးများအဖြစ် သုံးဖို့ စပျစ်နွယ်ပင်အချို့ကို ကောက်ယူပြီး ထိုလူများကို ချည်နှောင်ရန် ခုန်ကျော်သွားခဲ့သည်။

သူက တိုက်ခိုက်တဲ့နေရာ တော်ပေမယ့် ကြိုးချည်တဲ့နေရာ သိပ်မတော်ဘူး။  လူတချို့ကို ကြိုးနဲ့ချည်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတယ်... ဟိုင်ဖုန်း  က လက်ဆွဲပြီး ရုန်းကန်နေတဲ့ လူတွေကို မြေကြီးပေါ်မှာ ပြားနေအောင် မလှုပ်နိုင်အောင် ပါးရိုက်လိုက်ပြီး  ဖြည်းညှင်းစွာ ချည်နှောင်လိုက်သည်။

ရှီ ပေါင်ပေ့ က ဘေးမှကြည့်ကာ သူ့ကို အဆက်မပြတ် ချီးမွမ်းနေခဲ့သည်။

 "အဖိုးက အံ့သြစရာပဲ ... အရမ်းတော်တာပဲ!"

ဟိုင်ဖုန်း  သည် ရှီ ပေါင်ပေ့ ၏တောက်ပသောမျက်လုံးများကိုကြည့်ကာ ဒီအလုပ်ကို ကောင်းကောင်းလုပ်ရမည်ဟု ခံစားလိုက်ရသည်။  ထွက်ပြေးရန် ကြိုးစားမည့် ကျူးယန် ကို ချက်ချင်းဖမ်းကိုင်လိုက်ပြီး သူ့အား ပါး အချက်ရေ နည်းနည်းရိုက်ကာ သွားတွေ ကျိုးသွားစေသည်။ လက်မောင်းကို ချည်ရမယ်—ဒါက သူ့ကို တွဲရလွယ်စေတယ်။

"မင်းက ဘယ်သူလဲ။ မင်းက တကယ့်ကို ဘယ်လိုလူလဲ"
နောက်ဆုံးတော့ ကျူးယန် က သိချင်စိတ်ကို မထိန်းနိုင်ပဲ ဟိုင်ဖုန်းကို မေးလိုက်တယ်။

"ဟိုင်ဖုန်း "  

"မင်းက သားရဲဘုရင်လား" ကျူးယန် က ဆက်မေးလိုက်တယ်။

ဟိုင်ဖုန်း  က ခေါင်းညိတ်ပြီး သာမန်လောက်သာ ဖြေလိုက်သည်။ "ဟုတ်တယ်!"

ကျူးယန် : "......"

မင်းက သားရဲဘုရင်ပါ။ မင်း ဘာလို့ သားရဲဘုရင်တစ်ယောက်လို လုံးဝ မပြုမူ ရတာလဲ။ သားရဲဘုရင် က ဘာလို့ ငါတို့ကို ကြိုးချည်ထားရတာလဲ။

*********-**********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now