Chapter (42)_ ဧရာမဆင်ကြီး

8.2K 1.5K 58
                                    

Chapter (42)_  ဧရာမဆင်ကြီး



ကျိုးကျီ ဒီကို ပထမဆုံးအကြိမ်ရောက်သောအခါအချိန်ကတည်းက ဒီနေရာတွင် သစ်ပင်များ အရမ်း ထူးကဲမြင့်မားပြီးနေရောင်ကိုပင် လွှမ်းနိုင်သည်ဟု သူ ခံစားမိသည်။



   ဒါပေမယ့်အခုတော့ ... ဒီအပင်တွေက သူ့မျက်လုံးထဲမှာ သိပ်မမြင့်တော့ဘူး။  သူ့အတွက် မူလက အရမ်းကြီးတဲ့အရာ တွေက အခုတော့... အားလုံးပုသေးကုန်သည်။



  နောက်ဆုံးအကြိမ် ကျိုးကျီက သူ့သားရဲပုံစံအဖြစ် အသွင်ပြောင်းစဉ်က မာလုကြီးက အလွန်ကြီးပြီးရှည်လျားသည်ဟု ခံစားရသော်လည်း ယခုအချိန်မှာ မာလုက သာမန်ပိုးမွှားလေး တစ်ကောင်နဲ့ပဲ တူသည်ဟု သူထင်လိုက်သည်။
 


သူသာ သတိမထားရင် မာလုကို ကျော်သွားမိမည်ဟု ခံစားရတယ်။



  ကျိုးကျီက ထိုအတွေးဖြင့် နောက်ကို ခြေလှမ်းတချို့ ဆုတ်လိုက်မိသဖြင့် သူ့အနောက်ဘက်က သစ်ပင်များစွာကို တိုက်လှဲလိုက်မိသည်။ ထိုမျှမက မာလုက  သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြှောက်လိုက်ပြီး သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက်လှည့်ပြီး အလွန်လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မာလုက ကျိုးကျီ၏ မျက်စိအောက်က ပျောက်ကွယ်သွားတော့သည်။



 ဒီမာလုက IQ သည်အလွန်နိမ့်သည်ဟု သူ ထင်ခဲ့ခဲ့ပေမယ့် အခုကြည့်ရသလောက် ဉာဏ်ရည် သိပ်နိမ့်ပုံမရပေ။   အနည်းဆုံးတော့ သူ အနိုင်မရနိုင်ဘူးဆိုတာ ကောင်းကောင်း သိနေသည်။



ကျိုးကျီသည် ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ခန္ဓာကိုယ်နှင့်လိုက်လျောညီထွေဖြစ်အောင် ကိုယ်ဟန်ကို ပြင်လိုက်သည်။  ထို့ကြောင့် မာလုအုပ်ကြီး ဝိုင်းဖွဲ့နေခဲ့သည့် ကျောက်ထရံနားက ကျောက်တုံးကြီးတစ်ခု၏ထိပ်ပေါ်သို့ ခြေလှမ်း လိုက်မိသဖြင့် ထိုကျောက်တုံးကို ခွဲလိုက်မိသလိုဖြစ် သွားသည်။



    ကျိုးကျီ -  "... "


     သူက မာလုတို့ ဝိုင်းစောင့်နေသည့် သစ်သီးကို ယူပြေးမိသည့်အပြင် အခု သူတို့ အသိုက်ကိုပင် ဖျက်ဆီးမိသလိုဖြစ်သွားသည်။
 

   သူ့ရဲ့ သားရဲ ပုံစံကြီးက နည်းနည်းတော့... ...



ကျိုးကျီက လိုက်လျောညီထွေဖြစ်အောင်ကြိုးစားပြီးလို့ သူ့သားရဲပုံစံကို သေချာ ကြည့်လိုက်မိသည်။ အခု သူ့အစွယ်က  3  မီတာ ရှေ့ကို ရှည်ထွက်နေပြီး  သူ၏ပခုံးသည် လေးမီတာ ကျယ်ကာ ကြီးမားသော အကောင်ကြီးတစ်ကောင်၏ ကိုယ်ထဲ ရောက်နေသည်။ ဒီထက်  အရမ်းကြီးကြီးသွားမှာကို ကျိုးကျီ ကြောက်နေသည်။ သူ့ကိုယ်က 10 တန်ထက် ပိုလေးလာရင် ဘယ်လိုလုပ်မလဲ။ သူ အဲ့လောက်ကြီးသည့် ပုံစံ မရချင်ပေ။


    အခုတော့ ... သူက  အဆများစွာပိုကြီးပြီး တန် ၁၀၀ ကျော်တောင် လေးနိုင်သည်။


   အခု သူက ဒီလိုဖြစ်နေသဖြင့် ခန့်မှန်းခြေအားဖြင့် ဒိုင်နိုဆောများက သူ့ကို ကြောက်ကြသည်။ ဒိုင်နိုဆောများကို သူ့ရဲ့ သားရဲပုံစံဖြင့် ဖိနှိပ်နိုင်သည်။    သို့သော် ရှုန်းယယ်၏ လူသားပုံစံက  နှစ်လိုဖွယ်အဖြစ်ဆုံးဖြစ်ပြီး ဒါကို တကယ့်ကို သေးသေးလေးဖြစ်သည်။ အခုသားရဲပုံစံနှင့်ဆိုလျှင် ရှုန်းယယ်ကို သူ့လက်ဖြင့် အသာလေး မထားနိုင်သည်။



အိုး... လက်နဲ့ ဘယ်ဟုတ်မလဲ။ အခုက သူ့ ခြေထောက်ဖြစ်နေမှာပေါ့... သူက ခြေထောက်လေးချောင်းပဲ ရှိတော့တယ် မဟုတ်လား။



  ကျိုးကျီက သူ့ရဲ့ သားရဲပုံစံကို အကူအညီမဲ့စွာကြည့်လိုက်ပြီးနောက် လူသားပုံစံသို့ပြန်ပြောင်းသွားသည်။ ဒီမတိုင်ခင်က မျိုးနွယ်စုရှေ့ သူ့သားရဲပုံကို ပြလို့မဖြစ်ခဲ့ရာမှ အခုဆိုရင် ပိုတောင်ဆိုးပြီပေါ့။ သူ့ရဲ့အခုပုံစံကိုသာ မြင်ရင် မျိုးနွယ်စု တစ်ခုလုံး အလန့်တကြားဖြစ်ပြီး ထွက်ပြေးကုန်လောက်သည်။



ကျိုးကျီသည် လူသားပုံစံသို့ပြန်ပြောင်းလိုက်ပြီးသောအခါ မူလနတ်သမီးပုံပြင်ထဲက ရေကန်ငယ်လေးသည် အခုအခါ ရှုပ်ထွေးနေပြီး ပတ်ဝန်းကျင်၌ကြီးမားသော ခြေရာများစွာရှိသည်ကို သူ တွေ့လိုက်ရသည်။ သို့သော်လည်း ဒီရေမြေသဘာဝ၏ခံနိုင်ရည်အားက အရမ်းကောင်းသည်၊ ညစ်ညမ်းမှုမရှိပေ၊ ဒါမှ မဟုတ် မကြာခင် ဒီနေရာတဝိုက်က စည်ကားလာနိုင်သည်။
 


ကျိုးကျီက တွေးလိုက်ပြီး ဒီရေကန်နားတဝိုက်တွင် နွယ်ပင်များကို ပေါက်ရောက်စေပြီး ချက်ချင်းကြီးထွားစေရန် သူ လုပ်ခဲ့သည့် ခြေရာလက်ရာအားလုံးကိုနွယ်ပင်နှင့် ဖုံးလိုက်ပြီး ပန်းပင်နှင့် အခြားအပင်တချို့ကိုလည်း ထပ်မံပေါက်ရောက် လာစေခဲ့သည်။



ကျောက်ထရံ အက်ကွဲကြောင်းကို သူ နင်းမိခဲ့သော်လည်း အထဲကနေ ရေများစီးဆင်းနေဆဲဖြစ်ပြီး ကျိုးပဲ့နေသော သစ်ပင်ကြီးသည် ပြန်လည်ကြီးထွားလာခြင်း မရှိသော်လည်း ဧရာမ အမွေးထူးဆင်ကြီး၏ခြေရာများ ပျောက်ကွယ်သွားပြီး ပန်းများနှင့်မြက်များ ဖုံးလွှမ်းလျက်ရှိနေသည်။



ကျိုးကျီက ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးပြီးမှ ထွက်လာခဲ့သည်။  ဒီနေရာကအရမ်းလှပပြီး  နောက်မှ ရှုန်းယယ် ကို ကစားဖို့ခေါ်လာရမည်။ ကျိုးကျီက ထိုတောအုပ်ကြီး၏ အပြင်ကို ထွက်လာဖို့ သုံးနာရီတောင်မကြာလိုက်ပေ။



ကျိုးကျီသည် ဂူသို့ပြန်သွားပြီး  ခုတင်ပေါ်တွင်လှဲလိုက်ပြီး အသီးတချို့ကို စားလိုက်သည်။



  လွန်ခဲ့သောရက်အနည်းငယ်က ဘုန်းတော်ကြီးက နေ့တိုင်းနီးပါး သူ့နောက်သို့ လိုက်ခဲ့သည်။ သူက အစားအစာကို ခိုးကြောင်ခိုးဝှက်စားဖို့ပင် အချိန်မရှိပေ။ ဒါပေမယ့်ဒီနေ့တော့ ဗိုက် အဝဖြည့်နိုင်လေပြီ။ကျိုးကျီက အစားစားနေတာ နာရီတချို့ ကြာနေလေပြီ။ ဒါပေမယ့် သူလိုအပ်တဲ့ စွမ်းအင်ကို လုံလောက်အောင် မစားရသေးဘူးလို့ ခံစားနေရသည်။ ကြည့်ရတာ သားရဲလူသားတွေက သူတို့ သားရဲပုံစံနဲ့ စားသောက်ရတဲ့ အစားစာပမာဏက သက်ဆိုင်နေပုံရသည်။



     သူက ဘာမှမစားရင်တောင် သူ့မှာလုံလောက်တဲ့စွမ်းအင်ရှိနေတယ်၊  ဒါပေမယ့်တကယ်စားချင်တယ်ဆိုရင် သူက လုံလောက်စွာမစားနိုင်သေးဘူးလို့ခံစားရလိမ့်မယ်။ အမွှေးထူ ရေခဲဆင်ကြီးတွေ ပျောက်ကွယ်သွားရတဲ့ အဓိက အကြောင်းရင်းက သူတို့ အစာဝဝမစားရတဲ့အတွက်ဖြစ်နိုင်သည်။
   ကံကောင်းထောက်မစွပင် သူ့မှာ အပင်စွမ်းရည်များရှိသည်။  ဒီလိုတွေးနေတဲ့ ကျိုးကျီက ပါးစပ်ထဲ သစ်သီးတချို့ သွပ်ထည့်လိုက်သည်။ တချို့ကို ရှုန်းယယ်အတွက် ချန်ထားပေးခဲ့သည်။



   အမဲလိုက်အဖွဲ့က ညနေမှာ ပြန်ရောက်လာသည်။ ရှုန်းယယ်က သူ့ကိုအော်ပြောခဲ့သည်။


"ငါတို့ပြန်လာပြီ၊ ငါ ပြန်လာပြီ ကျိုးကျီ။ ဒီနေ့က အမဲတွေ အတော်များများရခဲ့တယ်  "


   "မင်းက အံ့သြစရာကောင်းတယ်။ " ကျိုးကျီက ဝက်ဝံလေးကို ပြောလိုက်သည်။


ရှုန်းယယ်က ကျိုးကျီ၏ စကားကိုကြားပြီး ကျေနပ်စွာပြုံးကာ လက်ထဲက ကိုင်လာသည့် ဌက် ဥနှစ်လုံးကို ပြလိုက်သည်။


  "မင်း အတွက် ငါ ဥ နှစ်လုံး နှိုက်လာခဲ့တယ် "


"ငါ မင်းအတွက် သစ်သီးတွေခူးပြီး ပြန်လာခဲ့တယ်။ လာ...မြစ်ကိုသွားပြီး ရေချိုးရအောင်"


ကျိုးကျီက ရယ်ပြီးပြောတယ်၊  


    ရှုန်းယယ်နှင့်ကျိုးကျီတို့က ညတိုင်းရေချိုးကြသည်။
အခုရာသီဥတုက မပူဘူး၊ ကျန်တဲ့မျိုးနွယ်စုဝင်တွေက ရေမချိုးကြပေမယ့် ကျိုးကျီက ရေချိုးသန့်ရှင်းဖို့ ရှုန်းယယ်ကို နေ့တိုင်း လိုက်ရှာပြီး တိုက်တွန်းတတ်သည်။ ဒါကြောင့်  သူတို့နှစ်ယောက်ကနေ့တိုင်း ဆေးကြောသန့်ရှင်းကြသည်။


  "ကောင်းပြီ။ ကျိုးကျီ...ငါ့ရဲ့ဝက်ဝံပုံစံက ပိုကြီးလာတယ်ကွ"  



   ဆောင်းရာသီပြီးသောအခါ သူ၏သားရဲပုံစံက ဆောင်းခိုပြီးစာ အစာမစားရသေးသဖြင့် ပိုမိုပိန်းပါးလာပေမယ့် မကြာခင် ကာလအတွင်း သူ့ကိုယ်ထည်က ပိုမိုကြီးထွားလာခဲ့သည်။ ဒီနှုန်းအတိုင်း ကြီးထွားနေရင် မကြာခင် ရှုန်းချီကို ကျော်တက်ပြီး သူ့ဦးလေး ရှုန်းဟော်ကို မှီလာတော့မည်ဟု ထင်မိသည်။
ရှုန်းယယ်က ဒီလိုပြောတဲ့အခါ သူ အရမ်းပျော်သွားတယ်။ ကျိုးကျီလည်း သူ့သားရဲပုံကို ပြန်တွေးလိုက်မိသည်။ သားရဲပုံစံ အရွယ်စားက ကိုယ်ထဲက စွမ်းအင်နှင့် ဆက်စပ်မှုရှိသည်ကို ခန့်မှန်းလိုက်မိသည်။ သူ့ကိုယ်ထဲက စွမ်းအင်ပိုကြီးလာလို့ သူ့အမွှွေးထူဆင်ပုံစံက ပိုကြီးလာတာပဲလား။



   ကောင်းပြီ၊ ဒါက ဘာမှ မဖြစ်ဘူး။ ရှုန်းယယ်ရဲ့ သားရဲပုံစံအရွယ်စားလည်းကြီးလာတာပဲလေ။ အနည်းဆုံး သူ့မှာ ရှုန်းယယ် ရှိသေးတာပဲ။


 ရှုန်းယယ်ကို ကျိုးကျီက ခေါင်းလျှော်ပေးလိုက်သည်။



    ရှုန်းယယ်၏ သားရဲပုံစံပိုကြီးလာသည်ကို မျိုးနွယ်စုမှလူများက မြင်ပေမယ့် ဘယ်သူမှ မထူးဆန်းကြပေ။  ရှုန်းယယ်၏သားရဲပုံစံက ပိုပိုကြီးလာပေမယ့် သူက ရှုန်းဟော်ကိုတော့ မမှီသေးဘူး မဟုတ်လား။
 


   မျိုးနွယ်စုထဲရှိလူတိုင်းသည် ရှီလီကို ကြည့်ကာ လျှို့ဝှက်ဆွေးနွေးခဲ့ပြီး ရှီလီအပေါ် ထင်မြင်ချက်တစ်ခုပေးခဲ့သည်။ သားရဲနတ်ဘုရား  ပူဇော်ပွဲမစခင်က သူတို့ကအမျိုးမျိုးသော အရာတွေကြောင့် ရှီလီ အကြောင်းကို စိတ်မ၀ င်စားကြဘူး။ သားရဲနတ်ဘုရားပူဇော်ပွဲပြီးနောက် သူတို့က ရှီလီအပေါ် သေချာအကဲခတ် သုံးသပ်လာနိုင်ခဲ့သည်။



  မျိုးနွယ်စုအတွင်းရှိ လူများအကြား ဆက်ဆံရေးက အရမ်း ကောင်းကြသည်။ ကျိုးကျီရဲ့အမေ သေဆုံးပြီးနောက်ပိုင်း ကျိုးကျီက အခြားလူများကို စော်ကားတာ၊ အမြတ်ထုတ်တာ မလုပ်ခဲ့ပေ။ သူက အမဲလိုက်အဖွဲ့ဝင်က ယူလာသည့် အသားတွေကိုလည်းမ စားပေ။ အခု သူက ရှုန်းယယ်၏ လက်တွဲဖော်ဖြစ်သည့်အတွက် မျိုးနွယ်စုက ပေးသည့် ဝေစုကိုပင် လာမယူတော့ပေ။ သူက ရှုန်းယယ်၏ လက်တွဲဖော်ဖြစ်လို့ စုဆောင်းရေးအဖွဲ့ထဲ မပါဝင်သလို အသားများကို လာမယူသည့် အတွက် ဘယ်သူမှ အဆိုးမမြင်ကြပေ။



ဒါပေမယ့် ရှီလီ၏မိသားစုက မတူပေ။ ရှီလီတို့ မိသားစုက ဒီမျိုးနွယ်စုဝင်မဟုတ်သည့် အပြင်လူတွေဖြစ်ကြသည်။ ဒါပေမယ့် မျိုးနွယ်စုဝင်တွေက ဖော်ရွေစွာဖြင့် ရှီလီတို့ မိသားစုကို မောင်းမထုတ်ခဲ့ပေ။   ရှီလီတို့ မိသားစုကို တောင်တန်းများတွင် နေထိုင်စေပြီး သူတို့ကိုမျိုးနွယ်စုတစ်ဝိုက်တွင် အပင်များစုဆောင်းရန် ခွင့်ပြုပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အမဲလိုက်ရာတွင် သူတို့တစ် ဦး တစ်ယောက်မှ မပါ ၀ င်သောကြောင့် အမဲလိုက်အဖွဲ့က သူတို့ကို အစာမကျွေးခဲ့ပေ။



ရှီလီ ကြီးပြင်းလာတဲ့အခါ အမဲလိုက်အဖွဲ့ထဲဝင်နိုင်သည့်အခါ မျိုးနွယ်စုဝင်တွေက  ဒီမိသားစုကို လုံးဝလက်ခံခဲ့တယ်။ ရှီလီသည်လွန်ခဲ့သောနှစ်နှစ်က အမဲလိုက်ရာတွင် အတော်လေးကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်။ သူသည် အမဲလိုက်အဖွဲ့တွင် အကောင်းဆုံးလုပ်ဆောင် နေ သော်လည်း မကြာသေးမီက သူက ပျင်းရိလာသည်။



ရှီလီက ပျင်းရိလာပေမယ့် သူက အစားတော့ကြီးသည်။  စုဆောင်းရေးအဖွဲ့တွင် ပါဝင်သည်ဟု ယူဆရသော ရှီလီ၏ အမေနှင့်ညီငယ်လည်း ရှိသည်၊ ဒါပေမယ့် ယန်ယင်းနဲ့ ယန်ဆုက စားကောင်းတာကိုတွေ့ရင် သူတို့ ဂူကို ကဲ့ဝှက်ကာ ယူသွားကြပြီး စားကောင်းတာ မတွေ့ရင် စုဆောင်းရေးအဖွဲ့ဆီကို ယူလာကာ ရောပေးခဲ့သည်။
 

    စုဆောင်းရေးအဖွဲ့ခေါင်းဆောင်သည် ကျိုးကျီကို အရင်က ဘာမှ သိပ်မပြောပေမယ့် နောက်ပိုင်း ကျိုးကျီက မျိုးနွယ်စုအတွက် အကျိုးရှိအောင် စုဆောင်းရေးကိုပင် ကောင်းကောင်း မလုပ်ပေးလာဘူးဟု မြင်ခဲ့သည်။ ဒါပေမယ့် ကံလေးက ကောင်းလို့ ကျိုးကျီက ရှုန်းယယ်၏လက်တွဲဖော်ဖြစ်လာခဲ့သည်။ နောက်ပိုင်း စုဆောင်းရေးအဖွဲ့က အသီးအရွက်ကိုပင် မယူတော့ပေ။ ဒါပေမယ့် ယန်ဆုတို့ သားအမိကတော့ တနေကုန်ပျင်းရိနေပေမယ့် မျိုးနွယ်စုက ပေးသည့် အသားနှင့် အရွက်များကို ပေးဝေနေရဆဲဖြစ်သည်။


  စုဆောင်းရေးအဖွဲ့မှလူများသည် ယန်ယင်းနှင့် ယန်ဆုတို့သားအမိကို သတိထားမိသလို အမဲလိုက်အဖွဲ့ကလည်း ရှီလီအပေါ် တချို့အမြင်ရှိကြသည်။ ထိုမိသားစုက သူတို့မျိုးနွယ်စုဆီမှာ ခဏပဲနေတာဖြစ်လို့ ပြောရန် ခက်ခဲနေသည်။



     ဒါတွေ အားလုံးကို ရှီလီက သိနေပြီးသား ဖြစ်သည်။ အရင်ဘဝက သားရဲသခင် ဘဝဖြစ်ခဲ့စဉ်က ဒီလိုလူတွေကို သိထားပြီးဖြစ်လို့ အခု သူက ဘာမှ ကျေနပ်အောင် လုပ်ပေးနေမည် ဟုတ်ပေ။ သူ့ရဲ့ကိုယ်ထဲက စွမ်းအင် အဆင့်မြင့်လာပြီး အဆင့်နိမ့်သားရဲစစ်သည်ဖြစ်လာခဲ့ရင် ဒီမျိုးနွယ်စုကနေ ချက်ချင်းထွက်သွားမည် ဟု သူ့စိတ်ထဲဆုံးဖြတ်ခဲ့တယ်။



   သူ့အမေနှင့်ညီငယ်တို့က သူတို့နောက်လိုက်လိုလျှင် လိုက်လာပါစေ။ မလိုက်လာချင်လည်း သူတို့ သဘောအတိုင်းဖြစ်သည်။  ဒီရက်ပိုင်းတွေမှာ သူက သူ့ညီနဲ့ အမေက သူ့ကို အမြဲစွပ်စွဲလေ့ရှိပြီး သူတို့အပေါ် ရှီလီ၏ စေတနာတွေ၊ ခံစားချက်တွေ ပျောက်ကွယ်သွားတာကြာပြီဖြစ်သည်။



 အရင်ဘဝ  သူ သေဆုံးစဉ်က သူ့ အသက်က  ၁၀၀ ကျော်ပြီဖြစ်သည်။ ထိုအချိန်တွင် ယန်ယင်းက သေဆုံးခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဆိုတာ သူ မမှိတ်မိတော့ပေ။ ဒါကြောင့် ရှီလီက    သူတို့နှစ်ယောက်အပေါ် ဘာ ခံစားချက်မှ မရှိဘူး။  ထိုသို့စဉ်းစားပြီးနောက် ရှီလီသည် ပို၍ ပျင်းလာသည်။



   ထို့ကြောင့်စိတ်ကောင်းရှိသော ရှုန်းဟော်ပင် သူ့ အပေါ်ထင်မြင်ချက်များ ပြောင်းလာခဲ့သည်။
 


    ယနေ့ညနေတွင် ရှုန်းယယ်က အသား 15 ကီလိုဂရမ်လောက် စားခဲ့သည်။ အစက သူက တဝက်လောက်ပဲ စားဖို့ ရည်ရွယ်ခဲ့ပေမယ့် အနားက ကျိုးကျီက သူ့ကို တောက်လျှောက်ကျွေးနေသည့်အပြင် သူလည်း ဗိုက်မဝသေးဘူးဟု ခံစားလိုက်ရသဖြင့် အကုန်လုံးကို စားပစ်လိုက်တာဖြစ်သည်။
 


"အိမ်မှာ အသား သိပ်မရှိတော့ဘူး၊ မနက်ဖြန် ငါ အမဲလိုက်ထွက်ရဦးမယ် "


ရှုန်းယယ်က ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ခါတိုင်းဆိုရင် သူက အသားကို ခြွေတာစားခဲ့သည်။ ခုတလော သူက နည်းနည်းပျင်းနေပြီး ခါတိုင်းလောက် အမဲလိုက်မထွက်ဖြစ်ပေမယ့် အစားက ပိုစားလာမိသည်။ အိမ်ထောင်သည်ဖြစ်လာလို့ သူတို့က အသားပိုလိုအပ်လာလေပြီ။


" ကြီးကြီးမားမား ဖမ်းဖို့ကြိုးစားပေါ့။ ဘုန်းတော်ကြီးနဲ့ ငါက မင်းတို့ အမဲလိုက်တဲ့အခါ သုံးလို့ရတဲ့ အဆိပ်တမျိုးကို တွေ့ထားတယ် "


ကျိုးကျီက ပြောခဲ့သည်။


" ကောင်းပြီ။ " ရှုန်းယယ် က သဘောတူသည်။


မျိုးနွယ်စုထဲက လူတွေက စားနေစဉ် သားရဲဘုရင်ထျန်က ကျိုးကျီ အသီးခူးခဲ့သည့် သစ်တောထဲကို ရောက်လာခဲ့သည်။
 

ရှန့်ထျန်သည် ဆင်မျိုးနွယ်စုထဲတွင် မွေးဖွားခဲ့သည်။ ဆင်ကြီးမျိုးနွယ်စုက ကြီးမားသောမျိုးနွယ်စုတစ်ခုဖြစ်ပြီး၊ လူမျိုးစု သုံးပုံတစ်ပုံခန့်သည်ဆင်ကြီးများ ဖြစ်ကြသည်။ လူမျိုးစု အကြီးအကဲ၏ရာထူးကို အမြဲတမ်း ဆင်သားရဲပုံစံရှိသူ တစ် ဦး ကသာ ရယူခဲ့သည်။ ဆင်ကြီးမျိုးနွယ်စုတွင်လူတိုင်းသည်ဆင်ကဲ့သို့နိုးထနိုင်ခြင်းကို ဂုဏ်ယူဝံ့ကြွားကြသည်။



သို့သော်လူတိုင်းသည် ဆင်ကဲ့သို့နိုးထနိုင်ခြင်းမရှိပေ။ လူများသည်များသောအားဖြင့်  သူတို့နှင့်ရင်းနှီးသော တိရစ္ဆာန်များကဲ့သို့နိုးလေ့ရှိသော်လည်း မတော်တဆမှုများသည် တစ်ခါတစ်ရံ ဖြစ်ပေါ်နိုင်ပြီး အလွန်ထူးဆန်းသော တိရိစ္ဆာန်များကဲ့သို့နိုးထရန်လည်းဖြစ်နိုင်သည်။  


ဥပမာအားဖြင့် ဆင်ကြီးမျိုးနွယ်စုတွင် တစ်စုံတစ်ယောက်သည်ငါးနှင့်တူသော ပုံစံဖြင့် တစ်ချိန်ကနိုးထ ခဲ့ဖူးသည်။ သူတို့သည်ဝဖြိုး။ လုံးဝန်းပြီး မြေကြီးပေါ်တွင်လှည့်ပတ်သွားလာနိုင်သော်လည်း သူတို့၏က အလွန်နှေးကွေးစွာသာ ရွေ့လျားသွားလာနိုင်သည်။



အရင်တုန်းက ရှန်းထျန်းက သူ့အဖေလိုဘဲ ကြီးမားတဲ့ဆင်တစ်ကောင် အဖြစ် နိုးထဖို့အာရုံစိုက်ခဲ့ပေမယ့်နောက်ဆုံးမှာ မထင်မှတ်တဲ့အရာတစ်ခုဖြစ်ခဲ့ပြီး သူက အလွန်ရှားပါးတဲ့ ဆင်ပုလေး တစ်ကောင်အဖြစ်နိုးထလာခဲ့တယ်။ အရွယ်ရောက်သော ဆင်ပုလေးက အလေးချိန်တစ်ရာကီလိုဂရမ်ခန့်သာ ရှိ၍ သူတို့ မျိးနွယ်စုထဲက အရွယ်မရောက်သေးသည့် သားရဲများထက် သေးငယ်သည်။ ဒါကို  မွေးရာပါချို့တဲ့မှု အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။



ထိုသို့ဖြစ်ပေမယ့် သူက သားရဲဘုရင်ဖြစ်လာရန် အလွန်ကံကောင်းခဲ့သည်။ ကံကောင်းထောက်မလို့ သားရဲဘုရင် ဖြစ်လာပေမယ့် သူ့ကိုယ်က အချိန်မရွေးပျက်စီးသွားနိုင်သည့် အန္တရာယ်တစ်ခု ရှိနေသေးသည်။


 ဒါပေမယ့် ကံကောင်းပြီး လွန်ခဲ့တဲ့နှစ်ပေါင်း 20 လောက်က ဒီတောအုပ်ထဲမှာသားရဲနတ်ဘုရား အသီးပင်ကို သူ ရှာတွေ့ခဲ့သည်။ အသီးမမှည့်သေးသော်လည်း ထိုအပင်နှင့် အနီးကပ်နေခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရခဲ့သေးသည်။ လွန်ခဲ့သောအနှစ်နှစ်ဆယ်က ရှန်းထျန်သည်သူ၏အချိန်အများစုကို ဒီအသီး၏အနီးတစ်ဝိုက်၌ ကုန်ဆုံးစေခဲ့သည်။



 *********-********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now