Chapter (151) _ရှုံးယယ်ကို ပေးအပ်လာသည့် အစေခံ အလှလေး တစ်စု

4.6K 918 9
                                    



Chapter (151) _ရှုံးယယ်ကို ပေးအပ်လာသည့် အစေခံ အလှလေး တစ်စု



မနက်မိုးလင်းချိန်မှာတော့ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေဟာ လုံးဝကို ပြောင်းလဲ သွားပုံရပြီး တကျူးမျိုးနွယ်က လူတွေလည်း အတူတူပါပဲ။

သူတို့အားလုံးသည် အဝတ်အစားများနှင့် ဖိနပ်အသစ်များကို ဝတ်ဆင်ကြပြီး လည်ပင်းနှင့် လက်ကောက်ဝတ်များတွင် လက်ဝတ်ရတနာများ ရစ်ပတ်ထားသည်။ အဲဒီနောက်မှာတော့ လူတိုင်းဟာ အနည်းငယ် စိတ်မသက်မသာနဲ့ ကျင့်သားမရဘဲ ဖြစ်နေခဲ့တယ်။


"ငါ့ခန္ဓာကိုယ်ပေါ် အများကြီးရှိတဲ့ အရာတွေနဲ့  ငါ အမဲလိုက်သွားရင် ဘယ်လို လုပ်ရမလဲ"
ဟူယွဲ့က သူ့ကိုယ်သူ ခက်ခဲတဲ့အရာတွေ အများကြီး ဝတ်ထားမိမယ်လို့ မထင်ထားမိဘူး။ ဒိုင်နိုဆောတွေနဲ့တွေ့တဲ့အခါ သူတို့ရဲ့အဝတ်အစားတွေကို ချွတ်ဖို့ အမြဲတမ်း အချိန်ရှိမှာ မဟုတ်ဘူး။

"ဒီလို ဝတ်စားထားတဲ့လူတွေက အမဲလိုက်ထွက်ကြမှာ မဟုတ်ဘူး။"
 ကျိုးကျီက ပြောသည်။ ဥပမာအားဖြင့်၊ သူက အမဲလိုက်မထွက်ဘူးလေ....
 

ဟူယွဲ့နှင့် အခြားသူများ- "......" ဒါအမှန်ပဲ...

ခက်ခက်ခဲခဲတွေ့ခဲ့ရတဲ့အချက်ကတော့  ဒီအဝတ်အစားများနှင့် အဆင်တန်ဆာများက   တကယ်ကြည့်ကောင်းပြီး ဝက်ဝံကြီး မျိုးနွယ်  မှ လူများသည် နောက်ဆုံးတော့ ထိုအရာတွေကို မချွတ်တော့ပေ။

ထို့ကြောင့်၊ သားရဲနတ်ဘုရား ကျော်ငးတော်ရဲ့ ဘုန်းတော်ကြီးချုပ် သည် ဝက်ဝံကြီးတွေ အခြေချရာအရပ်သို့ ရောက်သောအခါ အဝတ်အစားများ ဝတ်ပြီး   ထင်းခုတ်၊ ရေယူ၊ အဝတ်လျှော်နေသည့် လူတစ်စုကို တွေ့လိုက်ရသည်။

သားရဲလူသား ကုန်းမြေတိုက်ကြီးတွင် အဆင့်တန်းများစွာ ခွဲထားသည်။  အဝတ်အစား ဝတ်ထားသူများသည် ယေဘုယျအားဖြင့် အလွန်အထက်တန်း ကျသူများ ဖြစ်သည်။

ထိုအထက်တန်းစားလူများသည် မည်သည့်အလုပ်မှ မလုပ်ခဲ့ကြသော်လည်း ယခု... ဝက်ဝံကြီး မျိုးနွယ်  မှ လူတိုင်းသည် အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အလုပ်ကြမ်း လုပ်နေကြသည်။တောရိုင်းမြေထဲက မျိုးနွယ်စုတွေ    ဘာမှ မသိတဲ့ အောက်တန်းစား ငတုံးတွေဆိုတာ ထင်ရှားနေတာပဲ...
 
ဘုန်းတော်ကြီးချုပ် သည် အသက်ခြောက်ဆယ်ကျော်ခန့်ရှိ အဆီတွေနဲ့ အစ်နေပြီး  လိမ္မာပါးနပ်သော သားရဲလူသား တစ်ယောက်ဖြစ်သည်။ သူ့နှလုံးသားထဲမှာ ဝက်ဝံကြီးတွေအပေါ် အထင်အမြင်သေးမှုတွေ ပြည့်နှက်နေပေမယ့် သူ့မျက်နှာမှာ ဘယ်အရာမှ ပေါ်မလာဘဲ အလွန်ချစ်စရာကောင်းတဲ့ သဘောကောင်းသည့် ပုံပေါ်နေတယ်။

"  ငါက သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီးချုပ် ပါ၊ ဝက်ဝံကြီး မျိုးနွယ်  ရဲ့ မျိုးနွယ်စုအကြီးအကဲဆီ လာလည်ဖို့ ဒီကို ရောက်လာတာပါ။"
ဘုန်းတော်ကြီးချုပ် က ပြောတယ်။

"ကျွန်တော်ဘာလုပ်ပေးရမလဲ?"
ထင်းခုတ်နေတဲ့ ရှုန်းယယ်က မတ်တပ်ထရပ်ပြီး မေးလိုက်တယ်-- သူ နည်းနည်းပျင်းနေလို့ ထင်းခုတ်ဖို့ ခွန်အားကိုသုံးပြီး ထင်းတစ်ပိုင်းစီ အရွယ်အစားတူအောင်  သေချာအောင် ကြိုးစားလိုက်တယ်။

ဘုန်းတော်ကြီးချုပ် ရဲ့အကြည့်သည် မူလက ကျိုးကျီရဲ့ခန္ဓာကိုယ်ပေါ်တွင် စိုက်ကြည့်နေပြီး  ကျိုးကျီသည် ဝက်ဝံကြီးမျိုးနွယ်စုရဲ့ မျိုးနွယ်စုအကြီးအကဲ ဖြစ်သည်ဟု သူ ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ၊ နောက်ဆုံးတွင် သူနှင့်စကားပြောခဲ့သူမှာ  ရှုန်းယယ် ဖြစ်နေသည်။ သူ တော်တော်လေး အံ့သြသွားတယ်။

ဒါဆို အဲဒီမှာ လဲလျောင်းနေတဲ့သူက ဝက်ဝံကြီး မျိုးနွယ်  ရဲ့ လူမျိုးစုအကြီးအကဲ မဟုတ်ဘူးလား? သူက လူမျိုးစုအကြီးအကဲရဲ့ အဖော်ဖြစ်နိုင်မလား။

သူ့ကို သတင်းပို့တဲ့ ငယ်သားပြောတာကောတ့ ထမ်းစင်ပေါ်မှာ လိုက်ပါလာတဲ့ သူက ဝက်ဝံကြီးမျိုးနွယ် အကြီးကဲရဲ့ မိတ်ဖက်ဖြစ်ပြီး သူက ဘဝကို အေးအေး ဆေးဆေး သက်တောင့်သက်သာ နေထိုင်ဖို့ကိုပဲ အာရုံစိုက်တဲ့သူဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါကိုကြားချိန်တုန်းက ဘုန်းတော်ကြီးက မယုံပေမယ့် အခု သူမျက်မြင် မြင်လိုက်တော့မှ ယုံတော့တယ်။

ရှုန်းယယ်ပေါ်ကို အကြည့်မရောက်ခင်  ဘုန်းတော်ကြီးချုပ် ရဲ့အကြည့်သည် ကျိုးကျီရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး မှ နူတ်ဆက်လိုက်သည်။

"ဝက်ဝံ သားရဲဘုရင် ၊ မင်္ဂလာပါ။"

"ဟယ်လို။"
 ရှုန်းယယ်က တိုတိုတုတ်တုတ်ပဲ ပြန်ဖြေတယ်။ သူနည်းနည်း ခေါင်းကိုက် နေပြီ– သူက  လူမှုဆက်ဆံရေး မကောင်းမွန်သော်လည်း   အခြားသူများနှင့် ပြန်ဆက်သွယ်ရန် လိုအပ်ကြောင်း ထင်ရှားနေသည်။

ဘုန်းတော်ကြီးချုပ် သည် အလွန်စကားပြောတတ်သူဖြစ်သည်။ ရှုန်းယယ်သည် သားရဲနတ်ဘုရားကျောင်းတော် မှ အသိအမှတ်ပြုမှုနှင့် ဘွဲ့တံဆိပ်ကို လက်ခံရန် ကြိုးစား ဆွဲဆောင်ရန် ဒီနေရာကို လာခဲ့သော်လည်း ရှုန်းယယ်က ငြင်းဆိုရန် မတွန့်ဆုတ်ခဲ့ပေ။

မကြာခင် တောရိုင်းမြေထဲ ပြန်သွားတော့မှာဖြစ်လို့ ဘွဲ့တစ်ခုကို လက်ခံတာ ဘာထူးမှာလဲ။
 
"တကယ်တော့ ဝက်ဝံ သားရဲဘုရင် အတွက် နယ်မြေကို တောရိုင်းမြေထဲမှာ သတ်မှတ်လို့ရတယ်။"
ဘုန်းတော်ကြီးချုပ် ကလည်း အလျော့မပေးပဲ ဆက်ပြောလိုက်သေးသည်၊

"မလိုပါဘူး။ အဲဒါက ဒုက္ခရောက်လွန်းတယ်။"

 ရှုန်းယယ်က ပြောသည်။ သားရဲဘုရင်လို့ အမည်တပ်ခံရရင်  သားရဲနတ်ဘုရား ပူဇာ်ပွဲမှာ နှစ်စဉ်နှစ်တိုင်း လာရောက်ပါဝင်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခများလိုက်လဲ။

"ဝက်ဝံ သားရဲဘုရင် မှာ ဘယ်လို လိုအပ်ချက်တွေ လိုအပ်လို့လဲ။ မင်း လိုအပ်တာကို ဘာမဆို တောင်းဆိုလို့ ရနိုင်တယ်။ ငါတို့ ညှိလို့ရပါတယ်"
ဘုန်းတော်ကြီးချုပ် လည်း အလျော့ပေးကာ ထပ်ပြောလိုက်ပြန်သည်။

သို့သော် ရှုန်းယယ်က ဘာမှ မတောင်းဆိုခဲ့ပါ။ ကိုယ့်ဘဝကိုယ်ပဲ ပြန်သွားကာ လွတ်လွတ် လပ်လပ် နေချင်သည် ။

ဘုန်းတော်ကြီးချုပ် သည် လာခဲ့ရပေမယ့် သူ့ခရီက အချည်းနှီးဖြစ်ခဲ့ရလို့ အတော် ဒေါသထွက်လာခဲ့သည်။ ဒါပေမယ့်  သူထွက်သွားသည့်အချိန်၌ သူ့မျက်နှာပေါ်တွင် အလွန်နူးညံ့သိမ်မွေ့သော အမူအရာ ရှိနေသေးသည်။

သူ ထွက်သွားပြီးနောက် ရှုန်းချီ က ပြောခဲ့သည်။

 "သားရဲနတ်ဘုရားဗိမာန်တော်ရဲ့ ဘုန်းတော်ကြီးချုပ် ဟာ တခြားသူတွေနဲ့ တကယ်ကို မတူဘူး..."

သားရဲနတ်ဘုရားဗိမာန်တော်ရဲ့ ဘုန်းတော်ကြီးချုပ် သည် သူတို့မျိုးနွယ်ရဲ့ ဘုန်းတော်ကြီး ထက် ပို၍မြင့်မြတ်ပုံပေါက်သည်။

ရှုန်းချီ ရဲ့ အမူအရာသည် အနည်းငယ် ထူးဆန်းသွားသလို သူတို့ရဲ့ ဘုန်းကြီး ဝတ်ပုံကိုလည်း တွေးမိသည်။ တကယ်တော့ ကျိုးကျီရဲ့ အတွေးတွေက သူနဲ့ အတူတူပါပဲ။ ဒီသားရဲနတ်ဘုရားဗိမာန်တော်ရဲ့ ဘုန်းတော်ကြီးချုပ် သည် သူတို့မျိုးနွယ်ရဲ့ ဘုန်းတော်ကြီးထက် ပိုမိုစွဲမက်ဖွယ်ကောင်းသော စိတ်ထားရှိပြီး၊ များစွာ  'အဆင့်မြင့်' သည်။

ဒါပေမယ့် သူတို့ရဲ့ ဝက်ဝံကြီး မျိုးနွယ်  ရဲ့ ဘုန်းကြီးက စိတ်ထားပိုရိုးရှင်းပြီး ပိုလို့  ချစ်စရာ ကောင်းသည်ဟု သူခံစားမိသည်။

သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီးချုပ် သည် လောလောဆယ်တွင် သူတို့နှင့် အလွန်ဖော်ရွေနေသော်လည်း  ထင်ထားသည်ကို လောလောဆယ် အတွင်းစိတ်က ဘယ်လိုဆိုတာ မသိရသေးပေ။

သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီးချုပ် သည် ယခုအချိန်တွင် အလွန် စိတ်မသက်မသာ ခံစားနေရသည်။ ဘုန်းတော်ကြီးချုပ် အနေဖြင့်၊  ရက်စက်ကြမ်းကြုတ်သော သားရဲဘုရင်များပင်လျှင် သူ့ကို ရိုသေလေးစားမှု ပြသရသည်။ နောက်ဆုံးတွင်၊ လူတိုင်းသည် သားရဲနတ်ဘုရားကို ယုံကြည်ကြပြီး၊ ထိုသားရဲဘုရင်များသည် သားရဲနတ်ဘုရားရဲ့ ကျောင်းတော်ကို ဆန့်ကျင်လိုပါက သူတို့မျိုးနွယ်လူများက သူတို့ကို စွန့်ခွာသွားမည်ဖြစ်သည်။

ဒါပေမယ့် ဒီဝက်ဝံကြီး အနွယ်က ထူးခြားတယ်။ ဝက်ဝံကြီးမျိုးနွယ်က သူ့ကို အလေးအနက်မထားဘူးလို့ ဘယ်လိုဖြစ်ပြီး ခံစားနေရတာပါလိမ့်။

ဘုန်းတော်ကြီးချုပ် သည် ထိုအတွေးဖြင့် အလွန်စိတ်မကောင်းဖြစ်ခဲ့သည်။ အပြန်လမ်းမှာ ရှီလီကို သူ တွေ့ခဲ့ပြီး သူ့စိတ်တွေ ပိုဆိုးလာတယ်။

သူသည် ရှီလီကို အလွန်အလေးထားခဲ့ပြီး သူ့သမီးကို ရှီလီနှင့်ပင် ပေါင်းဖက်ခွင့်ပေး ခဲ့သည်။ သို့တိုင် ရလဒ်က ဘယ်လိုလဲ။ ရှီလီက ဝက်ဝံဘုရင်ကို တိုက်ခိုက်ရန်ပင် မဝံ့မရဲဖြစ်ခဲ့သည်။

ဒါတောင် ရှီလီက သားရဲဘုရင်ဖြစ်နေတုန်းမို့ ဘုန်းတော်ကြီးချုပ်က ရှီလီကို ခေါင်းညိတ်နှုတ်ဆက်ရင်း ပြုံးပြ လိုက်တယ်။

ရှီလီ-  "အရှင်ဘုန်းတော်ကြီး...ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်"

"မင်း ငါ့ကို ဘာပြောချင်လို့လဲ" ဘုန်းတော်ကြီးချုပ် က မေးတယ်။

ရှီလီ - "သားရဲနတ်ဘုရားအသီးအနှံကိုစားပြီး သားရဲဘုရင်မဖြစ်လာနိုင်သူတွေ  သားရဲဘုရင်ဖြစ်ဖို့နည်းလမ်းကို မျှဝေလိုပါတယ်"

ဘုန်းတော်ကြီးချုပ်က ထိုစကားကိုကြားတော့  ထိတ်လန့်သွားသည်။

ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် သားရဲနတ်ဘုရားကျောင်းတော် တွင် ဘာဖြစ်နေသည်ကို မသိခဲ့ကြပေ။

ဘုန်းတော်ကြီးချုပ်  ထွက်သွားပြီးနောက် ရှုန်းချီ က ကျိုးကျီကို တစ်ဖန်ချီးကျူးပြီး  ပြောလိုက်သည်။

"ကျိုးကျီ....   ဘုန်းတော်ကြီးချုပ်က မြင့်မြတ်တဲ့ပုံ လုပ်နေပေမယ့် သူက မင်းကို မယှဉ်နိုင်သေးဘူး   ..."

"ငတုံး စကားတွေ မပြောနဲ့။" ရှုန်းယယ်က သူ့ကို ကြိမ်းမောင်းသည်။

ဘုန်းတော်ကြီးချုပ် သည် ကျိုးကျီနှင့် မနှိုင်းယှဉ်နိုင်သည်ကို သူ သိသည်။ ကျိုးကျီသည် သားရဲဘုရားရဲ့တမန်ဖြစ်သည်။ ဘုန်းတော်ကြီးချုပ် က ဘာကောင်မို့လဲ။
 
သို့သော်၊ တစ်ယောက်ယောက်က ကျိုးကျီကို သူ့ထံမှ လုယူရန် ကြိုးစားမည်ကို စိုးရိမ်၍ သားရဲနတ်ဘုရားကျောင်းတော် ကို ဒီအကြောင်းအရာကို သိခွင့်မပြုနိုင်ပါ။

ရှုန်းယယ်က သူ့ကို ကြိမ်းမောင်းပြီးနောက် ကျိုးကျီကိုပြန်ကြည့်ကာ ပြောလိုက်သည်။

"ကျိုးကျီ   မင်းစားချင်တာတစ်ခုခုရှိလား"

"ငါ အခု ဗိုက်မဆာဘူး"
ကျိုးကျီက ပြောသည်။ အခု နွေဦးပေါက်နေပြီ၊ သူတို့မှာ အသီးအနှံတွေ အများကြီးမရှိပေ၊ အထူးစားချင်စရာ ဘာတစ်ခုမှ မရှိတော့ဘူး... ကျိုးကျီက ပက်လက်ခုံပေါ်မှာ ထိုင်ပြီး သားရဲနတ်ဘုရားကျောင်းတော် က လူတွေဆီက လက်ဆောင်ရထားတဲ့ အရာလေးတွေနဲ့ ကစားတယ်။

ဘုန်းတော်ကြီးချုပ်  ထွက်သွားပြီးနောက်၊ သူတို့နှင့် ရောင်းဝယ်ဖောက်ကားရန် ဝက်ဝံကြီးမျိုးနွယ်သို့ အခြားလူများ ရောက်လာကြသည်။ ကျိုးကျီရဲ့ သက်တောင့်သက်သာရှိသော အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် သူတို့က အရမ်းကို   မနာလိုဖြစ်မိသည်။

"ဝက်ဝံကြီး မျိုးနွယ်  ရဲ့ မျိုးနွယ်စုအကြီးအကဲက သူ့အိမ်ထောင်ဖက်အအပေါ် အရမ်း ကောင်းတာပဲ။ !"

"ဒါပေမယ့် သူ့အိမ်ထောင်ဖက်က နည်းနည်းတော့ အနေထိုင် ပျင်းရိတယ်။ ဒီလိုသာ ဆက်လုပ်နေရင် တစ်နေ့မှာ လူမျိုးစုအကြီးအကဲက သူ့ကို သဘောကျတာ ရပ်သွားမှာကို မကြောက်ဘူးလား"

"ဒါပေမယ့် သူ့ရုပ်ရည်က အရမ်းကြည့်ကောင်းတယ်! ငါသာ သားရဲဘုရင်ဖြစ်ခဲ့ရင်၊ ဒီလိုရုပ်ချောတဲ့လူကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိနေမှာပါ"

......

ရုပ်ရည်ချောမောသူ အုပ်စုလိုက်ကြီး သူတို့ဆီကို ဦးတည်လာနေချိန်မှာ ဝက်ဝံကြီးမျိုးနွယ်နားမှာ အုံကာ ဝိုင်းကြည့်နေသူတွေက ဒီလိုပြောနေဆဲဖြစ်သည်။

ဒီလူအုပ်ထဲမှာ  အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်လောက်သာ ရှိသည့် ယောက်ျားလေး မိန်းကလေးတွေ ပါနေသည်။  သူတို့အားလုံးက  နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူလေးများ ဖြင့် ကောင်းမွန်စွာ မွေးမြူလာပုံပေါ်သည်။  တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့သည် သာမန် သားရဲလူသားများနှင့် မတူသည်မှာ ထင်ရှားသည်။

ရှန်ယွဲ့သည် ဒီလူများနှင့်အတူ လိုက်ပါလာခဲ့သည်။ သူမ ရောက်တာနဲ့ သူမ ရှုန်းယယ်ဆီကို တန်းသွားပြီး ပြောခဲ့သည်။

 "ဝက်ဝံ သားရဲဘုရင် ၊ မင်းမှာ ကျွန်တွေ အများကြီး မရှိဘူး။ ငါ့အဖေက သားရဲနတ်ဘုရားကျောင်းတော် ထဲက တချို့ကို ရွေးပြီး သူတို့ကို ပို့ခိုင်းတယ်။"  

"ကျွန်တော့်အတွက် ကျွန်တွေ  မလိုဘူး"

 ရှုန်းယယ်က ပြောသည်။ သူတို့ အလုပ်အားလုံးကို ကိုယ်တိုင်လုပ်တာ ဖြစ်လို့ သူတို့ကို ပြုစုပေးဖို့ ကျွန်တွေ မလိုအပ်ပေ။

"ဒါက သားရဲနတ်ဘုရား ဗိမာန်တော်က စေတနာနဲ့ ပေးအပ်ခြင်းဖြစ်တယ်။  ကျေးဇူးပြုပြီး လက်ခံပါ။"

ရှန်ယွဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ဒါပေမယ့် ဒီလူတွေ ဘာမှ သုံးစားလို့ မရဘူးဆိုတာ သိသာတယ်!"
ရှုန်းယယ်လန့်သွားသည်။ တကျူးမျိုနွယ်မှ သူတို့ ရွေးချယ်ထားသော ကျူးကျန်း သည် အလုပ်ကြိုးစားပြီး သန်မာသူ ဖြစ်သည်။ ဒီ ကောင်လေး၊ ကောင်မလေးတွေ က အထူးကို သန့်ရှင်းသပ်ရပ်ပြီး ပိန်ပါးသွယ်လျ အားနည်းနေလို့ သူတို့ကို လက်ခံထားရင် တည်းခိုရာနေရာကို စောင့်ရှောက်ခိုင်းရုံကလွဲပြီး ဘယ်အလုပ်ကိုမှ ခိုင်းလို့ရမယ့်ပုံမပေါ်ပေ။
 
"......" ရှန်ယွဲ့ရဲ့ အမူအရာ တင်းမာသွားသည် ။

"ဝက်ဝံ သားရဲဘုရင် ၊ ဒီလူတွေက မင်းတစ်ယောက်တည်းကို ခံစားဖို့ ဒီကို ရောက်လာတာပါ။"

အဲဒီတုန်းက လူတွေကို ရှီလီဆီ စေလွှတ်တဲ့အခါ၊ ရှီလီက သူတို့ကို တိုက်ရိုက် လက်ခံခဲ့ပြီး သူတို့ကို အသုံးပြုရတာ နှစ်သက်ခဲ့သေးတယ်။ သူတို့တွေက မျိုးနွယ်တူမှ ဖြစ်ကြသော်လည်း ဒီ ဝက်ဝံ သားရဲဘုရင် ရဲ့ တွေးခေါ်ပုံမှာ ဘာကြောင့် ဒီလောက် ကွာခြားသွားတာလဲ။

သူ့ဘေးနားက အမျိုးသမီး တစ်ယောက်က ရှုန်းယယ်ကို ပရောပရီ ပြုံးကာ မျက်လုံး မှိတ်ပြသေးတယ်။ တခြားသူတွေကလည်း  ် စွဲမက်ဖွယ်အ ပြုံးတွေနဲ့ ရှုန်းယယ်ကို ပြုံးပြကြတယ်။

ရှုန်းယယ်သည် ဒီလူများ ဒီကို ဘာအတွက် ရောက်လာသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင်... သူသည် အကျပ်အတည်းကို ခံစားလိုက်ရသည်။


************-*************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now