(U/Z) Chapter (35)- မိတ်ဖက်ပွဲ မတိုင်ခင်

8.9K 1.6K 59
                                    

(zawgyi မ်ား ေအာက္ကို ဆြဲခ်ေပးပါ)



Chapter (35)-   မိတ်ဖက်ပွဲ မတိုင်ခင်



ရှုန်းယယ် သည်မြစ်ကမ်းဘေးတွင် သူ့ကိုယ်သူသန့်ရှင်းအောင်ဆေးကြောလိုက်ပြီး  တဖြည်းဖြည်း စိတ်ငြိမ်သွားပြီးနောက် အခြားအရာများကို စတင် စဉ်းစားလာသည်။

ကျိုးကျီ နိုးလာပေမဲ့ သူ့ ရဲ့အကြည့်ကြောင့် သူ့ စိတ်ပူပန်မှုတွေက လျော့မသွားပေ။ ကျိုးကျီကို ကြည့်ရတာ သိပ်မကောင်းသေးသလိုပဲ...

 ကျိုးကျီက မဖော်ပြပေမယ့်သူ ဖျားနေတုန်းပဲ ဆိုတာ ရှုန်းယယ်  ခံစားမိသည်။ ဒီလိုအချိန်မှာ သူက ကျိုးကျီ သူ့ကို အားကိုးနိုင်ဖို့ တည်ငြိမ်နေဖို့လိုအပ်သည်။

 ရှုန်းယယ် ၏အမူအရာသည်တည်ကြည်နေပြီး သူ၏မတည်ငြိမ်စိတ်တွေကို  သူ့နှလုံးသား အောက်ဆုံးသို့ တွန်းပို့လိုက်သည်။

ဒီနေ့က သူနဲ့ ကျိုးကျီတို့လက်တွဲဖော်အဖြစ် အတူနေမယ့်နေ့ပဲ။ ဒါကိုတွေးမိတော့ ရှုန်းယယ်   အရမ်း ပျော်နေမိတယ်။

ခေါင်းလျှော်နေစဉ် သူက တခြား ဘာမှ ထပ်မတွေးတော့ပဲ  အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်သည်။

သူ ကျိုးကျီနားကို အမြန်ပြန်လာနေမိပြီ။

 
ရှုန်းယယ် သည် သူ့ကိုယ်သူ လျင်မြန်စွာ ဆေးကြော လိုက်ကာ အပြန်တွင်  ဖားနှစ်ကောင်ကိုလည်း ရိုက်ပြီး ယူလာသည်။

သူသည် မနေ့က ဘာမှမစားရသေးသည် ကျိုးကျီကို တခုခု ပေးချင်နေမိသည်။

ရှုန်းယယ်  မျိုးနွယ်စုသို့ပြန်လာသောအခါ ကောင်းကင်ကြီးက တောက်ပနေပြီး  လူများအားလုံး တက်ရောက်ဖို့ လာနေကြသည်။

လူများစွာက သူ့ကိုပြုံးပြီးနှုတ်ဆက်ကြပြီး ရှုန်းယယ် ကခေါင်းပြန်ညိတ်ပြကာ  သူ့ဂူထဲကို အမြန်ဝင်သွားသည်။

"ရှုန်းယယ် ရဲ့ ဆံပင်တွေစိုနေတယ်၊  မနက် မိုးလင်းလင်းချင်း သူက ရေချိုးပြီးနေပြီလား"

လူတစ်ချို့က ရှုန်းယယ် ၏ အပြုမူကြောင့် ပဟေဋ္ဌိဆန်တယ်။ သူတို့ရဲ့မျိုးနွယ်စုထဲက လူတွေဟာ ရေချိုးရတာကို သိပ်မကြိုက်ဘူး။ ရှုန်းယယ် က ခုတလော အလွန်ထူးခြားနေသည်။ သူက ခုတလော မကြာခဏ ရေချိုးလေ့ရှိပေမယ့် သူ အရင်တုန်းက မနက်စောစော ရေမချိုးတတ်ပါဘူး။  

" သူတို့ အနံ့ကအရမ်းပြင်းလို့ အဲ့ဒါကိုဆေးဖို့ ရေသွားချိုးတာဖြစ်ရမယ်"

တစ်စုံတစ်ယောက်ကနှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ကျိုးကျီ နေမကောင်းဖြစ်ရသည့် အကြောင်းရင်းကို အဘဘုန်းတော်ကြီးက  မျိုးနွယ်စုမှ လူများအား ဘာမှပြန်မပြောခဲ့သဖြင့် လူမျိုးစုထဲက လူများက ကျိုးကျီက ရှုန်းယယ်ကြောင့်  ဒဏ်ရာရသည်ဟုသာ တထစ်ချ ထင်နေခဲ့သည်။

"မနေ့ကပြန်လာပြီးကတည်းက ရှုန်းယယ်က သူ့ လိုဏ်ဂူထဲကနေ တခါမှ ထွက်မလာဘူး ... "

"သူတို့က အရမ်းပြင်းထန်တာပဲ၊ ဒါက သူတို့ရဲ့ပထမဆုံး အကြိမ်ဆိုတာ မင်းသိလား"


...

ရှုန်းချီတည်း တချိန်လုံး ရှုန်းယယ်ကို   ချီးကျူးစကားဆိုနေသည်။ သူ့ဘေးက နျိုအာလည်း
အလေးအနက်ခေါင်းညိတ်ကာ ထောက်ခံနေသည်။

ရှုန်းပိုင်: "... "

ရှုန်းပိုင်သည် တတ်နိုင်သမျှ သူမဘေးက လူတွေ ပြောနေသည်ကို သည်းခံနားထောင်နေပေမယ့် နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ခဲ့သည် -

"နင်တို့ တချိန်လုံး အဲဒါကိုပဲ ပြောနေတော့မှာလား။   ငါ့ခံစားချက်ကိုလည်း ထည့်စဉ်းစားပေးဦးမှပေါ့။ "

သူမဟာ ရှုန်းယယ်ကိုနှစ်ပေါင်းများစွာ ကြိုက်ခဲ့ပြီး ဒီနေ့မှာတော့ ရှုန်းယယ်က သူမ မဟုတ်တဲ့ တခြားသူတစ်ယောက်နဲ့ မိတ်ဖက်တော့မည် ဖြစ်သည်။

 ကျိုးကျီက တကယ့် ဂြိုလ်ဆိုးပဲ...

 
"ရှုန်းပိုင်... မင်းရဲ့စိတ်ခံစားချက်အကြောင်းကို ငါ စဉ်းစားနေတာ။  မင်း ငါ့အကြောင်းကို စဉ်းစားပေးပေါ့ "

ရှုန်းချီက ပိုလာဝက်ဝံဖြူ သားရဲပုံဖြစ်ပြီး ရှုန်းပိုင် ဝက်ဝံနက် သားရဲပုံဖြစ်သည်။


 ရှုန်းပိုင်က ရှုန်းချီကို မော့ကြည့်ကာ ပြောလိုက်သည်။

 "ကျွန်မ နောက်မှ ဒီ အကြောင်း  ပြန်ပြောမယ်!"

ယနေ့ ရှုန်းယယ် သည် ကျိုးကျီ နှင့်လက်တွဲကာ မိတ်ဖက်ပြုတော့မည်။ သူမက အသည်းကွဲနေလို့ ဒီနေ့ စိတ်ခံစားချက်လည်း မကောင်းကာ ဒီအကြောင်းကို  စဉ်းစားရန်အချိန်မရှိပေ။

ဒီစကားကြားတော့ ရှုန်းချီက ဝမ်းသာသွားပြီး ပြန်ပြောခဲ့သည်။

"ကောင်းပြီ ဒါဆို မနက်ဖြန် မင်းကို ငါ ထပ်လာမေးမယ်!"

ရှုန်းပိုင်က ရှုန်းချီကို  ဂရုမစိုက်တော့ပေ။

ရှီလီက ဒီလူတွေပြောဆိုနေသည်ကို နားထောင်ပြီး  သုန်မှုန်စွာကြည့်ကာ  သူ့မျက်လုံးတွေထဲမှာ အထင်အမြင်သေးမှုတွေတောက်ပလာတယ်။

ဒီမှာ လူအများကြီးသေရတော့မယ် ....

ရှီလီ၏အမူအရာသည် အနည်းငယ်မှုန်မှိုင်းနေပြီး သူ့ဘေးပတ်လည်ရှိ လူတိုင်းက ဒါကို သတိပြုမိကြ သည်။ သူတို့သတိထားမိပြီးနောက် ဘယ်သူမှ သူ့ကို စကားမပြောကြတော့ဘူး။

ရှီလီ၏ အမူယာက အလွန်ခါးသီးကာ  နက်ရှိုင်းလွန်း လို့ ကျန်လူတွေက  သူနှင့်ဝေးဝေးနေ ချင်ကြသည်။


ရှီလီက အရမ်းချောတယ်လို့ အားလုံးကမထင်ကြဘူး၊ အခုကြည့် ... ရှီလီရဲ့အသားရေက ကြမ်းတမ်းနေပြီး မျက်နှာက အဖုအပိန့်တွေနဲ့ ဘယ်နားက ချောနေတာလဲ...

 
ဒီအကြောင်းကိုပြောရရင် ကျိုးကျီကမှ တော်တော်လေး ကောင်းလွန်းနေသေးတယ်။

ကျိုးကျီက အရင်က မျိုးနွယ်စုထဲ လာရောက် ပူးပေါင်းတာ၊ ဆက်သွယ်တာ သိပ်မလုပ်လို့ သူ့ရုပ်သွင်ကို လူအတော်များများက မမြင်ဖူးကြပေ။

 
ဒါပေမယ့် မကြာသေးမီက သူက ရှုန်းယယ် အနားမှာ အမြဲရှိခဲ့တယ်။ လူတိုင်းက သူ့ပုံပန်းသဏ်ာန်ကို သတိထားမိပြီးတော့ ရှုန်းယယ်က သူ့ကို ရွေးချယ်ခဲ့တဲ့အတွက် သူက ပုံမှန်ပဲလို့ လူတိုင်းက သတ်မှတ်လာကြသည်။


လန်ယင် နှင့်သူအ၏သူငယ်ချင်းများက စကားပြောနေကြသည်။

 " မနေ့က ငါ ရှုန်းယယ်နဲ့ ကျိုးကျီ ပြန်လာတာကို တွေ့ခဲ့တယ်၊ ကျိုးကျီက တကယ်ကို ချောမောပြီး သူ့ကိုယ်လုံးလည်း တကယ်ကောင်းတယ်၊ ငါ့ရဲ့ခန္ဓာကိုယ်က အရမ်းအားကောင်းတယ်ဆိုရင် ငါက ကျိုးကို ရအောင်လိုက်ပြီး ငါ့ ဂူထဲမှာထားတယ်။ ပြီးတော့ သူ့ကို ငါ့တစ်ယောက်တည်းကိုပဲ ပြုစုခိုင်းရမယ်....   "

ကံမကောင်းစွာဖြင့် သူမ၏ခွန်အားသည်  လုံလောက်အောင် မသန်မာပေ။

လန်ယင်၏ အခြားသူငယ်ချင်းက သဘောတူသည်။

"လန်ယင်..နင့် ကလေးရဲ့ အဖေဖြစ်မယ့်လူကို ရွေးပြီးပြီလား။ ရှုန်းချီကိုရော ဘယ်လို ထင်လဲ"

ရှုန်းချီက လန်ယင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ပိုးပန်းနေခဲ့တာဖြစ်သည်။

"ငါ ထပ်စဉ်းစားနေပါတယ်။ "


ရှုန်းချီရဲ့အစွမ်းသတ္တိက တကယ် ကောင်းတယ်။ နောင်တွင် ကလေးများရလာပါက ရှုန်းချီက သူတို့၏ကလေးများကို ဆာလောင်စေမည် မဟုတ်သော်လည်း သူသည် အသက်ကြီးလွန်းနေသည်။

အပြင်မှာ ဒီအကြောင်းကိုပြောနေသော်လည်း ရှုန်းယယ်က သူ့ဂူထဲမှာရှိနေတယ်။

သူက ကျိုးကျီကို အရင်သွားတွေ့ခဲ့ပြီး ကျိုးကျီက အိပ်ယာထက်မှ လှဲနေပေမယ့် အားနည်းတဲ့ အသက်ရှုနှုန်းက တည်ငြိမ်နေသည်ကို တွေ့လိုက်ရမှ စိတ်သက်သာရာရသွားခဲ့သည်။


 ပြီးမှ ရှုန်းယယ်က   ဂူတံခါးဝနားသို့ သွား၍ ဖားကိုပြုတ်လိုက်သည်။ သူက ဖားကိုချက်ပြုတ်တုန်းက ကျိုးကျီနားကို သွာကြည့်ကာ မေးလိုက်သည်။


  "မင်း ဘာလို့ ဒီလိုဖြစ်နေတာလဲ။ "

ကျိုးကျီက မျက်လုံးဖွင့်ပြီး ရှုန်းယယ်ကို ကြည့်နေ သော်လည်း စကား တခွန်းမှ မပြောပေ။ သူ၏ စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲရှိ ကြီးမားလွန်း လှသည့်  စွမ်းအင်များကို ဖိနှိပ်ကာ စုပ်ယူနေရသဖြင့် အားကုန်ကာ  စကားပြောရန်အချိန်မရှိပေ။

သို့သော် ရှုန်းယယ် သည် ကျိုးကျီ နိုးလာနိုင်သည့်အတွက် အလွန်ကျေနပ်နေသည် -

"မင်းနိုးလာတာကိုပဲ တော်လှပါပြီ။ မကြာခင်  မင်းပြန်ကောင်းလာနိုင်မယ်လို့ စိတ်ချလက်ချ မှတ်ထားလိုက်နော်။ "

ကျိုးကျီလည်း လည်း သူ ပိုကောင်းလာနိုင်မည်ကို သိနေသည်။ ဒီ ရက်တွေမှာ အများစုက  သူ အိပ်နေတာပဲလေ ...

****


"နေဦး...ပြီးတော့လေ... ... "

ရှုန်းယယ်က မိတ်ဖက်ပွဲကို နောက်ရွှေ့လို့ရသည်ဟု ပြောရန် ကြံလိုက်သည်။ ထိုစဉ် ကျိုးကျီက မျက်လုံးဖွင့်လာခဲ့လို့ စကားစ ရပ်သွားခဲ့သည်။

 တကယ်လို့ ကျိုးကျီက မိတ်ဖက်ပွဲကို တိတ်တိတ်လေး စောင့်မျှော်နေခဲ့တာဖြစ်ရင် သူ ပြောလိုက်တဲ့ စကားကြောင့်ကျိုးကျီ ဝမ်းနည်းသွားနိုင်သည်။ ကျိုးကျီ အခုလို ဖြစ်လို့ မိတ်ဖက်ပွဲကို နောက်ဆုတ်လိုက်ရင် သူက ကျိုးကျိကို စွန့်လွှတ်လိုက်သလို ဖြစ်နေမည် မဟုတ်လား။

 အဲ့လိုဆိုရင် ကျိုးကျီ ူဝမ်းနည်းသွားမည်ကိ ရှုန်းယယ် ကြောက်နေမိသည်။


ကျိုးကျီ နိုးလာပြီဆိုတော့ မိတ်ဖက်ပွဲကို သေချာပေါက်လုပ်နိုင်ပြီပဲ။ ဒါပေမယ့် ကျိုးကျီက  အခု အရမ်းနာကျင်နေရမယ်။  

 သူ၏ဘ ၀ တွင်လူတစ် ဦး နှင့်သာ မိတ်ဖက်ပြုနိုင် ပေမယ့် တကယ်လို့ ကျိုးကျီနဲ့ဆိုရင် ကျိုးကျီ တခုခုဖြစ်လည်း သူ တသက်လုံး  လက်တွဲသွားမည်ဟု ကတိပေးနိုင်သည်။

ရှုန်းယယ်က ကျိုးကျီကိုပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။

 "ငါ့နဲ့ မိတ်ဖက်အခမ်းအနား  ကျင်းပဖို့စောင့်နေပေး ပါ။ "

ကျိုးကျီက ဘာမှ မတွေးပေမယ့် သေချာ ဆုံးဖြတ်ထားသည်။ ရှုန်းယယ်က ဒီ မိတ်ဖက်ပွဲ အခမ်းနားကို အရမ်းစွဲလမ်းနေလို့ သူသာ နောက်တခါ အိပ်ပျော်သွားခဲ့မယ်ဆိုရင် မိတ်ဖက်ပွဲ အခမ်းနားက ပြီးသွားနိုင်ပြီ။ ဒါကြောင့် သူ အခု ထနိုင်တယ်ဆိုတာနဲ့ အခမ်းအနားကို ရောက်အောင် သွားရမည်။

 ရှုန်းယယ်  က သူ့ကို ပွေ့ပြီးသယ်သွားပေးမှာမို့ သူ့  အားကို ချွေသာနိုင်သည်။ အဲ့ဒါ  ဘယ်လောက်ကောင်း လိုက်လဲ။


နောင် ဆယ်စုနှစ်များစွာအထိ ရှုန်းယယ် ပျော်နေသရွေ့ ကျိုးကျီက ဘာကိုမှ စိတ်ပူပန်ခြင်းမရှိပဲ သူလည်းပျော်ရွှင်နိုင်သည်။


 ဤသို့တွေးရင်း ကျိုးကျီ သည် ရှုန်းယယ် ကိုကြည့်လိုက်ပြီး အပြုံးလေးတစ်ခုကိုပြလိုက်သည်။

 ကျိုးက အရမ်း အားနည်းနေပေမယ့် မိတ်ဖက်ပွဲအကြောင်း ကြားတော့ ခပ်ဖျော့ဖျော့ပြုံးလာခဲ့သည်။ ရှုန်းယယ်လည်း လိုက်ပြုံးနေပေမယ့် ကျိုးကျီ ခုလို ဖြစ်နေသည်ကိုမြင်ရပြီး သူ့နှလုံးသားလေး နာကျင်နေမိသည်။



 
သူက ကျိုးကျီကို ပိုပျော်ရွှင်စေမယ့်ကြီးမြတ်တဲ့ မိတ်ဖက်ပွဲကို လုပ်ပေးဖို့ ဘုန်းတော်ကြီးကို တောင်းဆိုထားခဲ့သည်။


ကျိုးကျီ ပျော်ရွှင်နေတာပဲ။ သူ ပြန်ကောင်းလာမှာပါ....  

မဟုတ်ဘူး ..ကျိုးကျီက  ကျိန်းသေ ပို သက်သာကောင်းမွန် လာလိမ့်မယ်၊ သူ အခု ူနိုးလာပြီပဲ...

 ရှုန်းယယ်  စဉ်းစားလိုက်ပြီး ကျိုးကျီ၏မျက်နှာကို တို့ထိလိုက်သည်။

ကျိုးကျီ၏မျက်နှာသည်နူးညံ့ချောမွတ်ပြီး အရင်ကထက် ပိုနူးညံ့ချောမွေ့ပုံရသည်။

ရှုန်းယယ်က ကျိုးကျီ ၏မျက်နှာကိုနမ်းလိုက်ပြီး ပြောလိုက်သည်။

"မင်း နေပြန်ကောင်းလာမှာပါ !"

ကျိုးကျီက ပြုံးပြီး သက်ပြင်းချလိုက်သည်။

သူသည် အနည်းငယ်မျှပင် စွမ်းအားမရှိသောကြောင့် ရှုန်းယယ်က အံ့အားသင့်သွားသည်။

ရှုန်းယယ်နှင့် ကျိုးကျီတို့ နှစ်ယောက်တည်း နေနေကြပြီး ခဏကြာတော့ ရှုန်းပိုင် ရောက်လာပြီး ပြောလိုက်သည်။

"ရှုန်းယယ်....ရှုန်းယယ် အဘဘုန်းတော်ကြီးက နင့်ဆီကို အဝတ်အစားလာပို့ခိုင်းလိုက်တယ်  "

ရှုန်းယယ်က အရင်တုန်းက ရှီလီနှင့် မိတ်ဖက်ပွဲမှာ ဝတ်ဖို့ ဝတ်စုံကို သူများကိုအပ်ပြီး ချူပ်ခိုင်းထားသည်။ ဒါပေမယ့် ရှီလီက သူ့ကို ထားရစ်ခဲ့ပြီးနောက် ဆက်မလုပ်ပဲ ထားခဲ့ပေမယ့် ကျိုးကျီနှင့် မိတ်ဖက်မယ်ဆိုတော့ အဝတ်စားကို ဆက်လက် ပြုလုပ်စေခဲ့သည်။


  ဒိုင်နိုဆော သားရေအ ၀ တ်ပေါ်ကို မီးတောက် ဒီဇိုင်းဖြင့် ရေးခြယ်ထားပြီး မီးတောက်ပန်း အနီရောင်သည် အလွန်လှပနေသည်၊ ရှုန်းယယ် သည် ကျိုးကျီကို ပြလိုက်သည်။

 "ကျိုးကျီ...တွေ့လား...  ဒါက အခမ်းအနားမှာ ငါတို့ဝတ်တဲ့ အဝတ်တွေ"

ကျိုးကျီက မျက်တောင်ခတ်ပြလိုက်သည်၊ သူသည်  "ကျွန်တော် မိတ်ဖက်ပြုဖို့ ဆန္ဒရှိသည်" ဆိုသည့် စကားကို မြန်မြန်ပြောနိုင်ဖို့ကိုပဲ စောင့်နေသည်။ သူ့မှာ စွမ်းအားကို စုပ်ယူရန် ကြံရွယ်ထားလို့ အချိန်ကို နည်းနည်းမှ မဖြုန်းချင်ပေ။

 ဒါက လက်ထပ်ပွဲလေးတစ်ခုပဲ မဟုတ်လား။

ရှုန်းယယ်သည် ကျိုးကျီ တိတ်ဆိတ်နေသည်ကိုမြင်ပြီး သူ့နှလုံးသားလေးက နစ်မြုပ်သွားသလို ထင်ရပေမယ့်  သူ၏ပျော်ရွှင်မှုကို ထုတ်ဖော်ပြောဆိုရန် ကြိုးစား လိုက်သည်။

"ငါ အဲဒါ အဝတ်ကို အရင်လဲလိုက်မယ်။ ပြီးမှ မင်းကို လဲပေးမယ်နော်   "

ရှုန်းယယ်က အဝတ်အစားကို အရင်ပြောင်းဝတ် လိုက်တယ်။

တကယ်တော့ ဒီအ ၀ တ်က သားရဲအရေခွံနဲ့ တိရစ္ဆာန်အရေ အပိုင်းအစနှစ်ခုကို ခန္ဓာကိုယ်နောက်မှာ ချုပ်ထားပြီး ရိုးရိုးရှင်းရှင်းနဲ့ လက်ပြတ် ၀ တ်စုံဖြစ် သည်။

သူ ကိုယ်တိုင်ဝတ်ပြီးနောက် ကျိုးကျီကို ဂရုတစိုက် ၀ တ်ခဲ့သည်။

ကျိုးကျီက ဒီအ ၀ တ်ကို ၀ တ်လိုက်ပြီးချိန်မှာ သူက တကယ့်ကိုလှပလွန်းသည် ဆိုတာ ပေါ်လွင်လာခဲ့သည်၊  ဖြူဖွေးသည့် အသားအရည်ပေါ်ကိုဖုံးအုပ်ထားသော အနီရောင် မီးတောက်တွေ ခြယ်ထားသည့် အဝတ်အစားများက ထင်ရှားလို့နေသည်။


ထိုအချိန်၌ ရှုန်းယယ်သည် ကျိုးကျီ၏ လက်မောင်းတွင် ဒဏ်ရာသေးသေးလေးများ ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်သည်။

ကျိုးကျီ....မနာဘူးလား။ သူ့ဒဏ်ရာ သက်သာပုံက  အထူးသဖြင့်မြန်လွန်းလှသည်။

ရှုန်းယယ်သည် ကျိုးကျီ အတွက်အ ၀ တ်များ လဲပေးပြီး ရှုန်းယယ် အား ဖားဟင်းကျွေးလိုက်သည်။

သူက ကျိုးကျီကိုမြန်မြန်ပြန်ကောင်းလာဖို့ ဖားဟင်းထဲမှာ ပျားရည်အနည်းငယ်ထည့်ပေးကာ သူကကျိုးကျီကို ကောင်းကောင်းလေး ကျွေးချင် နေတယ်။

ကျိုးကျီက နိုးနေပေမယ့် ဘာမှ တုန့်ပြန်မှုမရှိသဖြင့် ရှုန်းယယ်က မနေ့ကလို သူ့ကို တိုက်ကျွေးရန်ဆုံးဖြတ်လိုက်သည်။

  "မနေ့ကလို ငါ မင်းကို ဟင်းရည် ကျွေးပေးမယ် ... ဘာပဲဖြစ်ဖြစ် ငါတို့က လက်တွဲဖော်ဖြစ်လာတော့ မှာပဲလေ..."  

ရှုန်းယယ်က ကျိုးကျီးကို ပါးစပ်ဖြင့် ိုဖားဟင်းနဲ့ကျွေးလိုက်တယ်။

ကျိုးကျီ၏ပထမဆုံးတုံ့ပြန်မှုမှာ
ီဒီဟင်းက ပါးစပ်နဲ့တိုက်တဲ့အတွက်  သေချာပေါက် တကယ် ညစ်ညမ်းတဲ့ ဟင်းဖြစ်သည်။

သူ၏ ဒုတိယတုံ့ပြန်မှုမှာ ရှုန်းယယ်က သူ့ ခံနိုင်ရည်ကို စိန်ခေါ်နေတာပဲ။ သူ့မှာ တကယ့်ကို ကြံ့ကြံ့ခိုင်နိုင်တဲ့ စိတ်စွမ်းအားမရှိခဲ့ရင် ကိုယ်ထဲက စွမ်းအင်ကို စုပ်ယူဖို့ကြိုးစားနေခိုက် အခုလိုလုပ်တာက စွမ်းအားလှည့်ပတ်တာ လမ်းချော်ပြီး သူ သွေးအန်သွားနိုင်သည်။

 

ကောင်းပြီ၊ သူ့ရဲရင့်တဲ့စိတ်ဆန္ဒနဲ့ သူ့ခန္ဓာကိုယ်က စွမ်းအင်တွေကို ရှုန်းယယ် သူ့ကို နမ်းနေတဲ့အချိန်မှာ  ရုန်းကန်လှုပ်ရှားကာ အတင်းငြိမ်အောင် ထိန်းနေရသည်။

 

ကျိုးကျီက မျက်လုံးများကိုမှိတ်ထားပြီး သေချင်ဟန်ဆောင်ဖို့  မှတစ်ပါးအခြားရွေးချယ် စရာမရှိတော့ချေ။

 သားရဲနတ်ဘု ပူဇော်ခြင်း သို့မဟုတ် မိတ်ဖက်ပွဲကို နေ့ခင်းပိုင်းတွင် စတင်လိမ့်မည်။ သို့သော် လူမျိုးစုထဲက လူများသည် နံနက်ပိုင်းတွင် လုပ်စရာများစွာ ရှိနေခဲ့သည်၊ ထို့ကြောင့် လူတိုင်းသည် အတော်လေးအလုပ်များနေခဲ့သည်။

ရှုန်းယယ်နှင့် ကျိုးကျီတို့လည်း အလုပ်များသင့်သည်ဟု ထင်ရသော်လည်း ဘုန်းတော်ကြီးက "ဒီနေ့က ရှုန်းယယ်နဲ့ကျိုးကျီတို့က မိတ်ဖက်ဖြစ်မယ့်နေ့ဖြစ်လို့ ဒီနေ့သူတို့ ဘာမှလုပ်စရာမလိုဘူး" ဟု ပြောပေးခဲ့သည်။


ရှုန်းယယ်က ကျိုးကျီ နိုးလာပြီလို့ပြောပေမဲ့ သူက ဒီလောက်မြန်မြန်ပြန်ကောင်းလာဖို့နည်းလမ်းမရှိတာမို့ ဘုန်းတော်ကြီးက ကျိုးကျီကို    နည်းနည်းပိုအနားယူဖို  ခွင့်ပေးချင်ခဲ့တယ်။

လုပ်ဆောင်ရန်လိုအပ်သောအရာများနှင့် ပတ်သက်၍ အကုန်ပြီးစီးအောင် ပြင်ဆင်ထားကြသည်။ အရင်တုန်းက သူတို့ မျိုးနွယ်စုက လူတစ်ရာသာရှိခဲ့သည့်အခါ အခုကတောင် သူတို့က သားရဲနတ်ဘုရားပူဇော်ပွဲကို ဒီနည်းနဲ့ လုပ်ကိုင်ခဲ့တာပဲ မဟုတ်ဘူးလား။
 


သားရဲနတ်ဘုရားပူဇော်ခြင်းကို လူ မျိုးနွယ်စုနယ်မြေ အနီးတွင်ကျင်းပခဲ့သည်။ သူတို့က အဲဒီနေရာကို ဘာကြောင့်ရွေးချယ်ခဲ့ရသလဲဆိုတဲ့ အချက်က မီးတောက်တွေအများကြီးပွင့်ခဲ့တာကြောင့် ဖြစ်သည်။ ယခုအချိန်တွင် ဘုန်းတော်ကြီးသည် မျိးနွယ်ထဲမှလူများအား မီးတောက်ပန်းပင်များကို ရေလောင်းရန်ညွှန်ကြားနေသည်။

ကြည်လင်သောရေသည် ပန်းပွင့်ပေါ်သို ပက်ဖြန်းပြီးနောက် မီးတောက်ပန်းတွေ အဖူးဘဝမှ  တဖြည်းဖြည်းပွင့်လာသည်...

မီးပန်းများ၏ပွင့်ချပ်များသည် မီးတောက်အနီရောင်၊ အလယ်တွင် အဝါရောင်ဗဟိုဖြစ်ကာ တကယ့်မီးတောက်နှင့် တူလှသည်။ သူတို့သည်နေရောင်ခြည်အောက်တွင် ပွင့်လာသောအခါ စိမ်းလန်းသောသစ်ရွက်များနှင့် အလွန်လိုက်ဖက်လှသည်။ ပွင့်ချပ်များပေါ်တွင် တင်နေသည့် ရေစက်တွေက ပုလဲပုတီးများလို ်နေရောင်အောက်တွင် လှပသောအလင်းရောင်ကို ထင်ဟပ်နေစေသည်။

အကယ်၍ ကျိုးကျီသာ ဒီမြင်ကွင်းကိုမြင်ခဲ့ရင်၊ တစ်ချိန်တည်းမှာ တပြိုင်နက်ပွင့်ခဲ့တဲ့ မီးတောက်ပန်းတွေဟာ မျိုးနွယ်စုဝင်တွေ အတွက် အရမ်းကို ဆန်းကြယ်ပြီး မှော်ဆန်ကာ ထူးခြားလွန်းတယ်လို့ ထင်နေပေမယ့် တကယ်တော့  မိုးရွာပြီးမိုးရေစက်တွေ ကျလာခဲ့ရင် တပြိုင်နက်တည်း ပွင့်တတ်တဲ့ ပန်းမျိုးသာ ဖြစ်တယ်ဆိုတာ သိမှာပဲ။

 

တကယ်တော့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် မီးတောက်ပန်းတွေ တပြိုင်တည်း ပွင့်လာလျှင် မျိုးနွယ်စုထဲက လူတွေဟာ သားရဲနတ်ဘုရား ပူဇော်ပွဲကို  ပျော်ရွှင်စွာဖြင့် စောစောပြုလုပ်ကြမည် ဖြစ်သည်။

 
 ယခုတော့ ကျိုးကျီ မရှိတဲ့အတွက် ဒီပတ် ၀ န်းကျင်ကို ဦးဆောင်နေသူက ဘုန်းတော်ကြီးတစ်ပါးသာရှိသည်။   သူသည်မျိုးနွယ်စုထဲက ကလေးများကို ပန်းများကောက်ခိုင်းသည်။ ရှုန်းယယ်သည် သူနှင့်တွေ့ဆုံကာ ကျိုးကျီအတွက် အကောင်းဆုံးမိတ်ဖက်ပွဲကို လုပ်ပေးချင်ခဲ့သည်။

 
ကျိုးကျီသည် ယခုအခြေအနေဆိုးရွားနေသော်လည်း ဘုန်းတော်ကြီးက ရှုန်းယယ်  ကိုပျော်ရွှင်စေရန် အတတ်နိုင်ဆုံးကြိုးစားပေးနေဆဲဖြစ်သည်။

မကြာမီရောက်လာတော့မည့် သားရဲနတ် ဘုရား ပူဇော်ပွဲသည် မျိုးနွယ်စုတိုင်းအတွက် အလွန်စိတ်လှုပ်ရှားနေစေခဲ့ပြီး ရှီလီတစ်ယောက်သာ  ဒီမြင်ကွင်းကို အေးစက်စွာကြည့်နေခဲ့သည်။

မနေ့ကကိစ္စတွေကိုစဉ်းစားပြီးတဲ့နောက် သူ စိတ်မပျက်တော့ဘူး။ သူသည် ယခုလူမျိုးစုများကိုကြည့်နေစဉ်တွင် သနားခြင်းအပြည့်သာ ခံစားနေခဲ့ရသည်။

အချိန်များ တဖြည်းဖြည်းကုန်ဆုံးလာပြီးနောက်ဆုံး မွန်းတည့်ချိန်ရောက်လာသည်။ သူတို့၏ ဓလေ့ထုံးတမ်းများအရ မိတ်ဖက်ပွဲ အခမ်းအနားကို သားရဲနတ်ဘုရားပူဇော်ပွဲ မတိုင်မီ ကျင်းပကြလိမ့်မည်။  

ဤအချိန်၌ လူအနည်းငယ်က မကူညီနိုင်ဘဲ အနည်းငယ်စပ်စုနေသည်။ ရှုန်းယယ်နှင့် ကျိုးကျီက အခုထိ ဘာကြောင့်ရောက် မလာသေးတာလဲ။

အနီရောင်ခြယ်သထားသည့် ဒိုင်နိုဆောအသားရေကို ၀ တ်ဆင်ထားသော ရှုန်းယယ်ကိုမြင်သောအခါ သူတို့က အံ့သြနေဆဲဖြစ်သည်။ သူသည် အနီရောင် ဆင်တူဝတ်စုံ ဝတ်ထားသော ကျိုးကျီကိုလည်း သူ၏လက်၌ ပွေ့ကာ သယ်ထားသည်။

ရှုန်းယယ်သည် အလွန်ကြည့်ကောင်းနေပြီ ဖြစ်သော်လည်း ယခု သူကပိုကြည့်ကောင်းပြီး ပိုချောလာသည်။ ကျိုးကျီ နှင့် ပတ်သက်၍ သူသည် ရှုန်းယယ် ၏ရင်ခွင်၌လဲလျောင်းနေပြီး အနီရောင်အ ၀ တ်များက သူ၏နှင်းဖြူရောင် အသားအရေကို ပိုပေါ်လွင်စေကာ သူ့ကိုလည်း ထူးကဲစွာလှပစေသည်။

ကျိုးကျီက အိပ်ရာက မထနိုင်လောက်အောင် ရှုန်းယယ်က ဘယ်လောက်များ ပြင်းထန်သွား ခဲ့တာလဲ....

(မှောင်တော်မူကြပါ....>o<)

ဒီလိုပြင်းထန်တဲ့ အခြေနေမှာ ကျိုကျီနဲ့တကယ်ကို မိတ်ဖက်ပွဲ  ကျင်းပရန် လိုအပ်နေသေးတာလား။





**-**

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now