Chapter (52-1)_ ဂယက်ရိုက်ခြင်း

7.2K 1.3K 30
                                    



Chapter (52-1)_  ဂယက်ရိုက်ခြင်း



"သောက်ဖို့ မလိုတော့ဘူးလို့ မင်း ပြောခဲ့တယ်လေ!"
ဒီအမြစ်တွေက ဘုန်းတော်ကြီး ပေးခဲ့တဲ့ ဂျင်ဆင်းအပင်များဖြစ်ကြောင်း သိလို့ ရှုန်းယယ် က ပြောလိုက်တယ်။ တစ်ပန်းကန်ကြီးသောက်ရမှာ သောက်ရခက်လို့ သူက မသောက်ချင်ဘူး။ အရင်က ကျိုးကျီက သူ ဒါတွေ သောက်စရာမလိုတော့ဘူးလို့ ပြောခဲ့တာကို ပြန်ပြောလိုက်တယ်။

သူ အခုလို ငြင်းလိုက်တဲ့အတွက် ကျိုးကျီက သူ့ကို နောက်ထပ်တစ်ခွက်တောင် ထပ်သောက်စေချင်လာတယ်။ ဒါတင်မကဘဲ ကျိုးကျီက အိုးထဲကို အခြားအပင်တွေကို ထပ်ထည့်လိုက်သေးတယ်။
 
ရှုန်းယယ်က အရွက်တွေနဲ့ ပြည့်နေတဲ့ ပန်းကန်လုံးကြီးကို မြင်တော့ ထွက်ပြေးချင်နေပြီ။


"ဆားအသင်းနဲ့လိုက်မယ်ဆိုရင်  မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်တယ် မဟုတ်လား"

ကျိုးကျီက ဆေးပန်းကန်လုံးကို တွန်းပြီး ပြောလိုက်သည်။

    ရှုန်းယယ် က ပင့်သက်ရှိုက်ပြီး ထိုအရွက်တွေကို စားလိုက်ပြီး အရည်တွေကို မော့သောက်လိုက်တယ်။ ဒါကို သောက်ပြီး သူ့ပါးစပ်ထဲတွင် ထူးထူးခြားခြား အရသာတစ်မျိုးကို ခံစားလိုက်ရသည်။

ကျိုးကျီ က သူ့ကို ဂျင်ဆင်းစွပ်ပြုတ်သောက်စေပြီး အရင်လိုပဲ ချိုတဲ့ အချောင်းလေး ပေးဖို့ ရှုန်းယယ် က မျှော်လင့်နေတယ်။ ဒါပေမယ့် ဒီတစ်ခါ ကျိုးကျီက ရှုန်းယယ် ကို    အတုံးသေးသေးလေးပဲ ပေးလိုက်တယ်...

ကျိုးကျီက ရှုန်းယယ် ၏ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို ခွံ့ပေးလိုက်တယ်။ ရှုန်းယယ်   မြည်းစမ်းကြည့်ပြီးနောက် အချဉ်ဓာတ်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်- တကယ်ချဉ်လွန်းသည်၊ စားရခက်သည်!

ကျိုးကျီက သူ့ကို အချိုချောင်း မပေးပေမယ့် အရမ်းချဉ်တဲ့အသီးကို ပေးတယ်။ ရှုန်းယယ် သည် အချဉ်ဓာတ်ကို မျက်မှောင်ကြုတ်လိုက်သည်။

    မှောင်နေပြီဖြစ်၍ ဂူအတွင်း၌ အလွန်မှောင်နေသော်လည်း ကျိုးကျီက ရှုန်းယယ် ၏မျက်နှာကို မြင်နေရဆဲဖြစ်သည်။ သူ သက်ပြင်းချလိုက်ပြီး ရှုန်းယယ် ၏ပါးစပ်ထဲသို့ သကြားတစ်လုံးထည့်ကာ ပြောလိုက်သည်။
"စားလိုက်"

ရှုန်းယယ် ချက်ချင်းပြုံးလိုက်စဉ် ကျိုးကျီက ပြောလိုက်သည်။

  "စောစောအိပ်တော့"
ရှုန်းယယ် အိပ်ရာဝင်တာနဲ့ ကျိုးကျီလည်း အိပ်ယာထဲ ဝင်ကာ အိပ်ပျော်သွားတော့သည်။
 
    နောက်နေ့မှာ ရာသီဥတုက ကြည်လင် သာယာလို့နေတယ်။

        လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မျိုးနွယ်စုထဲမှာ  အသားတွေ များလွန်းသဖြင့် မနည်း ပြန်ယူလာခဲ့ရသည်။ ဒါကြောင့် ခုရက်အတွင်း အမဲလိုက်ဖို့ မလိုဲ့ပေ။ ရှုန်းဟော်က  မျိုးနွယ်စုထဲက လူတွေကို သယ်ဆောင်လာတဲံ တိရစ္ဆာန်အရေခွံနဲ့ အရာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေတယ်။

  ဒိုင်နိုဆောအရေခွံ၊ မာလုရဲ့ ရင်ဘတ်က အခွံမာ၊ အချို့ဒိုင်နိုဆောများ၏အကြေးခွံတွေက ဆားနဲ့ အလဲလှယ်လုပ်လို့ရတဲ့ အရာတွေဖြစ်တယ်။   လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့က အဲ့ဒါတွေကို တောထဲကနေ အများကြီး သယ်လာကြတာဖြစ်တယ်။ အခု အဲ့ဒါတွေကို ဆားနဲ့လှယ်လှယ်ဖို့ ထုပ်ပိုးပြင်ဆင်ရတယ်။
 

မျိုးနွယ်စုရှိလူများက အလုပ်ရှုပ်နေကြဆဲဖြစ်ပြီး ရှုန်းယယ်ရဲ့ ဒဏ်ရာရနေသောခြေထောက်ကို ကူညီပေးခဲ့ပြီး ကျိုးကျီက ဘုန်းကြီးဆီကို လာခဲ့တယ်။
 

       "သားရဲနတ်ဘုရားက မနေ့ညက ကျွန်တော့်ကို အိပ်မက်ပေးခဲ့တယ်။"

ကျိုးကျီက ပြောလိုက်တော့ ဘုန်းတော်ကြီးက ကျိုးကျီကို   အံ့သြစွာကြည့်သည်။ ကျိုးကျီက မူးမေ့လဲ မသွားခင်မှာ သားရဲနတ်ဘုရားဆီက  လက်ဆောင်ကို ရနိုင်ခဲ့တယ်။ သူ တကယ်ကို မနာလိုဖြစ်နေပြီ။ အခုလည်း ကျိုးကျီက သားရဲနတ်ဘုရားဆီက   သူ့ကို အိပ်မက်တစ်ခုပေးတယ်လို့ ပြောနေတာလား။

  ဒီလောက်ကောင်းတာ သူ ဘာလို့ မရခဲ့တာလဲ။

    ကျိုးကျီက သားရဲနတ်ဘုရား၏ ချစ်ခြင်းမေတ္တာကို ဘာကြောင့်  ရနိုင်တာလဲ။  သူက ရုပ်ရည်ချောမောလို့လား?

   ဒါမှမဟုတ် ကျိုးကျီက သူ့ကို လှည့်စားနေတာလား။

ဘုန်းတော်ကြီး၏ မျက်ခုံးတွန့်သွားကာ မေးလိုက်သည်

 "သားရဲနတ်ဘုရားက ဘာပြောခဲ့တာလဲ။"

"ကျွန်တော်တို့ မျိုးနွယ်က နောက်ပြဿနာတစ်ခုခုကြုံရဦးမယ်လို့ ပြောပြီး နတ်ဘုရားက ကျွန်တော်တို့ကို ကူညီပေးဖို့ လိုလားပါတယ်တဲ့။ ပြီးတော့  မျိုးနွယ်ထဲက စိုက်ပျိုးထားတဲ့ မြေကြီးထဲက ဥတွေအားလုံးကို ရင့်မှည့်စေခဲ့တယ်တဲ့ "

"ဒါ...ဒါက မဖြစ်နိုင်ဘူး! "

ဘုန်းတော်ကြီးက အလန့်တကြားပြောခဲ့တယ်။  သားရဲနတ်ဘုရားက အရမ်းအလုပ်များနေတယ်၊ သူတို့အမျိုးအနွယ်ကို ဘယ်လို ဂရုစိုက်နိုင်မှာလဲ?

"ဟုတ်လား။ ဒါတော့ ကျွန်တော်လည်း မသိဘူး။ အပြင်ကို ထွက်ပြီး အဲ့ဒီမြေကြီးထဲက ဥတွေကို တူးကြည့်ရအောင်  "

ကျိုးကျီက  ပြောလိုက်တယ်။

ဟုတ်တယ်၊ ဒီစကား မှန်၊ မမှန် သိရအောင် အပြင်ကို ထွက်ကြည့်ရမယ်။

ဘုန်းကြီးက ကျိုးကျီ နဲ့အတူ  လမ်းလျှောက်လာရင်းပြောခဲ့တယ်။
 "မင်းက အိပ်မက်မက်ခဲ့ပေမယ့် ဒါက  မမှန်နိုင်ဘူး။ တစ်ချိန်တုန်းက ငါ  ငယ်ငယ်တုန်းကလည်း  အိပ်မက်မက်ခဲ့ပေမယ့် အားလုံးက မမှန်ဘူး"

       ကျိုးကျီက ဘာမှ ပြန်မပြောလိုက်ဘူး။

ဘုန်းတော်ကြီးက ကျိုးကျီကို ခေါ်လာပြီး သူတို့ မျိုးနွယ်စုရဲ့ စိုက်ခင်းနေရာကို ရောက်လာတယ်။   သူတို့ မျိုးနွယ်စုက စိုက်ပျိုးထားတဲ့ အပင်တွေက ဥတွေ  ပေါက်နိုင်တယ်ဆိုပေမယ့် ဥတွေက သေးသေးလေးတွေဖြစ်တယ်။ နောက်တော့ ကျိုးကျီ အကြံပေးတဲ့အတိုင်း မြေသြဇာတချို့ထည့်တော့ မြေကြီးထဲက ဥတွေက နည်းနည်းပိုထွားလာခဲ့ပေမယ့် အခုချိန်က အဲ့ဒီဥတွေ မရင့်နိုင်သေးဘူး။ တူးလို့ မရလောက်သေးဘူး။
 
ကျိုးကျီနဲ့ ဘုန်းတော်ကြီးတို့ရောက်သွားချိန် စုဆောင်းရေးအဖွဲက လူတွေက စိုက်ခင်းထဲမှာ ပေါင်းပင်တွေကို နူတ်နေကြတယ်။ ဒါကလည်း ကျိုးကျီက ပြောခဲ့တဲ့ အကြံအတိုင်းလုပ်နေတာ ဖြစ်တယ်။

 "ဘုန်းတော်ကြီး၊ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ  "
စုဆောင်းရေးအဖွဲ့မှူးက ဘုန်းကြီးကိုတွေ့တော့ အနည်းငယ်အံ့သြသွားတယ်။

"ငါ့မှာ လုပ်စရာ တစ်ခုရှိနေတယ်။"

ဘုန်းတော်ကြီးက ကျိုးကျီက သားရဲနတ်ဘုရားဆီက အိပ်မက်ပေးတာ ခံရတယ်လို့ မပြောလိုက်ဘူး။ ဒီစကားက မမှန်ရင် ကျိုးကျီအတွက် မကောင်းနိုင်လို့ သူက မပြောလိုက်ပေမယ့် ကျိုးကျီက ဖွင့်ပြောလိုက်တယ်။
  "မနေ့ညက သားရဲနတ်ဘုရားကို ကျွန်တော် အိပ်မက်မက်ခဲ့တယ်၊ သားရဲနတ်ဘုရားက ငါတို့မျိုးနွယ်ထဲက ဥတွေကို ဒီနေ့ ရင့်မှည့်စေမယ်လို့ ပြောခဲ့တယ်"

စုဆောင်းရေးအဖွဲ့မှူး- "..."

စုဆောင်းရေးအဖွဲ့မှုး  "အဘဘုန်းတော်ကြီး၊ ကျိုးကျီက မြက်တွေကို ဆွဲနူတ်ပြီး  မြေသြဇာ လုပ်ချင်တယ်လို့ ပြောတယ်၊ ဒီဟာတွေကို လုပ်နေတာ ပြီးတော့မယ်။  ဘာပဲဖြစ်ဖြစ်  ဒီနည်းက ဥတွေကို မထိခိုက်စေပါဘူး။ ဒါပေမယ့်အခု ဥတွေ ရင့်မှည့်မယ်လို့ သူ ပြောတာ မဖြစ်နိုင်ဘူး။  အဲဒီဥတွေကို ကျွန်တော် မြင်ခဲ့တယ်။  ဒီဥတွေ  အရမ်းသေးနေသေးတယ်!"

မကြာသေးမီက ဘုန်းတော်ကြီးက ကျိုးကျီကို အရမ်း ချီးကျူးပြီး တန်ဖိုးထားခဲ့ပေမယ့်   စုဆောင်းရေးအဖွဲ့မှူးက သူ့ကို နှစ်သက်ခြင်းမရှိခဲ့ပေ။

ကျိုးကျီက ပါးစပ်လှုပ်ရုံကလွဲလို့ ဘာမှ အလုပ်မလုပ်ဘူး။  ဘုန်းကြီးက ကျိုးကျီကို ဘယ်လိုလုပ်ပြီး ဒီလောက်  အာရုံစိုက်နိုင်တာလဲ။

ထို့အပြင်၊ ဘေကွန်လုပ်နည်းကိုပေးတာဖြစ်စေ၊ အပင်ကို မြေသြဇာကျွေးတဲ့နည်းကို ပြောတာဖြစ်စေ... အဲ့ဒါက ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။
 

ဟုတ်တယ်၊ စုဆောင်းရေးအဖွဲ့ရဲ့ ခေါင်းဆောင်က ဒီအချိန်မှာ မပျော်နေဘူး၊ အဓိကအားဖြင့် ကျိုးကျီ က သူတို့ကို လှည့်စားနေတယ်လို့ သူမ ခံစားလိုက်ရတဲ့အတွက် ဖြစ်တယ်။ ဒီမနက်ခင်းမှာ သူက အဲ့ဒီဥတွေက သေးသေးလေးရှိတယ်ဆိုတာ မြင်ခဲ့ပြီးပြီလေ။ ဘယ်လိုဖြစ်ပြီး ချက်ချင်းရင့်မှည့်လာနိုင်မှာတဲ့လဲ။

ဘုန်းတော်ကြီးက စုဆောင်းရေးအဖွဲ့မှူးရဲ့စကားကို ကြားသောအခါ Zhou ကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ ကျိုးကျီရဲ့  အိပ်မက်က မမှန်ဘူးဆိုတော့ အဲ့ဒါ ရှက်စရာကောင်းတယ်။

ကျိုးကျီ -  "ကျွန်တော်က သားရဲနတ်ဘုရားကို ယုံကြည်တယ်။"

ကျိုးကျီ ၏အမူအရာသည် အလွန်ပြင်းထန်သည်၊ စုဆောင်းရေးအဖွဲ့မှူးလည်း သံသယရှိသော်လည်း ယခုတစ်ကြိမ်တွင် ယန်ယင်း က မလိုတမာ ဝင်ပြောလိုက်သည်။

 "သူက ရိုးရိုး သာမန်လူပဲ။  သားရဲနတ်ဘုရားက သူ့အပေါ် ဘယ်လိုကောင်းနေနိုင်မှာလဲ"

ရှီလီ ထွက်သွားပြီးနောက် ယန်ယင်းနဲ့ ယန်ဆု တို့ရဲ့ ဘဝက  ဒီထက် မဆိုးနိုင်တော့ဘူး။ သူတို့ အခုဆိုရင် ဝမ်းစာအတွက် စုဆောင်းရေးအဖွဲ့ က အလုပ်တွေကို မလုပ်လို့မရတော့ဘူး။ သူတို့ဘဝက ခက်ခဲပင်ပန်းနေတယ်။
 

    ရှုန်းဟော်နဲ့ သူ့လူတွေက တောထဲက သေနေတဲ့ဒိုင်နိုဆော အသားတွေ အများကြီးကို မျိုးနွယ်စုဆီကို သယ်လာပြီး လူတိုင်း ဒီရက်မှာ အသားကို အလျှံအပယ် စားရပေမယ့် ဒါက ယာယီပဲလေ။ ဒီအသားတွေ ကုန်သွားခဲ့ရင်.... သူတို့ရဲ့ အနာဂတ်နေ့ရက်တွေကို ဘယ်လို ဆက်ဖြစ်လာမယ်ဆိုတာ သူတို့သိနေတယ်။

ဒီလိုအခြေအနေမျိုးမှာ ကျိုးကျီရဲ့အဖေက ရှီလီကို   ခေါ်ဆောင်သွားတဲ့အတွက် သူတို့က ကျိုးကျီကို သဘောမကျဘူး။

    ဟုတ်တယ် ။ ယန်ယင်းက လက်သည်းခွံအရွယ်လောက်ပဲ ရှိသေးတဲ့ မြေကြီးဥကို ခုလေးတင်  တူးထားတာကြောင့် ဒီလိုပြောရဲတာ ဖြစ်တယ်။

အရင်တုန်းက ကျိုးကျီက ဘုန်းကြီးကို အများကြီးပြောပြခဲ့တယ်။ ဘုန်းတော်ကြီးက မျိုးနွယ်စုရှိလူများကို အနည်းငယ်သာ ပြောပြသော်လည်း ကျိုးကျီ ပြောပြခဲ့တယ်လို့ မပြောခဲ့ဘူး။

  ပထမအချက်က အချိန်က တိုတောင်းတဲ့အတွက်ဖြစ်တယ်။ နောက်တချက်က ကျိုးကျီပြောတဲ့ဟာတွေက ရလဟ်မထွက်သေးလို့ဖြစ်တယ်။ ပြီးတော့ ကျိုးကျီကိုယ်တိုင်လည်း လူတွေကို လိုက်ပြောပြဖို့ ပျင်းလို့ ဘာမှ ကို မပြောခဲ့ဘူး။
 

ဒီအချိန်မှာ လူတော်တော်များများက ကျိုးကျီကို မယုံကြည်ဖြစ်ကာ ဝိုင်းပြောနေကြသည်။

"ကျိုးကျီ....လူ အားလုံးက အိပ်မက်မက်ကြပေမယ့် ဒါတွေက တကယ် မဖြစ်လာနိုင်ဘူးလေ။  မင်းအိပ်မက်တွေကို အလေးအနက်မထားသင့်ဘူး!"

"ဘေကွန်လုပ်နည်းကို ပြောပြတာ ကောင်းပေမယ့် ဒီဥတွေက အချိန်မတိုင်ခင် ဘယ်လို ရင့်မှည့်လာနိုင်မှာလဲ...  "

"ပေါင်းပင်တွေ ဖြတ်တုန်းက တွေ့တယ်။ သူတို့က အရမ်းသေးနေသေးတယ်။"

......

တစ်စုံတစ်ယောက်က ဘုန်းတော်ကြီးကို ပြောလိုက်သည်။

 "အဘဘုန်းတော်ကြီးက ရှုန်းယယ်ကို သဘောကျတယ်ဆိုပေမယ့် ကျိုးကျီပြောသမျှ အားလုံးကို မယုံသင့်ဘူးလေ   "

"ကျိုးကျီ.... သူက မြေဩဇာထည့်ရင် မြေကြီးဥတွေ ပိုကောင်းလာမယ်လို့ပြောခဲ့တယ်။ ဒါက မမှန်ဘူး။   တချို့နေရာတွေမှာ မျိုးအောင်ပြီး တချို့နေရာက ဥတွေ ညှိုးနွမ်းနေပြီ"

"ပေါင်းပင်က လုံးဝ အသုံးမဝင်ပါဘူး၊ ဥတွေက မြက်တွေနဲ့ အမြဲရှိနေတယ်။"

...

မကြာသေးမီက ဘုန်းကြီး က သူတို့ကို အလုပ်များစွာ ပေးခဲ့သည်။ ကျိုးကျီက ပြောလို့ သူတို့ကို ဘုန်းတော်ကြီးက ခုလို လုပ်ခိုင်းခဲ့တယ်ဆိုတာ သူတို့ သိလာပြီးနောက် စုဆောင်းရေးအဖွဲ့က လူတွေက  ထင်မြင်ချက်တွေ ပေးလာကြတယ်။

မြက်တွေကို ဆွဲထုတ်တာ အဓိပ္ပါယ်မရှိဘူး... ဒီမြက်တွေကို ဆွဲထုတ်ပြီး စားဖို့ ပြန်ယူလို့မရပါဘူး။

"သားရဲနတ်ဘုရားက ငါ့ကို အရမ်းချစ်တယ်၊ သူက ငါ့ကို လိမ်မှာမဟုတ်ဘူး။"
ကျိုးကျီက ပြောလိုက်သည်။

လူတိုင်း : "... " ဒါက အရှက်မဲ့လွန်းတယ် မဟုတ်လား ။ သားရဲနတ်ဘုရား က မင်းကို အရမ်းချစ်ရင် မင်းမှာ သားရဲ ပုံသဏ္ဍာန်တောင် ဘာလို့ မရှိတာလဲ။  

💩 💩 💩 💩 💩 💩

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now