Chapter (161-2 ) _အိမ်ပြန်ကြစို့....

6.6K 1.1K 42
                                    

Chapter (161-2 ) _အိမ်ပြန်ကြစို့....


သေခြင်းမှ လွတ်မြောက်ခဲ့သော သားရဲဘုရင်များက အခု ကျိုးကျီကို ကြောက်ရွံ့မှု အပြည့်နှင့်  ဝပ်သွားနေကြပြီး ခုခံရန် လုံးဝ စိတ်ကူးမရှိတော့ပေ။ အဲ့ဒါကြောင့်... ကျိုးကျီက သားရဲဘုရားလို့ ပြောရင်၊ သူက သားရဲဘုရားပဲလို့ အားလုံးက မှတ်ယူကြသည်။

နောက်တစ်နေ့ မိုးလင်းမှ ကျိုးကျီနိုးလာခဲ့သည်။ ထို့နောက် သူနှင့် ရှုန်းယယ်တို့နေထိုင်သော အခန်းအပြင်ဘက်တွင် လူအများအပြား ဒူးထောက်နေ ကြသည်ကို တွေ့လိက်ရသည်။

အချို့သောလူတွေက သူ့ကို သားရဲဘုရားအဖြစ် ကိုးကွယ်ဆည်းကပ်ကြပြီး အချို့က သူတို့ရဲ့အပြစ်အတွက် တောင်းပန်ရန်လာကြသည်။
မနေ့တုန်းက ကျိုးကျီဟာ သားရဲနတ်ဘုရားကျောင်းတော် မှာရှိတဲ့ လူအားလုံးကို သူ့ရဲ့စိတ်စွမ်းအားနဲ့ စောင့်ကြည့်ခဲ့ပြီး တစ်ယောက်ချင်းစီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နားလည်လာခဲ့သည်။ ဒါကြောင့် သူက အိမ်ခန်းတံခါးကို ဖွင့်လိုက်ပြီး သူ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်ကြေညာခဲ့သည်။

သားရဲဘုရင်  တွေက သူပေးခဲ့တဲ့ ပြစ်ဒဏ်ကို လက်ခံရမှာဖြစ်သလို ဘုန်းတော်ကြီး ချုပ်ကတော့ ဆက်လက်ပြီး အကြီးကဲဘုန်းကြီးမဖြစ်နိုင်တော့ပဲ  သားရဲနတ်ဘုရား ဗိမာန်တော်မှ နှင်ထုတ်ခံရလိမ့်မည်။ ထို့အပြင် သားရဲနတ်ဘုရားကျောင်းတော် တွင်  အာဏာကို အလွဲသုံးစားလုပ်ခဲ့သူ အချို့ကိုလည်း သားရဲနတ်ဘုရား ကျောင်းတော် မှ နှင်ထုတ်မည်ဖြစ်သည်။

ဘုန်းတော်ကြီးချုပ် သည် ဒူးထောက်ကာ ညှိုးငယ်စွာနဲ့ပဲ ကျေးဇူးတင်စကားဆို  လိုက်တော့သည်။ သားရဲနတ်ဘုရားကျောင်းတော် မှ နှင်ထုတ်ခံရခြင်းမှာ သူ့ ရာထူးပြုတ်ရုံသာမက ဘယ်မျိုးနွယ်စုမှ သူ့ကို လက်မခံတော့သဖြင့်    သူ့အတွက် အလွန်ပြင်းထန်သော ပြစ်ဒဏ်တစ်ခုဖြစ်သည်။

သို့သော် ကျိုးကျီသည် ယမန်နေ့က သူ့ကို လာတွေ့သည့်အချိန် ဘုန်းတော်ကြီး ချုပ်က ရှီလီ သေဆုံးသွားပုံနှင့် ထာဝရနောင်တ တရားတို့ ဖိစီးခဲ့ပုံကို   ပြန်လည် တွေးလိုက်သောအခါတွင် သူရဲ့ပြစ်ဒဏ်က ပေါ့လျော့တယ်လို့ပင် ယူဆနိုင်လာ သည်။

သားရဲနတ် ဘုရားက သူ့ကို တိုက်ရိုက်မသတ်ခဲ့ပေ။

ကျိုးကျီသည် အရာများစွာကို ဂရုစိုက်ရန် ပျင်းလွန်းလှလို့ မကြာမီ သူက သားရဲနတ်ဘုရားကျောင်းတော် တွင် အရှုပ်အထွေးကို ပြီးအောင်ဖြေရှင်းပြီး   ဘုန်းတော်ကြီးအိုကို ဘုန်းတော်ကြီးချုပ်  ရာထူးပေးအပ်ခဲ့သည်။

အဲဒီနောက် မနေ့က မပြီးပြတ်သေးတဲ့ မိတ်ဖက်ပွဲကို ပြန်လည် ကျင်းပနိုင်ခဲ့လေပြီ။ ဟုတ်တာပေါ့.. ကျိုးကျီက အဲ့ဒီပွဲမှာ မျက်နှာပြဖို့  မလိုအပ်ပါဘူး။

ကျိုးကျီသည် အနားယူရန် ပြန်လာခဲ့သည်။ လူတွေကို ဝက်ဝံကြီးကို သွားခေါ်ခိုင်း ပြီး သူ့ပစ္စည်းတွေကို ယူလာခိုင်းတယ်။  သူ့မှာ ကိုယ်ပိုင်ပစ္စည်းတွေ မရှိလို့ သူ့ကို အခြားလူတွေ သုံးဖူးတဲ့ အရာတွေနဲ့ အလုပ်ကျွေးပြုတာကို လက်ခံခဲ့ပေမယ့်   နည်းနည်းတော့ ကျင့်သားမရဘူး...

မကြာခင်မှာပဲ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေရောက်လာတယ်။ အားလုံးက နတ်ဘုရားကို မြင်လိုက်ရသလိုပဲ ကျိုးကျီကို ကြည်ညို မြတ်နိုးစွာ ကြည့်နေကြတယ်။


ကောင်းပြီ၊ ဒီလူတွေရဲ့အမြင်မှာတော့ သူဟာ တကယ့်ကို နတ်ဘုရားတစ်ပါးပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက သူ့အရည်အချင်းကို သိနေတာကြောင့် ကျိုးကျီက သူတို့ကို ဆက်လက်  မဖုံးကွယ်တော့ပေ။ လူတွေက ဟင်းချက်ဖို့ မီးတွေဖို ပြီးချိန် အိုးတွေကို တင်ပြီးနောက် ရိက္ခာထဲက အစေ့တချို့ကို  ထုတ်ပြီး ပေါ်တင် အညှောက်ပေါက်အောင် လုပ်ကာ  ချက်ဖို့ ပြင်ဆင်လိုက်သည်။

ဥပမာအားဖြင့်၊ သူက ပဲပိစပ်စေ့တွေကို အညှောက်ပေါက်အောင် လုပ်ပြီးနောက်  ဆားရေနဲ့ပြုတ်ပြီး အခွံခွာပြီး စားရတာ အရမ်း အရသာရှိလှတယ်။ စွပ်ပြုတ်ထဲ ထိုအညှောက်ပေါက်သည့် ပဲတွေကို ထည့်တဲ့အခါလည်း အရမ်းအရသာရှိလှတယ်။

သူက မျိုးစေ့အမျိုးမျိုးအတွက် ရောင်းဝယ်ဖောက်ကားခဲ့ပေမယ့် အစေ့များကို ကြည့်ရုံမှဖြင့် သူတို့က ဘာအပင်ဆိုတာ သူ မသိနိုင်ဘူး။ ဒါပေမယ့် ရသမျှ မျိုးစေ့တွေက သူ့အတွက် မလုံလောက်သေးပေ။ ဒါကြောင့် ဒီအစေ့တွေက ဘာပင်လဲဆိုတာ သိဖို့ အားလုံးကို  အညှောက်ပေါက်အောင်လုပ်ဖို့ အချိန်မ ရှိဘူး... အခုတော့ အချိန်ရလာတဲ့အချိန် အစေ့ တချို့တွေကို ရင့် လာတဲ့အထိ အပင်စွမ်းအင်ကိုသုံးပြီး  ကြီးပြင်းလာစေတယ်။

ကျိုးကျီသည် သူနှစ်သက်တဲ့ ခရမ်းသီးအပါအဝင် ဟင်းသီးဟင်းရွက် အမျိုးအစားများစွာကို ရရှိခဲ့တယ်ဆိုတာ သိလိုက်ရသည်။  

ဒီလုပ်ဆောင်ချက်တွေအားလုံးကို သူ လုပ်တဲ့အခါ သူ့ရဲ့လှုပ်ရှားမှုတွေဟာ ချောမွေ့ပြီး ပေါ့ပေါ့ပါးပါးဖြစ်နေပေမယ့် ဝက်ဝံကြီး မျိုးနွယ်  က လူတွေက သူ့ကို ကြည့်ပြီး ထိတ်လန့်သွားကြတယ်။ ကျိုးကျီက အရမ်း အစွမ်းထက်တယ်ဆိုတာ သူတို့သိခဲ့ပေမယ့်လည်း ဒီလောက် အံ့သြစရာကောင်းမယ်လို့ မသိခဲ့ကြဘူး။

သူက တကယ့်ကို သားရဲနတ်ဘုရား ဖြစ်ဖို့ ထိုက်တန်တဲ့သူပဲ!

သူတို့တွေက ကျိုးကျီ ချက်ပြုတ်တာကို စောင့်ကြည့်လေ.. ပိုအံ့သြလေဖြစ်တယ်။

ကျိုးကျီက သားရဲနတ်ဘုရား ဖြစ်ပြီး ကိုယ်တိုင်ချက်ပြုတ်နေတာလား?!

ဒါကိုမြင်တဲ့ ဝက်ဝံကြီးမျိုးနွယ်စုတွေက မင်သက်ကုန်ကြသည်။

ရှုန်းယယ်လည်း စိတ်ရှုပ်ထွေးနေသည်။  "ကျိုးကျီ ..မင်း......"

ရှုန်းယယ်က ကျိုးကျီရဲ့ နာမည်ကို အော်ခေါ်ပေမယ့် တခြားသူတွေရဲ့ အကြည့်တွေကြောင့်  အမြန် အခေါ်ဝေါ်ပြောင်းလိုက်ရတယ်။

"သားရဲနတ်ဘုရား..."  

ကျိုးကျီ: "......"


လူတိုင်းက သူ့ကို ကိုးကွယ်နေလို့ အရမ်းသက်တောင့်သက်သာရှိတဲ့ ဘဝကို ဖြတ်သန်းနိုင်ပေမယ့်လည်း သူက သားရဲနတ်ဘုရားဖြစ်ဖို့ စိတ်မဝင်စားဘူး၊ သူက ပုံမှန်ပဲနေချင်ပေမယ့် ရှုန်းယယ်ကတော့ သူ့ကို ခါတိုင်းလို သာမန် မိတ်ဖက်လို သဘောမထားနိုင်ဖြစ်နေတယ်။

မနေ့က အိပ်ယာထဲ ချစ်တင်းနှောပြီးနောက် သူနဲ့ ရှုန်းယယ်ရဲ့ဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်သွားလောက်ပြီလို့  သူထင်ခဲ့တယ်။ မမျှော်လင့်ဘဲ...

ကျိုးကျီသည် ဝက်ဝံကြီး မျိုးနွယ်စုမှ လူများကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

 "အားလုံး ထွက်သွား"

ဝက်ဝံကြီးမျိုးနွယ်စုက လူတွေ ကျိုးကျီရဲ့စကားကြောင့် ချက်ချင်း ထွက်လာတယ်။  

ကျိုးကျီက သူတို့ ထွက်သွားပြီးနောက် ရှုန်းယယ်ကို ကြည့်ပြီး ပြောလိုက်တယ်။

 " ရှုန်းယယ်၊ ငါ မင်းကို ပြောစရာရှိတယ် "

"ဘာလဲ?" ရှုန်းယယ်က မေးလိုက်တယ်။

ကျိုးကျီ-  "ဒီကမ္ဘာမှာ သားရဲနတ်ဘုရား ဆိုတာ မရှိဘူး"

ရှုန်းယယ်က ဒီစကားလုံးကို ကြားပြီးနောက် အနည်းငယ် ဗြောင်းဆန်သွားသည်--ကျိုးကျီက သားရဲနတ်ဘုရား မဟုတ်ဘူးလား။

ကျိုးကျီ-  "ငါက သားရဲနတ်ဘုရား မဟုတ်ဘူး။ သားရဲဘုရင်တွေထက် သာလွန်တဲ့ အဆင့်ထိ ရောက်နေလို့ ငါက အရမ်းအစွမ်းထက်တယ်။ မှန်မှန်ကန်ကန် ကျင့်ကြံမယ်ဆိုရင် တစ်နေ့မှာ မင်းလည်း ငါ့လို ဖြစ်လာမှာပါ။ အဲဒီအခါမှာ မင်းလည်း သားရဲနတ်ဘုရားဖြစ်လိမ့်မယ်။"

ရှုန်းယယ်က ဒီစကားကြောင့် ပိုပြီး စိတ်ရှုပ်ထွေးလာသည်။

ကျိုးကျီက ဝက်ဝံညိုလေး စိတ်ရှုပ်နေတာကို မြင်တော့ အနီးကို ဆွဲယူကာ သူ့နူတ်ခမ်းကို နမ်းလိုက်တယ်။ ရှုန်းယယ်က ကျိုးကျီက ဘာကြောင့်  ဒီလို လုပ်ခဲ့တယ်ဆိုတာ နားမလည်နိုင် ထပ်ဖြစ်နေပြန်တယ်။
 
ကျိုးကျီရဲ့လုပ်ရပ်ကြောင့် နောက်ဆုံး ကျိုးကျီက သားရဲနတ်ဘုရား မဟုတ်ကြောင်း နောက်ဆုံးတော့ သူ ယုံကြည်ခဲ့တော့တယ်။ ဒါဆိုရင် သားရဲနတ်ဘုရားက ဘာလဲ....

  ကျိုးကျီက သားရဲနတ်ဘုရား မဟုတ်သော်လည်း၊ ကျိုးကျီက သူရဲ့ နှလုံးသားထဲတွင် သားရဲနတ်ဘုရားထက် ပို၍အရေးကြီးသော နေရာတွင် ရှိနေခဲ့သည်။

သားရဲနတ်ဘုရား ရုတ်တရက်ဖြစ်လာပြီးနောက် ကျိုးကျီသည် မူလက သားရဲ နတ်ဘုရား ကျောင်းတော် တွင် ရက်အနည်းငယ်နေထိုင်ပြီး ခဏတာ သက်တောင့် သက်သာနားနေဖို့ စီစဉ်ခဲ့သည်။  ဒီမှာ သူလိုတာ အားလုံးရှိပြီး   မရေမတွက် နိုင်သော လူများက သူ့ကို ဖူးမျှော်ရန် စောင့်နေသဖြင့် ပထမ  ကျိုးကျီက တော်တော်ပျော် သွားခဲ့တယ်။

အရင်ဘဝတုန်းက ကျိုးကျီက သားရဲဘုရင်အဖြစ် သားရဲနတ်ဘုရားကျောင်းတော်မှာ လိုလေသေးမရှိ နေထိုင်ခဲ့တဲ့ ဘဝတုန်းက သူ တကယ်ရော ပျော်ခဲ့ရဲ့လားဆိုတာ ရှုန်းယယ် သူ့ဖာသာ သံသယဝင်လာခဲ့တယ်။ ဒီမှာ အရာအားလုံး ပြည့်စုံပေမယ့် ဖြေရှင်းရမယ့်    ပြသနာတွေ အများကြီးရှိနေတယ်။


ကျိုးကျီက ဒီမှာ ရက်အနည်းငယ်သာ နေထိုင်ခဲ့သော်လည်း နည်းနည်းလေးတောင် ထပ်သည်းမခံနိုင်တော့ဘူးလို့ သူ့ဖာသာ ခံစားမိနေပြီဖြစ်သည်။  ရှုန်းယယ်လည်း မပျော်တော့ဘူးဆိုတာ သူ ခံစားခဲ့ရသည်။


သားရဲနတ်ဘုရားကျောင်းတော်က လူတွေက စိတ်အားထက်သန်စွာနဲ့ အပြေးလာကြပြီး ကျိုးကျီရဲ့ ခြေအစုံကို နမ်းရှုပ်ဖို့ လုပ်နေကြသည်။ ပြီးတော့ ဒီမှာ ရှိနေရင် ရှုန်းယယ်က ကျိုးကျီအတွက် ဘာမှ အသုံးမဝင်သလို ဖြစ်နေသည်။
 

ရှုန်းယယ်သည် ဝက်ဝံကြီး မျိုးနွယ် တိုးတက်ဖို့ သူ့ တစ်ဘဝလုံး နှစ်မြှုပ် လုပ်ကိုင်ခဲ့လို့ သားရဲနတ်ဘုရားကျောင်းတော်မှာ စည်းစိမ်အပြည့်နဲ့ နေတာထက် သူ့ မျိုးနွယ်က နေအိမ်ကို ပြန်နေချင်တယ်ဆိုတာ သေချာလာခဲ့တယ်။   ဝက်ဝံကြီး မျိုးနွယ်  မှာရှိကြတဲ့ သူ့ အိမ်ကိုလည်း လွမ်းဆွတ်မိနေတယ်။


အဲဒါကမှ သူ့အိမ်ပဲလေ။  


သားရဲနတ်ဘုရားကျောင်းတော် မှာ ရက်အတော်ကြာ တည်းခိုပြီးနောက် ကျိုးကျီဟာ နောက်ဆုံးမှာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဟုတ်တာပေါ့...သူ ထွက်သွားချိန်မှာ သူနဲ့အတူ ပစ္စည်းတွေ အများကြီးယူသွားခဲ့တယ်။

အပင်မျိုးစေ့များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အသုံးအဆောင်များ၊ အလုပ်သမားအချို့နှင့် ... သားရဲဘုရင်အုပ်စုနှင့် ဘုန်းတော်ကြီးတစ်စုလည်းပါတယ်။

ကျိုးကျီက သားရဲဘုရင်များကို ခေါ်ဆောင်ရန် တက်ကြွစွာ ရွေးချယ်ခဲ့သော်လည်း ထိုဘုန်းတော်ကြီးတွေက သူတို့သဘောနဲ့ လိုက်ပါရစေလို့ တင်လျှောက်ကာ တောင်းဆိုခဲ့သည်။  

သူတို့အဖွဲ့သည် သားရဲနတ်ဘုရားကျောင်းတော် မှ ဖြည်းညှင်းစွာ ထွက်ခွာပြီး ဝက်ဝံကြီးမျိုးနွယ်ဆီသို့ ထွက်ခွာသွားကြသည်။

ယခု ဘုန်းတော်ကြီးချုပ်ဖြစ်ခဲ့သော ဘုန်းတော်ကြီးအိုကြီးက ကျိုးကျီ ထွက်သွား သည်ကို ကြည့်ရင်း အရမ်း တွန့်ဆုတ်နေသော်လည်း ဘုန်းတော်ကြီးချုပ် အနေဖြင့် သူ့နောက်သို့မလိုက်နိုင်သလို  သူရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်း  ခရီး ရှည်ကြီးအတွက် မသင့်လျော်ပေ။ ကျိုးကျီထွက်သွားသည်ကို သူက မျက်ရည်လည်ရွဲ ဖြင့်သာ ကြည့်နေရသည်။
 
 ကျိုးကျီတို့ အဖွဲ့သည် သားရဲနတ်ဘုရားကျောင်းတော် မှ ဖြည်းညှင်းစွာ ထွက်ခွာ လာကြသည်။ ယခုတစ်ကြိမ်တွင်၊ ကျိုးကျီရဲ့ ပက်လက်ကုလားထိုင် နေရာတွင် အဖိုးတန်ကျောက်များဖြင့် အလှဆင်ထားသော လှပသော နောက်မှီ ထိုင်ခုံ တစ်ခုဖြစ်သည်။  

  ဒီထိုင်ခုံက အရမ်းဇိမ်ခံရာရောက်တယ်လို့ သူ ထင်ခဲ့ပေမဲ့ သူ့အဆင့်တန်းနဲ့ သူ့ ထိုင်ခုံက လိုက်ဖက်ပြီး တကယ်ကို ကြည့်လို့ကောင်းနေတယ်။

တစ်နေ့တာ လမ်းလျှောက်ပြီးတဲ့နောက်မှာ အားလုံးက ညဘက်မှာ ရပ်လိုက်ပြီးချိန် ကျိုးကျီက ရှုန်းယယ်ကို ထုံးစံအတိုင်း ချက်ပြုတ်ဖို့ အစားအစာကို ပြင်ဆင်ခိုင်း တယ်။

"သားရဲနတ်ဘုရားအရှင်... အရှင်က ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး  လုပ်နေတာလဲ"

"ကျေးဇူးကြီးလှသော သားရဲ နတ်ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကသာ ဒီအလုပ်ကို လုပ်သင့်တာပါ"  

"အရှင် သားရဲနတ်ဘုရား  ကျွန်တော်မျိုးတို့ အရှင့်ကို ကောင်းကောင် းလုပ်ကျွေး မပြုစုနိုင်လို့ ခွင့်လွှတ်တော်မူပါ....   ..."

......

သူတို့နောက်ကို လိုက်လာတဲ့ ဘုန်းကြီးတွေအားလုံးက ကျိုးကျီ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေတာကို မြင်တော့ တောင်းပန်ရင်း ငိုချင်း ချမတတ် ဖြစ်နေကြသည်။
 
ကျိုးကျီ : "မင်းတို့ ပါးစပ်မပိတ်ရင် မင်းတို့ အားလုံးထွက်သွားကြတော့..."  

ဒီလူတွေက တချက်လွှတ်အမိန့်ကြောင့် ချက်ချင်း ပါးစပ်ပိတ်သွားသော်လည်း၊ သူတို့သည် ကဲ့ရဲ့သော အကြည့်များဖြင့် ရှုန်းယယ်ကို ကြည့်လိုက်ကြသည်—-ဝက်ဝံကြီးမျိုးနွယ်ရဲ့ မျိုးနွယ်စုအကြီးအကဲသည် သားရဲနတ်ဘုရားပြုလုပ်သော အစာကို အမှန်တကယ်စားနေတာလား...
 
လွန်ခဲ့သည့်ရက်အနည်းငယ်က ရှုန်းယယ်က ကျိုးကျီနှင့် အမြဲအတူစားနေခဲ့သည်။ အခု ဒီလိုမျိုး အခြေအနေတွေ ပေါ်လာတော့ သူက နည်းနည်း သဘောမပေါက်တော့ဘဲ မေးလိုက်သည်။

 "ကျိုးကျီ၊ သူတို့က ငါက မင်းနဲ့ အတူ စားတာကို သိပ်စိတ်မချမ်းသာတဲ့ပုံပဲ... "

"သူတို့အတွက် စိတ်မပူပါနဲ့။ သူတို့ ပိုလို့တောင် စိတ်မချမ်းသာစေမယ့် အရာတွေ ရှိသေးတယ်။"

 ကျိုးကျီက ဝက်ဝံညိုလေးကို ဟင်းထည့်ပေးရင်း အေးဆေးစွာ ပြောလိုက်သည်။

ရှုန်းယယ်နားမလည်သော်လည်း နောက်တစ်နေ့တွင် ထွက်ခွာခါနီးတွင် ကျိုးကျီသည် သူရဲ့တိရစ္ဆာန်ပုံစံသို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူ စီးဖို့ သင့်တော်တဲ့ အရွယ်အစားကိုတောင် ပြောင်းသွားကာ ပြောလိုက်သည်။

 "ငါ ဒီနေ့ မင်းကို ကျောပေါ်တင်ပြီး ခရီးဆက်မယ်"  

ရှုန်းယယ်သည် ကျိုးကျီကို တအံ့တသြကြည့်လိုက်သည်။ ကျိုးကျီ ဘယ်လောက်ပျင်းတယ်ဆိုတာ သူသိပေမယ့် အခု ကျိုးကျီက သူ့ကို သယ်ဖို့ ကမ်းလှမ်းနေ တာလား။

"အပေါ်တက်ခဲ့လေ။" ကျိုးကျီက ပြောခဲ့သည်။

"ဟင့်အင်း....မလိုပါဘူး..." ရှုန်းယယ်က အမြန် ငြင်းလိုက်သည်။ "ငါ မင်းကို ကျောပေါ် တင်ပြီး သွားရရင် ပိုကောင်းတယ်"

ကျိုးကျီက ရှုန်းယယ် စကားမဆုံးခင် ကိုယ်လုံးကို နှာမောင်းဖြင့် ရစ်ပတ်ကာ ကျောပေါ် တင်လိုက်တော့သည်။
  "တစ်နေ့လောက် ငါ့ကိုယ်ပေါ် စီးဖို့ မင်းကို ခက်ခက်ခဲခဲ အခွင့်အရေး ပေးခဲ့တာနော်။ ဒါကို မင်း ကောင်းကောင်း အသုံးချသင့်တယ်!"  

ရှုန်းယယ်က ရင်ထဲထိ ခံစားလိုက်ရတယ်။ ကျိုးကျီသည် အနည်းငယ်ထူးဆန်းနေ သလိုပဲ။ သူက ကျိုးကျီကို ညဘက်ဆို တစ်ခါမှ မစီးဖူးဘူး မဟုတ်လား။ ခဏနေဦး၊ အရင်က သူ့ကိုစီးထားသလိုပဲ...

သူ အခုနည်းနည်းပျော်သွားတယ်-- သူတို့ပတ်ဝန်းကျင်က လူတွေအားလုံးက ကျိုးကျီရဲ့နောက်ကျောပေါ်ကို တက်စီးနေတဲ့ ရှုန်းယယ်ကို မယုံနိုင်လောက်တဲ့ အကြည့်တွေနဲ့ ဝိုင်း စိုက်ကြည့်နေကြတယ်။

အရင်ကတော့ သူသည် သားရဲဘုရင်ဖြစ်ကြောင်း အခြားသူတွေကသိပြီး ကျိုးကျီက တိရစ္ဆာန်ပုံစံပင်မရှိသော ပျော့ညံ့သူဟု ထင်သောအခါ၊ ကျိုးကျီကို ကြည့်တဲ့ အကြည့်တွေနဲ့ သူ့ကို ကြည့်လာပြန်တယ်။

ယခုတော့ ရှုန်းယယ်က ထိုကဲ့သို့သော အနေထားကို   နားမလည်နိုင်တော့သလို  ခံစားလိုက်ရသည်... ဒါပေမယ့် ကျိုးကျီရဲ့ ကျောပေါ်က စီးနင်းရတဲ့ ခံစားချက်က တော်တော့်ကို ကောင်းတယ်။

သူ့စိတ်ထဲမှာ အတွေးတွေ ပေါ်လာချိန်မှာ  ကျိုးကျီက သူ့ကို  တင်ပြီး သူတို့နောက်က လူတွေနဲ့ အဝေးကို ပြေးထွက်လာခဲ့တယ်။

"ကျိုးကျီ !"
ရှုန်းယယ်လန့်ဖျပ်သွားပြီး ကျိုးကျီရဲ့နောက်ကျောရှိ သားမွေးကို ဆုပ်ကိုင်ထားသည်။

ကျိုးကျီက ရုတ်တရက် ပြောခဲ့သည်။

"မင်း ငါ့နောက်ကျောပေါ်ကို စီးနေပြီမို့ မင်းက ငါနဲ့ တစ်သက်လုံး အတူနေရမယ်"

"အင်း...!" ရှုန်းယယ်က ကျေနပ်စွာ ပြောလိုက်သည်။ ကျိုးကျီနဲ့ အမြဲတမ်း အတူနေဖို့ထက် ပိုကောင်းတဲ့အရာ မရှိတော့ဘူး။

ကျိုးကျီသည် အမြဲတမ်း ပျင်းနေတတ်ပေမယ့်  ယခုအချိန်တွင် ရှုန်းယယ်ကို သူ့နောက်ကျောကို တင်ပြီး လမ်းလျှောက်ရတာက အရမ်း ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဒါက သူကြိုက်တဲ့သူ၊ သူချစ်တဲ့သူဖြစ်နေလို့ပဲ မဟုတ်လား။


*********-**************






ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now