Chapter (59) _ ကင်းပုန်းဝပ်ထားခြင်း

6.7K 1.2K 26
                                    

Chapter (59) _ ကင်းပုန်းဝပ်ထားခြင်း


ရှုန်းယယ် က စုံစမ်းရန် ပြန်သွားသောအခါ ကျိုးကျီက စိတ်အေးနေသည်။ ယခုအချိန်မှာ ရှုန်းယယ် ရဲ့ ခွန်အားနဲ့ဆိုရင် ကျားကြီးမျိုးနွယ်၏ တပ်ကြီးနှင့် ထိပ်တိုက်တွေ့လျှင်ပင် ဘာမှ မဖြစ်နိုင်ပေ။ ရှုန်းယယ် မတော်တဆ အန္တရာယ်ကို မကြုံစေဖို့ အနောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့သည်။

ကျိုးကျီ က ဒီလိုတွေးပြီး နျိုအာ နဲ့ သစ်ခေါင်းထဲက လူတွေကို ပြောလိုက်သည်။

"မင်းတို့ သစ်ခေါင်းထဲမှာ ထိုင်ပြီး သားရဲနတ်ဘုရားဆီမှာ ဆုတောင်းပေးထားကြဦး။ ဒါမှ သားရဲနတ်ဘုရားက ငါတို့ကို စောင့်ရှောက်လိမ့်မယ် "

သူတို့ ပုန်းနေတဲ့အချိန်မှာ ရှုန်းယယ် က အရမ်းသတိထားရတယ်။ သူသည် မြေပြင်ပေါ်မှာ သူတို့ ခြေရာများကို တခုမကျန် သေချာရှင်းလင်းသွားခဲ့သည်။ တကယ်လို့ ကျန်ရစ်သူတွေက လျှောက်သွားလို့ ခြေရာတွေ ကျန်ရစ်ခဲ့ရင် ကျားကြီးမျိုးနွယ်က လူတွေ ရိပ်မိသွားနိုင်တယ်။

ဒါကြောင့် လူအားလုံးကို ထိုင်ပြီး ဆုတောင်းခိုင်းလိုက်တာ အကောင်းဆုံပဲ...

နျိုအာနဲ့ အခြားသူများသည် ကျိုးကျီ စကားကိုကြားသောအခါ အနည်းငယ် ရှက်ရွံ့ကြသော်လည်း နာခံမှုရှိစွာဖြင့် ထိုင်ကာ ဆုတောင်းနေကြသည်။

ကျိုးကျီက သားရဲနတ်ဘုရား ချစ်မြတ်နိုးသော ပုဂ္ဂိုလ်ဖြစ်သည်။ သူပြောတာက မမှားနိုင်ပေ။

သားရဲနတ်ဘုရား... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စောင့်ရှောက်တော်မူပါ...

ဒီလူတွေ မလှုပ်မရှားနဲ့ ဆုတောင်းနေတာကို မြင်ပြီးတော့မှ ဒီလူတွေရဲ့ အနံ့တွေကို ဖုံးလွှမ်းစေဖို့ ပတ်ဝန်းကျင်က ပန်းနဲ့ အပင်တချို့က ရနံ့တွေကို စိတ်စွမ်းအားနဲ့ ဖုံးလွှမ်းလိုက်သည်။

ဤနည်းအားဖြင့် သူတို့က ဒီနေရာမှာ လုံခြုံသွားကြပြီး ရှုန်းယယ် ဘက်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုတော့ သူတို့ မသိနိုင်ကြပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now