Chapter (62) _ မုယောစပါး ယာဂု

6.3K 1.1K 16
                                    

Chapter (62) _ မုယောစပါး ယာဂု


ရှောင်ရှီးမျိုးနွယ်စုမှ လူများသည် ဝက်ဝံကြီးမျိုးနွယ်စုမှ လူတွေက ဒိုင်နိုဆောများကို မွေးမြူထားခြင်းကြောင့် တုန်လှုပ်သွားကြသည်။

အချို့ဒိုင်နိုဆောငယ်များသည်ပင် ကြောက်မက်ဖွယ်မဟုတ်သော်လည်း ဦးချိုချွန်ရှိသည့် ဒိုင်နိုဆောများသည် ကိုယ်ထည် ကြီးမားပြီး ကြောက်စရာကောင်းသည်။ ဦးချိုချွန်ဒိုင်နိုဆော တစ်ကောင်တည်းနှင့် ရှောင်ရှီးမျိုးနွယ်စုက လူအားလုံး သတ်ဖို့ အရမ်း အစွမ်းထက်နေပါပြီ။

ဒီလိုဒိုင်နိုဆောတစ်ကောင်ကို ဘယ်လိုမွေးမြူနိုင်မလဲ။

ကျိုးကျီ - "ဟုတ်တယ်၊ မင်းသူတို့ကို ကျွေးမွေးထားပြီး ဒီကောင်တွေကို အသားတွေကြီးလာတာနဲ့ တစ်ခါတည်းသတ်ပစ်ပြီး အသားရနိုငတယ်လေ။ "

ရှောင်ရှီး မျိုးနွယ်စုမှလူများသည် ကျိုးကျီ ပြောပြသ်ကို အံ့သြစွာကြည့်ကြသည်။ ဒီအတိုင်းဖြစ်နိုင်တယ်ပေါ့။ အဲ့ဒါက အရမ်းအံ့သြစရာကောင်းတယ်။ အရင်က သူူတို့ ဒီလိုလုပ်ဖို့ မစဉ်းစားဖူးဘူး။

ဒိုင်နိုဆောတွေကို ထိန်းသိမ်းမွေးမြူထားနိုင်ရင် သူတို့ဆာလောင်မွတ်သိပ်မှုကို ကြုံရတော့မှာ မဟုတ်ဘူး၊ ဗိုက်ဆာရင် မွေးထားတဲ့ ဒိုင်နိုဆောတွေကို သတ်စားနိုင်တယ်။ ဒီနည်းနဲ့ဆိုရင် သူတို့လူတွေက ပိုများလာမယ်။ မျိုးနွယ်စုတွေ ပိုများလာမယ် လွယ်လွယ်နဲ့ အသက်တွေ သေတော့မှာ မဟုတ်သလို ကျားကြီးမျိုးနွယ်စုကို ရှုံးမှာမဟုတ်ဘူး...... ကျားကြီးမျိုးနွယ်စုကို ပြန်ပြီးလက်တုန့်ပြန်ဖို့ ပေါင်ချိန်က အရမ်းကို ဆန္ဒရှိနေတယ်။

ပေါင်ချိန်က ဒီလိုတွေးမိပြီး မရပ်မနားဘဲ ရှုန်းယယ် ကိုမေးတော့တယ်။

" ရှုန်းယယ် ...ဒီလူတွေက ဘယ်သူတွေလဲ"

အရင်တစ်ခေါက်က ဆားအသင်းပြန်လာတဲ့အခါတုန်းက လူအင်အားနည်းခဲ့ပေမယ့် အခုတစ်ခါတော့ လူအင်အားပိုများနေတယ်။ သူတို့ လူဘယ်နှစ်ယောက် ထပ်ရှာတွေ့ခဲ့တာလဲ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now