Chapter (69) - လင်းနို့

5.8K 1.1K 14
                                    

Chapter (69) – လင်းနို့


ရှုန်းယယ် သည် အသားစားရန် စိတ်အားထက်သန်နေသော်လည်း တစ်ခုခုမှားနေပြီဆိုတာကို သူသိလိုက်သည်။  ဒိုင်နိုဆောတွေ အများကြီးရှိနေတယ်။ ဘာလို့ အားလုံး အတူတူ ပြေးနေကြတာလဲ ။ တစ်ခုခုနောက်ကနေ လိုက်နေတာလား။

ဒီအခြေအနေမှာ တစ်ခုခုတော့ မှားနေပြီလား။

ရှုန်းယယ် သည် အမြန်ပြေး နိုင်သော အပြေးသမားအများအပြားကို မျိုးနွယ်စုထံပြန်ပြီး သတင်းပို့ရန် အမိန့်ပေး လိုက်သည်။ သူသည် အနီးနားရှိ အတုတ်ဆုံးသစ်ပင်ကို ရှာဖွေကာ အခြေအနေကို စောင့်ကြည့်ရန် အပေါ်သို့ တက်ခဲ့သည်။  သူ အနီးကပ်ကြည့်လိုက်သောအခါ၊ ရှုန်းယယ် သည် အထူးကြီးမားသော ဒိုင်နိုဆောနှစ်ကောင်ကို သတိပြုမိသည်။

ရှုန်းယယ် သည် ထိုကဲ့သို့သောဒိုင်နိုဆောကြီးများကို တစ်ခါမျှ မတွေ့ဖူးသောကြောင့် သူတို့ကို ခွဲခြား၍မရသော်လည်း သေချာသည်မှာ  ထိုဒိုင်နိုဆောများကို ကိုင်တွယ်ရလွယ်ကူမည်မဟုတ်ပေ။ ဒါပေါ့..... သူတို့မှာ အသားတွေ အများကြီးရှိတယ်။

အရင်က မျိုးနွယ်စုတဝိုက်မှာ ပိုကြီးတဲ့ ဧရာမသားရဲကြီးတစ်ကောင်ကို ဖျက်ဆီးနေတာကို သူမြင်ဖူးပေမယ့် ရှုန်းယယ် က ဒီလိုဒိုင်နိုဆောကြီးကို တွေ့လိုက်ရင်တောင် မကြောက်ခဲ့ဘူး။ အဲဒီအစား၊ သူတို့နဲ့ ဘယ်လို ကိုင်တွယ် ရမလဲဆိုတာ စဉ်းစားခဲ့တယ်။

အရင်တုန်းက အသုံးမဝင်တဲ့ ထောင်ချောက်တွေက အခု အဆင်ပြေလာလိမ့်မယ်။ ထို့အပြင်... ကျိုးကျီ က သူ့အတွက် ပြင်ဆင်ထားသည့် အဆိပ်ကိုလည်း အသုံးပြုနိုင်သည်။
 

ရှုန်းယယ် က သူ့အဖွဲ့ကို ချက်ချင်း အမိန့်ပေးပြီး တခြားအရာတွေနဲ့အတူ အဆိပ်ကို ပြင်ဆင်ခိုင်းလိုက်တယ်။

ထိုအချိန်တွင် လင်းနို့အကောင်ကြီးဖြစ်သည့် ကျားကြီးမျိုးနွယ်မှ ဖုရှောင် သည် ဝက်ဝံကြီးမျိုးနွယ်ဆီသို့ ပျံသန်းလာစဉ် သူ၏ပါးစပ်အတွင်းမှ အရွက်အချို့ကို သယ်ဆောင်လာခဲ့သည်။

အစတွင်၊ ဤဆေးရွက်များကို ဒိုင်နိုဆောများရှေ့တွင် ပြေးနေသော ကျွန်အချို့က သယ်ဆောင်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့နောက်မှလိုက်လာသော ဒိုင်နိုဆောများ၏ နင်းချေခြင်းခံရပြီး ဒိုင်နိုဆော အစာဖြစ်လာသောကြောင့် ဖုရှောင် သည် ဒိုင်နိုဆောများရှေ့ဆက်လိုက်လာစေရန်ထိုအရွက်များကို နူတ်သီးဖြင့် ချီယူခဲ့သည်။

ဖုရှောင် ၏ တိရစ္ဆာန်ပုံစံသည် အလွန်သေးငယ်ပြီး တိုက်ခိုက်ရေးစွမ်းအား အလွန်နည်းပါးသော်လည်း ပျံသန်းနိုင်သောကြောင့် ကျားကြီးမျိုးနွယ်အတွင်း အထူးတန်ဖိုးထားခံရသည်။ ပြီးမြောက်အောင်မြင်ရန် တာဝန် များစွာကို ပေးအပ်ခဲ့သည်။  

သားရဲ အများစုသည် မပျံသန်းနိုင်ခဲ့ကြပေ။ အကယ်၍ သူသည် ဤတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါက အန္တရာယ်နှင့်ကြုံတွေ့ရလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်မည်ဖြစ်သည်။

ဖုရှောင် ၏ ပျံသန်းမှုအမြန်နှုန်းသည် အစတွင် ရှေ့မှပြေးနေသော ကျွန်များကဲ့သို့ မမြန်သော်လည်း လူအုပ်ကြီး၏နောက်ဘက်ရှိ ဒိုင်နိုဆောကြီးများသည် အချိန်အတော်ကြာ ပြေးပြီးနောက် နှေးကွေးသွားခဲ့သည်။ တစ်အုပ်စုလုံး အရှိန်လျော့သွားကာ ရှေ့မှထွက်ပြေးလာသော ဒိုင်နိုဆောငယ်များက နေရာအနှံ့ကို ပျံနှံ့လာသည်။ သံချပ်ကာ အမျိုးအစား ဒိုင်နိုဆောအချို့သည် ဤနေရာတွင် အစာအမြောက်အမြားရရှိနိုင်ကြောင်း တွေ့ရှိခဲ့ပြီး ကျက်စားရန် နေရာများကို တိုက်ရိုက်ရှာဖွေခဲ့သည်။
 

ရှုန်းယယ် သည် သစ်ပင်ပေါ်တက်၍ ယန်ယင်း ကဲ့သို့ ကြီးမားသော တိရစ္ဆာန်ပုံစံဖြင့် မြက်ခင်းပြင်ပေါ်တွင် ကျက်စားနေသည့် ငှက်ခြေ ထောက်ဒိုင်နိုဆောတစ်ကောင်ကို ကြည့်နေသည်။ ပြီးတော့... အမြင့် နှစ်မီတာခန့်ရှိတဲ့ ဧရာမ ငှက်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး အဲဒီဘက်ကို ထိုးစိုက်ဆင်းလာတာကို တွေ့လိုက်ရသည်။
 
မြက်ခင်းပေါ်က သိုးကဲ့သို့အကောင်က ထိုဌက်ကြီးကြောင့် ထုတ်ချင်းပေါက်သွားပြီး ရုန်းကန်နေပေမယ့် နောက်ဆုံး ဌက်ကြီးစားတာ ခံလိုက်ရသည်။
 
ရှုန်းယယ် က ဒီငှက်ကြီးကို မှတ်မိတယ်။

သူ အရင်က လိုက်ဖမ်းဖူးတဲ့ ဌက်ကုလားအုတ်သားက စားလို့ကောင်းပေမယ့် အရမ်း ရန်မလိုပေ။ အခု ဌက်ကြီးကတော့  ဌက်ကုလားအုပ်နှင့်   ကွဲပြားသည်–  ဒါကြီးက ကြောက်မက်ဖွယ်ငှက်ဟုခေါ်ပြီး အသားစားသည်။

ဟုတ်ပါတယ်၊ ရှုန်းယယ်  စိတ်ထဲမှာ ပထမဆုံးရောက်လာတာက ဒီအချက်မဟုတ်ပါဘူး။ ယင်းအစား၊ ကျိုးကျီသည် ငှက်အသားစားခြင်းကို နှစ်သက်ပုံရသည်ဟု တွေးနေသည်။  

ရှုန်းယယ် သည် ဤငှက်ကို ချက်ချင်းသွားဖမ်းချင်သည်။ သို့သော် ထိုအချိန်တွင် သူသည် သားကောင်၏ရနံ့ကို ရုတ်တရက် ရှူရှိုက်မိလိုက်သည်။

 ဒီဒိုင်နိုဆောအုပ်စုရဲ့ နောက်ကွယ်မှာ ပိုလို့တောင် အစွမ်းထက်တဲ့ သားကောင်တွေ ရှိနေခဲ့တယ်။

လည်ပင်းရှည်ပြီး ခေါင်းသေးသေးလေးရှိတဲ့ ဒိုင်နိုဆောကြီးနှစ်ကောင်က အသား မစားတာကို တစ်ချက်ကြည့်လိုက်တော့ ရှုန်းယယ် က သူတို့ကို မကြောက်ခဲ့ပါဘူး။ သို့ရာတွင်၊ သူတို့ကြားတွင် အစွမ်းထက် အသားစား ဒိုင်နိုဆောများ ရှိလျှင်...  

ရှုန်းယယ် သည် မျက်မှောင်ကြုတ်ကာ ဆက်လက်စောင့်ကြည့်နေ၏။ ထိုအချိန်တွင် အခြားသစ်ပင်ပေါ်သို့တက်ခဲ့သော  ပေါင်ယွီက ရုတ်တရက် ပြောခဲ့သည်။

"ဒီလင်းနို့ကို ကြည့်လိုက်ပါဦး။ သူက ကျားကြီးမျိုးနွယ်ထဲက ကောင်ပဲ ။"

ပေါင်ယွိ ၏အော်သံကြောင့် ရှုန်းယယ် သည် ထိုဒိုင်နိုဆောများရှေ့တွင် အလွန်သေးငယ်သော လင်းနို့တစ်ကောင်ရှိနေသည်ကို သတိပြုမိသည်။ ထိုလင်းနို့သည် ရှောင်ရှီး မျိုးနွယ်စု၏ နယ်မြေထဲက ကျားကြီးမျိုးနွယ်စုကို တိုက်ခိုက်ခဲ့စဉ်က သူကြုံတွေ့ခဲ့ဖူးသော လင်းနို့ဖြစ်သည်။  

ထိုအချိန်တွင် ကျားကြီးမျိုးနွယ်ထဲက လူတွေ ၏တိရစ္ဆာန်ပုံစံအများစုသည် အလွန်အစွမ်းထက်သည်။ တစ်ဆက်တည်းမှာပင်၊ သူတို့၏ တိရစ္ဆာန်ပုံစံများသည် အလွန်ကြီးမားပြီးသူ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ သူ့ လက်ထဲက လွတ်မသွားနိုင်ပေမယ့် ဒီလင်းနို့သည် တစ်ခုတည်းသော ခြွင်းချက်ဖြစ်သည်။

ဒီဒိုင်နိုဆောတွေအားလုံးကို အဲဒီလင်းနို့က ခေါ်ဆောင် လာခဲ့တာလား။

ရှုန်းယယ် သည် တစ်စုံတစ်ခု ပျက်သွားသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

အရင်တုန်းကတော့ အဲဒီဒိုင်နိုဆောတွေကို ထောင်ချောက်ထဲ ဆွဲဆောင်ဖို့ ဒါမှမဟုတ် သူတို့ကို အဆိပ်ခတ်ဖို့ ကြံစည်ခဲ့ဖူးပေမယ့် တကယ်တမ်းကျတော့ တခြားတစ်ယောက်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရရင်...။

သူတို့သည် ဒိုင်နိုဆောများကို ထောင်ချောက်ထဲသို့ ဆွဲဆောင်နိုင်မည့် နည်းလမ်းမရှိခဲ့ပေ။

"ဒီလင်းနို့ကို ငါတို့ သတ်ရမယ်!" ရှုန်းယယ် သည် ဤဆုံးဖြတ်ချက်မချမီ နှစ်ကြိမ်မစဉ်းစားခဲ့ပေ။

ရှုန်းယယ် အနီးတစ်ဝိုက်တွင် ရှောင်ရှီး မျိုးနွယ်စုမှ လူများစွာရှိ၍ သူတို့၏ မျက်လုံးများသည် မုန်းတီးမှုဖြင့် ပူလောင်နေခဲ့သည်။

ရှောင်ရှီး မျိုးနွယ်၏ ပျက်စီးခြင်းသည် ဤလင်းနို့နှင့် များစွာသက်ဆိုင်ပါသည်။  သူတို့ မျိုးနွယ်စုအတွင်း အခြေအနေကို စုံစမ်းပြီး ဟူထျောင် က သူ့လူတွေကို ဦးဆောင်ပြီး သူတို့အားလုံးကို တစ်ရှိန်ထိုး ဆွဲချနိုင်စေခဲ့တဲ့ ဒီလင်းနို့ပဲပေါ့။

 သူတို့အားလုံး မပျံသန်းနိုင်ကြ။ ဒါကြောင့် ဒီလင်းနို့ကို ဖမ်းရတာ ခက်လိမ့်မယ်...

လူတိုင်းက  အဖြေရှာဖို့ ကြိုးစားနေတုန်းမှာ ဝက်ဝံကြီးမျိုးနွယ်စု က လူတစ်စု ရောက်လာတယ်။

 "ဒိုင်နိုဆောတွေ လာနေပြီလား။ ဒိုင်နိုဆောတွေ ဘယ်မှာလဲ"

သူတို့ အပြန်လမ်းမှာ ရှိနေတုန်း ခြေမြန်တော် ရောက်လာပြီး   အဲဒီဒေသမှာ အလုပ်လုပ်နေတဲ့ ဝက်ဝံကြီး မျိုးနွယ်ထဲက လူတွေနဲ့ တွေ့ကာ ခေါ်ခဲ့သည်။  သူတို့က ဒိုင်နိုဆောတွေအကြောင်း ပြောပြပြီး ဝက်ဝံကြီးမျိုးနွယ်ထဲက လူအားလုံးပြေးလာကြသည်။
 

လူတိုင်းက အသားလိုချင်တယ်။

"ငှက်ဖမ်းနိုင်တဲ့သူရှိလား" ရှုန်းယယ် က မေးတယ်။

 

"ရှိတယ်!" တစ်စုံတစ်ယောက် တက်လာသည်။ ရှုန်းယယ် တစ်ချက်ကြည့်လိုက်တော့ ဒါဟာ မောဝ်ကျင်း ပဲဆိုတာ သိလိုက်ရတယ်။

မောဝ်ကျင်း က "ငှက်တွေဖမ်းလို့ရတယ်!" ဟု ဆိုသည်။

မောဝ်ကျင်း၏ တိရစ္ဆာန်ပုံစံမှာ ကြောင်ဖြစ်သည်။ ကြောင်သည် အလွန်သေးငယ်သော်လည်း၊ သူမသည် သစ်ပင်တက်ခြင်းတွင် ကျွမ်းကျင်ပြီး အစာရှာရန် အပြင်ထွက်သောအခါတွင် ငှက်များကို ဖမ်းမိခဲ့သည်။

ရှုန်းယယ် က အဝေးကို လက်ညှိုးထိုးပြပြီး ပြောခဲ့သည်။

"မောဝ်ကျင်း...မင်း  ဒီလင်းနို့ကို မင်းမြင်လား။ ခဏအကြာ သစ်ပင်ပေါ်တက်ပြီး ပုန်းအောင်းပြီး ဖမ်းဖို့နည်းလမ်းကို စဉ်းစား!"

"လင်းနို့လား?" မောဝ်ကျင်းက အနည်းငယ် စိတ်ရှုပ်သွားသည်။

ရှုန်းယယ်: "ငှက်ငယ်လေးနဲ့တူတဲ့ အတောင်ပံပါတဲ့ အရာလေးလေ..."  

"ကောင်းပြီ!" မောဝ်ကျင်း က သဘောတူသည်။

ရှုန်းယယ် သည် လင်းနို့ကြီးသည် ဝက်ဝံမျိုးနွယ်၏ ဦးတည်ရာသို့ ပျံသန်းနေသည်ကို သတိထားမိပြီးဖြစ်သည်။

သူ့မှာ မောဝ်ကျင်းကို သစ်ပင်မှာ ပုန်းအောင်းထားစေပြီး တိရစ္ဆာန်ပုံစံက အတော်လေး လက်သွက်ပြီး တက်ပုန်းဖို့ ငှက်တွေကို ဖမ်းနိုင်တဲ့ မျိုးနွယ်စုထဲက လူတချို့ကို ပြောပြတယ်။

အဲဒီအချိန်မှာ လင်းနို့က ပျံကာ လာနေပြီ။ နောက်ကွယ်တွင် ဒိုင်နိုဆောများစွာ ပါလာသဖြင့် သူတို့အားလုံး   တုန်လှုပ်သွားခဲ့သည်။

ရှုန်းယယ် သည် သူ၏ တိရစ္ဆာန်ပုံစံသို့ ပြောင်းလဲကာ အခြားသူကို ဖမ်းရန် ကြိုးစားသည်။ ရှုန်းယယ် နဲ့ အတူရှိတဲ့လူတွေ အားလုံး မြေပြင်ကနေ ခုန်တက်လာပြီး လင်းနို့ကို ဖမ်းချင်သလို ပြုမူကြတယ်။ ဒီမြင်ကွင်းကို လင်းနို့ကမြင်တော့ ဘေးဘက်ကို ရှောင်ဖို့ကြိုးစားတယ်။

အဲ့ဒီအချိန်မှာပဲ ကြောင်တစ်ကောင်က သူ့ဘေးက သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး လင်းနို့ကို ကိုက်လိုက်တယ်။

ရှုန်းယယ်  ဝမ်းသာသွားသည်။ ချက်ခြင်းပင်၊ လင်းနို့သည် ရုတ်တရက် လူအဖြစ်သို့ ပြန်လှည့်လာပြီး လေထုထဲမှ ပြုတ်ကျသွားသည်ကို သူ စောင့်ကြည့်ခဲ့သည်။ မူလက သူ့ကို ကိုက်လိုက်သည့် မောဝ်ကျင်းလည်း   သူနှင့်အတူ လဲကျသွားသည်... မောဝ်ကျင်းသည်  မြေပြင်ပေါ် ညင်သာစွာ ကြောင်ကျကျ ခဲ့သော်လည်း ထိုလူက မတတ်နိုင်ပေ။ မြေကြီးထဲ ပြုတ်ကျတဲ့ အချိန်မှာပဲ သူ သေနေပြီ။

သူ့ဗိုက်ကို မောဝ်ကျင်းက ပေါက်အောင် ကိုက်ပစ်ခဲ့သည်။
 

မောဝ်ကျင်းက တွေဝေ ငေးမောနေသည်။  သူမသည် လင်းနို့ကို တစ်ခါမှ မမြင်ဖူးသေးဘဲ သူမ ကိုက်လိုက်သော တိရစ္ဆာန်သည် အမှန်တကယ် လှုပ်ရှားသွားသောအခါတွင် လူဖြစ်သည်ကို မသိခဲ့...

ကျန်အဖွဲ့သားတွေနဲ့ သူတို့ ထားတဲ့ ရေကန်ထဲကို အလောင်းကို ကောက်ယူဖို့ ရောက်လာပြီး အထူးငြိမ်သက်နေတဲ့ တစ်ဦးတည်းသော သူက ရှုန်းယယ်  ပဲ ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ပြီးနောက်တွင် ထူးဆန်းသောအနံ့ကို သတိပြုမိပြီး မြေပြင်ပေါ်တွင် မြက်ပင်တစ်ပင်ကို တွေ့ရှိခဲ့သည်။ ကောက်ယူပြီး ရေကန်ထဲသို့ ပစ်ချခဲ့သည်။

ဒိုင်နိုဆောများသည် အနည်းငယ်ကွေ့၍ ရေကန်ဆီသို့ ပြေးကြသည်။ သေးငယ်သောဒိုင်နိုဆောအချို့သည် သူတို့ရှေ့တွင် တွင်းကြီးတစ်ခုကိုမြင်ပြီး လမ်းကြောင်းပြောင်းကာ ပြန့်ကျဲနေသော်လည်း ကာချရိုဒိုဆောရပ် ဒိုင်နိုဆောထဲက တစ်ကောင်သည် ရေကန်ထဲသို့ ဦးစွာပြုတ်ကျသွားသည်...  

အဲဒီနောက် ချက်ခြင်းပဲ နောက်ထပ် ဒိုင်နိုဆောတစ်ကောင် ရောက်လာတယ်။


********-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now