Chapter (90) -အလယ်လတ်အဆင့်သားရဲစစ်သည်

6.3K 1K 23
                                    

Chapter (90) -အလယ်လတ်အဆင့်သားရဲစစ်သည်

မုယောစပါးကို အခွံခွာပြီး အမှုန့်ဖြစ်အောင် ကြိတ်ရတာ လွယ်ကူတဲ့ အလုပ်တစ်ခု တော့ မဟုတ်ဘူး။ ကျိုးကျီ က ရှုန်းပိုင် က အမှုန့်လုပ်နိုင်မယ်လို့ လုံးဝ မထင်ထား ပေ။ မုယောဆန်အမှုန့်လုပ်ရင်တောင် ဆီကြော်ပန်ကိတ်လုပ်ဖို့အတွက် ဆီကို သူမ လိုသေးတယ်လေ။

သူတစ်ယောက်တည်းသာ ဒီဝက်ဝံကြီးမျိုးနွယ်စုတစ်ခုလုံးတွင် ဟင်းချက်စရာ ပါဝင်ပစ္စည်းများနှင့် အိုးခွက်ပစ္စည်းများ အစုံအလင်ရှိဆုံးသူဖြစ်သည်။

ကျိုးကျီချက်ပြုတ်ပေးခဲ့သည့် ဟင်းလျာများ အားလုံးကို စားသုံးနိုင်ဖို့ လုပ်အားပေးအဖွဲ့က အချိန်အတော်ကြာ အလုပ်လုပ်ပေးခဲ့ရသည်။ ထို့နောက် လူတိုင်းသည် ကျိုးကျီ နှင့် ရှုန်းယယ် တို့ မီးဖိုချောင်သို့သွားပြီး ဟော့ပေါ့စားရန် မီးဖိုနှစ်လုံးကို ဝိုင်းဖွဲ့လိုက်ကြသည်။

သူတို့ အားလုံးဆာလောင်ကာ စားချင်စိတ် ပြင်းပြနြေ့ပြီး ရှုန်းယယ် နဲ့ ကျိုးကျီ ရဲ့ အစားအစာတွေ အကုန်စားပစ်ရင် မကောင်းပါဘူးလို့ တွေးလိုက်မိသည်၊ ဒါကြောင့် နောက်ဆုံးတော့ ရှုန်းချီ၊ ရှုန်းပိုင်၊ ကျူးကျန်း နဲ့ တခြားသူတွေက သူတို့ကိုယ်ပိုင် အသားတွေကို ယူလာပြီး ဟော့ပေါ့ထဲ နှစ်ကာ ချက်ပြုတ် စားပါတော့သည်။

အားလုံးက အရမ်းပျော်နေကြပေမယ့် ကျိုးကျီ ကတော့ ထိုဟင်းလျာတွေကို စားဖို့ သိပ်စိတ်မဝင်စားပါဘူး။ သူသည် ထမင်းစားခန်းရှိ ကုလားထိုင်တစ်လုံးတွင် အိပ်ငိုက်နေပြီး ပြတင်းပေါက်လုပ်နည်းကို တွေးနေမိသည်။

အရင်က နံရံကို စလုပ်တုန်းက သစ်သားဘောင်နဲ့ လုပ်ထားပြီး နံရံမှာ အပေါက်တစ်ပေါက်ကျန်ခဲ့ပေမယ့် အခု ပြတင်းပေါက်ကို သစ်သားပျဉ်တွေနဲ့ ယာယီ ဖုံးထားပါတယ်။ နောက်ပိုင်းမှာတော့ ကျိုးကျီ က အလင်းရောင်ကို ဖြတ်သန်းနိုင်စေမယ့် အရာတစ်ခုနဲ့ ဖြည့်ချင်ခဲ့တယ်။ သို့သော် သူက အပြန်ပြန်အလှန်လှန် တွေးတောနေခဲ့ပေမယ့် မှနချပ်လိုသုံးရမယ့် သင့်လျော်သော အရာကို မတွေ့နိုင်သေးပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now