Chapter (43-2)_ကျိုးကျီ၏ဖခင် ရောက်ရှိလာခြင်း

7.8K 1.5K 22
                                    


Chapter (43-2)_ကျိုးကျီ၏ဖခင် ရောက်ရှိလာခြင်း



ထိုအချိန်တွင် ဝက်ဝံမျိုးနွယ်ကြီးအတွင်း၌ ရှုန်းယယ် သည် သူ့ဂူထဲမှာ အလွန်ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။  လွန်ခဲ့သောညအနည်းငယ်က ရှုန်းယယ် သည် ဖြေလျှော့ရန် ကျိုးကျီက သူ့ကို ညတိုင်း ကူညီပေးခဲ့သည်။ သို့သော်မနက်ဖြန် မနက်စောစော အမဲလိုက်ထွက်ရန် လိုအပ်သည်ကို သတိရသောကြောင့် ဒီနေ့စောစော အိပ်ရာဝင်ခဲ့သည်။



သူ အိပ်ပျော်သွားသောအခါ ကျိုးကျီသည် ရှုန်းယယ် သယ်လာပေးခဲ့သည့် သစ်လုံးများဖြင့် ပရိဘောဂများကို စတင်ပြုလုပ်ခဲ့သည်။ ဤသစ်သား၏အရည်အသွေးသည် အလွန်ကောင်းမွန်သည်။ ထိုသစ်သားက အလွန်နှစ်သက်ဖွယ်ကောင်းသော ရနံ့ရှိပြီး လူသားများအား အဆိပ်အတောက်မဖြစ်စေပါ။ တစ်ခုတည်းသော အားနည်းချက်မှာ သစ်သားကို ထွင်းထုလုပ်ရန် အလွန်ခဲယဉ်းသည်။



သို့သော် ရှုန်းယယ် သည်နောက်ဆုံးအကြိမ် သစ်သားကိုထွင်းခဲ့စဉ်က ကျိုးကျီက စွမ်းအင်များကို သူ့ထံပို့လွှတ်ကာ ကူညီပေးခဲ့သည်ကို ရှုန်းယယ်က မသိခဲ့ပေ။ မကြာသေးမီက ကျိုးကျီက အိုးအချို့နှင့်အခြားအရာများ ပြုလုပ်ရန်သစ်သားကို သုံးခဲ့သည်။ ရှုန်းယယ် သည် အထူးအထွေမှတ်သားခဲ့ပုံ မရချေ၊ ကျိုးကျီက သူ၏အချိန်အများစုတွင် ဂူထဲမှာပဲ နေခဲ့သည်၊ ထို့ကြောင့်ပန်းကန်အနည်းငယ်လုပ်ခြင်းသည် အထူးအဆန်းတော့ မဟုတ်ပေ။  



ကျိုးကျီက ရှုန်းယယ် အိပ်နေသည်ကို တချက်ကြည့်လိုက်သည်။ ရှုန်းယယ်က တုတ်တုတ်မှု မလှုပ်သဖြင့် သူ့လုပ်လက်စကို ဆက်လက်လုပ်ခဲ့သည်။  ယခုအချိန်တွင် သူတို့၏ဂူ၌ အိမ်သုံးပစ္စည်းများစွာ တင်ထားပြီး သစ်ပင် ပင်စည်ဖြင့် ရိုးရှင်းစွာ ပြုလုပ်ထားသော စားပွဲတစ်လုံးနှင့်ရိုးရိုး ကုလားထိုင် တစ်လုံးရှိနေသည်။



ကျိုးကျီက သူတို့နေထို်င်သည့် ဂူကို ထပ်မံတူးဖော်ရန်လည်းကြံစည်ခဲ့ပြီးနောက် ဂူအတွင်းမှ အပြင်သို့ တံခါးတစ်ချပ်နှင့် ပိတ်ထား နိုင်အောင် စီမံခဲ့သည်။ ပြီးတော့ ချက်ပြုတ်တာကို အပြင်ထွက် လုပ်နိုင်ရန်  စဉ်းစားကာ  သူသည် ဂူအတွင်းမှာ မီးခိုး မမွှန်စေဖို့ မီးခိုးခေါင်းတိုင်တစ်ခုကိုဖောက်ထုတ်ထားချင်သည်။



သူ အရင်တုန်းကနေထိုင်ခဲ့ဖူးတဲ့ လောကမှာ လူအချို့ဟာ မြေအောက်လိုဏ်ဂူတွေမှာ တကယ်နေခဲ့ဖူးတယ်။ မြေအောက်လိုဏ်ဂူများ တည်ရှိနိုင်သဖြင့် ကျောက်ဂူများသည်လည်း လူနေထိုင်ရန်ဖြစ်နိုင်သည်။



ယနေ့ ကျိုးကျီ လုပ်သောအရာသည် မီးခိုးခေါင်းတိုင် ဖြစ်သည်။ သူက ထိုအရာကို ပေါင်းစပ်ကာ လုပ်နေစဉ်   ဦး တည်ချက်တစ်နေရာမှ ထွက်လာသည့် စွမ်းအင်ပေါက်ကွဲသံကို ရုတ်တရက်ခံစားလိုက်ရသည်။ ကျိုးကျီက ထိုတည်နေရာကို တချက်ကြည့်လိုက်ပြီး   သူ့နှလုံးသားထဲကနေ ထိတ်လန့်တုန်လှုပ်သွားသည်။



သူ ဒီလောကထဲကို ၀ င်ရောက်လာပြီးတဲ့နောက်မှာ ဝက်ဝံကြီးမျိုးနွယ်စု၏ ပတ်ဝန်းကျင်က   ဒိုင်နိုဆောတွေကိုသာ ထိတွေ့ခွင့်ရခဲ့တယ်။ ထိုအချိန်က ဒီနေရာရှိ လူများသည် ကမ္ဘာပျက်ချိန်၌ သူ ကျင်လည်ခဲ့သောပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းသည်ဟု သူ ခံစားခဲ့ရသည်။


ယခုတော့....


ကျိုးကျီသည်စွမ်းအင်ထွက်လာသော လမ်းကြောင်းကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ကြည်လာသည်။  



ထိုသူသည် ဘယ်သူဖြစ်သည်ကို မသိသော်လည်း ထိုသူက  အလွန်သန်မာသည်ကို သူ သိသည်။ ဒီကမ္ဘာကြီးက သူ ထင်တာထက်ပိုအန္တရာယ်ကြီးနေတယ်။



အရင်ကတော့ ရှုန်းယယ် ရဲ့အင်အား တဖြည်းဖြည်းတိုးတက်လာတာကို သူ လုံး ဝစိတ်မပူခဲ့ပါဘူး။ နောက်ဆုံးတော့ ရှုန်းယယ်၏ ပတ် ၀ န်းကျင်မှာ ဒိုင်နိုဆောတွေ အများကြီးရှိနေပေမယ့်လည်း ရှုန်းယယ် က ဒိုင်နိုဆောတွေကို ရန်စဖို့မကြိုးစားခဲ့ရင် ထွက်ပြေးဖို့ နိုင်သေးသည်။
 


ဒါပေမယ့် အခုတော့ ... သူက ရှုန်းယယ် ရဲ့အစွမ်းသတ္တိကို အမြန်ဆုံးမြှင့်တင်ပေးဖို့ ကူညီပေးခဲ့ရတော့မည်။ ထိုအချက်ကို စိတ်ထဲတွင် တွေးလိုက်ပြီး ကျိုးကျီက နောက်ထပ် ထပ်ပေါ်လာသည့် စွမ်းအင်ပေါက်ကွဲမှု ဖြစ်သည့်ဘက်ကို လှမ်းကြည့်လိုက်သည်။
ခဏနေဦး... အဲဒီလမ်းကြောင်းက သူ အသီးကို ခူးခဲ့သည့် နေရာဘက်က ထွက်လာတဲ့ အသံဖြစ်နိုင်မလား။



ကျိုးကျီ၏မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ သေစမ်း...အဲ့ဒါ တကယ်ဖြစ်တာလား။ သူ ခူးခဲ့တဲ့ အသီးက တကယ်ကြီး ပိုင်ရှင် ရှိနေခဲ့တာလား။
 


လောကနှစ်ခုကို ကြုံတွေ့ ဖြတ်သန်းခဲ့ပြီးနောက် သူက ထိုအသီးကို မတော်တဆ စားခဲ့မိသည်ကို အပြစ်ရှိကြောင်း မခံစားရပေ၊ ဒါပေမယ့် ပိုင်ရှင်ရှိသည့် အသီးကို စားခဲ့မိလို့ အနည်းငယ်ရှက်ရွံ့နေဆဲဖြစ်သည်။  



နောက်တစ်နေ့တွင် ကျိုးကျီသည် ကောင်းကင်မှာ နေရောင်ဖြာမလာခင် ထခဲ့သည်။



မျိုးနွယ်စုတစ်ဝိုက်တွင် ပေါက်ရောက် ကြီးထွားနေသော အာလူးကဲ့သို့ အပင်တစ်ခု ရှိသည်။ အာလူးတွေက ဒီရာသီမှာ စတင်ကြီးထွားလာလေပြီ။ အခုချိန်က အာလူးတွေက နည်းနည်းသေးနေဦးမယ် ဆိုပေမယ့် အာလူးတချို့ကို အိမ်သို့ယူသွားရန် အနည်းငယ်ပို အားထုတ်ခဲ့သည်။



မနက်စောစောမှာ သူက အဲဒါတွေကို မီးနဲ့အရင်ကင်ပြီး အိုးထဲကို ဆီလောင်းထည့်ပြီး မနေ့က ရှုန်းယယ် ပေးခဲ့တဲ့ ကြက်ဥကို ထည့်ကာ ကြော်လိုက်သည်။



ဌက်ဥက နှစ်လုံးသာရှိသည်၊ သူတို့ စားဖို့ မလုံလောက်လို့ ကျိုးကျီက အစိမ်းရောင် ဟင်းသီးဟင်းရွက်အချို့ကို ထိုထဲ ထည့်ခဲ့သည်။  မွှေကြော်ထားသည့် ကြက်ဥ၏မွှေးရနံ့သည် ဂူတစ်ခွင်လုံးကို ပျံ့နှံ့သွားသောအခါ ရှုန်းယယ် နိုးလာသည်။



" ရှုန်းယယ် ..မနက်စာက မပြီးသေးဘူး။ အသီးအရင်စားထားလိုက်ဦး "



ကျိုးကျီက လှမ်းပြောပြီး သူ့ဘေးမှ သစ်သားပန်းကန်ကိုညွှန်ပြလိုက်သည်။



ရှုန်းယယ် သည်နာခံမှု ရှိစွာနှင့် အသီးကိုစားခဲ့သည်။ သူသည် အစက ဟင်းသီးဟင်းရွက်နှင့်သစ်သီးများကို အလွန်မကြိုက်ပေမယ့် ကျိုးကျီနှင့် အတူနေလာတာ ကြာလေ.. ပိုစားမိလာလေဖြစ်သည်။ အဓိကအကြောင်းအရင်းက ကျိုးကျီ သူ့ကို  ပေးသောအသီးများသည် အလွန်အရသာ ရှိသောကြောင့်ဖြစ်သည်။ ထိုအစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ဆီနှင့်ရောကြော်ပြီးနောက် သူ မကြိုက်သည့် မြက်အရသာများသည်လည်း မှေးမှိန်သွားခဲ့သည်။



ရှုန်းယယ် သည် သစ်သီးပန်းကန် တခြမ်းကိုစားပြီး ကျန်တစ်ဝက်ကို ကျိုးကျီ အတွက်ချန်ထားလိုက်ပြီး ကျိုးကျီ မီးဖိုထဲမှ တစ်စုံတစ်ခု ထုတ်ယူနေသည်ကို ကြည့်လိုက်သည်။



"မြေကြီးဥလား?" ရှုန်းယယ် အနည်းငယ်အံ့သြသွားသည်။



ဤအစားအစာက အာလူးနှင့်တူသည်။ ဒါကို ဝက်ဝံကြီး မျိုးနွယ်မှ လူမျိုးစုများက  မြေကြီးဥ ဟု ခေါ်ကြသည်။ ကျိုးကျီက  ခေါင်းညိတ်လိုက်သည်။



" သူတို့ ချက်ပြုတ်ပြီးပြီ။ လာစားလိုက်ဦး"



ကျိုးကျီက ချက်ပြုတ်နေစဉ် အာလူးတွေကို စိတ်စွမ်းအားဖြင့် ထည့်သွင်း ချက်ပြုတ်ခဲ့သည်။


 "မြေကြီးဥက လက်သည်းခွံလောက်ကြီးတဲ့ဥ မဟုတ်ဘူးလား"



ရှုန်းယယ် သည်ကလေး၏လက်သီးဆုပ်လောက်ရှိသည့် ဒီမြေကြီးဥများ၏ အရွယ်အစားကို အနည်းငယ်အံ့သြနေမိသည်။



"ငါ မြေသြဇာ ထည့်လိုက်တာကြောင့် ဒါတွေက သီးလာတာ ပိုမြန်လာပြီး ပိုကြီးလာတယ်" ကျိုးကျီ ကရှင်းပြသည်။



"မြေသြဇာ ဟုတ်လား?"



ကျိုးကျီက ရှင်းပြလိုက်သည်။


 " ဘုန်းတော်ကြီးနဲ့ငါက တိရိစ္ဆာန်စွန့်ပစ်တဲ့ အညစ်ကြေး နည်းနည်းကို အပင်တွေကြီးထွားဖို့ ထည့်လိုက်တာ။ အဲ့ဒါက အင်ကြီးထွားဖို့ တကယ် ကာင်းတယ်"  



"အဲ့လိုလုပ်လို့ ဖြစ်လား?!"



ရှုန်းယယ် က တကယ်အံ့သြသွားသည်။ သူသည်မြေကြီးဥတစ်လုံးကို ကောက်ယူလိုက်ပြီး အခွံမခွာဘဲ ပါးစပ်ထဲ ထည့်ကာ စားခဲ့သည်။ သူက ဟင်းသီးဟင်းရွက်စားရတာ မကြိုက်ပေမယ့် ဒီအထူးအစားအစာက သူ့အကြိုက်ဆုံးဖြစ်နေခဲ့တယ်။ ဒီမြေကြီးဥတွေက သူ့ကို အားဖြည့်ပေးရုံသာမက အရမ်း အရသာရှိနေခဲ့တယ်။



ကျိုးကျီသည် ရှုန်းယယ် က အာလူးဟင်းကို မကြိုက်မှာ စိုးရိမ်ခဲ့သော်လည်း ယခု လို အားပါးတရ စားနေတာ မြင်ရမှ သူ စိတ်ချနိုင်တော့သည်။ စဉ်းစားကြည့်လိုက်ရင်  ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသောအပင်များသည် စွမ်းအင်များစွာပေးသောကြောင့် ဒီရှေးခေတ်မှလူများက အာလူးကို ကြိုက်နှစ်သက်တာဖြစ်မည်။
 


ကျိုးကျီက အနည်းငယ်ရယ်လိုက်ပြီး ရှုန်းယယ် ကို မြေကြီးဥများ အခွံနွှာနည်း သင်ပေးပြီး စဉ်းစားရင်း ရှုန်းယယ် ၏အစားအစာထဲသို့ အခြား ဘာအစားအစာများ ထည့်နိုင်မလဲဆိုတာကို စဉ်းစားနေသည်။



ကျိုးကျီသည် အာလူးတစ်လုံးကို အခွံခွာပြီး ရှုန်းယယ် ၏ ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ သူတို့နှစ် ဦး ဟာမနက်စာကို ပျော်ရွှင်စွာစားခဲ့ကြပေမယ့်အောက်က  ချိုင့်ဝှမ်းထဲမှာလူအချို့က ရိုင်းစိုင်းကြမ်းတမ်းစွာ အော်ဟစ်နေကြတယ်။ အဲ့ဒါက ရှီလီကို ဒုက္ခပေးနေသော ရှုန်းချီ ဖြစ်သည်။



ရှုန်းချီ သည် ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီးနောက် တောအုပ်ထဲကို အမဲလိုက် ထွက်ခဲ့သည်။ သူသည် ရှီလီ ၏ အဖွဲ့ထဲကို ရည်ရွယ်ချက်ရှိရှိဖြင့်  ပူးပေါင်းပြီး အမဲလိုက်ရာတွင် အစစအရာရာသာအောင် လုပ်ဆောင်ပေးခဲ့သည်။ ဒါ့အပြင် ရှီလီ မှားယွင်းတာ လုပ်မိလျှင် စကားလုံး နည်းနည်းဖြင့် လှောင်ရယ်ကာ မှတ်ချက်ပေးခဲ့သည်။
 


သို့သော်လည်း ရှီလီသည် သူ့ကိုအထင်အမြင်သေးစွာဖြင့် အမြဲကြည့်နေခဲ့သည်။ ယခုအချိန်တွင် ရှုန်းချီနှင့် ရှီလီတို့၏ ရန်ငြိုးက လူတိုင်း သိမြင်နေကြပြီဖြစ်သည်။ ဥပမာ၊ နံနက်စောစောပိုင်းတွင် ရှုန်းချီသည် အခြားလူများနှင် အတူ အမဲလိုက်ရန်စီစဉ်ခဲ့သည်။ ရှီလီလည်း အပြင်ထွက်ဖို့လုပ်နေသည်ကို သူ မြင်သောအခါ ရှီလီက ဘာမှ မဖမ်းနိုင်လောက်ဘူးလို့ ပြောခဲ့သည်။



ရှုန်းချီ၏ အမူယာနှင့် လုပ်ကိုင်ပုံက တီဗွီ ဇာတ်လမ်တွဲတွေထဲမှာ အဓိကဇာတ်ကောင်ကို ပြဿနာရှာရန် အမြဲပြေးလွှားနေသည့်  အမြောက်စာ အပိုဇာတ်ကောင်လေးတွေနှင့် တူနေကြောင်း  ကျိုးကျီ ခံစားခဲ့ရသည်။



ရှီလီက သူတို့ အမဲလိုက်တဲ့အခါ အရမ်းမကြိုးစားခဲ့ပေမယ့် သူ့ရဲ့အင်အားက လျင်မြန်စွာကြီးထွားလာတယ်။ ရှုန်းချီ ဟာ သိပ်မကြာခင်မှာ ထပ်ပြီးအရိုက်ခံရလိမ့်မယ်။  သို့သော်သူသည်ထိုကိစ္စကို ကိုယ်တိုင်ပါဝင်ပတ်သက်လိုသော ရည်ရွယ်ချက်မရှိချေ။



ရှုန်းချီက ရှုန်းယယ်ကို အရမ်း သဘောကျ ကျေးဇူးတင်ကာ မြှောက်ပင့်နေတယ်ဆိုရင်တောင်မှ ရှုန်းချီ က သူနဲ့ ဘာမှ မဆိုင်ဘူး။ ဒီအသက်ရွယ်ရောက်နေပြီး   နုံအ နေလို့ အရိုက်နှက်ခံရတာက ပုံမှန်ဖြစ်လိမ့်မည်။



ကျိုးကျီသည်ဆက်လက် စားနေသော်လည်း မမျှော်လင့်ဘဲ သူ ထမင်းစားနေစဉ် ပြင်းထန်သောဖိအားတစ်ခုက သူ့အား ရုတ်တရက်ဖုံးလွှမ်းသွားသည်။ အဲဒါက မနေ့ညက စွမ်းအားဘဲ!



ကျိုးကျီ အံ့သြသွားသည်။  



အပြင်ဘက်တွင် ရှိနေသည့် ရှီလီလည်း အံ့သြသွားသည်။ နှစ်လအကြာတွင်ပေါ်လာမည့် ရှန်းထျန်းက အဘယ်ကြောင့်စောစော ရောက်လာခဲ့တာလဲ...


 ************-***************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now