Chapter (154 ) _ သွေးဆောင်ခြင်း

4.4K 903 15
                                    


Chapter (154 ) _  သွေးဆောင်ခြင်း

ရှန့်ထျန်း က  ရှီလီရဲ့ ကျင့်ကြံခြင်း  ကို ပထမဆုံးမြင်ရကတည်းက သူက ဒီကျင့်ကြံနည်းရဲ့တန်ဖိုးကို ချက်ချင်း သိလိုက်ပြီး သူ့ကို စတင်စစ်ဆေး မေးမြန်းခဲ့သည်။ လောလောဆယ် ဒီသားရဲဘုရင်တွေက ဒီကျင့်ကြံနည်းရဲ့ တန်ဖိုးကို မသိကြသေးဘူး။

သားရဲလူသား ကုန်းမြေတွင် သားရဲဘုရင်များ အမြဲရှိခဲ့သော်လည်း စွမ်းရည်ကို သားစဉ်မြေးဆက် အမွေဆက်ခံနိုင်ခြင်း မရှိသောကြောင့်၊ အခြေခံအားဖြင့် ကံကောင်းမှသာ သားရဲဘုရင် ဖြစ်လာနိုင်သည်။
 
အရင်က သားရဲဘုရင် တွေကို မွေးထုတ်ပေးခဲ့တဲ့ မျိုးနွယ်စုကြီးတွေတောင် သူတို့ရဲ့ ယခင် သားရဲဘုရင် ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ သားရဲဘုရင် အသစ်ပေါ်လာမှာ မဟုတ်သလို၊ နောက်ဆုံးမှာတော့ နိမ့်ပါး ကျဆင်းသွားတတ်သည်။ ဒါပေမယ့်... ရိုးရိုးသားသားပြောရရင် သူတို့အားလုံးက သူတို့မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ဆက်ခံနိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။

မျိုးနွယ်စု အကြီးအကဲများက သူတို့ရဲ့သားများကို  နောက်လူမျိုးစုအကြီးအကဲ ဖြစ်လာရန် အမြဲမျှော်လင့်ခဲ့ကြသည်။ သားရဲဘုရင်တွေလည်း သူတို့ရဲ့ကလေး များကို သားရဲဘုရင်များဖြစ်လာဖို့ မျှော်လင့်ခဲ့သည်။ ကြံ့ သားရဲဘုရင်က သားရဲနတ်ဘုရားအသီး ကို နေရာတိုင်းတွင် ရှာဖွေနေသော တစ်ဦးတည်းသော သားရဲဘုရင်မဟုတ်ပေ။

အခု သူတို့ဟာ သားရဲနတ်ဘုရားအသီးကိုမစားဘဲ သားရဲဘုရင်ဖြစ်လာနိုင်တော့ မှာလား... ဒီလိုမျိုး ကျင့်ကြံနည်းကို ဘယ်သူက မလိုချင်ပဲ ရှိမလဲ။ သူတို့ မိသားစု မျိုးဆက်တွေ မှာ သားရဲ ဘုရင် ထပ်ရှိလာနိုင်တာ သေချာ နိုင် ရင်...

သားရဲဘုရင် ဖြစ်လာနိုင်သူများသည် များသောအားဖြင့် ပတ်ဝန်းကျင်ကောင်းတွင် မွေးဖွားလာကြသောကြောင့် သူတို့ရဲ့ သားသမီးများလည်း ထိုကျင့်ကြံနည်းကို ရရှိပြီးနောက် သားရဲဘုရင်  ဖြစ်လာနိုင်ကြောင်း အခိုင်အမာ ယုံကြည်ကြသည်။

ရောက်ရှိလာသော သားရဲဘုရင်များ အားလုံး စိတ်အားထက်သန်စွာ ကြည့်နေကြသော်လည်း အားလုံးက ရှီလီကဲ့သို့ပင် မထင်ခဲ့ကြပေ။

အချို့က ရှီလီကို စိုက်ကြည့်ကာ သူတို့ သိချင်သမျှ အားလုံးကို ရှီလီကို အရင်မေးချင်သော်လည်း အချို့က ကြံ့သားရဲဘုရင်ကဲ့သို့ ဝက်ဝံကြီးမျိုးနွယ်များနှင့် မိတ်ဖွဲ့ရန် ကြံစည်ကြပြီး လူတွေဆီက  ဒီကျင့်ကြံနည်းကို သင်ယူချင်ကြသည်။  

သို့သော်၊ ဒီအချိန်မှာတော့ ဘယ်သူမှ ဘာမှ ထုတ်မပြောခဲ့ကြပေ။ ရှီလီနှင့် သားရဲနတ်ဘုရား ဘုရားကျောင်းမှ လူတွေက သူတို့ကို ခေါ်ခဲ့တာနဲ့ပတ်သတ်ပြီး    စိတ်ထဲတွင် တစ်ခုခုရှိနေတယ်လို့တွေးထားပေမယ့် လောလောဆယ် ဒါကို ကြားတော့ သူတို့ နောက်မျိုးဆက်တွေကို တိုးတက်ဈေင်သည့် စိတ်က ဒီအသိကို လွှမ်းမိုးသွားခဲ့သည်။
 

ဟုတ်တာပေါ့.... ရှီလီက သေချာပေါက် ဒီအချက်ကို အသုံးချကာ ပြောလိုက်သည်။

 "လူတိုင်း ဒီကျင့်ကြံနည်းကို လိုချင်ရင် ရှုန်းယယ်ကို ဝိုင်းဖမ်းပေးရမယ်"


သူ လုပ်လိုက်တဲ့ အကွက်လေးက အတော်လှတယ်လို့ ရှီလီ တွေးနေသည်။

သူက ဒီသားရဲဘုရင်တွေရဲ့ အကူညီနဲ့ ရှုန်းယယ်နဲ့ သူ့လူတွေကို ဖမ်းနိုင်လိမ့်မယ်။ ပြီးရင် နောက်ပိုင်းမှာ သူက သားရဲဘုရင်တွေနဲ့ သားရဲနတ်ဘုရားကျောင်းတော်က လူတွေကို သူ့ရဲ့ကျင့်ကြံနည်းလမ်းကို သင်ပေးလိုက်ပြီး ရှုန်းယယ်ကို ဖိအားပေးပြီး ကန်ထုတ်လိုက်မယ်ဆိုရင်......

ဒီနည်းဖြင့် သူက လှပသောလှည့်ကွက်ကို ဖန်တီးနိုင်မည်ဖြစ်ပြီး ကျောထောက် နောက်ခံ အချို့ကိုလည်း ရရှိမည်ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း သားရဲနတ်ဘုရားက သူ့ကို တကယ့်ကို မျက်နှာသာပေးကာ  အမြဲအခွင့် အရေးပေးခဲ့သည်။  

 ဒါကိုတွေးမိတော့ စိတ်ထဲတွင် ရှီလီက သားရဲနတ်ဘုရားထံ တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။

ကြံ့သားရဲဘုရင်က ရှီလီ လုပ်ရပ်ကို မြင်တော့ စိတ်ပူစပြုလာသည်။ သူက ရှုန်းယယ်ကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ပေမယ့် တခြားသားရဲဘုရင်တွေက သွေးဆောင်ခြင်း ခံရမယ်ဆိုတာ သေချာတယ်။

ဝက်ဝံကြီး မျိုးနွယ်တွင် သားရဲဘုရင် အများအပြားရှိနေကြောင်း ကြိုမသိခဲ့ဘဲ ဝက်ဝံကြီး မျိုးနွယ်နှင့် မိတ်ဆွေကောင်း မဖြစ်ခဲ့ဘူးဆိုရင် သူလည်း   ယခုအချိန်တွင် စိတ်လှုပ်ရှားနေပေလိမ့်မည်။

ဒါပေမယ့် အခုအချိန်မှာတော့ သူ အရမ်းစိုးရိမ်နေရတယ်။ သူက ရှုန်းယယ်နဲ့ ကျိုးကျီကို ဆက်လက် ထောက်ခံခဲ့မယ်ဆိုရင် သူ ဒီ သားရဲဘုရင်  တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရမှာပဲ...  

" ရှုန်းယယ်ကို ဘာလို့ ဖမ်းရမှာလဲ ။ အဲဒီ ကျင့်ကြံနည်းကို ရရှိဖို့အတွက် တခြားနည်းလမ်း တွေကို အသုံးပြုနိုင်ပါတယ်။"
မျောက်ဝံ သားရဲဘုရင် ရုတ်တရက် စကားပြောလိုက်သည်။

ဒါက သားရဲဘုရင်  တော်တော်များများ မေးချင်တဲ့အရာပါ။ သူတို့က ရှုန်းယယ်ကို အထင်ကြီးကြပြီး၊ ရှုန်းယယ်က အကောက်ကြံတတ်သည့် လူ မဟုတ်ဘူးဆိုတာ  လူတိုင်းမြင်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူတို့ရှေ့က ခြင်္သေ့သားရဲဘုရင်နှင့် ဆက်ဆံတဲ့နေရမှာ သူတို့က သတိထားနေရပြီး  စိတ်မသက်မသာဖြစ်စေခဲ့သည်။

 
"ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက အဲဒီ ကျင့်ကြံနည်းကို အမြဲဝှက်ထားကြတယ်။ မင်းတို့ ဒီအတိုင်း သွားမေးရင် သူ သေချာမပြောလောက်ဘူး။ ကျွန်တော်က ဝက်ဝံကြီး မျိုးနွယ်  ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး ရှုန်းယယ်နဲ့ လက်တွဲဖော်ဖြစ်လုနီးပါး ဖြစ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တွင်း ပြဿနာတွေနဲ့ ရင်ဆိုင်ရစေမယ့် မပြည့်စုံတဲ့ ကျင့်ကြံနည်းကိုပဲ ရယူနိုင်ခဲ့ပါတယ်။"

ရှီလီက လှည့်ပတ်ကာ ဆက်လက်ပြောဆိုလိုက်သည်။

ရှီလီက အရင်က ရှုန်းယယ်နှင့် တိုက်ခိုက်ဖို့ ဆန္ဒမရှိပဲ ရှောင်နေတာတွေ၊ ကြံ့သားရဲဘုရင်က စိမ်ခေါ်ပေမယ့် တိုက်ခိုက်ဖို့ ရှောင်နေတာနဲ့ ပတ်သတ်ပြီး     ထင်ထားသည့်အတိုင်းပင် ရှီလီရဲ့ ခွန်အားက သားရဲဘုရင်တစ်ပါး ရှိသင့်တဲ့ ခွန်အား အစစ်အမှန် မရှိလောက်ဘူးလို့ အခြားသားရဲဘုရင်များက သံသယဖြစ် ခဲ့သည်။ အခု ရှီလီ ပြောတာကို သူတို့  ကြားတော့   ပိုသေချာလာတယ်။  

အရေးကြီးဆုံးအချက်မှာ ရှီလီက အခု ဒီကျင့်ကြံနည်းစနစ်အကြောင်း ထုတ်ဖော်ပြော ဆိုခဲ့သည်။ စစ်မှန်တဲ့ ကျင့်ကြံနည်း အပြည့်အစုံရှိလျှင် သူက သေချာပေါက် ပြောပြမှာ မဟုတ်ဘူး။ တနေရာမှာ ဂူအောင်းပြီး သူ့ စွမ်းရည် တိုးအောင် ကျင့်ကြံနေလိမ့်မည်။
 
သားရဲဘုရင်များသည် ရှီလီရဲ့ သွေးဆောင်မှု ကို စတင်ခံလိုက်ရချိန်တွင်  ရှန်ယွဲ့သည် တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဘုန်းတော်ကြီးချုပ် ထံသို့  ပြောလိုက်သည်။

"ဖေဖေ၊ ကျိုးကျီကို ဖမ်းပြီး ခေါ်လာပါပြီ"  

သားရဲဘုရင်များအားလုံး ဒီစကားကို ကြားတော့ စိတ်ချမ်းသာကုန်ကြသည်။
 
ဘုန်းတော်ကြီးချုပ် သည် သားရဲဘုရင်များကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

 "လူတိုင်း ငါနှင့်အတူ လာကြည့်ချင်ကြရဲ့လား"

လက်ရှိ သားရဲဘုရင်  တွေအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် ကြပြီး သူတို့ ရှေ့ကို လျှောက်လာတုန်း ကြံ့သားရဲ ဘုရင်နဲ့ မျောက်ဝံ သားရဲဘုရင် ကို လှမ်းကြည့်နေတယ်။

ကြံ့ သားရဲဘုရင် က သက်ပြင်းချလိုက်ပြီး သူတို့နောက်ကို လိုက်သွားခဲ့ရတယ်။

သားရဲဘုရင်အပေါင်းတို့သည် ဘုန်းတော်ကြီးချုပ် နောက်သို့လိုက်၍ သားရဲဘုရားရဲ့ ဗိမာန်တော်နောက်ဘက်သို့ သွားခဲ့ကြသည်။ ထိုအချိန်မှ သားရဲနတ်ဘုရားကျောင်းတော် ရဲ့နောက်ဘက်တွင် အပေါက်တစ်ပေါက်ရှိ ကြောင်းနှင့်   တောင်ရဲ့အနောက်ဘက်ကို လမ်းပေါက်ကြောင်း အားလုံး သိလိုက်ရသည်။
 
ဒီသားရဲနတ်ဘုရားဘုရားကျောင်းက အမှန်တကယ်ကို လျှော့တွက်လို့ မရဘူးပဲ....

ကံကောင်းထောက်မစွာ၊ သားရဲနတ်ဘုရားကျောင်းတောက အရင်တုန်းက သားရဲဘုရင် များကို   မွေးထုတ်ပေးခဲ့သော်လည်း၊ သူတို့မှာ နောက်ထပ် သားရဲဘုရင် ထပ်မရှိတော့လို့သာပေါ့...

 တကယ်လို့ ဒီကျင့်ကြံနည်းကိုသာ ရခဲ့မယ်ဆိုရင်  သားရဲနတ်ဘုရားကျောင်းတော် က အရမ်း အားကောင်းလာမည်ဖြစ်သည်။ သို့သော် ထိုကျင့်ကြံနည်းကို သူတို့လည်း ရနိုင်လိမ့်မည်။ အဲဒီအချိန်မှာ ကိုယ့်မျိုးနွယ်စုတွေလည်း အားကောင်း လာမည် ဖြစ်လို့ တော်သေးတာပေါ့.....

ကျိုးကျီသည် လက်ရှိတွင် ဘုရားကျောင်းနောက်ကွယ်ရှိ လျှို့ဝှက်လှိုဏ်ဂူတွင် ရောက်ရှိနေသည်။  

သူက သားရဲနတ်ဘုရားကျောင်းတော် သို့ ခေါ်ဆောင်လာခြင်း ခံလိုက်ရသည်ကို တွေ့ရတော့လည်း အံ့အားသင့်ခဲ့ရသေးသည်။ ရှီလီက သူ့ကိုဖမ်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သူ့ဘာသာသူ လှုပ်ရှားခဲ့တယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ သားရဲနတ်ဘုရားကျောင်းတော်လည်း ပါဝင်လာခဲ့တာပဲ။

သားရဲနတ်ဘုရားဗိမာန်တော်က လူတွေက ဘာကြောင့် သူ့ကို ဖမ်းချင်ကြ တာလဲ...
 

ကျိုးကျီက ဒီအချိန် လာဖို့ သဘောတူရတဲ့ အဓိက အကြောင်းအရင်းကတော့ ရှီလီ နဲ့ သက်ဆိုင်နေတယ်။  

အစပိုင်းတွင် ရှီလီတစ်ယောက် ဝက်ဝံကြီးမျိုးနွယ်တွင် ရှိနေစဉ်ကတည်းက ရှီလီက နည်းနည်း ထူးဆန်းသည်ကို သိရှိ ခဲ့ပြီးဖြစ်သည်။ ဒါပေမယ့်  အဲဒီတုန်းက ဝက်ဝံကြီး မျိုးနွယ်  နဲ့ပတ်သက်ချင်တဲ့ စိတ်မရှိလို့  အဲဒါကို လုံးဝဂရုမစိုက်ခဲ့ပါဘူး။ နောက်ပိုင်းတွင် သူ ဂရုစိုက်မိသည့်အချိန်တွင် ရှီလီသည် ရှန့်ထျန်း ဆီက ဖမ်းဆီး  ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး ဖြစ်သည်။

ရှီလီ၏ ပတ်ဝန်းကျင်မှာ လျှို့ဝှက်ဆန်းကြယ်တာတွေ အများကြီးရှိခဲ့တယ်။

 ရှုန်းယယ်အပေါ်ထားရှိတဲ့ သူ့သဘောထားက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ရဲ့ စရိုက်တစ်ခုလုံးလည်း ပြောင်းလဲသွားတယ်။ ယခင်က ဝက်ဝံမျိုးနွယ် မထွက်ဖူးခဲ့တဲ့ ရှီလီက ရှန့်ထျန်း ကို သိနေသေးသည်...

ဒီအချိန်မှာ သားရဲနတ်ဘုရားကျောင်းတော် သို့ သူတို့ရောက်ရှိလာပြီး ရှီလီ လည်း သားရဲဘုရင်ဖြစ်လာကြောင်း သိလိုက်သောအခါ ကျိုးကျီသည် ဒီကောင်က  ချိန်ကိုက်ဗုံးဖြစ်ကြောင်း ခံစားခဲ့ရပြီး သူ့ကိုသတ်ရန် အသင့်ပြင်လိုက်သည်။

 
ရှီလီကို အသက်ရှင်လျက် ထားခဲ့ရင် သူ ရူးသွပ်သွားပြီး မမျှော်လင့်ထားသော အရာတစ်ခုကို လုပ်မိသည့်အခါ သူနှင့် ရှုန်းယယ်ရဲ့ တည်ငြိမ်သော ဘဝကို ထိခိုက်စေမယ့်အပြင် ဝက်ဝံကြီး မျိုးနွယ်က အခြား ဘယ်သူတွေကိုလည်း ရှီလီက နစ်နာအောင်လုပ်မည်ကို သူ မသိနိုင်ပေ။
 
အစကတော့ သူက  ဟိုင်ဖုန်း နှင့် ကြံ့ သားရဲဘုရင်ကို ခေါ်ကာ သားရဲနတ်ဘုရား ကျောင်းတော်ထဲ ခိုးဝင်ပြီး ရှီလီ ကိုသတ်ပြီး သားရဲနတ်ဘုရားကျောင်းတော်မှ ထွက်ခွာသွားဖို့  စီစဉ်ခဲ့ပေမယ့် အခု ရှီလီ က သူ့ကို ဖမ်းဖို့ လူလွှတ်လိုက်ပြီ ဆိုတော့ သူလည်း အဆင်သင့် လိုက်သွားပြီး   အခြေအနေကို စစ်ဆေးကြည့် ရမယ်။

တစ်ချိန်တည်းမှာပင်   ရှီလီကို သတ်ပစ်ရန် လိုအပ်လာသည်။

သို့သော်၊ ကျိုးကျီသည် ရှီလီက သူ့ကို သတ်ဖို့ သားရဲနတ်ဘုရားကျောင်းတော် နဲ့ အခြားသားရဲဘုရင်တွေကို မှီခိုထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။  ကျိုးကျီကို ပိုအံ့သြစေတာက... ရှီလီ က တခြား သားရဲဘုရင် တွေကိုတောင် အယုံသွင်းနိုင်ခဲ့တာပဲ။

ရှီလီသည် သားရဲဘုရင်အုပ်စုကို လိုက်လာရန် ခေါ်ဆောင်လာသည်ကို မြင်တော့  ကျိုးကျီသည် မျက်မှောင်ကြုတ်စပြုလာသည်... သို့သော် သူ့ကို တင်ခေါ်ခဲ့သည့် ပက်လက်ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် လှဲနေလိုက်သည်။

ထို့ကြောင့် ရှီလီ ဝင်လာသောအခါတွင် ကျိုးကျီက   ထိုနေရာတွင် သက်တောင့် သက်သာ လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ကျိုးကျီက ကြည့်ရတာ... အရမ်းဆွဲဆောင်မှုရှိတယ်။  

ဒီမှာဘာတွေဖြစ်နေတာလဲ၊ ကျိုးကျီကို ဘယ်သူကမှ ဘာလို့ မချည်နှောင်ခဲ့တာလဲ။

*******-**********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now