Chapter (44-1) - သားရဲဘုရင် စွမ်းအားကို ခံနိုင်ရည်ရှိသည့် ကျိုးကျီ

7.1K 1.4K 12
                                    

Chapter (44-1) - သားရဲဘုရင် စွမ်းအားကို ခံနိုင်ရည်ရှိသည့် ကျိုးကျီ



ရှန်းထျန်းသည် ဝက်ဝံကြီး မျိုးနွယ်စုအခြေချရာ  တောင်ခြေရင်းရှိတောင်ကုန်းပေါ်တွင်မတ်တပ်ရပ်လျက်     မျိုးနွယ်စုတစ်ခုလုံးကို အပေါ်စီးမှကြည့်လိုက်စဉ် သူ၏စွမ်းအင်များသည် ကြမ်းတမ်းစွာလှိမ့်ဆင်းသွားပြီး အောက်ကို ဖိအားများစွာ သက်ရောက်လာ ခဲ့သည်။ ထိုတောင်ချိုင့်ဝှမ်းမှာနေသည့်လူတွေကို ကြည့်ရင်း ရှန်းထျန်း ရဲ့မျက်လုံးထဲမှာ ရွံ့ရှာစရာတွေရှိနေသည်။


          အားနည်းသူတွေကို သူ မုန်းသည်။   ဒါပေမယ့်အခု သူက ဒီလူမျိုးစုထဲက လူတွေကို မေးစရာရှိနေတယ်။


"မင်းတို့ရဲ့အကြီးအကဲက ဘယ်မှာလဲ"



ဝက်ဝံကြီး မျိုးနွယ်စုအကြောင်း ရှန်းထျန်း နည်းနည်းနားလည်ထားသည်။ သားရဲနတ်ဘုရားအသီးကို ရှာတွေ့စဉ်က ဒီမျိုးနွယ်စုကို သူ တွေ့ထားသည်။


        ထိုအချိန်တွင်သူသည် သားရဲနတ်ဘုရား အသီးရှိကြောင်း မသိစေချင်လို့  ဒီလူမျိုးစုအတွင်းမှ လူများအားလုံးကို သတ်ပစ်ရန်စဉ်းစားခဲ့ဖူးသော်လည်း မကြာမီ အခြားမျိုးနွယ်စုက လူတွေ သတိပြုမိမည် စိုးရိမ်လို့ သတ်ဖြတ်မယ့် အစီစဉ်ကို စွန့်လွှတ်ခဲ့သည်။   နောက်ပိုင်းနှစ်များမှာ ဒီလူမျိုး၏အခြေအနေနှင့် ပတ်သက်၍ သူ စိုးရိမ်ခဲ့သည်။ သူက ဒီမျိုးနွယ်စုက အမျိုးသမီးတစ် ဦး နှင့် ပတ်သတ်မိခဲ့ပြီး ကလေးတစ်ယောက်တောင် ရခဲ့သေးသည်။



       မူလက သူသည်အမျိုးသမီးနှင့်ကလေးကို သူ့မျိုးနွယ်စုဆီကို ခေါ်သွားဖို့ စိတ်မကူးထားပေ။ ဒါ့အပြင် အခြားမိန်းမတွေက မွေးလာသည့် သူ့ကလေးက ပြဿနာများရှိခဲ့သည်။ သူ့မှာ ကလေးလေးယောက်ရှိပြီ၊ အားလုံးက လေး၊ ငါးနှစ်လောက်ရှိနေပြီ။ သူက ကလေး မရှားဘူးဟု ပြောနိုင်သည်။ ဒီဝက်ဝံကြီးမျိုးနွယ်စုက မွေးလာသည့် ကလေးကို သူ ဘာမှ မစီမံပေးချင်ပေ။



ထိုမိန်းမနှင့် ကလေးက ဒီမျိုးနွယ်စုထဲမှာ လက်ရှိ ရှိသေးသလား၊မရှိတော့ဘူးလားတောင် သူ မသိပေ။    နောက်ပိုင်းတွင်သူသည်ဒုက္ခ ဆက်မခံချင်တော့သဖြင့် အခြားအမျိုးသမီးတွေကို ထပ်မယူတော့ပေ။
 


ရှန်းထျန်းသည် သားသမီးနှင့် ပတ်သတ်ပြီး ဒုက္ခ မခံချင်ပေ။ အခု သူ ဆုံးရှုံးသွားသည့် သားရဲနတ်ဘုရားအသီးကို သတိရပြီး သူ့ဒေါသတွေ ပိုပြင်းထန်လာပေမယ့် သူ့ကိုယ်က ပြင်းထန်သော စွမ်းအားများ ထပ်ထွက်မလာတော့ပေ။



ဝက်ဝံကြီး မျိုးနွယ်စုမှလူများစွာသည် သားရဲဘုရင်၏ စွမ်းအင်ဖိအားကြောင့် သူတို့ သားရဲပုံများ ပေါ်လာပြီး တချို့က မြေပြင်ပေါ် ဝပ်ကျကာ တုန်ယင်နေကြသည်။ အားကောင်းသူ တချို့ကတော့ မြေပြင်ပေါ် မတ်တပ်ရပ်နေနိုင်သည်။ ရှုန်းဟော်က မတ်တပ်ရပ်နေနိုင်သူထဲက တစ်ယောက်ဖြစ်သည်။
 


ရှုန်းဟော်က ဝက်ဝံကြီးမျိုးနွယ်စု၏အကြီးကဲဖြစ်ပြီး သူ့မှာ မိန်းမတစ်ယောက်ရှိကာ သားသမီးတွေလည်း ရှိသည်။ သူက ဒီနေ့ သူ့မိသားစုအတွက် အမဲလိုက်ဖို့ လူစုနေပြီး အမဲလိုက်မထွက်ရသေးခင် သားရဲဘုရင်တစ်ယောက် ရောက်လာခဲ့တာ ဖြစ်သည်။
    


 သားရဲဘုရင်ရဲ့ ဖိနှိပ်မှုကို သူ ဒေါသထွက်ပေမယ့် ဘာမှ မတတ်နိုင်ပေ။  အပြင်လောကမှာ အားကောင်းတဲ့လူတွေ အများကြီးရှိတယ်လို့ ဘုန်းတော်ကြီး ဆီက သူ ကြားဖူးတယ်။ ဒီအချိန်မှာ မျိုးနွယ်စုတွေကြားုက စစ်ပွဲက ရက်စက်ပြင်းထန်လှသည်။
 


 "ကျွန်တော်က မျိုးနွယ်စုရဲ့အကြီးအကဲပါ"



      ရှန်းထျန်း ၏မျက်လုံးများက ရှုန်းဟော်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။



      အဆင့်နိမ့်သားရဲ စစ်သည်တော်တစ် ဦးပဲ...သူက အသက်အရွယ်ရလာတဲ့အခါ သူ့ ခန္ဓာကိုယ်မှ စုဆောင်းထားတဲ့ စွမ်းအင်တွေကြောင့် ဒီအဆင့်ကို ရောက်သွားပုံရသည်။ ရှုန်းဟော်က ရှန်းထျန်းကို စေ့စေ့မကြည့်ဝံ့ပေ။ ဒါပေမယ့် သူ့ဘေးက လူငယ်က သူ့ကို စေ့စပ်စွာ ကြည့်နေခဲ့သည်။
   


  "မင်းတို့ နားမှာ ခုတလော လူစိမ်းတွေ လာတာ တွေ့ဖူးလား"

ရှန်းထျန်းက အေးစက်စက်မေးလိုက်သည်။



   "မတွေ့ဘူး"
ရှုန်းဟော်က ဖြေလိုက်သည်။



ရှုန်းဟော်ဘေးက ရပ်ကာ ရှန်းထျန်းကို တချိန်လုံး အေးဆေးစွာ ကြည့်နေရဲသည့် လူငယ်က ရှီလီဖြစ်သည်။ ရှီလီက အခုဖြစ်နေသည်ကို သေချာနားမလည်ပေ။



     ရှန်းထျန်းက သတ်မှတ်ချိန်ထက် စောရောက်လာတာ ဘာမှမဖြစ်ပေမယ့် အခု မေးမြန်းပုံက အရင်ဘဝက သူ သိထားတာနဲ့ ကွဲပြားနေသည်။ အခုက ရှန်းထျန်းက သူ့အရှိန်ဝါကို ထုတ်လွှတ်ကာ မျိုးနွယ်စုကို ဖိနှိပ်ထားကာ ရန်လိုစွာေ မးခဲ့သည်။ ဒီလိုမျိုးက အရင်ဘဝတုန်းက မဖြစ်ပျက်ခဲ့ပေ။
 


အရင်ဘဝတုန်းက ရှန်းထျန်းက ဒီကို လူမသိ သူမသိရောက်လာပြီး သူ့ကို ကျိုးကျီဘေးမှာ ရပ်နေတာ တွေ့ရမှာ ထိုလူက ဘယ်သူလဲလို့မေးခဲ့ကြသည်။ အခုတော့ ဒီလူက ပြောင်ပြောင်တင်းတင်းရောက်လာပြီး ဒေါသထွက်နေပုံရသည်။ သူက ကျိုးကျီနဲ့ ရှုန်းယယ်က မိတ်ဖက်တွေဖြစ်သွားတာကို သိသွားလို့များလား။



    ဒါပေမယ့်ဒါက မှန်တယ်ဆိုရင် ရှန်းထျန်းက ဘာကြောင့် ခုတလော လူစိမ်းတွေ လာ၊မလာကို မေးနေရတာလဲ။



         နောက်ဆုံးတွင်ရှီလီသည် အရင်ဘဝက သူလည်း သားရဲဘုရင်ဖြစ်ခဲ့သည်။ ဒါကြောင့် အခြားသူတွေက ရှန်းထျန်းကို ကြောက်နေပေမယ့် သူက ရဲဝံ့စွာ စိုက်ကြည့်ရဲနေခြင်းဖြစ်သည်။ ထို့နောက် ရှန်းထျန်းက အံ့သြစရာကောင်းလောက်အောင် ဒေါသထွက်လာသည်ကို သူ တွေ့ရှိခဲ့သည်။



ရှန်းထျန်းသည် တကယ်ဒေါသထွက်ပြီး သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ သူက ပိုကြီးတဲ့ဖိအားတစ်ခု ထုတ်လိုက်တာမို့  ရှုန်းဟော်နှင့် ရှီလီက သားရဲပုံစံဖြစ်လာသည်။



   တောင်ပေါ်ကလူတွေဟာ ရှန်းထျန်း ရဲ့ဖိအားကိုရင်ဆိုင်ရပြီး အခြေအနေက တော်တော်ဆိုးနေကြသည်။ ရှုန်းယယ်နှင့် ကျိုးကျီတို့က ဂူထဲတွင် ရှိနေပြီး အခြေနေ ကောင်းကြသည်။



ကျိုးကျီသည် ပြင်းထန်သည့် စွမ်းအားက ဒီနေရာကို လွှမ်းခြုံလာသဖြင့် အစက ထိုလူကို စိတ်စွမ်းအားထုတ်လွှတ်ကာ မစူးစမ်းဝံ့ပေ။ ဒါပေမယ့် ဒီလူရဲ့စွမ်းအားက သူ့ကို ယှဉ်နိုင်ပေမယ့် စိတ်စွမ်းအားက အတော့်ကို အားနည်းကာ သူ့ကိုမှီဖို့ အဝေးကြီးလိုနေ သည်ကို သိလိုက်သည်။


     ဒါကိုနားလည်ပြီး ကျိုးကျီက ဒီလူကိုစစ်ဆေးဖို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို သုံးခဲ့တယ်။



  ဒီလူရဲ့ စွမ်းအင်စုစုပေါင်းက သူ နဲ့အတူတူလောက်ပဲ၊ ဒါပေမယ့် အဲ့လူရဲ့ အခြေအနေက သိပ်မကောင်းဘူး - ဒီလူက ဘယ်လိုဖြစ်နေတာလဲမသိဘူး၊ ခန္ဓာကိုယ်ထဲက စွမ်းအင်က အပြန်အလှန် တွန်းကန်နေပြီး ဖရိုဖရဲဖြစ်နေတယ်။



သားရဲလူသားတိုင်းရဲ့ကိုယ်ထဲမှာ အမြူတေ တစ်ခုစီ ရှိကြတယ်၊ အတွင်းက စွမ်းအင်တွေက ဘာလို့ တွန်းကန်နေတာလဲ။ ဒီလိုပုံနဲ့ ဆက်သွားရင် သူ့ကိုယ့်ကိုယ် ထိခိုက်ပါစေလိမ့်မယ်။



   ဒါပေမယ့်လည်း အဲ့လိုဖြစ်နေတာက တမင် ဖြစ်အောင် လုပ်ထားတာများလား။ အပြင်လောကမှ လူတွေက ကျင့်ကြံခြင်းကို လုပ်နေကြတာများလား။



 ကျိုးကျီက အပြင်ဘက်က ရှန်းထျန်းကို သူ့စိတ်စွမ်းအားနဲ့ လေ့လာပြီးနောက် ဒါတွေကို အကုန်သိလိုက်တယ်။ ရှန်းထျန်းရဲ့ဖိအားအကြောင့် ရှုန်းယယ် မသက်မသာဖြစ်နေသည်ကို ကျိုးကျီတွေ့လိုက်ရသည်။



             သူက ရှုန်းယယ်၏ မသက်မသာ အခြေအနေကိုသက်သာစေဖို့ကူညီချင်ပေမဲ့ အဲဒါကို စဉ်းစားပြီးမှ သူ မလုပ်ခဲ့ဘူး။ ဒီလူက လူတစ်ယောက်ကို လာရှာတယ်ဆိုရင် အဲ့ဒါ သူ စားခဲ့မိတဲ့ သစ်သီးနဲ့ ပတ်သတ်နေတာ ဖြစ်နိုင်တယ်။
 


      အသီးသည်သူ့အလိုလို ပေါက်ဖွားပြီး ကြီးထွားလာသည်။ သူ သွားတုန်းက တခြားဘယ်သူမှ မရှိဘူး။ သူက အဲဒါကိုရွေးပြီး ယူခဲ့မိရင်  သူ့ကိုအပြစ်တင်လို့ မရဘူး၊ ဒါပေမယ့်အဲဒီလူက ဒီလို ထင်မှာမဟုတ်ဘူး။



   ကျိုးကျီက သက်ပြင်းချလိုက်ကာ  အနည်းငယ်ဒုက္ခရောက်နေသည်။ ဒီကိုရောက်လာတဲ့ လူပုံကိုကြည့်ရတာ အတွင်းထဲက စွမ်းအင် ဖရိုဖရဲဖြစ်နေလို့ အခြေနေ မကောင်းတဲ့ပုံပေါက်ပေမယ့် သူ့စွမ်းအင် တည်ငြိမ်စေဖို့ အခြား အသီးရှာတွေ့ဖို့ ဖြစ်နိုင်သေးသည်။



          ဒီယောက်ျားက နောက်ထပ် အခြား အသီးမှည့်ချိန်ကို စောင့်လို့ရပေမယ့် ဒီလူက အဲ့လို မတွေးပဲ စိတ်ရူးပေါက်ပြီး လျှောက်လုပ်မည်ကို စိုးရိမ်နေသည်။
 


ကျိုးကျီ ဒီလိုတွေးနေချိန်မှာ ရှုန်းယယ်က ဂူအပြင်ကို ထွက်သွားပြီး သူ့မျိုးနွယ်စု အကျပ်တည်းတွေ့လျှင် ကူညီဖို့ ရည်ရွယ်ထားသည်။
ရှုန်းယယ်က ဂူပြင်ကိုရောက်တာနဲ့ ရှန်းထျန်းဆီက ပြင်းထန်သည့် ဖိအားကြောင့်  မြေကြီးပေါ်သို့လဲကျသွားပြီး ဝက်ဝံတစ်ကောင် အဖြစ်ပြောင်းလဲသွားသည်။



ရှန်းထျန်းက ဒီမြင်ကွင်းကိုသတိထားမိပေမယ့် သူက ဂရုမစိုက်ခဲ့ဘူး။ ရှုန်းယယ်က အဆင့်နိမ့်စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ဆောင်းခိုထားလို့ သူ့ကိုယ်ထည်က အနည်းငယ်ပိန်နေသေးသည်။ သူ့ရဲ့ ဝက်ဝံကိုယ်ထည်က ရှုန်းဟော်လောက် မကြီးလို့ ရှန်းထျန်းက သူ့ကို ကြည့်ပင် မကြည့်ခဲ့ပေ။ တကယ်လို့ ရှုန်းဟော်ထက် ကိုယ်ထည်ကြီးရင်လည်း သူက ဂရုမစိုက်ပေ။ ဘာကြောင့်လဲဆိုတော့ သူက သားရဲဘုရင်ဖြစ်သောကြောင့်ဖြစ်သည်။



   ဒါပေမယ့်မကြာခင်မှာ ရှုန်းယယ် နောက်ကို လိုက်ခဲ့တဲ့ ကျိုးကျီကို ရှန်းထျန်းက သတိပြုလိုက်မိသည်။ သူ့ရဲ့ စွမ်းအားလွှမ်းမိုးမှုအောက်မှာ ဒီတစ်ယောက်က သားရဲပုံစံ မပြောင်းလဲသေးပါလား။ ဒီကောင်လေးက အရမ်းသန်မာနေတာလား။
    


   ရှန်းထျန်းက သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်ကို သုံး၍ တောင်ပေါ်မှ ခုန်ဆင်းပြီး  ကျိုးကျီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။



ကျိုးကျီက ထူးထူးခြားခြား သူ့ကို ဖမ်းဖို့လာသည့် ရှန်းထျန်းကြောင့် အံ့သြသွားပြီး သူ့လက်ကို ဆုပ်ကိုင်ခြင်း ခံလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားမိသည်။
 


ကျိုးကျီက သူ့ စွမ်းအင်ကို သိုဝှက်ထားလိုက်သည်။ ရှေ့က လူလတ်ပိုင်းလူက အစွမ်းထက်ပေမယ့် အဲ့လူရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက အရမ်းရှုပ်ထွေးနေတာကြောင့် သူ့လက်ကို ဆုပ်ကိုင်လိုက်တာကို အလွယ်တကူ ရုန်းထွက်ပစ်နိုင်သည်။
 


ရှန်းထျန်းက သူ့စွမ်းအင်ဖိအားကို ဖယ်ရှားလိုက်သည့်အခါမှ ဝက်ဝံကြီးမျိုးနွယ်စုမှ လူအားလုံး အခြေနေ ပိုမိုကောင်းမွန်လာခဲ့သည်။ ဒီတစ်ခါ လူပုံစံပြန်ပြောင်းလိုက်သည့် ရှုန်းယယ်က ရှန်းထျန်းကို အမြန်ပြောလိုက်သည်။



  "ခင်ဗျား...သူ့ကိုလွှတ်လိုက်"



  ရှန်းထျန်းက ရှုန်းယယ်ကို မျက်စောင်းထိုးကြည့်ကာ ကျိုးကျီကို ပြန်ကြည့်လိုက်သည်။    ဒီလူရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်လုံးဝမရှိဘူး။ ဒီကောင်လေးက အရမ်းအားနည်းနေပေမယ့် သူ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုမရှိဘူး၊ ဒီကောင်းလေးရဲ့ မျက်နှာက အရမ်းတည်ငြိမ်နေသည်။ ဘာကြောင့်လဲဆိုတာ သူ နားမလည်နိုင် ဖြစ်နေတုန်းပဲ။



ရှန်းထျန်း ရဲ့မျက်လုံးတွေက ကျိုးကျီရဲ့ ခန္ဓာကိုယ်ပေါ်ကို သေချာစိုက်ကြည့်ကာ မေးလိုက်သည်။



 "မင်း ဘယ်သူလဲ"



  "လူကြီးမင်း....သူက ကျွန်တော်တို့ မျိုးနွယ်ထဲက တစ်ယောက်ပါပဲ။ "


ရှုန်းဟော်က ပြောလိုက်သည်။   


     "သူက ကျွန်တော့် မိတ်ဖက်ပါ" ရှုန်းယယ်က ပြောလိုက်သည်။



အခုဒီလိုဖြစ်ပျက်နေတာကို မြင်လိုက်ရမှာ အရာအားလုံး ပုံမှန်ဖြစ်သွားသည်ဟု ရှီလီက ယူဆလိုက်သည်။ ရှန်းထျန်းက ကျိုးကျီကို ရှာဖို့ လာခဲ့တာပဲ။!!



    "မင်းဘာလို့ တိရိစ္ဆာန်ပုံစံ ဖြစ်မလာတာလဲ"



ရှန်းထျန်းက ကျိုးကျီရဲ့ကိုယ်ပေါ်မှာ ထူးခြားမှုကို မမြင်ရသော်လည်း သူ၏သံသယများကို မလွှတ်နိုင်သေးပေ။



 "သူက သားရဲပုံစံ မပြောင်းနိုင်သေးပါဘူး။ ခင်ဗျား သူ့ကို လွှတ်လိုက်!"


ရှုန်းယယ်က ကျိုးကျီကို ပွေ့ဖက်လိုက်သည်။


  ကျိုးကျီသည် သူ့ အားနည်းချက်ကို တမင်တကာ ပြခဲ့ကာ ဘာမှ စကားမပြောပေ၊ ယခုအချိန်၌ ရှုန်းယယ်က သားရဲပုံမှ လူပုံစံ ပြန်ပြောင်းလိုက်သဖြင့် ကိုယ်လုံးတီးဖြစ်နေသည်ကို တွေ့တော့ သူ့မှာ ကူကယ်ရာမဲ့ဖြစ်နေသည်။ သူ့မိတ်ဖက်က လူအများရှေ့မှာ ကိုယ်လုံးအလှကို ကြွားနေသလိုဖြစ်နေတယ် မဟုတ်လား။
 


သားရဲပုံစံ မပြောင်းနိုင်ဘူးဆိုသည့် စကားကို ကြားလိုက်တော့ ရှန်းထျန်းက ကျိုးကျီကို ရွံရှာစက်ဆုပ်သလို ကြည့်လိုက်သည်။ ကျိုးကျီရဲ့လက်ကို သူက ချက်ချင်းလွှတ်လိုက်သည်။



  အဲဒီလူငယ်လေးက သားရဲတစ်ကောင်မဖြစ်နိုင်ဘူးလို့ပြောလိုက်တာလား။ သားရဲပုံမပြောင်းနိုင်ဘူးဆိုတော့ ဒီလူငယ်က တကယ့်ကို အလကားပဲ။ လူ တစ်သောင်းမှာ တစ်ယောက်သာ ဒီလို သားရဲပုံစံကို မရနိုင်တာဖြစ်လိမ့်မည်။ ဒီလိုလူငယ်ကို သူက မရိုက်ချင်ပေ။


**********-***********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now