Chapter ( 173-2) _ Parallel World (4) - သားရဲနတ်ဘုရား ချက်သည့်ဟင်းလျာများ
ပါဝင်ပစ္စည်းများကို သားရဲနတ်ဘုရားကျောင်းတော်က လူတွေက အမှန်တကယ် ပို့ဆောင်ပေးခဲ့ပါသည်။ သန့်စင်ထားသော ငါးနှင့် အသားများကို မီးဖိုချောင်တွင် ထားရှိခဲ့သည်။
ဒီပါဝင်ပစ္စည်းများသည် မူလက ကျိုးကျီ အတွက် ရည်ရွယ်ထားတာကြောင့် အရည်အသွေးက အကောင်းဆုံးသော ပါဝင်ပစ္စည်းများဖြစ်သည်။ အထူးသဖြင့် ကျိုးကျီ သည် လတ်လတ်ဆတ်ဆတ် သတ်ထားသော ငါးများကို နှစ်သက်သောကြောင့် သူ ဒီနေ့ ငါးဟင်းကို ချက်ရင် ပိုအဆင်ပြေလောက်သည်။
"ငါး ရှိမယ်လို့တောင် မထင်ထားမိဘူး! အတော်ပဲ..ငါက ဟင်းသီး ဟင်းရွက် အချဉ်သိပ်ထားတာကို ယူလာတယ်ဆိုတော့ မင်းကို ငါး ချဉ်စပ်ဟင်းရည် ချက်ပေးမယ် " ကျိုးကျီ က ပြောလိုက်သည်။
ရှုန်းယယ် သည် ငါးနှင့် ဟင်းရွက်ချဉ်စပ်ဟင်းဆိုတာကို မကြားဖူးပေမယ့် ကျိုးကျီ ချက်မည်ကို သဘောတူလိုက်သည်။
ကျိုးကျီ သည် ဟင်းသီးဟင်းရွက်ချဉ်နှင့် ငါးကို အိုးအပြည့် ချဉ်စပ် ဟင်းရည်ချက်ကာ သူယူလာသောဆီဖြင့် အသားကို မွှေကြော်လိုက်သည်။ သူက ဘရိုကိုလီ (ပန်းစိမ်း) ကို ကြက်သွန်ဖြူနဲ့ ကြော်ပြီး ဟင်းသီး ဟင်းရွက် ဟင်းခွက်များစွာ လုပ်လိုက်သည်။
အဓိက အစားအစာအတွက် ကျိုးကျီ က ထမင်းချက်ကာ ရေပွက်ပွက်ဆူလာလာချိန် ထမင်းထည့်ချက်လိုက်သည်။ ပြီးတော့ ရေနွေးအိုးတည်ပြီး ကြက်ဥပေါင်း ပန်းကန်လုံးတစ်လုံးကို ပြင်ဆင်လိုက်သည်။
ဟင်းထည့်ထားသည့် ပန်းကန်ငါးလုံးအပြည့်ကို စားပွဲပေါ်တွင်တင်ထားရာ ရှုန်းယယ် သည် ထိုမြင်ကွင်းကြောင် အံ့သြသွားကာ ပြောလိုက်သည်။
"မင်းဘာလို့ ဟင်းတွေအများကြီးချက်နေတာလဲ"
"ဝက်ဝံကြီး မျိုးနွယ်မှာနေချင်ရင် ငါ ဘာလုပ်နိုင်တယ်ဆိုတာ မင်းကိုပြရမယ်။"
ကျိုးကျီ က ရယ်ပြီးပြောလိုက်သည်။
"တကယ်တော့ သားရဲလူသား ကုန်းမြေမှာ ငါ ကောင်းကောင်းနေနိုင်ရတဲ့ အကြောင်းရင်းက ငါ့ရဲ့ ဟင်းချက်နည်းနဲ့ နည်းနည်း ဆက်စပ်နေတယ်"
"မင်းချက်ပြုတ်တဲ့ အစားအစာက အရမ်းအရသာရှိတယ်။ မင်းကို လက်လွှတ် ဖို့ သူတို့က တကယ် ဆန္ဒရှိရဲ့လား"
ရှုန်းယယ် က မမေးဘဲမနေနိုင်ပေ။ ဘုန်းတော်ကြီးချုပ် ဖြစ်လျှင် ဒီမျှလောက်ကောင်း သော ထမင်းချက်သူကို ဘယ်တော့မှ ထွက်ခွင့်မပြုလောက်ဘူးလို့ သူခံစားမိသည်။
"သူတို့က ငါ့ဆီက ဟင်းချက်နည်းကို သင်ယူပြီးပြီ။" ကျိုးကျီ က ဆက်ပြောလိုက်သည်။
"ဒါတွေကို သင်ယူရတာ မခက်ပါဘူး"
ဒါကြောင့်ကိုး..... ရှုန်းယယ် က ဆက်မမေးတော့ဘဲ ကျိုးကျီ ချက်ထားသော ထမင်းဟင်းတွေကိုစတင် စားလိုက်တော့တယ်။ နှစ်ယောက်သား ထမင်းစားနေတုန်း တစ်ယောက်ယောက် ရောက်လာသည်။
"ဝက်ဝံသားရဲဘုရင် ၊ မင်း ဒီကိုပြောင်းလာပြီး ကြားလို့ ငါတို့ အလည်လာခဲ့တာပါ့ "
သားရဲဘုရင်နှစ်ကောင်အသံနောက်မှာ သူတို့ ပေါ်လာသည်။
ဒီအိမ်များတွင် ပြတင်းပေါက်များ မရှိသောကြာင့်လည်းကောင်း၊ ပြတင်းများက အလင်းပိတ်ကာ သေးငယ်သောကြောင့်လည်းကောင်း အဲ့ဒီခေတ်က လူတွေက အိမ်တံခါးမကြီးကို အလင်းရောင်ဝင်ဖို့ ဖွင့်ထားတတ်သည်။ ဒါတင်မကသေးဘဲ၊ ဒီခေတ်မှာ ဆောက်ထားတဲ့ အိမ်တွေအားလုံးက အခန်းတိုင်းကို နေ့အလင်းရောင် ရအောင် တောင်ဘက်ကို မျက်နှာမူပြီး ဆောက်လေ့ရှိပါသည်။
ရှုန်းယယ် နှင့် ကျိုးကျီ တို့ ထမင်းစားနေစဉ် ပင်မတံခါးကို ဖွင့်ထားခဲ့သည်။ သားရဲဘုရင်နှစ်ကောင်ဝင်လာသောအခါ ကျိုးကျီ ကို ချက်ချင်းတွေ့လိုက်ရသည်။
သားရဲနတ်ဘုရားကို မြင်တော့ သူတို့၏ ခြေသံများ ရပ်တန့်သွားသည်။
ကျိုးကျီ သည် ရှုန်းယယ်နောက်သို့ လိုက်မည်ကို သိထားလို့ ဒါကို လက်ခံနိုင်ဖို့ သူတို့စိတ်ကို တညလုံးပြင်ဆင်ထားပေမယ့် သားရဲနတ်ဘုရားနှင့် ပက်ပင်းတိုးသည့်အချိန် အနည်းငယ် ထိတ်လန့်သွားမိသေးသည်။
သို့သော် ဒီသားရဲဘုရင်နှစ်ပါးသည် အသက်ကြီး၍ အတွေ့အကြုံများသူများဖြစ်သည်။ သူတို့ စိတ်တည်ငြိမ်မှု မပျက်ဘဲ ဟန်မပျက်မေးလိုက်သေးသည်။
"ဒါက ဘယ်သူလဲ"
ရှုန်းယယ် မတ်တပ်ထရပ်ပြီး သူတို့ကို နှုတ်ဆက်လိုက်စဉ် ကျိုးကျီ အကြောင်း သူတို့မေးတာကိုကြားတော့ သူက မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့သူငယ်ချင်း ကျိုးကျီပါ " လို့ ပြန်ဖြေတယ်။
သားရဲဘုရင်အို နှစ်ယောက် - "......"
သားရဲနတ်ဘုရားရဲ့ နာမတော်ကို ထုတ်ပြောလိုက်ကတည်းက အပြစ်ကြီးနေသည့်အပြင် သားရဲနတ်ဘုရားကို သူ့သူငယ်ချင်းလို့ပင် ရှုန်းယယ်က ပြောလိုက်သဖြင့် ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။
ဟုတ်ပါတယ်၊၊ သူတို့ကို ပိုအံ့သြသွားစေတာက သားရဲနတ် ဘုရားက သူတို့ကို တကယ်ပြုံးပြလိုက်တာပဲ။
"မင်္ဂလာနံနက်ခင်းပါ မျောက်ဝံသားရဲဘုရင်နဲ့ နွားနောက်သားရဲဘုရင် !"
သားရဲဘုရင်နှစ်ပါးအနက် တစ်ယောက်က မျောက်ဝံ သားရဲဘုရင် ဖြစ်ပြီး ကျန်တစ်ယောက်က နွားနောက်သားရဲဘုရင်ဖြစ်သည်။
မျောက်ဝံသားရဲဘုရင်က အမျိုးသားဖြစ်ပြီး နွားနောက်သားရဲဘုရင်က အမျိုးသမီး ဖြစ်သည်။ သူတို့နှစ်ယောက်က သက်တူ ရွယ်တူတွေ ဖြစ်ပြီး အခုချိန် သူတို့ မျက်နှာထက်မှာ အရေတွန့်ကြောင်းတွေ ဖုံးအုပ်နေကြသည်။
အခုဆို မျက်နှာပေါ်က အရေးအကြောင်းတွေက ပိုလို့တောင် တိုးလို့လာခဲ့သည်။ သူတို့၏ အပြုံးများသည် မျက်နှာပေါ်တွင် အနည်းငယ် တင်းမာနေပြီး အားတင်းကာ နူတ်ဆက်လိုကသ်ည်။
"မင်္ဂလာနံနက်ခင်းပါ"
ကျိုးကျီ စကားရပ်လိုက်သည်။ သားရဲဘုရင်နှစ်ပါးက သားရဲနတ်ဘုရားက သူ့ဇစ်မြစ်ကို လျှို့ဝှက်ထားချင်တာကို သိလို့ သူတို့က အရှင်နဲ့ နောက်ထပ် စကားမပြောဝံ့တော့ပေ။ အခု သူတို့က ဝက်ဝံသားရဲဘုရင်ကို မိတ်ဖွဲ့ချင်လို့ အရူးအမူးရောက်လာပြီး မထင်မှတ်ပဲ အရှင့်ကို စိတ်အနှောင်အယှက်ဖြစ်စေမည်ကိုပင် စိုးရိမ်လာကြသည်။
နောက်ဆုံးမှာတော့ မျောက်ဝံ သားရဲဘုရင်တွေ က ပြောလိုက်သည်။
"ဝက်ဝံသားရဲဘုရင် ၊ မင်း ဟင်းချက်တာ ဒီလောက်ကောင်းမယ်လို့ ငါ မထင်ထားဘူး!"
သားရဲနတ်ဘုရားအရှင်က ရှုန်းယယ်ရဲ့ အချက်ပြုတ်ကောင်းမှုကြောင့် ရှုန်းယယ်ကို သဘောကျသွားတာ ဖြစ်နိုင်မလား....
"ဒါကို ငါမလုပ်ဘူး၊ ကျိုးကျီ လုပ်ထားတာပါ။" ရှုန်းယယ် က ပြောလိုက်သည်။
"မင်းတို့လည်း ငါတို့နဲ့ အတူတူဝင်စားပါလား"
ဒီဟင်းလျာများကို သားရဲနတ်ဘုရားအရှင် အမှန်တကယ် ပြုလုပ်ခဲ့တာလား။ သားရဲဘုရင်နှစ်ပါးသည် အံ့အားသင့်သွားပြီး ထိုင်မြည်းကြည့်ရန် မစောင့်နိုင်တော့ပေ။ သို့သော် ကျိုးကျီ မပျော်မရွှင်ဖြစ်မည်ကို ကြောက်ရွံ့ကြပြီး ကျိုးကျီ ဘက်ကိုသာ မျှော်ကြည့်နိုင်ကာ မေးလိုက်သည်။
"ငါတို့ ဘယ်လိုလုပ်ရမလဲ"
"အဆင်ပြေပါတယ်။ မင်းတို့လည်း တစ်ချို့ စားလို့ ရနိုင်တယ်။"
ရှုန်းယယ် မတ်တပ်ထရပ်ပြီး သားရဲဘုရင်နှစ်ပါးကို ကျွေးမွေးဖို့ ပြင်ဆင်လိုက်သည်။
သူသည် အင်အားကြီးသူများနှင့် တစ်ချိန်လုံး မိတ်ဆွေဖွဲ့လိုသော ရှီလီနှင့် မတူသော်လည်း အခြား သားရဲဘုရင်တွေ နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်လိုစိတ်ရှိ ခဲ့သည်။ အထူးသဖြလောက် သူနှင့် ရှီလီ လမ်းခွဲတော့မည့် ကိစ္စကြောင့် ဖြစ်သည်။
ကျိုးကျီ က ရှုန်းယယ် တွေးနေတာကို သိပြီး ဒါကို ပံ့ပိုးပေးတဲ့အတွက် ကန့်ကွက်ခြင်း မရှိဘူး။ သူ့အိမ်မက်ထဲက ကျိုးကျီ က ရှုန်းယယ်ကို ကြိုက်တာကြောင့် ရှုန်းယယ် အတွက်ပဲ ချက်ပြုတ်ထားပေမယ့် သူ ကိုယ်တိုင်ကတော့ မတူဘူး။
မည်သို့ပင်ဆိုစေကာမူ သူသည် အစားအသောက်ကို ချက်ပြီးသားဖြစ်သည်။ သူများတွေကို အရသာခံခွင့်ပေးတာက အရေးမကြီးပါဘူး။
ကျိုးကျီ သည် သားရဲလူသား ကုန်းမြေသို့ရောက်ပြီးနောက် သားရဲလူသား ကုန်းမြေမှ လူများသည် တူများကို စတင်အသုံးပြုလာကြသည်။ သားရဲဘုရင်တွေ နှစ်ယောက်ရဲ့ တူကိုင် စွမ်းရည်က အရမ်းကောင်းသည်။
နွားနောက်သားရဲဘုရင်သည် အပင်မျိုးစုံကို ကြိုက်သည်။ ဘရိုကိုလီကို အရင်က တစ်ခါမှ မမြင်ဖူးတဲ့အတွက် စားပြီး မျိုချလိုက်ချိန် အရသာကို အရမ်းအံ့သြသွားသည်။ သူမ တစ်ခါမှ မစားဖူးသော ဒီအပင်မျိုးသည် အရသာအလွန်ကောင်းလွန်းလှသည်။
နွားနောက်သားရဲဘုရင်သည် အခြားဟင်းလျာများကို စမ်းကြည့်လိုက်သည်။ မျောက်ဝံ သားရဲဘုရင်တွေ အတွက် သူ ပထမဆုံး အမဲသားဟင်းကို စမ်းကြည့်လိုက်သည်။
ကျိုးကျီ သည် ဒီအသားမွှေကြော်ဟင်းတွင် ဇီယာကို ထည့်ထားသည်။
သူသည် သားရဲလူသား ကုန်းမြေတွင် မျိုးစေ့များစွာကို စိုက်ပျိုးထားပြီး စိုက်ပျိုးနည်း များစွာကို သင်ပေးခဲ့သော်လည်း သားရဲလူသား ကုန်းမြေမှလူများကို ဒီဟင်းခတ် အမွှေးအကြိုင်မျိုးစေ့ကို စိုက်ပျိုးခွင့်မပြုခဲ့ပေ။ လက်ရှိ သားရဲလူသား ကုန်းမြေ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်က အရသာရှိသော အစားအစာကို စတင်ရှာဖွေရန် မဝေးတော့ကြောင်း သူ ခံစားခဲ့ရသည်။ ဟုတ်တာပေါ့..သူတို့ စိုက်လာနိုင်ရင် သူလည်း စားနိုင်တယ်လေ။
ထို့ကြောင့် မျောက်ဝံသားရဲဘုရင်နှင့် နွားနောက်သားရဲဘုရင်တို့သည် ယခင်က မစားဖူးသော အရာများစွာကို စားနိုင်ခဲ့ကြသည်။ သားရဲဘုရင်နှစ်ပါးတို့သည် စားသောက်ခြင်း၌ လုံးဝကို နှစ်မြှုပ်ချင်စိတ်ပေါက်လာခဲ့သည်။
သားရဲနတ်ဘုရားက ပြုလုပ်ထားတဲ့ အစာကိုစားခြင်းက သူတို့ကို သေချာပေက် ကောင်းချီးပေးခံရမှာ သေချာပါတယ်။ သို့သော်လည်း၊ ... သားရဲနတ်ဘုရား ၏ အစာက သူတို့အတွက် ပြုလုပ်ခဲ့ခြင်း မဟုတ်လို့ အလွန်အကျွံမစားဝံ့ကြပေ။
နောက်ဆုံးတွင် သားရဲဘုရင်နှစ်ပါးသည် ထမင်းတစ်ပန်းကန်တည်းနှင့် ဟင်းအနည်းငယ်ကိုသာ စားခဲ့သည်။ သူတို့မျက်လုံးထဲမှာ မျက်ရည်တွေကျနေပေမယ့် အစာ ထပ်မစားတော့ဘူး။
ရှုန်းယယ်သည် သူက ကမ္ဘာလောကကြီးကို သိပ်မမြင်ဖူးလို့ အသိမြင် ဗဟုသုတနည်း သည်ဟု ထင်မြင်လာသည်။ ကျိုးကျီ ၏ အစားအစာသည် အလွန်အရသာရှိပေမယ့် သားရဲဘုရင်နှစ်ပါးက ထိုမျှလောက်သာ အစားအစာကို စားခဲ့သည်။ ဒီလိုအစားအစာမျိုးကို တစ်ချိန်လုံးစားခဲ့ကြလို့ သူတို့ ရိုးအီနေတာ ဖြစ်နိုင်မလား။
ရှုန်းယယ် သည် သားရဲဘုရင်နှစ်ကောင်နှင့် စကားပြောနေစဉ် သားရဲဘုရင်နှစ်ပါးသည် သူ့အပေါ် အလွန်ကောင်းမွန်သော သဘောထားရှိကြောင်းကို သူတွေ့ရှိခဲ့သည်။ အစပိုင်းမှာတော့ အနည်းငယ် ထူးဆန်းတာကို တွေ့ခဲ့ရပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ ဒါဟာ ပုံမှန်ပါပဲလို့ သူ ခံစားလိုက်ရသည်။
သူသည်လည်း ဒီသားရဲဘုရင်နှစ်ပါး၏အသက်အရွယ်သို့ရောက်လျှင်၊ သူ့ထက် ငယ်သောသားရဲဘုရင်များနှင့်လည်း အလွန်ဖော်ရွေမည်ဖြစ်သောကြောင့် ငယ်ရွယ်သော သားရဲဘုရင်များသည် သူတို့သေဆုံးပြီးနောက် သူတို့၏မျိုးနွယ်စုများကို ဒုက္ခမပေးစေရန် ခုလို ကောင်းကောင်းဆက်ဆံတာ ဖြစ်နိုင်သည်။
နှစ်ယောက်လုံး အချိန်အကြာကြီး စကားပြောနေကြပြီး အစားအသောက် ပြီးသွားသည်။ ထိုအချိန်တွင် ကျိုးကျီ က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"ငါ ဒါတွေကို ရှင်းလင်းလိုက်မယ်"
မျောက်ဝံ သားရဲဘုရင် နှင့် နွားနောက်သားရဲဘုရင်သည် သားရဲ ဘုနတ်ရားသခင်ကို ဆေးကြော သန့်ရှင်းတာကို ခိုင်းစေရန် မည်သို့ သတ္တိရှိနိုင်မည်နည်း။ သူတို့ တစ်ခုခုပြော လိုပေမယ့် ကျိုးကျီ က သူတို့ထွက်သွားဖို့ အမူယာပြတာကို တွေ့လိုက်ရသည်။
မျောက်ဝံ သားရဲဘုရင် နှင့် နွားနောက်သားရဲဘုရင်တို့သည် မနှောင်နှေးဝံ့ဘဲ ချက်ခြင်း နှုတ်ဆက်လိုက်ကြသည်။ ရှုန်းယယ် က သူတို့ကို သံသယမဝင်ဘဲ သားရဲဘုရင်နှစ်ကောင်ကို လွှတ်လိုက်သည်။
နှစ်ဦးနှစ်ဘက် နှုတ်ဆက်ပွဲအပြီးတွင် လမ်းခွဲခဲ့ကြသည်။ နွားနောက်သားရဲဘုရင်နဲ့ မျောက်ဝံ သားရဲဘုရင်တို့သည် ကျိုးကျီ ပေါ်လာသည်ကိုမြင်သောအခါ ခြေလှမ်း အနည်းငယ်ထက် ပိုမလှန်းရဲတော့ပေ။
နှစ်ယောက်သား တပြိုင်နက် ဒူးထောက်လိုက်သည်။
ကျိုးကျီ - "မင်းတို့ နောင်မှာ ဒီကို သိပ်မလာသင့်ဘူး။ အခြားလူတွေကိုလည်း ဒီကို လျှော့လာဖို့ ပြောလိုက် "
"ဟုတ်ကဲ့ပါ အရှင် !"
သားရဲဘုရင်နှစ်ပါးက သဘောတူပြီးနောက် သားရဲနတ်ဘုရား ထွက်ခွာသွားပြီဆိုတာ သိလိုက်ရသည်။ သူတို့ရဲ့သားရဲ ဘုရားသခင်က ပန်းကန်ဆေးဖို့ ပြန်သွားခဲ့တာ ဖြစ်နိုင်မလား။
မျောက်ဝံ သားရဲဘုရင်နဲ့ နွားနောက်သားရဲဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့အဖြစ်ကို မယုံမရဲဖြစ်နေကြသည်။ နောက်တွင် အလွန်စိတ်လှုပ်ရှား လာသည်—- သားရဲနတ်ဘုရား ၏ အစားအစာကို သူတို့ တကယ်ကြီး စားလိုက်ရတာပဲ...
ဒါတင်မကသေးဘဲ၊ သူတို့သာ ဒီလို စားခွင့်ရလိုက်တယ်။ အရှင်က သူတို့ကို လျှော့လာဖို့ ပြောထားပြီး တခြားသူတွေလည်း လျော့လာဖို့ အမိန့်ပေးခဲ့တော့ သားရဲဘုရားရဲ့ ဟင်းလျာတွေကို အခြားလူတွေ စားဖို့ အခွင့်ရေး ရှိမှာ မဟုတ်ဘူး။
ဟုတ်တယ်လေ... သားရဲဘုရားက ရှုန်းယယ် ကို ဘာလို့ ဒီလောက်ကောင်းရတာလဲ။ ရှုန်းယယ် က သူတို့အတွက် ဘာမှ ထူးခြားပုံမပေါ်ဘူး...
သားရဲဘုရင်နှစ်ကောင်က ပဟေဋ္ဌိဖြစ်နေတုန်းမှာ ရှုန်းယယ်ဟာ ကျိုးကျီ ကို သူနဲ့အတူ လည်ပတ်ဖို့အတွက် ဝက်ဝံကြီး မျိုးနွယ်ဆီကို ခေါ်ဆောင်သွားဖို့ စီစဉ်နေတယ်။ သူနင့် ရှီလီသည် လမ်းခွဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရှက်စိတ်အနည်းငယ် ခံစားရပြီး တခြားလူတွေကို မပြောပြချင်ပေမယ့်လည်း ပြောရဦးမည် ဖြစ်သည်။
ထို့အပြင် ကျိုးကျီ က ပြန်လာချင်သည်ကို မျိုးနွယ်စုလူများကို မိတ်ဆက်ပေးရမည်။
ဝက်ဝံကြီးဆီကို အပြန်လမ်းမှာ ရှုန်းယယ် က ကျိုးကျီ ကို ပြောလိုက်သည်။
"ငါတို့ နေရာအနံ့ကို လျှောက်သွားနေတာ နှစ်အတော်ကြာပြီ။ လွန်ခဲ့တဲ့ 11 နှစ်က ငါတို့က သားရဲစစ်သည်တော် တစ်ယောက်ဖြစ်လာပြီး နောက်ဆုံးမှာ ငါတို့ အခြေချနေထိုင်ခဲ့ပါတယ်။ အခုတော့ ဝက်ဝံကြီး မျိုးနွယ်စုမှာ လူ ရှစ်ဆယ့်ကိုးယောက် ရှိတယ်။"
လူရှစ်ဆယ့်ကိုးယောက်သာကျန်တော့တာလား...... ဝက်ဝံကြီး မျိုးနွယ် က တကယ့်ကို သေးငယ်တဲ့မျိုးနွယ်တစ်ခုပဲ။
သို့သော် သူသည် အလွန်တန်ခိုးကြီးသော မျိုးနွယ်ဖြစ်သည်။ နောက်ဆုံးတော့ ဒီမျိုးနွယ်စုမှာ သားရဲဘုရင်နှစ်ကောင်ရှိတယ်။
သားရဲဘုရင်တွေ နှစ်ကောင်ရှိသောကြောင့် ဝက်ဝံကြီး မျိုးနွယ်စုတွင် စခန်းချရန် အလွန်ကျယ်ဝန်းသော နယ်မြေတစ်ခု ရှိပြီး သူတို့ကို အိမ်ဆောက်ရန် ကူညီပေးသော အခြားမျိုးနွယ်စုများမှ လူများပင် ရှိသေးသည်။
ရှုန်းယယ် နှင့် ကျိုးကျီတို့သည် ရောက်လာသောအခါတွင် ဝက်ဝံကြီးတို့ အခြေချ နေထိုင်ရာ အရပ်တွင် လူများစွာ တည်းခိုနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဝက်ဝံကြီးမျိုးနွယ်စု၏ လူများနှင့် စကားပြောကာ မိတ်ဖွဲ့နေကြသည်။
ရှုန်းယယ် ကိုယ်တိုင်ရောက်လာတာကိုတွေ့တော့ အားလုံးက သူ့ကို နှုတ်ဆက်ဖို့ လာကြသည်။
ကျိုးကျီ က သူ့နောက်မှာ ရပ်လိုက်ပြီး အရှိန်လျှော့လိုက်တယ်။ ထို့နောက်တွင်၊ သားရဲလူသား ကုန်းမြေမှ ဘုန်းကြီးအချို့သည် သူ့ကိုမှတ်မိပြီး မှောင်ရိပ်မှ သူ သွားရာလမ်းကို လျှို့ဝှက်ကာ ခိုးကြောင် ခိုးဝှက်ကြည့်နေသည်ကို ကျိုးကျီ တွေ့ရှိခဲ့သည်။
ကျိုးကျီ : "......"
ရှုန်းယယ် ရိုးရှင်းသော စကားအနည်းငယ်ပြောပြီးနောက် သူ့အတွက် ဗလာကျင်း ထားသည့် ဝက်ဝံကြီးနှင့်ရှီလီတို့ အိမ်သို့သွားခဲ့သည်။ ထို့နောက် သူသည် ဟူယွဲ့ ဆီသို့ရောက်လာချိန်မှာ ဟူယွဲ့က ရှုန်းအန်း ဟုခေါ်သော လူငယ်တစ်ဦး နှင့် ရှိနေတာကို တွေ့လိုက်ရသည်။
"ရှုန်းယယ် ၊ နင်....ငါတို့ကို ဘာလို့ရှာနေတာလဲ" ဟူယွဲ့ က မေးလိုက်သည်။
"မင်းကို ပြောစရာရှိတယ်။" ရှုန်းယယ် က ပြောသည်။ ခဏရပ်ပြီး ကျိုးကျီ ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျိုးကျီပဲ ။ ဟူယွဲ့ .... နင် သူ့ကို မှတ်မိသေးလား။"
ရှုန်းအန်း သည် ဝက်ဝံကြီးမျိုးနွယ် ဘေးအန္တရာယ်ကျရောက်ပြီးမှ မွေးဖွားခဲ့လို့ သူက ကျိုးကျီ ကို သေချာစွာမှတ်မိမည်မဟုတ်သော်လည်း ဟူယွဲ့က ကျိုးကျီကို မှတ်မိနေသေးသည်။
"ကျိုးကျီ လား?" ကျိုးကျီကိုကြည့်ရင်း ဟူယွဲ့ အနည်းငယ် အံ့သြသွားသည်။ ခဏတာ အတွင်း သူမက မှတ်မိပြီးနောက် သူမ၏ အကြည့်က ပိုပျော့ပျောင်းသွားကာ နူတ်ဆက်လိုက်သည်။
"မတွေ့တာကြာပြီနော်"
"ကျိုးကျီ က နောင်မှာ ငါတို့ ဝက်ဝံကြီး မျိုးနွယ် မှာ ပါဝင်လာမှာဖြစ်တယ်။ အချိန်တန်ရင် သူ့ကို နည်းနည်း ဂရုစိုက်ပေးပါ" ရှုန်းယယ် က ပြောလိုက်သည်။
ဟူယွဲ့ နှင့် ရှုန်းအန်း ချက်ခြင်း သဘောတူပြီး ကတိပေးလိုက်သည်။
"ကောင်းပြီ"
ရှုန်းယယ် က စကားစပြီး တုံ့ဆိုင်းသွားပြန်သည်။ ရှုန်းယယ် က တခြားတစ်ခုခုပြောချင်တာကို ဟူယွဲ့ ကမြင်ပြီး မေးလိုက်သည်။
"အကို.....မင်းဒုက္ခတစ်ခုကြုံလာလို့လား?"
"ဒါက ပြဿနာမဟုတ်ပါဘူး... ဟူယွဲ့... ငါ ရှီလီနဲ့ လက်တွဲဖော်အဖြစ်ကနေ ရပ်လိုက်ပြီ" ရှုန်းယယ် ကပြောလိုက်သည်။
ဟူယွဲ့ ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး အမာရွတ်များဖုံးလွှမ်းနေသော သူမ၏မျက်နှာသည် အထူးတင်းမာလာခဲ့သည်။
"သူ...နင့်ကို တစ်ခုခုလုပ်လိုက်တာလား။"
"မဟုတ်ဘူး" ရှုန်းယယ် က ပြောလိုက်သည်။ ရှီလီသည် ယခုထိ သည်းမခံနိုင်သော မည်သည့်အရာကိုမျှ မလုပ်သေးခဲ့ဘူးလေ။
"ငါတို့ တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေ မရှိတော့ဘူး"
"ဘာကို ဆိုလိုတာလဲ ။ ခံစားချက်မရှိတော့ဘူး ဟုတ်လား။ သူက နင့်ကို အားကိုးပြီးရင် ပိုသန်မာလာမှာတဲ့သူ မဟုတ်လား..."
ဟူယွဲ့ က ရှုန်းယယ် ကို အားကိုးပြီး ရှီလီက ပိုသန်မာလာပြီးနောက် ရှုန်းယယ် ဟာ သူ့အတွက် အသုံးမဝင်တော့ဘူးလို့ ခံစားလာရပြီး ကန်ထုတ်လိုက်တယ်လို့ ဟူယွဲ့ က ထင်ခဲ့သည်။ သို့သော် သူမ တကယ်ပြောခဲ့လျှင် ရှုန်းယယ် စိတ်ဆိုးသွားနိုင်ပြီး နောက်ဆုံးတွင် အသံကျယ်ကျယ်မပြောဘဲ နေလိုက်သည်။ မကြာမီ ဘာကြောင့်ဆိုတာ သူမ သဘောပေါက်လိုက်သည်။
ရှုန်းယယ် - "ဘာပဲဖြစ်ဖြစ် သားရဲ ဘုရားသခင်ရဲ့ ပူဇော်ပွဲမှာ ငါတို့ လမ်းခွဲလိမ့်မယ်... ဒီအကြောင်းကို နောက်မှ မင်းက ငါတို့ မျိုးနွယ်က လူတွေကို ပြောပြနိုင်တယ်။ အချိန်တန်ရင် သူ့နောက်လိုက်ချင်တဲ့လူတွေက သူနဲ့အတူ လိုက်သွားလို့ရတယ်၊ ငါ့ နောက်လိုက်ချင်တဲ့လူတွေလည်း လိုက်လာနိုင်တယ်။"
ရှုန်းယယ် က ဝက်ဝံကြီးမျိုးနွယ်ကို မခွဲထွက်စေချင်ပေမယ့် ရှီလီကို ဝက်ဝံကြီးမျိုးနွယ်စုက လူအားလုံးကို ခေါ်သွားခွင့် ပေးရုံနဲ့ မပြီးနိုင်ပါဘူး... နောက်ဆုံးတော့၊ ဒါက သူ့ဘဝ တစ်ဝက်လောက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတဲ့ မျိုးနွယ်စုဝင်တွေလေ...
သူက သူ့လူတွေကို ရွေးချယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
"ရှုန်းယယ် ၊ စိတ်မပူပါနဲ့။ ရှီလီရဲ့ညီကလွဲလို့ ငါတို့အားလုံး မင်းနောက်ကို လိုက်မှာသေချာတယ်!"
ဟူယွဲ့ က ချက်ချင်းပဲ ပြောလိုက်သည်။
"ရှီလီရဲ့ညီလေးကို မောင်းထုတ်လိုက်တော့မယ်!"
ဟူယွဲ့ က သူမပြောတဲ့အတိုင်း လုပ်လိုက်ပြီး အပြင်ကို ချက်ချင်းထွက်သွားတော့သည်။
YOU ARE READING
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)
Adventureကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed) Genre _ Adventure , Comedy , Fantasy, Historical ,Romance ,Slice of Life ,Yaoi မေး- မင်း နှစ်သက် သဘောကျတဲ့သူက သစ္စာမရှိတော့တဲ့အခါ မင်း ဘာလုပ်သင့်လဲ။ ဖြေ - နောက်တစ်ယောက်ရှာပါ။ ဒီတစ်ခါတ...