Chapter (156 ) _ ဧရာမဆင်ကြီး ရုတ်တရက်ပေါ်လာခြင်း

4.9K 1K 53
                                    


Chapter (156 ) _ ဧရာမဆင်ကြီး ရုတ်တရက်ပေါ်လာခြင်း

တိုက်ခိုက်ခဲ့သော သားရဲဘုရင်နှစ်ပါးသည် သားရဲနတ်ဘုရားကျောင်းတော် နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး သူတို့က ရှုန်းယယ်ကို မတိုက်ခိုက်မီ   သူတို့ရဲ့ တိရစ္ဆာန်ပုံစံအဖြစ်သို့ ပြောင်းလဲသွားကာ ရှုန်းယယ်ကို ရိုက်နှက်ခြင်းမပြုမီ ကျန်လူများကိုလည်း အကြည့်ဖြင့် အချက်ပေးလိုက်သေးသည်။
 
ခပ်သေးသေး ချိုင့်ဝှမ်းလေးထဲမှာ အကောင်ကြီးငါးကောင် ရုတ်တရက် ပေါ်လာပြီး ကောင်းကင်ကို လှုပ်ခါလောက်အောင် ကျယ်လောင်စွာ ဟိန်း ဟောက်လိုက် ကြတယ်။ မြေအိုးဖုတ်သူတွေ ဆောက်ထားတဲ့  အိမ်ပုလေးတွေ  မကြာခင်မှာ နင်းမိလို့ ပြားကုန်တယ်။

ရှုန်းယယ်က သားရဲဘုရင် လေးယောက်ကို တပြိုင်တည်း   အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်၊ ကြံ့သားရဲဘုရင်သည် သူရဲ့တိရစ္ဆာန်ပုံစံသို့ ပြောင်းသွားသည်ကို မြင်သောအခါမှ ဒီအတွေး ပေါ်လာသည်။

  ပုံမှန်ကြီးမားသော အဆင့်နိမ့်သားရဲစစ်သည် အဆင့် ကြံ့တစ်ကောင်သည် ဆယ်တန်မှ တန်နှစ်ဆယ်အထိ အလေးချိန်ရှိနိုင်သည်။ သားရဲဘုရင်အဆင့် ကြံ့ကြီးဆိုရင်တော့..... ကျိုးကျီရဲ့ ယခင်တိရိစ္ဆာန်ပုံစံထက် အနည်းငယ် ကြီးမားသော သို့မဟုတ် တူညီသည့် ဧရာမကြံ့ကြီးတစ်ကောင် ပေါ်လာသည်။

ကြံ့သားရဲဘုရင်သည် ရှုန်းယယ်ဘက်တွင် ရှိနေသည်မှာ ထင်ရှားသည်။  သူရဲ့တိရစ္ဆာန်ပုံစံကို ပြောင်းလဲပြီးနောက် ရှုန်းယယ်ကို တိုက်ခိုက်ခဲ့သော သားရဲဘုရင်များထံ ချက်ချင်းသွားခဲ့သည်။

တိုက်ပွဲသံများ ချက်ခြင်း ထွက်ပေါ်လာပြီး လူများ အံ့အားသင့်စေသည့် အရာမှာ ရှုန်းယယ်နှင့် ကြံ့ သားရဲဘုရင် တို့သည် လူနှစ်ဦးကို အသီးသီး အနိုင်ယူနိုင်ပြီး လဲကျခြင်းမရှိကြပေ။

တကယ်တော့ ဒါဟာ သိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။  ကြံ့ သားရဲဘုရင် ရဲ့ တိရစ္ဆာန်ပုံစံသည် ကြီးမားလွန်းသဖြင့် သာမန်ခြင်္သေ့များနှင့် ကျားများက သူ့ကို အုပ်စုလိုက်ပင် နိုင်အောင် မတိုက်နိုင်ပေ။   သားရဲဘုရင်  များသည် လောလောဆယ်တွင် သူ့ကို မဖြိုခွဲနိုင်တော့ဘူးဆိုတဲ့  အမှန်တော့၊ ကြံ့ သားရဲဘုရင် ရဲ့တိုက်ခိုက်နိုင်စွမ်းသည် အလယ်အလတ်ဖြစ်ပြီး သူတို့ကိုလည်း အနိုင် မယူ နိုင်ပေ။

ရှုန်းယယ်အတွက်လည်း... ရှုန်းယယ်သည် ကျိုးကျီမှ နေ့တိုင်း သူရဲ့ စွမ်းအင်ကို အသုံးပြုနည်းကို လေ့ကျင့်ရန် သင်ကြားပေးခံခဲ့ပြီး သူရဲ့ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် သာမန်လူများထက် သာလွန်သည်။ သူက သားရဲဘုရင် နှစ်ကောင်ကို အနိုင်မယူ နိုင်သော်လည်း၊ သူတို့ကို ရှောင်ရှားနိုင်ပြီး လဲကျ မသွားနိုင်ပေ။
 
ကျိုးကျီကို ဝိုင်းထားသည့် အခြားသားရဲဘုရင်အနည်းငယ်အပြင် သားရဲနတ်ဘုရားကျောင်းတော် မှ လူများလည်း ရှိသေးသည်။ ထိုအချိန်တွင် တိုက်ပွဲကိုကြည့်ရင်း အားလုံး အံ့အားသင့်သွားကြသည်။ တချို့က ထိတ်လန့်တကြား လေအေးတွေ  ရှုရှိုက်လိုက်မိသည်။
 
ရှုန်းယယ်ပဲဖြစ်ဖြစ် ကြံ့သားရဲဘုရင်ပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်စလုံးက အရမ်းသန်မာလွန်းတယ်။  

ကျူးယန် နှင့် မာရှန်  တို့က ကျိုးကျီရဲ့နောက်တွင် ရပ်ကာ သူတို့ကိုယ်ကို သေးကျုံ့သွားအောင်  ကြိုးစားနေကြတယ်။ သားရဲနတ်ဘုရားကျောင်းတော် ဘက်မှာ မရပ်တည်ဖို့ ဆုံးဖြတ်ခဲ့မိလို့  သူတို့ အရမ်းပျော်နေတယ်။

ရှုန်းယယ်က အရမ်းအစွမ်းထက်နေပြီ၊ ကျိုးကျီက ရှုန်းယယ်ထက်တောင် ပိုသန်မာတယ်... ကျိုးကျီက သားရဲဘုရင် သုံးယောက်ကို သူ့ဘာသာသူ တိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။

သူတို့က ဝက်ဝံကြီးမျိုးနွယ်ကို သစ္စာမဖောက်နိုင်ဘူးဆိုတာ သေချာသွားတယ်။ သူတို့က   ဝက်ဝံကြီး မျိုးနွယ်  ရဲ့ပေါင်များကို တင်းတင်းကြပ်ကြပ် ဖက်ထား ရမယ်။
 
ကျူးယန် နှင့် မာရှန်  တို့သည် တိုက်ပွဲကို  ကြည့်နေကြသော်လည်း ကျိုးကျီသာ တိုက်ပွဲမှာ မပါလာရင်   ရှုန်းယယ်နှင့် ကြံ့သားရဲဘုရင်တို့ ကြာလာရင် ရှုံးနိမ့်လာလိမ့်မည်။
 
ထိုသားရဲဘုရင်နှစ်ကောင်သည် ကြံ့သားရဲဘုရင်ကို အနိုင်မယူ နိုင်သော်လည်း သူတို့သည် ကြံ့သားရဲဘုရင်ရဲ့ခန္ဓာကိုယ်တွင် ဒဏ်ရာအသေးစားများကို ချန်ထားနိုင်သေးသည်။ တစ်ဖက်တွင်မူ ကြံ့သားရဲဘုရင်ရဲ့ ခန္ဓာကိုယ်သည် အလွန်ကြီးပြီး လေးလံသောကြောင့် ဒီလူနှစ်ဦးကို ရေရှည် မတိုက်ခိုက်နိုင်ပေ။ ရေရှည်တွင်၊ ကြံ့သားရဲဘုရင်သည် စွမ်းအင်ကုန်သွားသောအခါတွင် အသတ်ခံရလိမ့်မည်။
 
ရှုန်းယယ်အတွက်တော့...

 သားရဲဘုရင် နှစ်ယောက်က အစောပိုင်းမှာ  အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်တာ ကို သူတို့ နားလည်မှု မရှိသောကြောင့် ရှုန်းယယ်က ရှောင်တိမ်းနိုင်ခဲ့သေးပေမယ့် အချိန်ကြာကြာ တိုက်ပွဲဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာသည်နှင့်အမှ ရှုန်းယယ်လည်း ခံစစ်ဘက်ကို ရောက်သွားခဲ့သည်။

ကျန်သားရဲဘုရင်တွေက မလှုပ်ရှားသေးပဲ    သားရဲနတ်ဘုရားကျောင်းတော် ရဲ့လူများအနီးတွင် ရပ်နေသေးသည်။  

"ကျား သားရဲဘုရင် ၊ မျောက်ဝံ သားရဲဘုရင် ၊ ဒီလို ကျင့်ကြံနည်းကို မင်း မလိုချင်ကြတာလား..." ဘုန်းတော်ကြီးချုပ် သည် မတိုက်ခိုက်ရသေးသော ကျား သားရဲဘုရင် နှင့် မျောက်ဝံ သားရဲဘုရင် ဆီသို့ လှမ်းကြည့်လိုက်သည်။

မူလက သားရဲကုန်းမြေကြီးတွင် သားရဲဘုရင် ရှစ်ကောင်ရှိခဲ့ပြီး၊ ထို့နောက် ရှီလီ ပေါ်လာခဲ့သည်၊ ထို့ကြောင့် ယခုအခါ ကိုးကောင်ရှိနေသည်။ သို့သော် ရှန့်ထျန်း   သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် လက်တွေ့တွင် စုစုပေါင်း သားရဲဘုရင်ရှစ်ကောင်ရှိသေးသည်။

ရှုန်းယယ်ကို ကူညီနေသော ကြံ့သားရဲဘုရင်ကို ဖယ်ရှားပြီးနောက် သူရဲ့ စွမ်းအင်ကို အသုံးမပြုနိုင်သော ရှီလီနှင့် သားရဲဘုရင်ခြောက်ကောင် ကျန်ခဲ့သည်။

အခု သားရဲဘုရင် လေးယောက်က မျောက်ဝံ သားရဲဘုရင် နဲ့ ကျား သားရဲဘုရင် ကို ဘေးမှာ ထားခဲ့ပြီး တိုက်ပွဲဝင်ပြီးသွားပြီ။

ဘုန်းတော်ကြီးချုပ် ရဲ့စကားကိုကြားပြီးနောက် မျောက်ဝံဘုရင်သည် ဘာမှ ပြန်မပြောသော်လည်း ကျား သားရဲဘုရင် သည် မျက်လုံးများကို မှိတ်ထားပြီး ရှေ့တွင် ပြင်းထန်သောတိုက်ပွဲကို တိုက်ခိုက်နေသော လူများကို ကြည့်နေသည်။
"မမျှော်လင့်ဘဲ၊ ဝက်ဝံကြီးမျိုးနွယ်ဟာ ဒီလိုမျိုး ကျင့်ကြံနည်း တကယ်ရှိခဲ့တာပဲ ..."

ရှုန်းယယ်သည် အချိန်မရွေး နေရာမရွေး ကျင့်ကြံလေ့ရှိသည်။ အခု တိုက်ပွဲနေ သည့် အချိန်တွင်လည်း သူက  သူတို့ရဲ့ပတ်ဝန်းကျင်မှ စွမ်းအင်များကို စတင် စုပ်ယူနိုင်ခဲ့သည်။ သို့သော်၊ ရှုန်းယယ်ရဲ့လုပ်ရပ်များကို အလယ်အလတ်အဆင့် သားရဲစစ်သည်တော်များနဲ့  အဆင့်မြင့်သားရဲသူရဲကောင်းများက အာရုံ မခံစားနိုင်သော်လည်း ကျား သားရဲဘုရင် က ခံစားနိုင်သည်။

"မင်း ဘာအကြောင်းပြောနေတာလဲ?" ဘုန်းကြီးက မေးတယ်။

" ရှုန်းယယ် က တိုက်ခိုက်ရင်း ကျင့်ကြံနေတာပဲ " ကျား သားရဲဘုရင် က ရှင်းပြလိုက်သည်။

တကယ်တော့ ကျား သားရဲဘုရင် တစ်ယောက်တည်း  ဒါကို သတိထားမိတာ   မဟုတ်ပါဘူး။ တခြား သားရဲဘုရင်  တွေလည်း သတိထားမိပြီး ရှီလီ လည်း သတိထားမိသည်။

ရှီလီက ရှုန်းယယ်နဲ့ ကျိုးကျီကို သတ်ဖြတ်ဖို့ သူတို့ဆီမှာ ကျင့်ကြံနည်းတစ်ခု ရှိတယ်လို့ အကွက်ဆင်ကာ ပြောခဲ့တယ်။ ဒါပေမယ့် ရှုန်းယယ်ဆီမှာ တကယ်ကျင့်ကြံနည်း ရှိနေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး!

ရှုန်းယယ်မှာ ဒီကျင့်ကြံနည်းကို ဘယ်လိုကြောင့်  အခုသုံးနေတာလဲ။

  ရှုန်းယယ်လည်း ပြန်လည်မွေးဖွားလာခဲ့တာ ဖြစ်နိုင်မလား။

ဒါဖြစ်လောက်တယ်! ဒါပေမယ့် ရှုန်းယယ်ပြန်မွေးဖွားခဲ့မယ်ဆိုရင်လည်း ဘာဖြစ်လဲ။ သားရဲနတ်ဘုရားက သူ့ဘက်မှာ ရှိနေလို့ ရှုန်းယယ်က အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။
ကျားသားရဲဘုရင်သည် ယခုအချိန်တွင် ရှုန်းယယ်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ သော်လည်း ရှီလီရဲ့ နှလုံးသားထဲတွင် အတွေးများစွာ လင်းလက်သွား သည်။

ရှုန်းယယ်က သားရဲဘုရင် နှစ်ယောက်ကို လျှပ်တပြက် တိုက်ခိုက်ပြီး လက်ဦးမှု ယူလိုက်သည်။ တကယ်လို့ နောက်ထပ် တစ်ယောက် ထပ်တိုးလာရင် သူ ထိန်းမထားနိုင်တော့ပေ။

ရှုန်းယယ်က တုန့်ဆိုင်းခြင်း မရှိ အော်ခေါ်လိုက်သည်။  "ဟိုင်ဖုန်း !"  

ဟိုင်ဖုန်း ဆိုတာ ဘာကောင်လဲ ?

သားရဲနတ်ဘုရား ကျောင်းတော်က လူတွေ ဇဝေဇဝါဖြစ်နေချိန် အရပ်မြင့်မြင့် လူတစ်ယောက်က ပြေးလာပြီး ကျားသားရဲဘုရင်ပေါ် ခုန်အုပ်လိုက်သည်။
 
ဒီကောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ကြံ့သားရဲဘုရင်ရဲ့ ဆယ်ဆ အရွယ် ဧရာမတိရစ္ဆာန်ကြီးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ဒီလူက ကျားသားရဲဘုရင်ကိုယ်ပေါ် ဖိချလိုက်လို့ တုန်လှုပ်သွားကြသည်။

ကြံ့သားရဲဘုရင်သည် ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်တုန်လှုပ်သွားသည်။

ဟိုင်ဖုန်း ရဲ့ တိရိစ္ဆာန်ပုံစံကို တွေ့တာနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ နာကျင်မှုတချို့ကို ခံစားလိုက်ရသလိုပင်။

ကျား သားရဲဘုရင်ကတော့...သူူ .. သတိမမူမိတဲ့ အခိုက်အတန့်လေးကြောင့် သူ့တကိုယ်လုံး ဖုန်တောထဲ  နစ်မြှုပ်သွားတော့သည်။

သားရဲနတ်ဘုရားကျောင်းတော် မှလူများသည် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။  သားရဲဘုရင် တစ်ကောင်တည်းနဲ့  ရင်ဆိုင်ရမယ်လို့ ထင်ထားပေမယ့်   နောက်တော့ ကြံ့ သားရဲဘုရင်  က ကူညီဖို့ တက်လာတယ်။

ထို့နောက် သားရဲဘုရင် နှစ်ကောင်ကို ရင်ဆိုင်ရန်သာလိုသည်ဟု ထင်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ နောက်ထပ် သားရဲဘုရင် ပေါ်လာသည်။

ဒီသားရဲဘုရင်အသစ်က ဘယ်လိုတိရစ္ဆာန်မျိုးလဲ။ သူ့ တိရိစ္ဆာန်ပုံစံက ဘာလို့ ဒီလောက်ကြီးရတာလဲ။

"အဲဒါ...ငါးနဲ့တူနေတာလား" ရှန်ယွဲ့လည်း အနည်းငယ် အံ့အားသင့်သွားသည်။  

ဘုန်းတော်ကြီးချုပ် သည် သူ့သမီးကဲ့သို့ပင် အံ့အားသင့်သွားသည်။

ရှီလီသည် ဒီအခိုက်အတန့်တွင် လုံးဝကို အံသြသွားသည်---ဒါက ဘာလဲ။ ဒီလူက ဘယ်သူလဲ !

ရှီလီသည် သူရဲ့နောက်ဆုံးဘဝတွင် များစွာတွေ့ခဲ့ရသော်လည်း ငါးပုံသဏ္ဍာန်ရှိ သော သားရဲဘုရင်အကြောင်းကို တစ်ခါမှ မကြားဖူးပေ။ ဟိုင်ဖုန်း ဆိုတဲ့ နာမည်ကို လည်း သူ့မှာ အထင်ကြီးစရာမရှိပါဘူး။ ဒါကြောင့် အရင်ကတည်းက ဝက်ဝံကြီး မျိုးနွယ်  တွင် ဒီလူရှိမှန်း သိခဲ့သော်လည်း၊ သူ့ကို လုံးဝအလေးအနက်မထားခဲ့ပေ။  

ဒီလူသည် အမှန်တကယ်တော့ ကြံ့သားရဲဘုရင်ရဲ့ဖခင် မဟုတ်ကြောင်း၊ ကြံ့သားရဲဘုရင်ရဲ့သားတော်နှင့် ခင်မင်သည့် ဆက်ဆံရေးသာရှိမှန်း သိပြီးနောက်၊ သူက ဒီလူကို   မစိုးရိမ်တော့ဘူး။

ကျိုးကျီကို တနေကုန် ဘေးက လိုက်ကပ်နေသည့်  လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး တန်ခိုးရှင် ဖြစ်လာနိုင်မှာလဲ။  

ဒါပေမယ့် အဲ့ဒီလူက တကယ့်ကို  စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ရိုးသားပြီး သစ္စာစောင့်သိသော လူလတ်ပိုင်းအရွယ် ဒီလူသည် ကျား သားရဲဘုရင် ကို တစ်ချက်လှုပ်ရုံဖြင့် ပြန်မထ လာနိုင်အောင် ဖိထားနိုင်ခဲ့သည်။   ကျား သားရဲဘုရင်က သူ့အောက်မှာ ရောက်သွားချိန် အဲ့လူက   လူသားပုံစံအဖြစ်သို့ ပြန်ပြောင်းပြီး တွင်းပေါ်ကို ခုန်တက်လာသည်။ ပြီးတော့ ကျားသားရဲဘုရင် ထလာချိန် နောက်ထပ် ငါးအသွင်ပြန်ပြောင်းပြီး ကျားဘုရင်ပေါ် ဖိချ လိုက်ပြန်သည်။
 
ကျူးယန် နှင့် မာရှန်  နှစ်ယောက်စလုံး ကျိုးကျီကို သဘောကျစွာ ကြည့်နေ ကြသည်။ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက တကယ်ကို အစွမ်းထက်လွန်းတယ်။

သူတို့ရဲ့ သားရဲဘုရင်  တွေထဲက တစ်ယောက်က လှုပ်လှုပ်ရှားရှားတောင် မလုပ်ရသေးပေမယ့် တခြားသူတွေ အများကြီးကိုတောင် ဆွဲဆောင်နိုင်နေပြီလေ။  

သားရဲဘုရင် ဗိမာန်တော်မှ လူများ အထိတ်တလန့် ဖြစ်ကုန်ကြသည် ။ ရှုန်းယယ်ရဲ့ခွန်အားသည် သူတို့ရဲ့မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီး ဟိုင်ဖုန်း ရဲ့ တည်ရှိနေခြင်းက သူတို့ကို ကြောက်လန့်စေခဲ့သည်။

ထိုအကောင်ကြီးသည် ကျား သားရဲဘုရင် ကို ဖိချလိုက်သောအခါ၊ သူတို့သည် မြေကြီးတုန်သွားလို့ မတ်တပ်မရပ်နိုင်လောက်အောင် တုန်လှုပ်နေကြသည်။

ယခုဆိုလျှင် မျောက်ဝံ သားရဲဘုရင် နှင့် ရှီလီ တို့သာ တိုက်ပွဲမှ လွတ်မြောက်ဆဲ ဖြစ်သည်။  

ရှီလီသည် သူက တိုက်ခိုက်လို့ မရသည့်အပြင် တိုက်ပွဲတွင် အသုံးမဝင်ကြောင်း သူတို့အား ပြောကြားခဲ့ဖူးသည်။ မျောက်ဝံ သားရဲဘုရင် အတွက်... သူက ကြံ့ သားရဲဘုရင် နှင့် သူငယ်ချင်းကောင်းဖြစ်ပြီး လုံးဝ မပါဝင်နိုင်ပေ။

ဘုန်းတော်ကြီးချုပ် က အနည်းငယ်စိုးရိမ်သွားသည်။

ရှီလီက ပိုလို့တောင် ကြောက်လာသည်။  သူ ရုတ်တရက် ကျိုးကျီထံသွားကာ ကျောက်ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ကျိုးကျီရဲ့လည်ပင်းကို ညွှန်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။

"ရှုန်းယယ်....မင်းရဲ့လက်ကို ချထားလိုက်!"

ရှုန်းယယ်အံ့အားသင့်သွားသည်၊ သူ့လှုပ်ရှားမှုများ နှေးကွေးသွားသည်... သူ့အား တိုက်ခိုက်နေသော သားရဲဘုရင်နှစ်ပါးကို ဟိုင်ဖုန်းသာ မကာပေးထားရင် သူ  တကယ်ပင် ဒဏ်ရာရသွားပေလိမ့်မည်။  

ရှီလီ က ဆက်ပြောလိုက်တယ်။

 "ရှုန်းယယ် မင်း အခု မရပ်ရင် ငါ သူ့ကို သတ်ပစ်မယ်!"

ရှုန်းယယ်ရဲ့မျက်ခုံးများတွန့်သွားပြီး သူရဲ့လှုပ်ရှားမှုများ ပို၍နှေးကွေးလာသည်။ ထိုအချိန်တွင် ကျိုးကျီသည် ရုတ်တရက် ခေါင်းလှည့်ကာ ကျူးယန် နှင့် မာရှန်  ကို ကြည့်လိုက်သည်။

"မြန်မြန်ပြေး၊ ချိုင့်ထဲက ထွက်သွား"

ကျူးယန် နှင့် မာရှန်  တို့သည် ကျိုးကျီရဲ့စကားများကို နာခံလေ့ရှိကြသည်။ ဒီအချိန်မှာ သူတို့ တုံ့ဆိုင်းမနေဘဲ ချက်ခြင်းထွက်ပြေးသွားတယ်။

သားရဲနတ်ဘုရားကျောင်းတော် မှလူများသည် သူတို့နောက်ကို လိုက်ချင် သော်လည်း အခြေနေက ပိုဆိုးလာမှာစိုးလို့ ရပ်ကျန်နေသည်။   ကျူးယန် က အဆင်မြင့် သားရဲစစ်သည်ဖြစ်ပြီး လိုက်ရန်မလွယ်ကူလှပေ... လက်ရှိ အခြေအနေ အပေါ်အခြေခံပြီး သူတို့က ကျူးယန်နောက်ကို လိုက်တာထက် ဒီမှာ ရှိနေဖို့ ပိုလိုအပ်နေသည်။
 
သူတို့က ထွက်ပြေးသွားတဲ့ နှစ်ယောက်ကို လိုက်မရှာတော့ဘူး။

"ကျိုးကျီ   မင်းလည်း လူကောင်းတစ်ယောက်ဖြစ်သွားတာလား။ မင်းက တခြားသူတွေကို အကူညီ တောင်းခိုင်းစေချင်လို့လား။ ဒါပေမယ့် အခု မင်းကိုယ့်ကို အရင် စိတ်ပူနေသင့်တယ်!"

 ရှီလီက ရယ်မောလိုက်ပြီး ရုတ်တရက် တင်းမာစွာ အမိန့်ပေးလိုက်သည်။

 "ရှုန်းယယ် ... မင်း မြန်မြန်ရပ်လိုက်တာ ပိုကောင်းပါတယ်။ ငါ သုံးလို့ ရေတွက်ပြီးချိန်ထိ  မင်း မရပ်ရင် ငါ ကျိုးကျီရဲ့လက်မောင်းကို ဖြတ်ပစ်မယ်"

"ရှုန်းယယ်.... ကြံ့သားရဲဘုရင်နဲ့ ဟိုင်ဖုန်း ကို မင်းနဲ့အတူခေါ်သွားပြီး ချက်ခြင်းထွက်သွား"

ကျိုးကျီရဲ့ အသံသည် အလွန်တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။

ကျိုးကျီရဲ့စကားကိုကြားသောအခါ ကျိုးကျီက ဘာလုပ်ဖို့ ရည်ရွယ်ထားသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားပါသည်။

"မင်းလည်း လိုက်ခဲ့ရမယ်!"  

"မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့မရဘူး။" ရှီလီက ပြောလိုက်ကာ နံပါတ်ကို စတင်ရေတွက်လိုက်သည်။

 "တစ်....နှစ်..."

ကျိုးကျီ-  "သွား.... မြန်မြန်!"

ရှုန်းယယ်က ကျိုးကျီကို တခြားသူတွေကို တိုက်ခိုက်ဖို့ မလိုလားပေမယ့် ကျိုးကျီကို ထားပြီး သူ ထွက်သွားဖို့ ဆန္ဒမရှိဘူး...  ဒါပေမယ့် သူ့ကြောင့် ကျိုးကျီ အခက်တွေ့မှာ စိုးလို့ သူ နောက်ဆုတ်သွားတော့တယ်။  

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှီလီရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ ရေတွက်ရန်ပင် မေ့သွားခဲ့သည်။

ရှုန်းယယ်က သူ့အိမ်ထောင်ဖက်အတွက် ဘာမဆိုလုပ်ချင်စိတ်ပြင်းပြနေပေမယ့် အခု... သူတကယ်ထွက်သွားဖို့ကြိုးစားနေတာလား။
 
ကျိုးကျီကို ထားပြီး ထွက်သွားဖို့ စီစဉ်နေတယ်..... ဘယ်လိုဖြစ်နိုင်မှာလဲ?!  

သားရဲနတ်ဘုရားကျောင်းတော် မှလူများပင် အခြေအနေကို  နားလည်းဖို့ ခက်ခဲနေပြီး ကျိုးကျီအတွက် အနည်းငယ်စာနာ သနားသွားမိသည်။

သေချာတာပေါ့၊ ဝက်ဝံ သားရဲဘုရင် က ကျိုးကျီကို သနားစာနာတယ်ဆိုရင်တောင် ဝက်ဝံ သားရဲဘုရင် က သူ့ကို တကယ်စိတ်မဝင်စားဘူး... ဝက်ဝံ သားရဲဘုရင် က သူ့ကို နောက်ချန်ထားခဲ့မယ်ဆိုတာ ရှင်းနေတာဘဲ မဟုတ်လား။

"မင်းက ဒီလို လူမျိုးဖြစ်မယ်လို့ ငါ မထင်ထားဘူး ရှုန်းယယ်   ..."

ရှီလီ က အေးစက်စွာရယ်မောပြီး ကျိုးကျီရဲ့လက်မောင်းကို ဖြတ်လိုက်တယ်။

ကျိုးကျီရဲ့ လက်မောင်းကို သူ အဟုတ်ကို ဖြတ်ပစ်ရန် ကြံစည်ခဲ့သည်။  

တစ်ချိန်တည်းမှာပင်၊ တစ်ချိန်လုံး မလှုပ်မရှားပဲနေသည့် မျောက်ဝံဘုရင်သည် ရှုန်းယယ်ကို တိုက်ခိုက်ရန် ရုတ်တရက် အမိန့်ပေးလိုက်သည်။

"မျောက်ဝံကြီး!"

ကြံ့ သားရဲဘုရင် က အော်ကာ တားလိုက်တယ်။ သူသည် ကျိုးကျီရဲ့စကားများမှ တဆင့်  တစ်စုံတစ်ခုကို ခန့်မှန်းထားမိပြီး မူလက မျောက်ဝံ သားရဲဘုရင် ကို သူနှင့်အတူ ထွက်သွားဖို့ ပြောရန် ဆန္ဒရှိခဲ့သည်။ မမျှော်လင့်ဘဲ မျောက်ဝံ သားရဲဘုရင် သည် ရှုန်းယယ်ကို အမှန်တကယ် တိုက်ခိုက်ရန် သွားခဲ့သည်။

ကျင့်ကြံနည်းရဲ့သွေးဆောင်မှုသည် အလွန်ကြီးမားနေခဲ့တာလား။

"ကြံ့ကြီး... ငါ့ကို အပြစ်မတင်နဲ့..."
မျောက်ဝံဘုရင်ရဲ့ လက်သည်းများသည် ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွားကာ ရှုန်းယယ်ဆီသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။  

ရှီလီသည် သူနှင့်အတူ လေထဲသို့ ပျံတက်သွားသည်။

ဒီအရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့ပြီး ဘာက ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ သေချာမမြင်ခဲ့ဘူး။
 
လူတိုင်း အံ့အားသင့်နေကြစဉ်တွင် မျောက်ဝံ သားရဲဘုရင် သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး နေရာတိုင်းတွင် အညစ်အကြေးများ လွင့်ပျံသွားခဲ့သည်။ ရှီလီသည် ပို၍ပင် သနားစရာကောင်းပြီး မျက်နှာဖြင့် ရွှံ့ထဲသို့ ပထမဆုံး ပြုတ်ကျသွားသည်။

ဖုန်မှုန့်တွေ ပြန့်ကျဲသွားချိန်မှာတော့ ကျိုးကျီဟာ   မျောက်ဝံ သားရဲဘုရင် ရဲ့ ဘေးကို နေရာရွှေ့လိုက်ကြောင်း လူတိုင်း သိလိုက်ရတယ်။  

ကျိုးကျီက ရှုန်းယယ်ကို ထပ်ပြောလိုက်တယ်။

 "ငါ့စကားကို နားထောင်ပြီး မြန်မြန်ထွက်သွား။ အရင်က ငါပြောခဲ့တဲ့အတိုင်း လုပ်ပါ"

ရှုန်းယယ်-  "ကောင်းပြီ!"

ရှုန်းယယ် လှည့်ထွက်သွားသော်လည်း သူသည် ကြံ့သားရဲဘုရင်နှင့် ဟိုင်ဖုန်း အား ပြောလိုက်သည်။

"ကြံ့သားရဲဘုရင် ..... ဟိုင်ဖုန်း  ..ရှုန်းယယ် နောက်ကို လိုက်သွားကြ...!"

ဟိုင်ဖုန်း က တုံ့ဆိုင်းမနေဘဲ နောက်ကနေ အနီးကပ် လိုက်သွားတယ်။  

သူ ဘာတွေဖြစ်နေလဲ မသိပေမယ့် ကျိုးကျီဟာ သူ ရူးသွပ်သွားဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေတယ်လို့ ခန့်မှန်းမိသည်။
 
ကျိုးကျီက သူ စတင်တိုက်ခိုက်ပြီးသည်နှင့် အရာအားလုံးကို လျစ်လျူရှုပြီး တတ်နိုင်သမျှ ဒီကနေ ဝေးဝေးသွားနိုင်ရင်  အကောင်းဆုံးဖြစ်လိမ့်မည်။

 အခြားတစ်ဖက်တွင်၊ ကြံ့သားရဲဘုရင်သည် ဘာတွေဖြစ်ပျက်သွားသည်ကို ကောင်းစွာ နားမလည်ပေ။ သို့သော် ရှုန်းယယ်ထွက်သွားသည်... သူက ကျိုးကျီရဲ့ အမိန့်ကြောင့် ရှုန်းယယ်နောက်ကို အမြန် ပြေးလိုက်လာခဲ့သည်။
 
ရှုန်းယယ် ၊ ဟိုင်ဖုန်း နှင့် ကြံ့သားရဲဘုရင်အားလုံးသည် သားရဲဘုရင်များဖြစ်ကြပြီး သူတို့သုံးဦးသည် အလွန်လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်နိုင်ကြသည်။   သားရဲနတ်ဘုရားကျောင်းတော် နဲ့ သားရဲဘုရင်တွေ ရုတ်တရက် ထိုလူတွေ ထွက်ပြေးသွားတာကို တားဖို့ လုံးဝ မလုပ်နိုင်ခဲ့ပေ။
 
သားရဲဘုရင်  နှစ်ယောက်က အဲဒါကိုမြင်လိုက်တဲ့အခါ ချက်ချင်းလိုက်ချင်ပေမယ့် ကျိုးကျီက သူတို့ မလိုက်နိုင်ခင်မှာ သူတို့ရှေ့မှာ ပေါ်လာတယ်။ ခြေတစ်ချောင်းကို ဆန့်ထုတ်ပြီး သူတို့ကို နှစ်ကြိမ် ကန်လိုက်သည်။ ကျိုးကျီက သားရဲ ဘုရင်နှစ်ကောင်ကို   ချိုင့်ဝှမ်းထဲကို ပြန်ကန်သွင်းလိုက်သည်။
 
ယခုအချိန်တွင် ကျိုးကျီရဲ့စိတ်သည် ကြည်လင်နေသေးသည်။ သူသည် ရူးသွပ်သည့် အရိပ်အယောင် မပြဘဲ သူ့မျက်နှာတွင် ပြုံးနေသော်လည်း သားရဲနတ်ဘုရားကျောင်းတော် နှင့် သားရဲဘုရင်မှလူ အားလုံးမှာ တစ္ဆေမြင် လိုက်သည့် အမူအရာများ ရှိသည်။

သူတို့ အမြင်မှားတယ်လို့ ခံစားနေရတယ်။  

ကျိုးကျီက တစ်ချက်တည်းနဲ့ သားရဲဘုရင် ကို လွင့်ပျံအောင် ဘယ်လို ကန်လိုက်နိုင်တာလဲ....
 
ဝက်ဝံကြီး မျိုးနွယ် အကြီးအကဲရဲ့အိမ်ထောင်ဖက်က တိရစ္ဆာန်ပုံစံပင်မရှိသော အလွန်အားနည်းသူတစ်ဦး မဟုတ်ဘူးလား။

ဘုန်းတော်ကြီးချုပ် သည် ရှီလီကို ချက်ချင်းကြည့်လိုက်မိသည်။  ရှီလီက  ကျိုးကျီဆိုတာ အရမ်း အားနည်းတဲ့လူလို့ ပြောခဲ့တယ် မဟုတ်လား။
 
သို့သော် ထိုအချိန်တွင် ရှီလီလည်း အနည်းငယ် အံသြသွားခဲ့သည်။  

သူ တစ်နေရာရာမှာ အမှားတစ်ခု လုပ်မိခဲ့မှ ဖြစ်မယ်- ကျိုးကျီ ဒါကို ဘယ်လို လုပ်နိုင်မှာလဲ။
 
ဒါမှမဟုတ်... သူ့မျက်လုံးရှေ့ကလူက ကျိုးကျီမဟုတ်ဘူးလား။

သို့သော် သူတို့ရှေ့က လူက အမှန်တကယ်ပင် ကျိုးကျီဖြစ်သည် ။ သူ့ရနံ့က လုံးဝ မပြောင်းဘူး။

ဒီလူများသည် ထိတ်လန့်နေကြဆဲဖြစ်ပြီး ကျိုးကျီသည် ဒီအခိုက်အတန့်ကို ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ကျွန်တော်က မူလက ရှီလီကို သတ်ဖို့ပဲ စီစဉ်ခဲ့တာပါ..."  

သူရဲ့ ရယ်မောသံသည် အလွန်နူးညံ့သိမ်မွေ့ပြီး လူများကို လေပြေညှင်းနှင့် ပန်းပွင့်များပွင့်သည့် နွေဦးရာသီကဲ့သို့ ခံစားရစေသော်လည်း သူ့စကားရဲ့ နောက်ကွယ်တွင် အဓိပ္ပာယ်နှင့်   ကန်ကျောက်ကာ   သားရဲဘုရင် နှစ်ကောင်ကို လွင့်သွားအောင် လုပ်နိုင်စွမ်းနဲ့ ပေါင်းလိုက်ချိန်မှာတော့  သားရဲနတ်ဘုရား ဗိမာန်တော်ရှိ လူအားလုံး တုန်လှုပ်သွားကြသည်။

ကျိုးကျီသည် သူ့အင်္ကျီကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး အတွင်းခံအင်္ကျီနှင့် ဘောင်းဘီတိုကို ထုတ်ဖော်လိုက်သည်။ ထိုမှသာ သားရဲနတ်ဘုရားကျောင်းတော် မှ လူများက သူသည် အလွန်အားနည်းနေသော်လည်း သူ့ခန္ဓာကိုယ်မှာ ကြွက်သားများဖြင့် ကျစ်လစ်ကာ တောင့်တင်းကြောင်း သိလိုက်ရသည်။

သူ လုံးဝ မပျော့ညံ့ဘူး!  

ကျိုးကျီသည် အရပ်ရှည်ပြီး သန်မာသည်။ သာမာန်ထက်  အသားရေ ဖြူစင်ပြီး ပျင်းရိစွာ လှဲလျောင်းရတာကို နှစ်သက်သည်။ သူ ဘယ်လို ပျော့ညံ့နိုင်မှာလဲ။ အရင်က သူတို့ လုံးဝ မျက်စိကန်းနေခဲ့တာပဲ။

"သူ့ကို ဝိုင်းတိုက်ခိုက်!"

 ရှီလီ က အမြန်အော်ပြောလိုက်သည်။

 "သူက ငါတို့ကို စိတ်ရှုပ်ထွေးအောင် တမင်တကာ ကြိုးစားနေတာ၊ လှည့်စားမခံနဲ့။ သူ့ကို မြန်မြန် တိုက်ခိုက်!"

ကျိုးကျီပတ်ဝန်းကျင်ရှိ သားရဲဘုရင်များသည် ဒီစကားကိုကြားပြီး ကျိုးကျီရဲ့ လုပ်ရပ်ကြောင့် ယခင်ကလောက် ကြောက်စရာမကောင်းတော့ဘူးလို့  ခံစားခဲ့ရသည်။ သူတို့သည် ကျိုးကျီကို ထပ်မံတိုက်ခိုက်ရန် တွန့်ဆုတ်မနေပဲ အားလုံးဝင်တော့မယ့် အချိန် ကျိုးကျီရဲ့ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားကို ရုတ်တရက် ခံစားလိုက်ရသည်။

လူတိုင်းရဲ့နှလုံးသားကို ကြီးမားသောဖိအားက သက်ရောက်လာပြီး သူတို့အားလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။ ရှီလီ  အော်ငေါက်လို့ မရအောင် အသက်ရှုရကြပ်ကာ မေးလိုက်သည်။

 "မင်းက ဘယ်သူလဲ!"  

"ငါ ကျိုးကျီပါ၊ ရှုန်းယယ်ရဲ့ အဖော်ပါ"

ကျိုးကျီက အေးဆေးစွာ ပြောလိုက်သည်။ ရှုန်းယယ်သည် အဝေးကို  ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သူ သိလိုက်ချိန်မှာ ဆက်ပြောလိုက်သည်။

"ရှီလီ၊ ငါ ဒေါသအရမ်းထွက်နေတယ်။  မင်း ငါ့ ဒေါသကို အောင်အောင်မြင်မြင် ဆွနိုင်ခဲ့တယ်"

ရှီလီသည် ထိတ်လန့်သွားပြီး နောက်မှ သူ့ကို သတ်ဖြတ်လို့သည့် အရိပ်ငွေ့တွေ တစ်ခါတည်း လိုက်လာခဲ့သည်။  တစ်ချိန်တည်းမှာပင် ကျိုးကျီရဲ့ မျက်လုံးများ နီရဲလာပြီး ထိုနေရာတွင် ဆက်လက်ရပ်ကာ ပြုံးနေခဲ့သည်။

"သူဟာ နတ်ဆိုးဖြစ်ရမယ်!" ရှီလီက အလန့်တကြား အော်ပြောလိုက်ကာ ကျန်လူတွေကို သွေးထိုးလိုက်ပြန်သည်။

"ကျိုးကျီမှာ တိရိစ္ဆာန်ပုံစံတောင် မရှိပေမယ့် သန်မာလွန်းတယ်...သူဟာ နတ်ဆိုးဖြစ်ရမယ်!!  "

သို့သော်၊ သူ ထင်ခဲ့သော တိရစ္ဆာန်ပုံစံမရှိသော ကျိုးကျီသည် ဧရာမ သားရဲကြီးအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားသောအခါတွင် ဒီအတွေးက ရှီလီရဲ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

ဆင်ကြီးတစ်ကောင်ဖြစ်သွားတာလား...

ကျိုးကျီရဲ့ သားရဲပုံစံက သာမန်ဆင်တစ်ကောင်နဲ့ မတူဘူး။ သူရဲ့တစ်ကိုယ်လုံးတွင် အမွေးထူပြီး အစွယ်များလည်း ပိုရှည်သည်။

ဧရာမသားရဲကြီးရဲ့ အထူးခြားဆုံးအရာမှာ သူရဲ့ရှည်လျားသော အမွေး သို့မဟုတ် အစွယ်များမဟုတ်ဘဲ သူရဲ့အရွယ်အစားဖြစ်သည်။ အလွန်ကြီးမားသည်၊ မထင်မှတ်ဘဲ  ကြီးမားလွန်းနေခဲ့သည်။  

ကြံ့ သားရဲဘုရင် က အရမ်းကြီးနေပြီ၊ ဒါပေမယ့် ဒီဆင်ကြီးကတော့ ပိုကြီးတယ်။

ဟိုင်ဖုန်း ထက် အနည်းငယ်ပိုကြီးပုံရသည်အထိပင် ကြီးထွားလာခဲ့သည်... ဟိုင်ဖုန်း သည် ကြီးမားသော်လည်း၊ သူက 'ငါး' ဖြစ်သောကြောင့် ကိုယ်ထည်က လုံးဝိုင်းကာ အဆီပြင်တွေနဲ့ပြည့်နေသည်။

သူတို့ရှေ့မှာ ဆင်ကြီးတစ်ကောင်က မတူဘူး။ ရှည်လျားသောနှာတံသည် ဧရာမစပါးအုံးမြွေကြီးနှင့်တူနေသည်။

ဆင်ကြီးသည် ဟိန်းဟောက်ပြီးနောက် နှာမောင်းကို မြှောက်ကာ  မျောက်ဝံ ဘုရင်ကို ကောင်းကင်ပေါ်လွင့်ပျံသွားအောင် ပစ်မြှောက်လိုက်သည်။
 
ထို့နောက် သူသည် သားရဲနတ်ဘုရားကျောင်းတော် မှလူများဆီသို့ ပြေးသွား ခဲ့သည်။

သူရဲ့တိုက်ခိုက်မှုများသည် အလွန်အားကောင်းသော်လည်း သူရဲ့တိရစ္ဆာန်ပုံစံသည် ကြီးမားလွန်းသောကြောင့် သူရဲ့လှုပ်ရှားမှုများသည် ချိုင့်ထဲတွင် အကန့်အသတ်ရှိနေသည်။ သားရဲနတ်ဘုရားဗိမာန်တော်မှ လူများနှင့် သားရဲဘုရင်များ ပြန့်ကျဲကာ ထွက်ပြေးသွား သောအခါ သူတို့ကို အမြန်ဖမ်းရန် သူ့အတွက် ခက်ခဲစေခဲ့သည်...

ဒေါသကြီးသော ဆင်ကြီးသည် ဒီကိစ္စအတွက် အနည်းငယ် စိတ်မကောင်းဖြစ်ကာ သူ ထပ်ပြီးဟောက်ပြီးနောက် ရုတ်တရက် သေးငယ်လာသည်။

"သူ... သူကျုံ့သွားတယ်..."
ဘုန်းတော်ကြီးချုပ် သည် ဆင်ကြီးကို  မှုန်ကုပ်ကုပ် စိုက်ကြည့်ကာ တုန်လှုပ်စွာ ပြောလိုက်သည်။

********-*******

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now