အပိုင်း ၃၆၆- ၃၇၀

784 105 6
                                    

အပိုင်း ၃၆၆

"ချင်ပြည်နယ်ကိစ္စကိုရော ဘယ်လိုလုပ်မှာလဲ"

သူမက စိုးရိမ်တကြီးဖြင့် သူ့လက်မောင်းကို ကိုင်လှုပ်လိုက်သည်။

ယုံးဝူမင့်က ဆန်းကြယ်စွာပြုံးရင်း

"မပူပါနဲ့။ အဲ့ကိစ္စနှစ်ခုက အတူပြီးသွားလိမ့်မယ်"

စန်းယွမ်ယွမ်သည် သူ့အား ကြောင်အမ်းအမ်းနိုင်စွာကြည့်မိတော့ သူ့နှုတ်ခမ်းပေါ်က အပြုံးက အထက်စီးဆန်ကာ သွေးနထင်ရောက်ပြီး မကောင်းသည့်ရည်ရွယ်ချက်တို့ တွဲခိုနေသည်ကိုလည်း တွေ့လိုက်ရသည်။ အချိန်အတော်ကြာအောင် လေးလံနေခဲ့သော သူမနှလုံးသားလေးမှာ ရုတ်ချည်းပင် မူလနေရာသို့ ဖြည်းညင်းစွာ ပြန်လည်ရောက်ရှိသွားရတော့သည်။

"ပြီးရော!"

"ကိုယ်တို့ လဝက်အတွင်း ပြန်ရောက်မှာ"

ယုံးဝူမင့်က ဆိုသည်။

"လဝက်ကျော်ရင် ဟန်ပြည်နယ်က ဝိညာဥ်မီးတောက်ရဲ့ သတ္တုကြောကလည်း ရောက်နေလောက်ပြီ"

သူမ သူ့ဘက်ကိုခေါင်းလှည့်ကြည့်လိုက်တော့ သူဟာ ပုံမှန်လိုဂရုမထား၍ စိတ်ဆုံးဖြတ်ထားသော ဟန်အမူအရာတို့ရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ သူမမျက်ဝန်းများမှာ မနေနိုင်စွာ ကွေးညွတ်သွားရရင်း။

"ရုပ်သေးကို ကျွန်မတို့နဲ့ခေါ်သွားရအောင်!"

သူ တစ်ဖက်ကို လှမ်းစိုက်ကြည့်လာတော့ သူမအမြန်ဖြည့်ပြောလိုက်၏။

"ကျွန်မတို့အရမ်းကြီးအဝေးရောက်သွားရင် သူထပ်ပြီး မကောင်းတာတွေလုပ်မှာစိုးရိမ်လို့ပါ"

ဒီသူငယ်ချင်းအသစ်လေးက အတော်ချစ်စရာကောင်းတယ်လို့ အတွေးပေါက်ပြီး သူနဲ့ကစားချင်လို့ လုံးဝမဟုတ်ဘူးနော်! လုံးဝပဲ။

ယုံးဝူမင့်က နှစ်ဘဝစာသရုပ်ဆောင်စကေးလ်တွေ ထုတ်သုံးနေသော သူမအား သံသယဖြင့် စိုက်ကြည့်လာ၏။

"ကောင်းပြီလေ"

နောက်ဆုံးတော့ သူက ခပ်ပေါ့ပေါ့ပင် သဘောတူလာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora