အပိုင်း ၃၉၂-၃၉၆

840 114 5
                                    

အပိုင်း ၃၉၂

လက်အောက်ငယ်သားများသည် ကိုယ့်အထက် အရှင်သခင်၏ အမိန့်အား ဘယ်သောအခါမျှ မေးခွန်းထုတ်မည် မဟုတ်ပေ။ အမိန့်လက်ခံရရှိပြီးနောက်တွင် မဟူရာ သံချပ်ကာများ ဝတ်ထားသော  စစ်သည် ခုနှစ်ထောင်တို့သည် ချက်ချင်းပင် အနောက်အရပ်သို့ ချီတက်ကြတော့၏။ 

စန်းယွမ်ယွမ်သည် ဟန်ရှောင်လင်ကခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်ကိုရော ၊ဒဏ်ရာအပြင်းအထန်ရပြီးနောက်တွင်  သူ့နေရာအား နောက်ဆုတ်ကာနေခဲ့ခြင်းကိုလည်း သိခဲ့၏။ 

အပြုံးတစ်ပွင့်က သူမနှုတ်ခမ်းထောင့်စွန်းတွင်ပေါ်လာသည်။ - ဒါဖြင့် ယုံးဝူမင့်၏ စစ်သည် ခုနှစ်ထောင်က ဟန်ရှောင်လင်၏ စစ်သည် နှစ်သောင်းနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်မှာ ဘယ်သူက အောင်နိုင်သူဖြစ်၍ ဘယ်သူက ရှုံးနိမ့်သူဖြစ်မလဲဆိုတာ ဒင်းအားသိစေရတော့မည်ပင်။  

“ချောက်နက်ထဲကိုဆင်း!"

ယုံးဝူမင့်က ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။  

သူက ခေါင်းလှည့်ကာ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဟန်ပြည်နယ်၏ သံချပ်ကာတပ်အား တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို တွန့်ကာ လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် ဇက်ကြိုးအား တင်းတင်းဆွဲကာ သွမ်မင့်အား တင်းတင်းပြေးစေလိုက်သည်မှာ အရိပ်သာသာတို့ပင် ထင်ကျန်ရလောက်သော နှုန်းထိအောင်ပင်။

သူက လက်ကိုအနည်းငယ်ဆန့်ကာ စန်းယွမ်ယွမ်တစ်ယောက် သွမ်မင့်ကိုယ်ပေါ်ကနေ ခုန်ဆောင့်တာတွေမဖြစ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ထားလိုက်သည်။ သို့မှသာ သူမ၏ ဒဏ်ရာတွေ ပိုဆိုးမလာစေမှာပင်။

အဆိုးထဲမှ အကောင်း တစ်ခုလည်း ရှိသေး၏။ ဟန်ရှောင်လင်ဟာ သူ၏ အဆုံးစွန်သောစွမ်းအားများကို စတေးကာ ယုံးဝူမင့်ကိုအသေအကြေ တိုက်ခိုက်ခဲ့တာကြောင့် သူ့ကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေက ကုန်ခမ်းနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် စန်းယွမ်ယွမ်အား ထိုးစိုက်မိသော လှံချက်က သာမန်အပြင်ပန်းဒဏ်ရာသာဖြစ်စေခဲ့ကာ ဝိညာဥ်အဆိပ်များမပါဝင်စေခဲ့တော့ချေ။ 

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora