အပိုင်း ၃၈၉-အပိုင်း ၃၉၁

420 78 1
                                    

အပိုင်း ၃၈၉

စောနတုန်းက သူဟာ ချက်ကောင်းအားမထိစေရန် ခေါင်းကိုလှည့်၍ ရှောင်လိုက်ရုံသာ တတ်နိုင်သည်။သူ၏ လက်မောင်းနှင့် ပုခုံးသည် ဓားနှင့် ပြင်းထန်စွာခုတ်ပိုင်းခံလိုက်ရကာ နှလုံးသားရှိရာကိုပင် ဖြတ်ခုတ်လုနီးပါး။

စူးရှပြင်းထန်သော နာကျင်မှုကိုခံစားလိုက်ရပြီးနောက်မှာတော့ သူဟာ ကြက်သေသေနေသော မျက်လုံးများနှင့် ရှေ့ကိုကြည့်မိသွားသည်။

သူ့ ညာဘက်လက်က ကျိုးပဲ့နေသော လှံကို ကိုင်မြှောက်ထားပြီး လှံဟာ ခန္ဓာကိုယ်တစ်ခုအား ထိုးစိုက်နေသည်ကို တွေ့လိုက်ရသည်။

ပူနွေးနေသော သွေးများဟာ လှံသွားမှတစ်ဆင့် သူ၏ လက်ပေါ်သို့စီးကျလာ၏။ စီးကျနေသော သွေးကြောင်းရှိရာသို့ ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးလေးအား လှံသွားဖြင့် ထိုးမိထားသည်ကို တွေ့လိုက်ရလေသည်။

ကျိုးပဲ့နေသော လှံဖြင့် ထိုးမိထားသောအရာမှာကား စန်းယွမ်ယွမ်ပင်။ သူမသည် ရှေ့သို့တိုးဝင်လာကာ သူမ၏ ခန္ဓာကိုယ်ဖြင့် ယုံးဝူမင့်အား ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။

ယုံးဝူမင့်ကို သူမ​ဟာ ဘေးသို့တွန်းဖယ်လိုက်ခြင်း။ မိုးကြိုးသွားများအောက်တွင် တိုက်ခိုက်ခံရပြီးသည့်နောက် ယုံးဝူမင့်၏ သွင်ပြင်မှာ ကြည့်မကောင်းရှုမကောင်းအောင်ပင်။ သူ၏ နှုတ်ခမ်းမှ သွေးများစီးကျလာကာ လှုပ်နိုင်သော အားမရှိတော့ချေ။ 

ဟန်ရှောင်လင်မှာ ပူပြင်းသော မီးစတစ်ခုနှင့် ထိတွေ့လိုက်သည့်နှယ် လှံအား လွှတ်ချလိုက်၏။

ထို့နောက်မှာတော့ သူဟာ စန်းယွမ်ယွမ်က လှံကျိုးထိုးစိုက်လျက်သားဖြင့် ခြေနှစ်လှမ်းခန့် ဒယိမ်းဒယိုင် လျှောက်ကာ ယုံးဝူမင့်ဆီသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။

ယင်းနောက် သူမသည် ထိုသူ၏ ရင်ခွင်ထဲသို့ ပျော့ခွေလဲကျသွားလေသည်။

“ စန်း.....စန်း....” 

ဟန်ရှောင်လင် လေအေးတစ်ချက်ရှုသွင်းရင်း ပြင်းထန်လှသော လက်မောင်းဒဏ်ရာမှ နာကျင်မှုကိုလည်း  ဂရုမစိုက်နိုင်တော့ချေ။  

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant