စစ်ဧကရာဇ်(Chapter:991)
(လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ကမ္ဘာ)
..............................................................
လီကွမ်ရီမည်သည့်နေရာသို့ ရောက်သွားသည်ဆိုတာကို တစ်ယောက်မှ မသိကြပေ။ အားလုံးမှာ အမြင့်ဆုံးတောင်ထွတ်ကိုကြည့်ပြီး ပဟေဠိတွေဖြင့် စိတ်ရှုပ်ထွေးနေရတော့၏။လီကွမ်ရီမှာမူ ယခင်နေရာမှ ပျောက်သွားပြီးနောက် လျှို့ဝှက်နေရာတစ်ခု၌ ပြန်ပေါ်လာခဲ့သည်။ သူ့အရှေ့တွင် ကျောက်တံခါးတစ်ချပ်မှလွဲ၍ အခြား မည်သည့်အရာမှ ရှိမနေခဲ့ပေ။
ဤနေရာသည် စစ်နတ်ဘုရားတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ ဖြစ်သည်။ နောက်ဆုံးတိုက်ပွဲအပြီး လူအနည်းငယ်ကသာ ဤနေရာသို့ ရောက်ဖူးကြသည်။
ယခုနေရာ၌ ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခု ရှိသည်။ ၎င်းကို အင်မော်တယ်ဧကရာဇ်တွေပင် လိုချင်ကြသည်။ ရှေးမင်ခေတ်အတွင်း အင်မော်တယ်ဧကရာဇ်အချို့က မြေအောက်မှ ပစ္စည်းကို ရယူရန် ကြိုးစားခဲ့ကြဖူးသည်။
လီကွမ်ရီက ကျောက်တံခါးကို တစ်ချက်ကြည့်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ပြီးနောက် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မြေအောက်အနက်ဆုံး နေရာသို့ ဆက်သွယ်ထားပုံရသည့် ကျောက်လှေကားတစ်ခုကို တွေ့လိုက်ရ၏။ လီကွမ်ရီက ထိုလှေကားအတိုင်း အောက်သို့ ဆင်းသွားလိုက်သည်။
စုစုပေါင်းခြေလှမ်း မည်မျှလှမ်းခဲ့သည်ကိုပင် သူမသိခဲ့ပေ။ လှေကားက အောက်သို့ လှည့်ပတ်ပြီး သွယ်တန်းထားသည်။ အဆုံးသို့ မရောက်မီအထိ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ရသည်။ အတော်လေးကြာပြီးမှ လှေကား၏အဆုံးသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် လွန်စွာနက်ရှိုင်းသော အမှောင်ထုကြီးတစ်ခုကို တွေ့လိုက်ရသည်။
တစ်ယောက်ယောက်သာ ဤနေရာသို့ ရောက်လာပါက တွင်းနက်ထဲမှထွက်လာသည့် သတ္တဝါတွေ၏အော်သံနှင့် အငွေ့အသက်တွေကို ခံစားမိကြမည် ဖြစ်သည်။ လွန်စွာသတ္တိရှိပါသည်ဆိုသော ကျင့်ကြံသူတွေပင် ဤနေရာကို ရောက်လာပါက တုန်လှုပ်ချောက်ချားသွားကြရပေမည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...