1571 - 1575

101 4 0
                                    

စစ်ဧကရာဇ်(Chapter:1571)
(အလင်းဥဒေါင်းဘုရင်)
................................
     နဂါးဦးချိုသဏ္ဍာန် သင်္ကေတအမှတ်အသားကို ကြည့်ပြီး လီကွမ်ရီက ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းမှ မှိန်ဖျော့ဖျော့အရောင်ရှိသော ပိုးကြိုးမျှင်လေး ထွက်လာသည်။ ထိုကြိုးမျှင်လေးက မြွေတစ်ကောင်အလား နဂါးဦးချိုသဏ္ဍာန်ကို ထွင်းဖောက်သွားခဲ့၏။

     လီကွမ်ရီက ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ထိုနေရာမှ ရုတ်တရက်ပျောက်သွားပြန်သည်။

     နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ မတူညီသည့် နေရာတစ်ခု၌ ပြန်ပေါ်လာသည်။ ထိုနေရာတွင် အရာခပ်သိမ်းကို အရည်ပျော်စေနိုင်သော ချော်ရည်များအပြည့် ရှိနေသည်ကို တွေ့ရသည်။

      ထို့နောက် ချော်ရည်မျက်နှာပြင်၌ နဂါးဦးချိုကို တင်လိုက်သည်။ စကြာဝဠာဆိုင်ရာ နိယာမများ ထွက်ပေါ်လာပြီး နဂါးဦးချိုကို လင်းထိန်သွားစေခဲ့သည်။ ချက်ချင်းပင် လီကွမ်ရီက မတူညီသည့်နေရာတစ်ခုသို့ ထပ်မံရောက်ရှိသွားခဲ့၏။

     ဤသို့ဖြင့် တူညီသောနည်းလမ်းကို လုပ်ဆောင်ပြီး နေရာများစွာသို့ ရွေ့ပြောင်းနေခဲ့သည်။ တောင်တန်းဒေသများသို့ ရောက်ရှိခဲ့သလို သမုဒ္ဒရာအောက်သို့လည်း အကြိမ်ကြိမ် ရောက်ရှိခဲ့သည်။ ထို့ပြင် ကြယ်တာယာကြီးတစ်ခုပေါ်သို့ပင် ရောက်သွားခဲ့သေးသည်။

     သူရောက်သွားသည့် နေရာတိုင်း၌ လင်းထိန်နေသည့် နဂါးဦးချိုသဏ္ဍာန် သင်္ကေတအမှတ်အသားများ ကျန်ရှိနေသည်ကို ထူးဆန်းစွာတွေ့နိုင်သည်။ အချိန်တိုအတွင်းမှာပင် လင်းထိန်နေသည့် သင်္ကေတအမှတ်အသားများက ကမ္ဘာအနှံ့တွင် ပေါ်လာခဲ့တော့၏။

     နောက်ဆုံးတွင် သူသည် လျှို့ဝှက်လမ်းကြောင်းသို့ ပြန်ရောက်လာသည်။ ဆက်လက်ပြီး ထူးဆန်းသော ဂြိုဟ်ကြီးတစ်ခုဆီသို့ ပို့ဆောင်ခံလိုက်ရသည်။ သူသည် တာအိုစင်္ကြံတစ်ခုပေါ်၌ ရပ်နေသည်။ လက်ထဲတွင်လည်း နဂါးဦးချိုကြီးက သူနှင့်အတူ ပါလာခဲ့သည်။

     တကယ်တော့ နဂါးဦးချိုကြီးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်၏။ ၎င်းကို အသုံးပြုပြီး လက်နက်တစ်ခုအဖြစ် ဖန်တီးပါက ဧကရာဇ်အဆင့် စစ်မှန်သော ရတနာလက်နက်များထက်ပင် ကြောက်စရာကောင်းပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now