1516 - 1520

72 6 0
                                    

စစ်ဧကရာဇ်(Chapter:1516)
(ညှိနှိုင်းခြင်း)
.................
     ဝိညာဥ်ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အားလုံးက လီကွမ်ရီ၏ရွေးချယ်မှုကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

     လီကွမ်ရီမှာ ကြေးနီရောင်စစ်ရထားပေါ်၌ ထိုင်လျက်ရှိနေသေးသည်။ နောက်ဆုံးတွင် သူက မပြုံးဘဲ မနေနိုင်ချေ။
     "ကိုးပါးရွက်နဲ့ ကံစွမ်းအားနန်းတော်ဆယ့်သုံးခု ရနိုင်မယ့် နည်းလမ်းကို လွဲပေးရမှာလား"

     သူ၏မျက်နှာပေါ်၌ လှောင်ပြောင်သည့်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

     "သေချာလေးစဥ်းစားပါဦး တာအိုမိတ်ဆွေလီ"လင်ဖုန်းယွင်က ဆက်ပြောသည်။
     "တချို့အချိန်တွေမှာ အနောက်ကို ခြေတစ်လှမ်းဆုတ်သင့်ရင် ဆုတ်ရမှာပဲလေ၊ အမြဲတမ်း မာနေလို့မှမရတာ၊ ပျော့ပျောင်းသင့်ချိန် ပျော့ပေးရမှာပေါ့ မဟုတ်ဘူးလား၊ တစ်ခါတစ်လေမှာ နောက်ဆုတ်ပေးလိုက်တာကလဲ ပန်းတိုင်ကို ရောက်နိုင်တဲ့ ပရိယာယ်တစ်ခုပါပဲ"

     လင်ဖုန်းယွင်က လီကွမ်ရီကို တာအိုမိတ်ဆွေဟု ခေါ်ဆိုသုံးနှုန်းလိုက်သည်။ ဤသည်က လီကွမ်ရီအပေါ် သူ၏လေးစားမှုကို ပြသခြင်းဖြစ်သည်။

     "မင်းက စိတ်ရင်းမှန်နဲ့ ကူညီပေးချင်နေတာဆိုတော့ ငါအသိအမှတ်ပြုပါတယ်"လီကွမ်ရီက ပြုံးပြလိုက်သည်။
     "ဒါပေမယ့် မင်းတို့အားလုံးက အခြေအနေတွေကို နားမလည်ကြသေးဘူး၊ အခြေအနေက ငါ့ဘက်မှာ ရှိတာပါ၊ အခွင့်အရေးပေးသင့်တာက မင်းတို့မဟုတ်ဘူး၊ ငါ့ဘက်ကနေပဲ ပေးသင့်တာ"

     "ဟမ် ... မင်းဘက်က သာနေတာလား၊ ဘယ်နေရာမှာ သာတာလဲ၊ ငါလည်းမမြင်မိပါလား ..."ချက်ချင်းပင် သစ်အိုပင်က အေးစက်စွာပြောလိုက်သည်။

     "အဲဒါက မင်းအပြစ်မဟုတ်ဘူး"လီကွမ်ရီက ပြုံး၍ဆက်ပြောသည်။
     "မင်းက အမြင်ကျဥ်းတဲ့လူ၊ ရေတွင်းထဲက ဖားငယ်လေးဆိုတော့ ကမ္ဘာကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်လိုမြင်နိုင်မှာလဲ"

     "မင်း"လူပုံအလယ် ကဲ့ရဲ့ခံလိုက်ရ၍ သစ်အိုပင်မှာ ဒေါသထွက်သွားခဲ့ရတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ