စစ်ဧကရာဇ်(Chapter:1586)
(အဆင့်သုံးဆင့်)
.......................
အလင်းဥဒေါင်းဘုရင်သည် အင်မော်တယ်ဧကရာဇ်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးချေ။ သို့ရာတွင် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အင်အားကိုတော့ စိတ်ကူးဖြင့် မြင်ယောင်ကြည့်နိုင်ပေသည်။ အင်မော်တယ်ဧကရာဇ်ဟူသည်မှာ ကမ္ဘာကိုးခုကို အောင်နိုင်ပြီး အရာအားလုံး၏အထက်တွင် ရှိသူများဖြစ်ကြ၏။ သူတို့သည် သက်ဆိုင်ရာမျိုးဆက်များအတွင်း တုနှိုင်းမဲ့သူများ ဖြစ်ကြသည်။တစ်ဖက်မှာတော့ သခင်မကြီးယု၏ အင်အားကလည်း ကမ္ဘာကိုးခု၏အထက်တွင် ရှိပေသည်။ အလင်းဥဒေါင်းဘုရင်မှာ ထိုအကြောင်းများကိုတွေးပြီး အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေမိသည်။ ပြီးမှ လီကွမ်ရီကိုကြည့်ကာ မေးသည်။
"ဒါဆို အရက်ဆိုင်လေးထဲက အဘိုးကရော ဘယ်လိုလဲ၊ သူ့ရဲ့အင်အားက ဘယ်အဆင့်မှာရှိနေလဲ"ထိုသို့ပြောပြီးနောက် အရက်ဆိုင်လေးကို ပြန်လှည့်ကြည့်လိုက်မိသည်။ကျန့်ဖုန့်က သခင်မကြီးယုထက် များစွာအားကောင်းသည်ဟု လီကွမ်ရီက ဆိုသည်။
"ကျန့်ဖုန့်လား ..."လီကွမ်ရီက ချက်ချင်းမဖြေသေးဘဲ ခေတ္တအနားယူနေခဲ့သည်။
"ကြံဖန်ပြီး အဆင့်ခွဲရမယ်ဆိုင်ရင်တော့ သူက ဧကရာဇ်တိုက်ခိုက်ရေးသမားအဆင့်မှာ ရှိတယ်""ဧကရာဇ်တိုက်ခိုက်ရေးသမားလား ..."ဤအဖြေက အလင်းဥဒေါင်းဘုရင်အတွက် ပဟေဠိဖြစ်နေသည်။
"ဧကရာဇ်ပြိုင်ဘက်အဆင့်ကိုပဲ လူသိများကြတာလေ၊ တကယ်တော့ သူတို့လို ထိပ်တန်းကျင့်ကြံသူတွေကို အဆင့်သုံးဆင့် ပြန်ခွဲလို့ရပါတယ်၊ ဧကရာဇ်ပြိုင်ဘက်၊ ဧကရာဇ်တိုက်ခိုက်ရေးသမားနဲ့ အထွတ်အထိပ်ပြိုင်ဘက်ကင်းအဆင့်ဆိုပြီး ခွဲထားတယ်"လီကွမ်ရီက စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေခဲ့သည်။
ကမ္ဘာကိုးခု၌ လူအများစုက ဧကရာဇ်ပြိုင်ဘက်များအကြောင်းကိုသာ ပြောလေ့ရှိကြသည်။ သူတို့၏အမြင်၌ အင်မော်တယ်ဧကရာဇ်ပြင်ပ၌ ဧကရာဇ်ပြိုင်ဘက်အဆင့်က အားအကောင်းဆုံးဟု မှတ်ယူထားကြသည်။
သို့သော် ထိုအဆင့်၌ ရှိနေသူများပင်လျှင် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ အင်အားကွာဟချက်များ ရှိနေသေးသည်။ ထို့ကြောင့် သူတို့ကို အဆင့်သုံးဆင့်ဖြင့် ထပ်မံခွဲခြားထားခြင်း ဖြစ်ပေသည်။
BẠN ĐANG ĐỌC
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
Phiêu lưuReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...