စစ်ဧကရာဇ်(Chapter:1166)
(ခုန်းချင်ရု)
.................
"ငါ ..."အမည်မသိ မိန်းကလေးမှာ ပြောစရာစကား ပျောက်ရှသွားခဲ့ရသည်။ သူမထံ၌ ဒီမေးခွန်းအတွက် အဖြေမရှိပေ။သူမသည် လူရည်ချွန်တောင်ကြားရဲ့ သခင်မတစ်ဦး ဖြစ်သည်မှာ မှန်သည်။ သို့သော် အချို့သော အကြောင်းအရာတွေ၌ ဆုံးဖြတ်ခွင့် မရှိပေ။ ဂိုဏ်းအတွက် အကျိုးရှိမည်ဆိုပါက ဘိုးဘေးတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံရမည် ဖြစ်သည်။
အကယ်၍ လီကွမ်ရီဆီမှာသာ ဧကရာဇ်အဆင့် မျိုးဆက်သွေး တကယ်ရှိနေပါက ဘိုးဘေးတွေကို ဆွဲဆောင်နိုင်လိမ့်မည်။ သူမကို လီကွမ်ရီနဲ့ လက်ထပ်ပြီး မျိုးဆက်သွေး ပျံ့ပွားအောင်လုပ်ဖို့ အမိန့်ထုတ်လာနိုင်ချေ ရှိသည်။ သူမအနေနဲ့ တောင်ကြားသခင်မ ဖြစ်ပေမယ့် ငြင်းဆန်ခွင့် ရှိမည် မဟုတ်ပေ။
"မင်းက ငါ့ဆီကနေ ဘာကို လိုချင်တာလဲ၊ ဧကရာဇ်အဆင့် မျိုးဆက်သွေးလား၊ ဒါမှမဟုတ် အင်မော်တယ်ဧကရာဇ်တစ်ပါးကိုလား ..."လီကွမ်ရီက အချိန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့တဲ့ မိန်းကလေးကို ကြည့်ပြီး ပြုံးလိုက်သည်။
သူမက အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောသည်။
"နင်အတွေးအရမ်း လွန်နေပြီ၊ ငါ့အနေနဲ့ဆိုရင် ဘာမှ မလိုချင်ဘူး၊ နင့်ကိုယ်နင် တိုးတက်အောင် လုပ်ပြီး လူသားမျိုးနွယ်ရဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ပဲ လိုချင်တယ်""အခု ငါနားလည်ပြီ ..."လီကွမ်ရီက ဖြည်းဖြည်းချင်း ပြန်ပြောသည်။
"ငါ့ကို ရွှေကျွန်းကနေ ခေါ်ထုတ်လာတာက ဘိုးဘေးတွေရဲ့ ညွှန်ကြားချက်ကြောင့် မဟုတ်ဘူး၊ မင်းရဲ့ ကိုယ်ပိုင် စိတ်ကူးကြောင့် မဟုတ်လား""မင်းက လူရည်ချွန်တောင်ကြားကို ပြောင်းလဲပစ်ချင်နေတယ်၊ လူငယ်တွေရဲ့ မျိုးဆက်သွေးတွေ ရောင်းဝယ်ဖောက်ကားနေရတာမျိုးကို မလုပ်ချင်တော့ဘူး၊ ငါ့ရဲ့ မျိုးဆက်သွေးကို ရယူဖို့ဆိုတာထက် ငါ့ရဲ့အကူအညီနဲ့ မင်းရဲ့ ကိုယ်ပိုင် မျိုးဆက်သွေးကို ပိုပြီး အားကောင်းလာအောင် လုပ်ချင်နေတယ်၊ တကယ်လို့ မင်းရဲ့ မျိုးဆက်သွေးက လုံလောက်တဲ့ အဆင့်တစ်ခုကို ရောက်လာခဲ့ရင် အင်မော်တယ်ဧကရာဇ်ကိုတောင် မွေးထုတ်ပေးနိုင်တယ်လေ၊ အဲ့ဒီလိုဖြစ်လာရင် လူရည်ချွန်တောင်ကြားက ဝိညာဉ်ကမ္ဘာတစ်ခုလုံးမှာ အားအကောင်းဆုံး ဖြစ်လာလိမ့်မယ်"လီကွမ်ရီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီးမှ ဆက်ပြောသည်။
"မိန်းကလေး၊ ဒါက သာမန်အပြောင်းအလဲလေး မဟုတ်ဘူးနော်၊ ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားနိုင်တယ်၊ အထူးသဖြင့် လူရည်ချွန်တောင်ကြားရဲ့ မျိုးဆက်သွေးကို အမှီပြုနေရတဲ့ အဖွဲ့တွေက လက်ပိုက်ကြည့်နေမှာလို့ ထင်သလား"
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...